Ko Poe Zay

(orginal end)-->
 
ကဗျာ စာမျက်နှာ
သတင်း စာမျက်နှာ
စကားစမြည်

မြန်မာ စာအုပ်များ
ဝတ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ မှတ်သား ဖွယ် အထွေထွေ စာအုပ်များ အပါအ၀င် မြန်မာ အီးဘုတ် (E-book) စာအုပ်ပေါင်း ၅၀၀ ကျော်အား အခမဲ့ ဖတ်ရှုနိုင်ပါတယ်ခင်ဗျား။
Other things
test
Urgent Request of ABSDF
Wednesday, September 26, 2007

ဒီစာကို Select ပေးပြီးရေးပါ...

Summary

Rest of your post
posted by မြင့်ဇေ @ 9:50 AM   0 comments
NLD Decisions


posted by မြင့်ဇေ @ 9:49 AM   0 comments
မဇ္ဈိမ သတင်း

(မြန်မာစံတော်ချိန် ၄း၃၀)
ဗိုလ်ချုပ် လမ်းပေါ်တွင် စစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင် နေခဲ့ကြသော လူထုကြီးမှာ လူစုခွဲလိုက်ပြီ ဖြစ်သည်။

(မြန်မာစံတော်ချိန် ၄း၂၅)
မဇ္ဈိမက စုံစမ်းသိရှိရသော ရွှေတိဂုံဘုရားအနီး သံဃာတော်များ ဦးဆောင်သော ဆန္ဒပြသူများကို ဖြိုခွင်းရာတွင် ဦးဆောင် ကွပ်ကဲသူများမှာ (၁) ဗိုလ်ချုပ် ကျော်ဆန်း (ပြန်ကြားရေး ဝန်ကြီး)၊ ဗိုလ်မှူးကြီး တင့်ဆန်း၊ အမှတ် ၁၆ ခြေလျင် တပ်ရင်း ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ရဲဇော်ဇော် တို့ ပါဝင်သည်။

ဖိနပ်၊ အမှိုက်တို့နဲ့ အပစ်ခံရတဲ့ စစ်တပ်
(မြန်မာစံတော်ချိန် ၄း၁၅)

ဗိုလ်ချုပ်လမ်းပေါ် စစ်တပ်နှင့် ဆန္ဒပြ လူထုကြီး ရင်ဆိုင်မှုအပြီး ဆန္ဒပြ လူထုကြီးက တဖြည်းဖြည်း ပိုမိုရှေ့တိုးလာသည်တွင် စစ်ကား ၃ စီးပါ စစ်တပ်သည် နောက်သို့ တဖြည်းဖြည်း ဆုတ်သွားရာ ပန်းဆိုးတန်း ဂုံးကျော် တံတားကြီး အောက်ဘက် ရောက်သွားခဲ့သည်။ တံတားပေါ်မှ ကြည့်ရှုနေသော လူအုပ်စုကြီးကလည်း စစ်သားများပေါ်သို့ စီးလာသော ဖိနပ်များ၊ အမှိုက်များဖြင့် ပစ်လိုက်ကြသည်။

လုံထိန်းများလက်မှ သံဃာများကို စမ်းချောင်းလူထု ပြန်လု
(မြန်မာစံတော်ချိန် ၄း၀၀)

ရန်ကုန်တွင် လုံထိန်းက သံဃာတော်များကို လုံထိန်းက ကားပေါ် ဆွဲတင် ဖမ်းဆီးမှုကို မခံရပ်နိုင်သော ဒေသခံ လူထုက လုံထိန်းများကို ဝင်ရိုက်သဖြင့် လုံထိန်းများ ဆုတ်ပြေးခဲ့ကြရသည်။

ဗားကရာတိုက်၊ ဥယာဉ်တိုက်၊ ရှင်ဥတ္တမတိုက်၊ ဇေယျဝတီကျောင်း၊ အောင်မင်္ဂလာ ကျောင်းများမှ သံဃာတော်များ ချီတက်လာရာ ယနေ့နေ့လည် ၁ နာရီခန့်တွင် စမ်းချောင်း ဗားကရာလမ်းနှင့် ဗဟိုလမ်းထောင့် အမှတ် ၆၁ ဓာတ်ဆီဆိုင် အနီးတွင် လမ်းပိတ်ကာ လုံထိန်းက ဖမ်းဆီးပြီး ကားပေါ်တင်ရာ စမ်းချောင်းလူထုက ရရာလက်နက် ဆွဲကိုင်ပြီး လုံထိန်းများကို ဝင်ရိုက်သဖြင့် လုံထိန်းများ ဗဟိုလမ်းအတိုင်း အာရှတော်ဝင်ေ ဆးခန်းအထိ ဆုတ်သွားတော့သည်။

ထို့နောက် လမ်းပွင့်သွားသဖြင့် သံဃာတော်များ ဆက်လက် တက်သွားနိုင်ခြင်း ဖြစ်သည်။

(မြန်မာစံတော်ချိန် ၃း၅၅)
အဝါရောင်လည်စီးများ ဝတ်ဆင်ထားသော စစ်သား အယောက် ၃ဝ ခန့်ကို တပ်မှူးတယောက်က ဦးဆောင်၍ ဗိုလ်ချုပ်လမ်းအတိုင်း လျှောက်လာနေကြသည်။ သူတို့နောက်မှ စစ်ကား ၃ စီးကလည်း လိုက်ပါလာနေသည်။ ထိုအုပ်စု ၃၆ လမ်းထိပ်သို့ ရောက်ရှိနေပြီး ဆန္ဒပြ လူထုကြီးကလည်း သူတို့နှင့် နီးသထက် နီးလာနေသည်။ ဆန္ဒပြလူထုကြီးက တရွေ့ရွေ့ ရှေ့တိုးလာနေခြင်း ဖြစ်သည်။

Labels:

posted by မြင့်ဇေ @ 3:26 AM   0 comments
မဇ္ဈိမ သတင်း

မြန်မာ စံတော်ချိန် (၃း၃၀)
“ဗဟန်းမှာ ရဲတွေက သိပ်ရိုင်းတယ်။ ဘုန်းကြီးတွေကို ကန်တယ်၊ ခေါင်းတွေကို ရိုက်တယ်။ လမ်းပေါ်မှာ လဲနေတဲ့ ဘုန်းကြီးတွေကို တက်နင်းတယ်။” ဟု ရွှေတိဂုံဘုရား အနီး ရဲများက ဆန္ဒပြ သံဃာများကို ဖြိုခွင်းပုံကို ရည်ညွန်းလျက် ရန်ကုန် ဒေသခံတဦးက မဇ္ဈိမသို့ ပြောပြသည်။

သက်တော်ကြီးဆရာတော်တပါးဦးဆောင်ကာ ဆူးလေသို့ ဆန္ဒပြစစ်ကြောင်းကြီး တခုချီလာနေ

ရွှေတိဂုံစစ်ကြောင်း ပစ်လည်း မပြေးတော့၊ မေတ္တာသုတ် ရွတ်ဆိုကာ ကြံ့ကြံ့ခံ
မြန်မာ စံတော်ချိန် (၃း၁၅)

စစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင်နေရသော ဆူးလေဘုရားအနီးမှ ဆန္ဒပြ လူထုကြီးထံသို့ လူသောင်းပေါင်းများစွာ ရှိသော နောက်ထပ် ဆန္ဒပြ စစ်ကြောင်းတခု လာရောက် ပူးပေါင်းနေသည်။

ခွပ်ဒေါင်း အလံများလည်း တလူလူ လွင့်ပျံနေပြီး နိုင်ငံတော် သီချင်းများ သီဆိုနေသော စစ်ကြောင်းကြီးကို သက်တော်ကြီး ဘုန်းတော်ကြီး တပါးက ဦးဆောင်ကာ မှန်မှန် ချီတက်လာနေသည်။

ရွှေတိဂုံဘုရား အနီးတွင် စစ်တပ်က ရိုက်နှက် ဖြိုခွင်းသော်လည်း ခဏတာ လူစုခွဲပြီး မပြေးဘဲ မေတ္တာသုတ်များ ရွတ်ဆိုကာ ကြံကြံ့ခံ ရင်ဆိုင်လျက် ရှိသည်။

မြန်မာစံတော်ချိန် နေ့လည် ၃နာရီ ၀၀ မိနစ်
ဆူးလေတွင် သံဃာများ ဦးဆောင်သော ဆန္ဒပြ လူအုပ်စုကြီး လူစုခွဲရန် မိုးပေါ် သေနတ် ထောင်ပစ်ချက်များ ထပ်မံ ထွက်ပေါ်လာနေသလို စစ်ကား ၁ဝ စီးထက်မနည်း ရောက်ရှိနေပြီ ဖြစ်သည်။

ဆူးလေအနီးတွင် စစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင်နေရသော ဆန္ဒပြ လူထုကြီးသည် တိတ်ဆိတ်စွာဖြင့် စောင့်ဆိုင်းလျှက် ရှိပြီး ဘေးမှ ရပ်ကြည့် နေသူ လူအများ ဆန္ဒပြသူများဖြင့် ပိုမို ပူးပေါင်း လာနေကြသည်။

မြန်မာစံတော်ချိန် နေ့လည် ၂ နာရီ ၃၀ မိနစ်
ရန်ကုန် ကမ်းနားလမ်းဘက်တွင်လည်း ကားလမ်းများကို လုံခြုံရေးများက ပိတ်လိုက်သည်။ အင်တာနက်ကိုလည်း အမြန်နှုန်း ပိုမို လျော့ချ လိုက်ရာ အင်တာနက် ကဖီးဆိုင် အတော်များများ ယနေ့ ပိတ်ပစ် လိုက်ရသည်။

သံဃာတော်များက ရှေ့ဆုံးမှ ဦးဆောင်၊ စစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင်နေရ
မြန်မာစံတော်ချိန် နေ့လည် ၂ နာရီ ၃၀ မိနစ်

ဆန္ဒပြလူထုကြီးကို သံဃာတော်များက ရှေ့ဆုံးတန်းမှ ဦးဆောင်တန်းစီကာ ဆူးလေဘုရားကို နောက်ခံလျှက် ဖြိုခွင်းမည့်ဟန်အသင့်ရှိသော စစ်တပ်ကို မျက်နှာချင်းဆိုင်နေသည်။

