အပူငြိမ်းစေတဲ့ နွေဦးမိုးက မင်းကို သယ်ခဲ့တာ ပြတင်းတံခါးမှာ အ၀ါတွေပြည့်လျှံ ကောင်းကင်တော်တောင်မှ ၀ါလဲ့လဲ့။ ပိတောက်ရဲ့ အဝေး ငယ်ပန်းအလှလေးရဲ့ အဝေး ဇာတိရဲ့ အဝေး ဒီလိုနဲ့ နှစ်တွေ ရွေ့ခဲ့တယ်။ ဒီမှာတော့ ဖိဖိစီးစီး ဒုက်ခ၊ ပင်ပမ်းမှု၊ ငွေကြေး၊ မယုံသင်္ကာမျက်ဝန်းများ အထိအရှများတဲ့ လူ့ဘ၀ ပေါ့ပါးအောင် စိတ်ကို ဘယ်ပေါ်တင်ထားရပ။ ပိတောက်တွေ အကြိမ်ကြိမ် ပွင့်ခဲ့တယ် နှစ်သစ်တွေ အကြိမ်ကြိမ်ကူးခဲ့တယ် ဘ၀ကတော့ တဘ၀ဘဲ ဒီလိုနဲ့ နှစ်သစ်တွေဆိုတာ ငါ့အတွက် နှစ်အဟောင်းတွေသာ ဖြစ်ခဲ့တာ ကြာ ချေ ပေါ့။ အားလုံးကို ဥပေက္ခာာပြုလိုက်ရတယ် ငါက ဒုတိယနိုင်ငံရောက်နေသူ။ ။
Labels: ကဗျာ |