ဆူးလေဘုရားအနီး ဘားလမ်းနှင့်မြို့တော်ခန်းမရှေ့ ဆန္ဒပြလူထု ပိတ်မိနေပြီး စစ်ကားများလည်း ဗိုလ်ချုပ်ဈေးသို့ နောက်ထပ် ရောက်လာ သည်။

သတင်းပေးပို့သောအချိန်တွင် နောက်ထပ် စစ်ကားများ ရောက်ရှိလာနေသည်။

မြန်မာစံတော်ချိန် ၂ နာရီ ၂၀ မိနစ်။

ဆူးလေအနားတွင် သေနတ် မိုးပေါ်ထောင်ပစ်များ ကြားနေရကြောင်း မဇ္ဈိမ အထောက်တော်က ပြောပြသည်။ ဘားလမ်းမှာ (၂) ချက်နှင့် မြို့တော်ခန်းမရှေ့ ၂ ချက်ရှိသွားပြီ ဖြစ်ကြောင်း သတင်းပေးပို့ချိန်တွင် ရေးသားထားသည်။

ဆန္ဒပြသံဃာတော်များကို လူထုကြီးက ဆက်လက် ချီတက်နေကြပြီး။ “ကမ္ဘာ မကျေဘူး” အမျိုးသား သီချင်းနှင့် “ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး” ဆိုကာ ကြွေးကျော် အော်ဟစ်နေကြသည်။

ရွှေတိဂုံတွင် လုံခြုံရေးများ ရိုက်နှက်၍ အနည်းဆုံး သံဃာတော် ၄ ပါး ဒဏ်ရာ ရသွားသည်ဟု ထွက်ပြေးလာသူများက ပြောကြသည်။

မြန်မာစံတော်ချိန် ၂ နာရီ ၁၅ မိနစ်။

“ရွှေတိဂုံမှာ သေနတ်ပစ်လို့ ဒီဘက်ကို ပြေးလာတာ တွေ့လိုက်တယ်။ သေနတ်ကြီးနဲ့ ပစ်တယ်။ လူတွေတချို့ မဟာဗန္ဓုလမ်းဘက်ကို ပြေးလာတာ တွေ့တယ်။ အခု လောလောဆယ် လူအုပ်ကြီးရော၊ သံဃာတွေရော တသောင်းကျော်လောက်က ရွေတိဂုံဘုရားကနေ တာမွေ ပလာဇာဘက် ရောက်နေပြီ ဆင်းလာပြီလို့ ပြောတယ်။” ဟု မျက်မြင်သက်သေ တဦးက မဇ္ဈိမ သို့ ပြောပြသည်။

မျက်ရည်ယိုဗုံးဖြင့် ပစ်ခွဲ
မြန်မာစံတော်ချိန် ၂ နာရီ ၁၀ မိနစ်။

ရန်ကုန်မြို့ ရွှေတိဂုံဘုရား အနီး လုံထိန်းများက မျက်ရည်ယိုဗုံး ၄ လုံးကို သံဃာထုတွင်း ပစ်သွင်းလိုက်သလို ရိုက်နှက်မှုများလည်း လုပ်နေ ခဲ့သည်။ “လူသတ်သမား၊ လူသတ်သမားတွေ” ဟု ဆန္ဒပြသူ တဦးက အော်ရင်း ပြေးသွားသည်။

ဒေသခံ သတင်းထောက် တဦးလည်း အရိုက်ခံလိုက်ရသည်။

မြောက်ဒဂုံအခြေအနေ
မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီ

ရန်ကုန်တိုင်း မြောက်ဒဂုံမြို့တွင် စစ်ကားများ ဖြတ်သန်း သွားလာနေကြောင်းနှင့် ဆန္ဒပြပွဲတွင် ပူးပေါင်း ပါဝင်ခြင်း မပြုရန် အာဏာပိုင်များက လိုက်လံ ဆော်သြနေကြောင်း သိရသည်။

ဒေသခံတဦးက “အနောက်ပိုင်း ဒဂုံကောလိပ်ကျောင်းကပါ။ ကျောင်းသားတွေ ပါဝင်ဖို့ ပြောတယ်။ ဒါပေမဲ့ ဆရာတွေက အတင်းတားတယ်။ မသွားနဲ့တဲ့၊ ကျောင်းထုတ်မယ်လို့ ပြောတယ်။ ဒါပေမဲ့ အားလုံးက ကျောင်းမတက်ဘဲ ကိုယ်နည်း ကိုယ်လမ်းနဲ့ သွားကြပြီ။ ဒီနေ့က စစ်ကားတွေကို ချထားတယ်၊ ပိုများလာတယ်။ အခုပဲ အိမ်ရှေ့မှာ စစ်ကားတစီး ဖြတ်သွားတယ်။ များတယ်။ လိုက်ပတ်နေတယ်။ ဒီနေ့က မာရှယ်လော ထုတ်ထားတယ်။ ၉ နာရီ ကစပြီး မထွက်ရတဲ့။ မနက်၊ ည ၈ နာရီမှာ လိုက်အော်တယ်။ ပုဒ်မ ၁၄၄ နဲ့ အရေးယူမယ်တဲ့။ ဆိုက်ကားသမားတွေလည်း မရဘူး။ စောစောသိမ်း ဆိုပြီးလည်း ပါတယ်။ ပြောတယ်၊ ပြည်ပ အဖျက်သမားတွေက အခုလို လုပ်တယ် ဆိုပြီးလည်း အော်ပြောတယ်။ ကားမှာ ရပ်ကွက် လူကြီးတွေလည်း ပါတယ်။ ထူးဆန်းတာက ဘုန်းကြီး နှစ်ပါးလည်း ပါတယ်။ လိုက်အော်တဲ့ နေရာမှာပေါ့။ အားမပေးကြရန် လို့လည်း ပါတယ်” ဟု ပြောသည်။

Labels:

posted by မြင့်ဇေ @ 2:16 AM   0 comments
သံဃာထု၏ သစ္စာအဓိဌာန်
Tuesday, September 25, 2007
“သံဃာထုတရပ်လုံး၏ ပတ္တနိက္ကုဇ္ဇနကံဆောင်မှုသည် ဗုဒ္ဓ၏ဓမ္မစက်အာဏာ အစစ်အမှန် ဖြစ်သည်။
ဒီကံကိုဆောင်ကြတဲ့ သံဃာထုသည်လည်း ဗုဒ္ဓ၏သားတော်များအစစ်အမှန်များ ဖြစ်ကြသည်။
ဤမှန်ကန်သော သစ္စာ စကားကြောင့် … ဗုဒ္ဓသားစစ်ဖြစ်တဲ့ သံဃာထုတရပ်လုံးနဲ့ ဗုဒ္ဓထားတော်မူခဲ့တဲ့ အာဏာနဲ့ သာသနာတော်ကို ဖျက်ဆီး စော်ကားနှိပ်စက်နေကြတဲ့
ဆန့်ကျင်မျက်ကွယ်ပြုသူများ အာဏာရှင်မာနတ် အားလုံးကို ဗုဒ္ဓရဲ့ဒဏ်၊ သာသနာတော်ရဲ့ဒဏ်၊ သံဃာ့ကံရဲ့ဒဏ်၊ ဓမ္မစက်ရဲ့ဒဏ်၊ ပြည်သူများရဲ့ဒဏ်၊
မေတ္တာတရားရဲ့ဒဏ်၊ သာသနာစောင့်နတ်အပေါင်းတို့ရဲ့ဒဏ် အပေါင်းကို လက်ငင်းမကြာ ချက်ချင်းခဏ ဒိဌဓမ္မ ရင်ဆိုင်ခံစားကြစေသောဝ်”

posted by မြင့်ဇေ @ 10:41 PM   0 comments
မဇ္ဈိမ သတင်း

11:15 AM
ဆန္ဒပြဦးမှာ

စစ်အစိုးရက ကန့်သတ်မိန့် ထုတ်ထားသော်လည်း သံဃာတော်များနှင့် လူထုက ဆန္ဒပြကြဦးမှာ ဖြစ်သည်ဟု လှုပ်ရှား တတ်ကြွသူများက ပြောနေကြသည်။

ရန်ကုန်မြို့တွင် စတင် လူစုဝေးမှုများ ပြုလုပ်နေကြသည်ဟုလည်း သတင်းများရရှိသည်။

ဖမ်းဆီးမှုရှိခဲ့

နိုင်ငံကျော် ဟာသ သရုပ်ဆောင် ကိုဇာဂနာကို ယမန်နေ့ညက နေအိမ်တွင် အာဏာပိုင်များက လာရောက် ဖမ်းဆီးသွားခဲ့သည်။

နေအိမ်သို့ ည ၁ နာရီခန့်က ဝင်ရောက် ရှာဖွေပြီး ဓာတ်ပုံများ၊ တယ်လီဖုန်းတို့ကို သိမ်းဆည်းကာ ဖမ်းဆီးခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ဆူပူမှုများ ဖြစ်လာလျှင် မြန်မာနိုင်ငံ ထိုင်းသံရုံးများ ဝန်ထမ်းများကို ထိုင်းနိုင်ငံကို အမြန် ပြန်ခေါ်ရန် ထိုင်းနိုင်ငံက စီစဉ်ထားသည်။

ဝန်ကြီးများ ရုံးအနီး ရဲ ၁၅ဝ ခန့်ကို လုံခြုံရေး ချထားသည်။

11:00 AM
ရန်ကုန် မန္တလေးတွင် ညမထွက်ရအမိန့်ထုတ်

ရန်ကုန်နှင့် မန္တလေးမြို့များတွင် ညမထွက်ရ အမိန့် ထုတ်ပြန်ထားပြီးနောက် လုံခြုံရေးများ တိုးချဲ့ ချထားလိုက်ကာ နောက်ထပ် ဆန္ဒပြမှုကြီးများ မဖြစ်ရန် စစ်အစိုးရက ကြိုးစားနေသည်။

နိုင်ငံပိုင် မီဒီယာများမှ တရားဝင် ကြေညာခြင်း မရှိဘဲ ရပ်ကွက်များသို့ လှည်လည်ကာ လော်စပီကာဖြင့် လိုက်လံအော်ရာတွင် ည ၉ နာရီမှ နံနက် ၅ နာရီအထိ အပြင်မထွက်ရန် ပါရှိသည်။

ထို့အပြင် လူ ၅ ယောက်ထက် ပိုမစုရဟုလည်း ပါရှိသည်။ ကာဖျူး အမိန့်သည် ရက် ၆ဝ သက်ရောက်မှု ရှိမည်ဟု ကြေညာချက်တွင် ပါရှိသည်။

လုံခြုံရေးတိုးချထား

ရွှေတိဂုံဘုရားနှင့် အနီးတွင် လုံခြုံရေးများတိုးမြှင့်ထားရာ အရှေ့ဘက်မုဉ်တွင် စစ်ကားတစီး၊ အလယ်ပစ္စယံ အတက်မုဉ်ကို လူတဦး ဝင်ရရုံသာ ဖွင့်ထားပြီး ရဲသားတဦး၊ ကြေးသွန်းဘုရားရှေ့မှာ (police) ဟု ရေးထားသော ရဲ ၁ဝဝ နီးပါး လမ်းကို ရင်ဘောင်တန်း ပိတ်ထားသည်။

ရဲအရာရှိများက လမ်းဘေးဆိုင်များကို “မင်းတို့ဆိုင်တွေ ချက်ချင်းပိတ်စမ်း” ဟု အော်ဟစ် ပိတ်ခိုင်းနေသည်။ အာဇာနည် ကုန်းနားတွင် စစ်ကား နှစ်စီး ရပ်ထားပြီး လင့်ခ်လမ်းအထွက် ယနေ့ လပြည့်နေ့ ဖြစ်သော်လည်း လုံခြုံရေးများ တင်းကြပ်နေသောကြောင့် ဘုရားဖူးသူ နည်းသွားသည်။

မန္တလေးမြို့ ဘုရားကြီးအနီး တပ်မ ၉၉ တံဆိပ်တတ်ထားသော စစ်သားနှင့် ရဲ ၃ဝဝ ကျော် ရှိနေသည်။

သက်ရောက်မှုများ

ရန်ကုန်ရှိ ပုဂ္ဂလိက စာသင်ကျောင်း အများစု ရက်ရှည် ကျောင်းပိတ်ရက် သတ်မှတ်လိုက်သည်။

ဥပုဉ်နေ့ ဖြစ်၍ အစိုးရ စာသင်ကျောင်းများ ယနေ့ပိတ်ပြီး အစိုးရရုံးများကတော့ ဆက်လက် ဖွင့်လျှက် ရှိသည်။ သို့သော် အရေးပေါ်လျှင် ပင်မ ရုံးတခါးများကို ပိတ်ထားရန် ညွှန်ကြားထားသည်။

ပုဂ္ဂလိက ကုမ္ပဏီအချို့ ရုံးပိတ်လိုက်ပြီး အများစုကတော့ ဆက်လက် ဖွင့်ထားသည်။ သို့သော် အရေးပေါ်လျှင် စောစွာပြန်ခွင့် ပြုထားသည်။

စစ်အစိုးရ ကြိုတင် စီမံမှုတချို့

တားမြစ်မှုများ လုပ်နေသော်လည်း သံဃာတော်များ ဦးစီးသော ဆန္ဒပြမှုများကိုလည်း စစ်အစိုးရက မျှော်မှန်းထားပြီး အကြမ်းဖက် ဖျက်စီးမှု လုပ်သည်ဟု လူထုက မြင်စေရန် လုပ်ကြံမှုလည်း ရှိနေသည်ဟု သတင်းရပ်ကွက် တခုက ပြောသည်။

အကယ်၍ ထိုသတင်း မှန်ကန်လျှင် အစီအစဉ် တခုတွင် တာမွေမြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (မယက) ရုံးကို စစ်အစိုးရလူများက ဦးဆောင်ဖျက်စီးပြီး လိုက်လံ ဖျက်စီးသူများလာလျှင် စစ်တပ်က ဝင်ပစ်ရန် ဖြစ်သည်။

9:05 AM
“ကျေးဇူးရှင် ပြည်သူတွေကို စော်ကားတယ်ဆိုရင် မြန်မာပြည်က ထောင်တွေကို ငါတို့ သံဃာတော်တွေနဲ့ ဖြည့်လိုက်မယ်ဟေ့။”

ဆန္ဒပြသံဃာတော် ခေါင်းဆောင်တဦး

------------------------------------------------------

Labels:

posted by မြင့်ဇေ @ 9:20 PM   0 comments
အရေးတော်ပုံအား စောင့်ရှောက်ရေးအတွက် လူငယ်အဖွဲ၏ ကြေညာချက်
ပြည်သူတွေကို ကာကွယ်ပေးဖို့  လုပ်နေတဲ့ အဖွဲ့ - ပြည်သူများနှင့်ကျောင်းသားငယ်များအား ပန်ကြားလွှာ။ ယနေ့ အခါသမယသည် ကျွန်ုပ်တို့ အတွက် အလွန်အရေးကြီးသော အခါသမယဖြစ်သည်ကို သင်တို့ အားလုံး သိပြီးဖြစ်ပါသည်။ ယခုအခါ ကျွန်ုပ်တို့ အဖွဲ့ တွင် လူ အင်အားများ အတန်အသင့်များပြားလာပြီဖြစ်ပါသည်။ ကျွန်ုပ်တို့ အဖွဲ့ သည် ကျောင်းသားလူငယ်များဖြင့်ဖွဲ့ စည်းထားသောအဖွဲ့ ဖြစ်သောကြောင့် အဖွဲ့ မှ ငွေကြေးအခြေအနေမှာ အင်အားနဲလျက်ရှိပါသည်။ အသင်တို့အနေဖြင့်ကျွန်ုပ်တို့အဖွဲ့အား ငွေကြေးအရဖြစ်စေ၊ အခြားအဖွဲ့အတွက်အသုံးဝင်မည့်အသုံးဆောင်များဖြစ်စေ ကူညီပေးစေလိုပါသည်။ သို့မဟုတ် အကူအညီ ပေးမည့်သူနှင့်ဆက်သွယ်ပေးစေလိုပါသည်။ သင်သည်လည်းအဖွဲ့ဝင်ဖြစ်သည့်အလျောက်အဖွဲ့အရေးသည်သင်တို့အရေးသာဖြစ်ပါသည်ဟုကျွန်ုပ်ပြောလိုပါသည်၊ ထို့ကြောင့်ယခုအခါတွင်ကျွန်ုပ်တို့သည်ထိရောက်သောလှုပ်ရှားမူ့တစ်ခုပြုလုပ်ရန်အတွက်ငွေကြေး (သို့) အသုံးဝင်မည့် အသုံးအဆောင်များကိုလိုအပ်လျက်ရှိပါသည်။ အသင်တို့သည်ကျွန်ုပ်တို့အားကူညီလိုပါက(သို့) အကူညီပေးမည့်သူများနှင့်ဆက်သွယ်ပေးလိုပါကကျွန်ုပ်တို့ အား အလျင်အမြန်ဆက်သွယ်ပေးပါရန်ကျွန်ုပ် တောင်းဆိုအပ်ပါသည်။ cff.pr.officer@gmail.com

Labels:

posted by မြင့်ဇေ @ 9:15 PM   0 comments
ကိုနစ်နေမန်း ဘလော့်ဂ်မှ
ဆန္ဒပြမှုများကို အင်အားသုံး ဖြိုခွင်းရန် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လိုလားနေသော်လည်း ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ အပါအဝင် တိုင်းမှူးများက လက်မခံဘဲ ပယ်ချထားကြောင်း စစ်အစိုးရနှင့် နီးစပ်သော သတင်းရပ်ကွက်အရ သိရသည်။

သတိပေးချက် - ဒီနေ့  တာမွေ မ၀တ ရုံးကို လုပ်ကြံပြီး မီးရှို့ မယ်။ အဲဒီ အချိန်မှာ စစ်တပ်က ၀င်ပစ်မယ်။ သူတို့  လူတွေကို ဘယ်လို နေရမယ်ဆိုတာလည်း မ၀တက မှာထားပါတယ်။ မ၀တ ရုံးက ပစ္စည်းတွေရွှေ့ ထားပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့  လုံးဝ ၀င်မပါကြဖို့ ။ မီးရှို့ တာတွေမှာ လုံးဝ သွားရောက်မကြည့်ကြပါနဲ့ ။

လမ်း (၅၀) က ဘုန်းကြီးကျောင်းကို လက်နက်ကိုင်ရဲ အယောက် (၂၀) ခန့် မှ ၀ိုင်းထားတယ်လို့ သိရပါတယ်။

ဒေါ်စုအိမ်ကိုသွားတဲ့လမ်းမှာ သဲအိတ်ကာထားပြီး ကားဝင်တဲ့လမ်းကို စက်သေနတ်နဲ့ ချိန်ထားပါတယ်။ သံဆူးကြိုးတွေနဲ့ ပိတ်ထားတယ်။ ကားဝင်ဖို့အတွက် ကားတစ်စီးစာနေရာ ချန်ထားတယ်။ ၀င်ပေါက်နဲ့တည့်တည့်မှာ သဲအိတ်တွေ အရှေ့က ကာထားပြီး စက်သေနတ်နဲ့ချိန်ထားတယ်။ စစ်သားတစ်ယောက်ထိုင်နေတယ်။ လမ်းထဲမှာ ကားအ၀င်အထွက်တော့ ရှိနေဆဲပါ။

မနေ့ည ၁၁နာရီမှာ မိုးကုတ်မြို့မှ လူငယ်ခေါင်းဆောင်များ ဖြစ်ကြတဲ့ ကိုမင်းသူ နဲ့ မပွင့်ဖြူတို့ကို နေအိမ်မှာ ရဲတွေနဲ့ စစ်သားတွေက လာရောက်ခေါ်ဆောင်သွားပါတယ်။ ဒီနေ့မနက် ၈နာရီမှာ သူတို့၏ မိသားစုဝင်တွေက မိုးကုတ်ရဲစခန်းမှုးထံ သွားရောက်မေးမြန်းရာမှာ စခန်းမှုးက စစ်ဗျူဟာရုံးကိုသာ သွားရောက်စုံစမ်းဖို့ ပြောကြားပါတယ်။ ဗျူဟာရုံးက တာဝန်ကျရဲဘော်တွေက သူတို့ဘာမှ မသိကြောင်းပြန်ပြောပါတယ်။ သူတို့အနေနဲ့ ယခုလို ဖုံးကွယ်နေတာဟာ မြို့လူထုက လာရောက်ဝိုင်းမှာကို စိုးရိမ်တဲ့အတွက် ဖြစ်နိုင်ကြောင်း သိရပါတယ်။ ဒီတော့ မိုးကုတ်မြို့ သူမြို့ သားတွေ သိရအောင် သတင်းပို့ လိုက်ပါတယ်။

တောင်ဥက္ကလာပ ငွေကြာရံကျောင်းတိုက်အပြင်ဘက်တွင် လုံထိန်းများလာရောက်ချထားရာ၊ ကျောင်းထိုင်ဆရာတော်က ထွက်ပြောသဖြင့် ကျောင်းတိုက်နှင့် ဝေးသောနေရာမှသာ စောင့်ကြည့်နေသည်ကို တွေ့ရပါသည်။


Labels:

posted by မြင့်ဇေ @ 8:59 PM   0 comments
၂၅.၀၉၂၀၀၇ စက်ရပ်သတင်း
ယမန်နေ့နောက်ဆုံးသတင်းများ

ရန်ကုန် မြို့တော်ခန်းမရှေ့ စစ်လော်လီကားများ ရပ်ထား၊ အင်အားပြနေ

မြန်မာစံတော်ချိန် ည ၇ နာရီ (သတင်းပေးပို့ချိန်)

ရန်ကုန် မြို့ခံတဦး ပြောဆိုချက် …

“မြို့တော် ခန်းမရှေ့မှာ လော်လီကား ၇ စီးလောက် ရှိတယ်။ တစီးမှာ စစ်သားအယောက် ၃ဝ လာက်တော့ ရှိမယ်။ အနီးတဝိုက်မှာ ပြည်သူတွေကလည်း စစ်သားတွေ ဘာများလုပ်မလဲ ဆိုပြီးတော့ စောင့်ကြည့်နေတာ ၃ဝဝ၊ ၄ဝဝ လောက် ရှိတယ်။ ပစ်မိန့်တွေဘာတွေ ပေးထားတာမျိုးတော့ မရှိပါဘူး။ ပစ်မိန့်ပေးရင် လုပ်တဲ့လူက တာဝန်ခံ ဖြေရှင်းရမှာဆိုတော့ ဘယ်သူမှ မလှုပ်ရဲကြဘူး။ ကျနော်ထင်တယ်။ အင်အားပြတဲ့ သဘောလို့ ထင်တယ်။ စစ်သားတွေ သူတို့လည်း ကြောက်နေတာ ထင်တယ်။ ပြည်သူတွေက ကားထဲမှာပဲ နေနေကြတာ အပြင်တောင် မထွက်ရဲကြဘူး။ အန္တရာယ် ပေးနိုင်မယ့် အနေအထားတော့ မရှိပါဘူး။ စောင့်ကြည့်နေတဲ့ လူတွေထဲမှာ တချို့က ဆန္ဒပြပြီး ကတည်းက မပြန်ကြသေးဘဲနဲ့ စောင့်နေကြတာပေါ့နော်။ တချို့ကျတော့လည်း စစ်ကားတွေ တွေ့တော့ ဘာများ ဖြစ်ကြတော့မလဲ ဆိုပြီးတော့ လာကြည့်ရင်း ကြည့်ရင်းနဲ့ များသွားတာ။ ကားတွေရှိနေတာ နည်းနည်းတော့ ကြာနေပြီ၊ ညနေလောက်ထဲကပေါ့။ ၄ နာရီ ကျော်ကျော်လောက်က စစောင့်တာ ဖြစ်မယ်။ အင်တာနက်လိုင်းတွေ ဒီည ၁၂ နာရီမှာ ဖြတ်တော့မယ် ဆိုတာ ဖြစ်နိုင်တယ်။ အခုတောင် ကွန်နက်ရှင်က သိပ်မရချင်တော့ဘူး။ ဖုန်းလိုင်းတွေလည်း ဒီလိုပဲ မြို့တွင်းချင်း ကိုယ့်အချင်းချင်းတွေတောင် ခေါ်မ ရ၊ ပြောမရ ဖြစ်နေတယ်။ ဆန္ဒပြနေတဲ့ အချိန်မှာဆို ဘာမှပြောလို့ကို မရတော့ဘူး” ဟု ပြောသည်။

7:10 PM
“ဧရာဝတီတိုင်း အမတ်တစ်ယောက်ကတော့ ဆူးလေ ဘုရားကြီးရှေ့မှာ တရားဟောသွားတယ်။ နောက်စာရေး ဆရာကိုအောင်ဝေ ဟောတယ်။ ဘုန်းကြီးတပါး ဟောတယ်။ လက်ရှိ ကျောင်းသား လူငယ်တွေက သူတို့ ကျောင်းသားအလံကို ကိုင်ပြီးတော့ နောက်ကနေ စောင့်နေတယ်။ ဖြစ်ပျက်နေတဲ့ စနစ်တစ်ခုကို ရှင်းပြတယ်။ နောက်လွတ်တော် ကိုယ်စားလှယ်တွေကတော့ ကိုးဆယ်ခုနှစ်က သူတို့ ရရှိခဲ့တဲ့ သူတို့ ရွေးကောက်ပွဲ လွှတ်တော်တွေဟာ တိုင်းပြည်ပေါ်မှာ တကယ် စေတနာ ရှိတယ်ဆိုရင် ဒီနေ့ဟာ အချိန်ကောင်း တစ်ခု ဖြစ်နေပါတယ်။ နိုင်ငံတော် အစိုးရ အနေနဲ့ အမှန်အတိုင်းကို လုပ်ဆောင်ဖို့ ဆိုပြီးတော့ ဒါကိုပဲသူက အထပ်ထပ် အခါခါ တိုက်တွန်းသွားပါတယ်။ ကျောင်းသားတွေကတော့ ကျနော်တို့ဟာ လက်ရှိ ကျောင်းသားတွေပါ လက်ရှိ ကျောင်းက ပါလာတယ်ဆိုတာ လက်ရှိ ကျောင်းသားတွေရဲ့ မျိုးဆက်တွေ ဖြစ်ပါတယ် ဆိုတာကိုဘဲ ကြွေးကျော်သွားပါတယ်။” ဟု ရန်ကုန် ဆန္ဒပြပွဲမှ ပြန်လာသူ တဦးက ပြောပြသည်။


posted by မြင့်ဇေ @ 8:52 PM   0 comments
အထက်ဗမာပြည် ၈၈ မျိုးဆကကျောင်းသားများ၏ ကြေညာချက်
ပြည်သူသို့ပန်ကြားလွှာ အမှတ်(၁)

နေ့စွဲ-၂၃-၉-၂၀၀၇
စည်းလုံးညီညွတ်သော သံဃာတော်အပေါင်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများကို အားဖြည့်ပါဝင်ကြပါစို့။
ယနေ့ သံဃာတော်များ၏ လှုပ်ရှားမှုအရေးတော်ပုံသည် ပြည်သူတစ်ရပ်လုံးတွေ့ကြုံခံစားနေရသော အထွေထွေ ကျပ်တည်းမှုများမှ လွတ်မြောက်စေရန်ရည်ရွယ်သည်ဟုယုံကြည်ပါသည်။
ထို့အတွက် မန္တလေးမြို့မှ ပြည်သူအပေါင်းတို့သည် သာသနာ့အလံတော်အောက်မှ သံဃာတော်များ၏ ဦးဆောင်မှုကို ခံယူ၍ စည်းကမ်းကျနစွာ ပူးပေါင်းလိုက်ပါချီတက်ကြပါရန် ပန်ကြားအပ်ပါသည်။
ထိုသို့လိုက်ပါရာတွင် သံဃာတပ်ပေါင်းစု အဖွဲ့ကြီးမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာ၍ ကြွေးကြော်သံ (၃)ရပ်ဖြစ်သော
(၁) စားဝတ်နေရေးပြေလည်ရေး
(၂) ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး
(၃)၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဟူသော စာသားတို့ကို ပိုစတာများ ရေးသားကိုင်ဆောင်ပြီး မည်သည့်အလံကိုမှ ကိုင်ဆောင်ခြင်းမပြုရန် ကြွေးကြော်သံများ ကြွေးကြော်ခြင်းမပြုရန် လိုအပ်ပါသည်။
တပ်မတော်အစိုးရ၏ ဖြိုခွင်းလာနိုင်သော နည်းလမ်းများဖြစ်သော သွေးခွဲသပ်သျှိုခြင်း၊ လှုပ်ရှားမှု၏ ဦးတည်ချက်မှ လမ်းကြာင်းပြောင်းစေရန်လုပ်ကြံဆောင်ရွက်ခြင်းများ၊ စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ အခြေအနေများ ပေါ်ပေါက်စေရန် ဖန်တီးခြင်းများလုပ်ဆောင်လာနိုင်သည်များကိုလည်း သတိကြီးစွာထား၍ ဆောင်ရွက်ကြပါရန် အရေးကြီးပါသည်။
ပြည်သူများသည် အကြမ်းဖက်မှုများကို လုံးဝရှောင်ကြဉ်၍ ဦးဆောင်သံဃာများ၏ လမ်းညွှန်မှုများကို တိကျစွာလိုက်နာကြပါရန် ပန်ကြားလိုက်ပါသည်။
သံဃာ့လှုပ်ရှားမှုသည် ပြည်သူ့လှုပ်ရှားမှုဖြစ်သည်။
သံဃာ့အောင်ပွဲသည် ပြည့်သူ့အောင်ပွဲဖြစ်သည်။
(၈၈)မျိုးဆက်ကျောင်းသားများ
(အထက်ဗမာပြည်)

posted by မြင့်ဇေ @ 8:34 PM   0 comments


Labels:

posted by မြင့်ဇေ @ 3:17 AM   0 comments
Founding the Sangha Support's committee
Monday, September 24, 2007


Labels:

posted by မြင့်ဇေ @ 4:06 AM   1 comments
Today Photos of Monks' movement ( မမေငြိမ်းကျေးဇူး)
Thursday, September 20, 2007






Labels:

posted by မြင့်ဇေ @ 2:38 AM   0 comments
တေးရေးဆရာများ၏ ကြေညာချက်
Monday, September 17, 2007


Labels:

posted by မြင့်ဇေ @ 2:30 AM   0 comments
နအဖ အစ ပုံတောင် ပုံညာက
Sunday, September 16, 2007

၁၉၉၀ ခုနှစ်များအလယ်လောက်ကစပြီး န၀တ-နအဖ စစ်အုပ်စုဟာ ‘မြန်မာအစ ပုံတောင် ပုံညာက’ ပြောလိုပြော။ ‘လူသားအစ မြန်မာက ဆိုလိုဆိုနဲ့ သူတို့ရဲ့ အသိညာဏ်ပညာနဲ့ ဗဟုသုတ ချွတ်ခြုံကျမှုကို အရှက်မဲ့မဲ့ ဖော်ထုတ်ပြသလာတာတွေ့ရတယ်၊ ဦးနှောက်အရည်အချင်း အကြီးအကျယ်နိမ့်ကျမှုကို ဖက်ပြိုင်ပြီး ပြောနေဖို့ မသင့်ပေ့မဲ့ နာဇီဂျာမနီက ဟစ်တလာနဲ့ ဂိုးဘဲလ်တို့နည်းတွေသုံးပြီး ဗမာလူမျိုးကြီးဝါဒ မှိုင်းတိုက်တာ။ အတုအယောင် မျိုးချစ်စိတ် မှိုင်းတိုက်တာကိုတော့ ဆန့်ကျင်ဖွင့်ချသင့်တယ် ယူဆမိတဲ့အတွက် ဒီကိစ္စကို အခု ရှင်းလင်းလိုက်ရပါတယ်၊

အားလုံးသိကြတဲ့အတိုင်း လူသားတွေဟာ ပရိုင်းမိတ် ခေါ် မျောက်မျိုးနွယ်ကြီးထဲက တရွေ့ရွေ့ဆင့်ကဲ တိုးတက်ဖြစ်ပေါ်လာတဲ့ အကိုင်းအခက်တခုဖြစ်ပါတယ်၊ ပရိုင်းမိတ်မျိုးစဉ်ကြီးဟာ နို့တိုက်သတ္တ၀ါ မျိုးပေါင်းကြီးထဲမှာ အဆင့်အမြင့်ဆုံးဖြစ်ပေါ်တိုးတက်လာတဲ့ မျိုးစဉ်တခုဖြစ်ပြီး လွန်ခဲ့တဲ့နှစ် (၆၅)သန်းတုန်းက ဒိုင်နိုဆောသတ္တ၀ါကြီးတွေ မျိုးတုံးသွားပြီးနောက်မှ အရှိန်အဟုန်ပြင်းပြင်းနဲ့ ဖွံ့ဖြိုးတိုးတက်လာတာဖြစ်ပါတယ်၊ နို့တိုက်သတ္တ၀ါထဲက ပရိုင်းမိတ် မျိုးစဉ်ထဲမှာ အဆင့်နိမ့် ပရိုဆီမီယံ မျိုးစဉ်ခွဲတွေ အရင်စပေါ်လာပြီး လွန်ခဲ့တဲ့နှစ်သန်း (၆၀) နဲ့ (၄၀)ကြားမှာ အဆင့်မြင့် ပရိုင်းမိတ်ဖြစ်တဲ့ အင်သရိုပွိုက်မျိုးစဉ်ခွဲက လိုင်းခွဲထွက် တိုးတက်လာခဲ့တယ်၊ ပရိုဆီမီယံမျိုးစဉ်ခွဲကနေ ဒီကနေ့တွေ့ရတဲ့ စွေ့။ တာဆီယာစတဲ့ သတ္တ၀ါလေးတွေဖြစ်လာတယ်၊

အင်သရိုပွိုက်တွေရဲ့ ရှေးအကျဆုံးရုပ်ကြွင်းဟာ ပုံတောင်ပုံညာကမဟုတ်ဘဲ တရုတ်ပြည်တောင်ပိုင်းမှာတွေခဲ့တဲ့ အီယိုဆီးမီးယား ဆိုတဲ့ သတ္တ၀ါဖြစ်ပါတယ်၊ အဲဒါဟာ လွန်ခဲ့တဲ့နှစ် (၄၅)သန်းတုန်းက ပေါ်ခဲ့တာဖြစ်လို့ လွန်ခဲ့တဲ့နှစ် သန်း(၄၀)ကပေါ်ခဲ့တဲ့ ပုံတောင်ပရိုင်းမိတ် (အင်ဖီပီးသီးကပ်) တွေထက် ပိုရှေးကျတယ်လို့ ပညာရှင်အားလုံး အသိအမှတ်ပြု ထားပါတယ်၊ အီယိုဆီမီးယား ရုပ်ကြွင်းတွေကို ၁၉၉၄ ခုမှ စတွေ့ခဲ့ပြီး ၂၀၀၀ ခုနှစ်မှာတော့ ရှေးအကျဆုံး အင်သရိုပွိုက် အဖြစ် အတည်ပြုနိုင်ခဲ့ပါတယ်၊

လူဖြစ်ဖို့ဝေးစွ။ မျောက်ဘ၀တောင် ကောင်းကောင်းမရောက်သေးတဲ့ လွန်ခဲ့တဲ့နှစ်သန်း (၄၀)က သတ္တ၀ါရုပ်ကြွင်း တွေ့ရုံနဲ့ ‘လူသားအစ’တို့။ ‘မြန်မာအစ’ တို့ ထအော်တာကတော့ ပုံမှန်မဟုတ်တဲ့ စိတ်အခြေအနေကို ထင်ထင်ရှားရှား ကြီး ပြနေပါတယ်၊ ပုံတောင်ပရိုင်းမိတ်ထက်စောတဲ့ လွန်ခဲ့တဲ့နှစ်(၄၅)သန်းက ပထမဆုံး အင်သရိုပွိုက်ရုပ်ကြွင်းတွေ့ထားတဲ့ တရုတ်ပြည်ကတောင် ‘လူသားအစ။ ၀တိုဆီက’ လို့ထမအော်ခဲ့ပါဘူး၊

ဒီရှေးဦး အင်သရိုပွိုက် မျိုးစဉ်ခွဲကနေမှ လွန်ခဲ့တဲ့နှစ်(၂၅)သန်းလောက်မှာ ကမ္ဘာသစ်မျောက် (တောင်အမေရိက မျောက်) မျိုးရင်းကျယ် လိုင်းခွဲထွက်သွားတယ်၊ ကျန်တဲ့ ကမ္ဘာဟောင်း အင်သရိုပွိုက် မျိုးစဉ်ခွဲကတော့ လွန်ခဲ့တဲ့နှစ် သန်း(၂၀)လောက်မှာ ကမ္ဘာဟောင်းမျောက်(အာရှ-အာဖရိကမျောက်) မျိုးရင်းကျယ်နဲ့ ဟိုမင်နွိုက် (လူယောင်) မျိုးရင်းကျယ်အဖြစ် လိုင်းကွဲဖြစ်ထွန်းသွားတယ်၊

ကမ္ဘာဟောင်းမျောက် မျိုးရင်းကျယ်လိုင်းကတော့ ဒီကနေ့အာရှ-အာဖရိကမှာတွေ့နေရတဲ့ မျောက်အမျိုးမျိုး ဖြစ်လာပြီး ဟိုမင်နွိုက် မျိုးရင်းကျယ်ကတော့ လွန်ခဲ့တဲ့နှစ် (၁၈)သန်းနဲ့ (၁၆)သန်းဝန်းကျင်လောက်မှာ မျောက်ဝံလိုင်း စကွဲထွက်သွားတယ်၊ ဒီမျောက်ဝံလိုင်းကနေ ဒီကနေ့ခေတ် မျောက်လွှဲကျော်။ အော်ရန်အူတန်။ ချင်ပန်ဇီနဲ့ ဂေါ်ရီလာ မျောက်ဝံတွေအထိ တစတစတိုးတက်ဖြစ်ထွန်းသွားတယ်၊ ကွဲကျန်ခဲ့တဲ့ ဟိုမင်နစ်(လူတူ) မျိုးရင်းကတော့ နှစ်သန်းပေါင်း များစွာ ဖွံဖြိုးတိုးတက်လာပြီးမှ ဒီကနေ့ အဆင့်မြင့်ညာဏ်ရှိလူသား ခေါ် ဟိုမိုဆေပီယံတွေ ဖြစ်လာပါတယ်၊ ဒီအန်အေ မျိုးဗီဇစစ်ဆေးခွဲခြားမှုအရ ပြောရရင် လူသားလိုင်းနဲ့မျောက်ဝံလိုင်း လုံးဝကွဲထွက်မှုဟာ လွန်ခဲ့တဲ့နှစ် (၇)သန်းနဲ့ (၅)သန်း ကြားမှာမှ ပြီးပြတ်သွားတာဖြစ်ပါတယ်၊

ဒီနောက်မှာ ဟိုမင်နစ်မျိုးရင်းထဲကနေ သြစထြလိုပီးသီးကပ် ခေါ် လူဝံမျိုးစိတ်တွေဖြစ်လာတယ်၊ ဒီသတ္တ၀ါတွေ ဟာ မျေက်ဝံနဲ့လူကြားအဆင့် လို့ ပြောနိုင်ပြီး လွန်ခဲ့တဲ့နှစ် (၆)သန်းခွဲလောက်က အာဖရိကတိုက်မှာ ပေါ်ပေါက်ခဲ့တာဖြစ် ပါတယ်၊ ရှေးဦးမျောက်မျိုးတွေ နေနေကြတဲ့ နေရာဒေသတခုဟာ ကမ္ဘာ့ဘူမိသွင်ပြင် လှုပ်ရှားပြောင်းလဲမှုကြောင့် မြေကျွံဝင် နိမ့်ဆင်းသွားပြီး သစ်တောတွေ ပြုန်းသွားခဲ့တယ်၊ အဲဒီနေရာဟာ အီသီယိုးပီးယားကနေ ဇင်ဘာဘွေအထိရှည်တဲ့ ‘မဟာမြေကျွံချိုင့်ဝှမ်းကြီး’ ဖြစ်လာပြီး အဲဒီမှာပဲ ရှေးဦး ဟိုမင်နွိုက်မျိုးနွယ်ကနေ မျောက်ဝံမဟုတ်တော့တဲ့ လူဝံ သြစထြလိုပီးသီးကပ် မျိုးစိတ်တွေ ဖွံဖြိုးလာတာဖြစ်တယ်၊ ဒီသတ္တ၀ါရုပ်ကြွင်းတွေကို အာဖရိကကလွဲပြီး တခြားကမ္ဘာ့ဒေသ မှာ မတွေ့ရပါ၊ မနုဿဗေဒလောကတခုလုံး အုန်းအုန်းကျွက်ကျွက်ဖြစ်သွားတဲ့ ‘လူစီ’ ကျောက်ဖြစ်ရုပ်ကြွင်းဟာ ဒီမျိုးစိတ် တခု ဖြစ်ပါတယ်၊

ဒီမျိုးစိတ်တွေဟာ သဘာဝပထ၀ီအနေအထားတွေ ပြောင်းသွားလို့ မလွဲမရှောင်သာ ကွင်းပြင်တွေမှာ အနေများ လာပြီး ခြေနှစ်ချောင်းနဲ့ မတ်တပ်လျှောက်။ လက်နှစ်ဖက်ကို များများသုံးလာရတယ်၊ (မျောက်ဝံကတော့ ယေဘုယျ အားဖြင့် မတ်တပ်မသွားပါ၊) အစုအဝေးနဲ့နေပြီး ဦးနှောက်လည်း ဖွံဖြိုးလာတယ်၊ မျိုးစိတ်အများအပြား အတူယှဉ်တွဲ နေခဲ့ကြရာက လွန်ခဲ့တဲ့နှစ် တသန်း ခြောက်သိန်း လောက်မှာ အားလုံး မျိုးသုဉ်းပျောက်ကွယ်သွားတယ်၊ ဒါဝင်သီအီုရီ အတိုင်း ခံရည် အရှိဆုံးမျိုးစိတ်ဟာ ဟိုမိုဟက်ဘစ်လစ် ခေါ် လက်ယဉ်လူသား မျိုးစိတ်အဖြစ် လွန်ခဲ့တဲ့နှစ် နှစ်သန်းခွဲမှာ အာဖရိကတိုက်ထဲမှာ စတင်ဖွံဖြိုးတိုးတက်လာတယ်၊ သူတို့ဟာ ကျောက်လက်နက်ကိရိယာတွေကို ရည်ရွယ်ချက်ရှိရှိ စသုံးသူတွေဖြစ်ကြလို့ လက်ယဉ်လူသားလို့ ခေါ်တာဖြစ်ပါတယ်၊ အခုလို ဖွံ့ဖြိုးအဆင့်မြင့်တဲ့ ရှေးဦး လူသားမျိုးက ယှဉ်တွဲရှိနေတဲ့ တခြား သြစထြလိုပီးသီးကပ် လူဝံမျိုးစိတ်တွေကို ၀ါးမျိုဖယ်ရှားပစ်လိုက်တော့တယ်၊

လက်ယဉ်လူသားမျိုးစိတ်ဟာ လွန်ခဲ့တဲ့နှစ်တသန်းရှစ်သိန်းလောက်မှာဟိုမိုအီရက်တပ် ခေါ် မတ်ရပ်လူသား မျိုးစိတ်အဖြစ်သို့ ထပ်မံဖွံဖြိုးတိုးတက်လာပြန်တယ်၊ ဒီရှေးဦးလူသားမျိုးကတော့ မီးကိုစသုံးတတ်လာပါပြီ၊ ဒီအဆင့်မှာ တော့ မတ်တပ်ရပ်လူသားမျိုးစိတ်ဟာ အာဖရိကတိုက်ကနေထွက်ပြီး အာရှတိုက်နဲ့ ဥရောပတိုက်ကို ရောက်သွားတယ်၊ နာမည်ကျော် ပီကင်းလူ။ ဂျားဗားလူတွေဟာ ဟိုမိုအီရက်တပ်တွေပဲဖြစ်ပါတယ်၊ ခုနောက်ပိုင်းအသစ်တွေ့တဲ့ အထောက် အထားအရ လက်ယဉ်လူသားအဆင့်မှာတင် မျိုးမသုဉ်းမီ နောက်ဆုံးကာလ လွန်ခဲ့တဲ့နှစ်တသန်းခွဲမှာတော့ လက်ယဉ် လူသားတွေ မျိုးသုဉ်း သို့မဟုတ် မတ်ရပ်လူသားတွေ ဖြစ်သွားခဲ့ပါတယ်၊

အာဖရိကကထွက်လာတဲ့ ဟိုမိုအီရက်တပ်တွေဟာ ဗမာပြည်ကိုလည်း ရောက်လာလို့ ချောင်းဦးနွယ်ခွေဒေသမှာ လွန်ခဲ့တဲ့နှစ်ပေါင်း တသန်းသုံးသိန်းက ရုပ်ကြွင်းတွေတွေ့ရပြီး လွန်ခဲ့တဲ့နှစ် လေးသိန်းမှာဆိုရင် ဗမာပြည်အလယ်ပိုင်းမှာ ‘အညာသားဓလေ့’ ဆိုတဲ့ ကျောက်ခေတ်ဟောင်းဓလေ့တခုကို ဖြစ်စေခဲ့ပါတယ်၊ ဒီမတ်ရပ်လူသားတွေဟာ ဟိုမိုဆေပီယံ ခေါ် အဆင့်မြင့် ညာဏ်ရှိလူသား မျိုးစိတ်အဖြစ် နောက်တဆင့် ဖွံဖြိုးတိုးတက်သွားတဲ့အတွက် လွန်ခဲ့တဲ့နှစ်လေးသိန်း လောက်မှာ ရှေးဦးညာဏ်ရှိလူသား မျိုးစိတ် စပေါ်ထွန်းလာပါတယ်၊ လွန်ခဲ့တဲ့နှစ် နှစ်သိန်းခွဲမှာတော့ မတ်ရပ်လူသား မျိုးသုဉ်းသွားပြီး ရှေးဦးညာဏ်ရှိလူသားမျိုးပဲ ကျန်ခဲ့ပါတယ်၊ ဒီအန်အေနည်းနဲ့ စမ်းသပ်စစ်ဆေးမှုအရ ရှေးဦးညာဏ်ရှိလူသား ကနေ အခုခေတ် ညာဏ်ရှိလူသားအဖြစ် စပြောင်းသွားတာဟာ လွန်ခဲ့တဲ့ နှစ်တသိန်းခြောက်သောင်းတုန်းက တောင် အာဖရိကမှာဖြစ်ပြီး ကမ္ဘာ့ပထမဆုံး မော်ဒန်ညာဏ်ရှိလူသားဟာ မိန်းမတယောက်ဖြစ်လို့ ‘လူသားအစ အာဖရိက ဧ၀က’ ဖြစ်ပါတယ်၊ ဗမာပြည်လည်းမဟုတ်။ အာရှတိုက်လည်းမဟုတ်ပါ၊ ဒီ ဟိုမိုဆေပျင် ခေါ် အခုခေတ်ညာဏ်ရှိလူသားတွေဟာ လွန်ခဲ့တဲ့ နှစ် ၅၀၀၀၀ ကျော်လောက်ကမှ အာဖရိကတိုက်ကနေ အာရှ။ ဥရောပတို့ကို ထွက်လာတာဖြစ်တယ်လို့ နောက် ဆုံးအထောက်အထားအရ ခိုင်ခိုင်မာမာ သိထားပါတယ်၊

မတ်ရပ်လူသားမျိုးစိတ်မတိုင်ခင် ပေါ်ခဲ့တဲ့ လက်ယဉ်လူသားမျိုးစိတ်နဲ့ လူဝံ (၀ါ) သြစထြလိုပီးသီးကပ် မျိုးစိတ်များ ဟာ ဗမာပြည်မှာ တခါမှမနေခဲ့ဖူးပါဘူး၊ စစ်အစိုးရက အကြီးအကျယ်အမွှမ်းတင် ၀ါဒဖြန့်နေတဲ့ ပုံတောင်ပရိုင်းမိတ်ဆိုတာ တကယ်တော့ မျောက်-မျောက်ဝံ-လူ မကွဲသေးတဲ့အဆင့်မှာပဲ ရှိနေတဲ့အတွက် လူသားဧကန်မုချဖြစ်မယ်လို့ ဘယ်လိုမှ ပြောမရနိုင်ပါဘူး၊ လူသားသေချာပေါက်ဖြစ်မယ့် သြစထြလိုပီးသီးကပ် မျိုးစိတ်တွေနဲ့ လက်ယဉ်လူသားမျိုးစိတ်ဟာ အာဖရိကမှာသာ ပေါ်ပေါက်ထွန်းကားခဲ့တဲ့ အထောက်အထားတွေ အခိုင်အခန့်ရှိပါတယ်၊

ဗမာပြည်မှာရှိတဲ့ လူမျိုးအားလုံးဟာလည်း ပြင်ပက၀င်လာတဲ့ မွန်ဂိုလွိုက်မျိုးနွယ်ဖြစ်တာကို ဒီအန်အေနည်း။ ရုပ်သွင်ပညာနည်းတွေနဲ့ ခိုင်ခိုင်လုံလုံသက်သေပြလို့ရပါတယ်၊ ဗမာပြည်မှာ တချိန်ကရှိခဲ့တဲ့ မတ်ရပ်လူသား ‘အညာသား’ တွေ။ ကျောက်ခေတ်လူသားတွေကတော့ မြန်မာ။ မွန်။ ရခိုင် ရာဇ၀င်ကျမ်းတွေမှာ ‘ဘီလူး’ တွေအဖြစ် ပုံဖော်ခံရတဲ့ နီဂရစ်တိုလူမျိုးတွေ ဖြစ်သွားပြီး။ နောက်မှဝင်လာတဲ့။ အပိုအသိညာဏ်အဆင့်မြင့်တဲ့ ပျူ။ မွန်။ မြန်မာ။ ရခိုင် စတဲ့မွန်ဂိုလွိုက်မျိုးနွယ်တွေက လူမျိုးတုံးသုတ်သင် မောင်းထုတ်ပစ်လိုက်လို့ ဒီကနေ့ ကပ္ပလီကျွန်း။ ဘော်နီယိုကျွန်းတို့ကို ရောက်သွားရရှာတယ်၊ အခုထိလည်း လူရိုင်းဘ၀မှာသာ ရှိနေဆဲဖြစ်ပါတယ်၊

ပုံတောင်ပရိုင်းမိတ်တွေဟာ ဟိုမိုဆေပီယံ ညာဏ်ရှိလူသားဖြစ်မသွားတာ သေချာသလောက်ရှိတော့ ဖြစ်ချင်း ဖြစ်ရင် အာရှမျောက်ဝံ သို့မဟုတ် အာရှမျောက်မျိုးပဲ ဖြစ်ပေါ်သွားနိုင်ပါတယ်၊ မျောက်ဝံနဲ့မျောက် အဓိက ကွာခြားချက် ကတော့ အသိညာဏ်နည်းနည်း ပိုရှိတာနဲ့ အမြီးမရှိတာဘဲဖြစ်တယ်၊ အာရှမှာတွေ့ရတဲ့ မျောက်ဝံမျိုးစိတ်တွေကတော့ မျောက်လွှဲကျော်နဲ့ အော်ရန်အူတန်တို့ဖြစ်ပြီး ပုံတောင်ပရိုင်းမိတ်တွေဟာ တတိယမြောက် အာရှမျောက်ဝံမျိုးစိတ် အဖြစ်ကို တရွေ့ရွေ့ ပြောင်းလဲဖွံဖြိုးခဲ့တယ်လို့ ယူဆရပါတယ်၊

လက်တင်ဘာသာနဲ့ သိပ္ပံဝေါဟာရ သတ်မှတ်ချက်အရ ပွန်ဂိုခ±ူးဒပ် ဏသညါသ ခမကိကျ လို့ခေါ်တဲ့ ဒီအစိမ်းရောင် မျောက်ဝံမျိုးစိတ်ဟာ ဒီကနေ့ဗမာပြည်မှာ ဟိုမိုဆေပီယံ ညာဏ်ရှိလူသားမျိုးစိတ်အပေါ် စိုးမိုးအုပ်ချုပ်နေတဲ့ ပရိုင်းမိတ် နွယ်ဝင်မျိုးစိတ်တခု ဖြစ်လာပါတယ်၊ ၁၉၇၀ ခုနှစ်များမှာ ဟောလီးဝုဒ်က ရိုက်ကူးထုတ်လုပ်ခဲ့ပြီး ၂၀၀၀ ခုနှစ်လောက်မှာ ပြန်လည်ဆန်းသစ်ရိုက်ကူးထားတဲ့ ‘မျောက်ဝံတို့ရဲ့ဂြိုဟ်ကမ္ဘာ’ ဏူညေနအ သ် အ့န ဗစနျ ရုပ်ရှင်ကားထဲမှာ မျောက်ဝံတွေက မနုဿလူသားတွေအပေါ် ကြီးစိုးဗိုလ်ကျနေပုံကို ဇာတ်လမ်းဆင် ရိုက်ပြထားပါတယ်၊ အဲဒီ စိတ်ကူးယဉ်ဇာတ်လမ်းဟာ ဒီနေ့ဗမာပြည်မှာ လက်တွေ့ဖြစ်နေပါတယ်၊

အဟိတ်တိရစ္လာန်ပီပီ အင်မတန်ရိုင်းစိုင်းကြမ်းကြုတ်ပြီး စဉ်းစားဆင်ခြင်ညာဏ်ကင်းမဲ့လှတဲ့ (မျောက်တွေထက် တော့ အသိညာဏ်ပိုရှိတဲ့) မျောက်ဝံစိမ်းကြီးမျိုးဟာ လက်ရုံးအားကိုးနဲ့ လူသားစင်စစ်တွေအပေါ် ရက်ရက်စက်စက် ဖိနှိပ်ညှဉ်းပန်း အုပ်ချုပ်နေကြပါတယ်၊ ဒါကြောင့်လည်း ဒီပဲယင်းလူသတ်ပွဲမျိုး ကျူးလွန်ဖို့ ၀န်မလေးတာဖြစ်တယ်၊ ပုံတောင်ပရိုင်းမိတ်က ဆင်းသက်လာတဲ့စစ်အုပ်စုမှာ စိတ်ဓာတ်စရိုက်ပိုင်းအရသာမက ရုပ်လက္ခဏာ ခန္ဓာကိုယ်ပိုင်းအရပါ မျောက်ဝံလက္ခဏာတွေ ထင်ထင်ရှားရှား တွေ့မြင်နေရပါတယ်၊ ရုပ်ရှင်ထဲကလို ဂြိုဟ်တခုလုံးမှာ မျောက်ဝံတွေ ပျံနှံ့နေထိုင် ကြီးစီုးပြီး လူသားတွေက တောကြိုခြုံကြား နေရတာမျိုးတော့ မဟုတ်သေးဘဲ မြို့ပြကျေးရွာတွေမှာ နေထိုင်ကြတဲ့ မနုဿလူသားတွေအပေါ် ပုံတောင်ပရိုင်းမိတ်က ဆင်းသက်လာတဲ့ ဏသညါသ ခမကိကျ မျောက်ဝံစိမ်းတွေ မင်းလုပ်အုပ်ချုပ် နေတဲ့အတွက် ‘မျောက်ဝံမင်းအစိုးရ’ျွနါငာန သ် အ့န ဗစနျ လို့ကင်ပွန်းတပ်ရပါလိမ့်မယ်၊

ဂါမဏိ

Labels:

posted by မြင့်ဇေ @ 2:45 AM   0 comments
မြန်မာကဗျာဆရာများ၏ ထုတ်ပြန်ကြေညာချက်
Friday, September 7, 2007


posted by မြင့်ဇေ @ 1:41 AM   0 comments
၈၈ ကျောင်းသားများ၏ ကုလသို့ ပေးစာ
Thursday, September 6, 2007
To:
His Excellency Ban Ki-moon
Secretary General
United Nations
United Nations Headquarters
New York, USA
September 6, 2007
Dear Your Excellency,
We, the ‘88 Generation Students, respectfully call on you to urgently revive the issue of Burma
on the formal agenda of the UN Security Council (UNSC). We request that you use your good
offices to support the adoption of a resolution that ensures the protection of Burmese people who
express economic and social concerns as well as political opinions without retribution by the
Burmese military government.
As you are aware, peaceful demonstrations during the last two weeks have led to the detention
and arrests of more than 150 protesters. We, the 88 generation student leaders, initiated these
peaceful marches not only to protest against the hike of fuel prices, but to bring attention to the
immense suffering of the people of Burma. Our goal has always been, and will remain, peaceful
transition to a democratic society and national reconciliation through substantive dialogue that is
also the objective of the United Nations.
We, the 88 Generation Student leaders, stay with our determination and commitment to work for
peaceful change towards democracy and improved living conditions for the people of our
country.
Recent protests have been stopped, at times brutally, by members of security forces and
government-organized gangs such as the Union Solidarity and Development Association (USDA)
and Swan-aah-shin (SAS) or Masters of Force.
Those of us in hiding are under constant threat of arrest and unlawful imprisonment. In addition,
our families, friends and relatives are being harassed and threatened constantly. Many of our
colleagues and fellow activists have been detained and we are concerned for their well beings.
Lately the Buddhist monks have also become under attack.
These violent responses must be seen as early warnings of more brutal violence, and we are
gravely concerned it is only a matter of time whether the situation would lead to further violence
by these militias and security forces against the people who strive for justice. We have witnessed
several times in the past that the military as well as the USDA are capable of brutal oppression of
people at any cost and we are extremely worried.
As you are aware, demonstrations are growing in many parts of the country in spite of the violent
crack-downs and continuing abduction of protesters by the authorities.
Therefore, we urgently need your practical support this time to prevent the real possibility of
further violence and urge you as head of the United Nations to take prompt action with preventive
measures by taking accounts of these early warning signs.
Please command Mr. Gambari to visit Burma immediately and convince the SPDC to stop the
current harassments of peaceful protesters, to release all detained activists and political prisoners,
and engage in meaningful dialogue with all parties concerned about the political situation and the
future of our country.
We respectfully call for your immediate response to the urgency of this situation and take
immediate action.
Sincerely,
Htay Kywe
The ‘88 Generation Students

posted by မြင့်ဇေ @ 6:44 PM   0 comments
ကျနော်တို့က စခဲ့တာလား၊ ကျနော်တို့က ဆက်စပ်ရမှာလား

ကျနော် နိုင်ငံရေးလုပ်ငန်းများကို လုပ်နေသော်လည်း တခါတရံတွင် ထိုနယ်ပယ်ထဲမှ စကားများကို ကြားပြီး ဘာမှ မပြောချင်။ စိတ်ပျက်လက်ပျက် ဘုတော မိနေတတ်သည်။ ထိုအခါတွင် ထို ဘုတော ခံရသူများအနေဖြင့် ကျနော်ကို သံသယဖြင့်လည်း ကြည့်မြင်ကြလိမ့်မည်။ အဆိုးမြင်သူတဦး အနေ ဖြင့် မြင်ကောင်းမြင်ကြပေလိမ့်မည်။ ထို့အတွက်ကြောင့် ကျနော့်အမြင်ကို ရေးခြင်းဖြစ်သည်။

လတ်တလော လောင်စာဆီဈေးနှုန်း တိုးမြင့်လာမှုကြောင့် ဖြစ်ပျက်နေသည့် ငြိမ်းချမ်းစွာဆန္ဒပြမှုများ သည် တကယ်တမ်းတွင် နိုင်ငံရေး ဖြေရှင်းမှုဆီသို့ ဦးတည်ရန် အခြေအနေသို့ ရောက်သွားပြီ ဖြစ် သည်။ ကျနော်တို့အနေဖြင့် ဤ ဖြစ်ပျက်မှုအားလုံးသည် ကျနော်တို့၏ စီမံမှုများကြောင့်၊ သို့တည်း မဟုတ် ကျနော်တို့ ဖြစ်ပျက်စေချင်သည့် အလိုများကြောင့် ဖြစ်နေသည်လို့ စဉ်းစားနေကြပါ သလား။

အမှန်စင်စစ်မှာ လူထု၏ စိတ်ရှည်သီးခံမှုမှာ ယခုကာလတွင် ကုန်လွန်သွားသည်ဟုသာ ကျနော် ပြောရပါမည်။ လူထု၏ အမှန်တကယ် ပေါက်ကွဲထွက်လာမှုကို မည်သူက ဖန်တီးသည်၊ မည်သူက လုပ်သည် ပြောမနေကြပါနှင့်။ ထိုအပြောများကြောင့်ပင် တိုက်ပွဲဝင်နေသည့် လူထုအတွက် အကျပ် ရိုက်စရာဖြစ်နေဦးချေမည်။

အမှန်တကယ်တွင်တော့ တိုင်းပြည်တပြည်ရှိ လူထု၏ လှုပ်ရှားအုံကြွမှုကို မည်သူမှ ဖန်တီးနိုင်မှာ မဟုတ်ပါ၊ သူ့အခြေအနေအရ သူတို့၏ ကျပ်တည်းမှု အရ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သို့သော် တကယ်တမ်း နိုင်ငံရေးနေရာ ပြောင်းလဲမှု အဆင့်အထိ တက်လှမ်းလာပြီဆိုလျှင်တော့ လူထုသည် သူတို့၏ အမြင်အရ သူတို့ကို ဦးဆောင်ပေးနိုင်မည် ထင်သည့် နိုင်ငံရေးအင်အားစုတခုကို ရွေးချယ်စမြဲ ပင်။ ထိုသူ၊ ထိုအဖွဲ့အစည်းကိုလည်း လူထုကသာ ရွေးချယ်သည်။ ကိုယ့်ကိုယ်ကိုလည်း အဆိုပြု၍ မရ။ လူထု၏ သမိုင်းဆိုင်ရာအမြင်၊ အတွေ့အကြုံကသာသတ်မှတ်ခြင်းဖြစ်သည်။

ယခုဖြစ်ပျက်နေသည့် အခြေအနေဖြစ်ပျက်လာမည်ဟု မည်သည့် အနာဂတ္တိဆရာများ၊ နိုင်ငံရေး ပုရောဟိတ်များ၊ စစ်အကြောင်းနားလည်သူများက ကြိုတင် ခန့်မှန်းပြောဆိုခဲ့ကြသည်မဟုတ်ပါ။ လူထု ကသာ သူ့လမ်းကြောင်းသူရွေးချယ်ပြီးတိုက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။

ထိုအခါ ကြိုတင် ဆွဲထားသည့် စီမံချက်များ၊ လုပ်ငန်းစဉ်များကို အခြေအနေနှင့် ဆက်စပ်မှုမရှိဘဲ အထူးတလည် ကြိုးစားပြီး မထည့်သွင်းရန်မှာ ကျနော်တို့၏ အပိုင်းရောက်လာသည်။ နိုင်ငံရေးအရ မဟာဗျူဟာ (သို့) သေနင်္ဂဗျူဟာ အရ မည်မျှ ပင် မှန်သည်ထားဦး။ ကျနော်တို့ ရေးဆွဲခဲ့သည့် လုပ်ငန်းစဉ်များ(နည်းနာများ)ကိုတော့ ယခုအချိန်နှင့် အံဝင်ဂွင်ကျလိမ့်မည် ဟု တွေးထင် ထားခြင်းသည် မိမိက လူထုအား ဦးဆောင်နိုင်သည်ဟု တလွဲဆံပင်ကောင်းနေခြင်းသာ ဖြစ်ပေ လိမ့်မည်။

ယခု ဖြစ်ပွားနေသည့် လူထုအုံကြွမှုသည် တစိမ့်စိမ့် ဆက်လက် ဖြစ်ပေါ်နေဦးမည်ဖြစ်သည်။ ထိုဖြစ်စဉ် ထဲတွင် ပါဝင်ရန်အတွက် ကျနော်တို့၏ မဟာလုပ်ငန်းစဉ်ကြီးများအား လက်မှ တကိုင်ကိုင် လုပ်နေ မည့် အစား

ပအဆင့်အနေဖြင့် - လှုပ်ရှားမှုကို တဖွဲ့ချင်းစီအရမည်သို့ ဆက်စပ်နိုင်မလဲ။ တဖွဲ့ချင်းစီအရ ဆက်စပ်နိုင်မှုအရ တခုလုံးဆိုင်ရာ သွင်ပြင်လက္ခဏာ ပေါ်အောင်ဘယ်လို ဆက်စပ်မလဲ။ (ဆိုလိုသည်မှာ- တဖွဲ့ချင်းစီ၏ ဆက်စပ်မှုပေါ် အခြေခံပြီး တပ်ပေါင်းစု သဘောဆောင်သည့် ဘုံလုပ်ငန်းများဆီသို့ ဦးတည်ရေး၊ ပူးတွဲဖို့ကို ရည်ညွှန်းသည်မဟုတ်။ )

ဒု အဆင့်အနေဖြင့် - တဖွဲ့ချင်းစီအရ လူထုအား ဆက်စပ်ပြိးပါက လူထုလှုပ်ရှားမှုအင်နှင့်အားနှင့် ပေါ်လာရေးကို ဘယ်လို ဆွဲဆောင်သွားနိုင်မလဲ။ ထိုဆွဲဆောင်နိုင်မှုအပေါ်မှ မိမိအဖွဲ့ တခုချင်းစီ၏ နဂိုသတ်မှတ်ထားသည့် လုပ်ငန်းစဉ်များနဲ့ ဘယ်လိုဆက်စပ်နိုင်မလဲ ဆိုခြင်းကို အကောင်အထည်ဖော်သင့်သည်။ (ဆိုလိုသည်မှာ လူထုနှင့် ဆက်စပ်မှုကို လုပ်နေသော်လည်း မိမိအဖွဲ့အစည်း ချထားသည့် လမ်းစဉ်။ နှင့် လုပ်ငန်းစဉ်ကို အထောက်အကူ ပြုသည့် လုပ်ငန်းများကို တဖွဲ့ချင်းစီမှ ထိုအချိန်၌ ပြင်ဆင်ထားရန်)။

ကျနော်မြင်သည့် အမြင်ကို ရေးသည်သာ ဖြစ်သည်။ ထိုအမြင်ကို ပြန်လည်ဆွေးနွေးစေချင်ပါသည်။ လူထုအား အားမလိုအားမရဖြစ်နေခြင်းသည် မှားသကဲ့သို့

လူထုအား အလွန်အကျွံ ခန့်မှန်းခြင်းသည်လည်း လွဲတတ်ပါသည်။

ကျနော်ထပ်ပြောပါမည်။

ပထမသည် လူထုလှုပ်ရှားမှုနှင့်ဆက်စပ်ရေးသာဖြစ်သည်။

မိမိလုပ်ငန်းစဉ်အား လူထုထံ `အစိမ်းလိုက်´ သွတ်သွင်းရေး မဟုတ်ပါ။

Labels:

posted by မြင့်ဇေ @ 10:24 AM   2 comments
လမ်းလျှောက်သူများသို့

မအိပ်နိုင်ဘဲ လူးလွန့်တော့

မအိပ်နိုင်ဘဲ သက်ပြင်းတွေ အခါခါချတော့

မိန်းမက မေးတယ်

ရှင် မအိပ်တော့ဘူးလား

ရှင် စိတ်ကူးယဉ်နေတုန်းဘဲလား

ပြီးတော့ ဆိတ်ငြိမ်သွားတယ်

သူ့မေးခွန်းမှာတောင်

သူအဖြေမရှာနိုင်ခဲ့ဘူး။


ခြေလှမ်းနေတာက လမ်းဖြစ်ရင်ဖြစ်မယ်

စီးရတာက ဆိုင်ကယ်.. ကား..

ဘာဖြစ်ဖြစ်

တကယ်တမ်း .... သက်သာပါရဲ့

ဒါကကို ဖိဖိစီးစီးပြတယ်

ကျနော်တို့ဟာ `ရောဘတ်အိုဝင်´ ထက်

ပိုဆိုးတဲ့အကြောင်း၊

သူတို့က

မမြင်ခဲ့တဲ့လမ်းတွေကို

မဖန်တီးနိုင်ခဲ့တဲ့ နည်းနာတွေနဲ့

လျှောက်ခဲ့တယ်။

ကျနော်တို့

ထောပနာပြုရမယ်။

သူတို့ရဲ့

ကျေးဇူးတရားက

ကမ္ဘာထက်လေးလံအောင်

ကျနော်တို့ အတွက်

သည်းသည်းထန်ထန် အရှက်ရစေခဲ့ကြောင်းကို။

Labels:

posted by မြင့်ဇေ @ 8:59 AM   1 comments
စာရေးတတ်သူများကို အားကျသည့်သူတယောက် မ၀ံ့မရဲရေးထားသည့် ပိုစ်တ့်ငါးခုအကြောင်း
Monday, September 3, 2007

သူများဆိုက်တွေကိုသာ အားကျငေးမောကာ ဖတ်ခဲ့ရသူတယောက်ကို လာပြီး တဂ့်တော့ တဂ့်သူ အမ ခင်မင်းဇော်ကိုသာ အပြစ်တင်ရတော့မည်။ အမှန်ကတော့ ကျနော်က စာကို အများသူ ငါလို အဓိပ္ပါယ်ပေါ်အောင် ရေးတတ်သူ မဟုတ်။ ပြီးတော့ စာကို ဖြောင့်ဖြောင့် မှန်မှန် ဖတ်ချင်စိတ်ရှိလာအောင် စွဲခေါ်ရေးတတ်သူလည်း မဟုတ်။ ကျနော် မြင်ခဲ့သည့် အမြင်မျှကိုသာ ရေးတတ်သူ ဖြစ်သည်။ တနည်း အားဖြင့် ကိုယ့်ဘ၀အတွေ့အကြုံကို ခပ်ကြမ်းကြမ်းရေးတတ်သူတဦးသာ။ ထို့အတွက်လည်း ကျနော့်ဆိုက် သည် လူကြိုက်နည်းနေခြင်း ဖြစ်တန်ကောင်း၏။ သို့သော် အမှန်စကားကို ဖွင့်ဆိုခဲ့၏။ ထိုအမှန်စကားကို လည်း အမှန်တရားကို ကြိုက်သူတို့ကသာ လက်ခံကြသည်မဟုတ်လား။ ထို့အတွက် ကျနော့်အား မခင်မင်းဇော်မှ တဂ့်လိုက်ခြင်း ဖြစ်ဟန်တူပါသည်။

အကြိုက်ဆုံးပိုစ့်တ်ဆိုတော့ ကျနော် စဉ်းစားကြည့်မိသည်။ ကွယ်လွန်သူ ဆရာနိုင်ဝင်းဆွေ ၏ ပြောစကားကို ကြားဖူးသည်။ သူ၏ မဟူရာမေတ္တာ စာမူကြမ်းကို အကြိမ်ပေါင်းများစွာ (လေးဆယ်ကျော်ခန့်ထင်သည်) ပြန်၍ ရေးခဲ့ဖူးသည်ဟု နာကြားခဲ့ရသည်။ ကျနော်က တော့ လူပျင်း။ တပုဒ်ရေးပြီးလျှင် ပြန်တည်းဖြတ်ဖို့ ပျင်းသူဖြစ်သည်။ ထို့အတွက် ထိုထိုသော ဆရာများနှင့် ကွာဝေးလွန်းလှသည်။ ထို့ကြောင့် မခင်မင်းဇော် တဂ့်သောအရာသည် `သင်ကြိုက်ခဲ့သော ဘလော့်ဂ့်များ´ သို့မဟုတ် `သင်ဖတ်ခဲဖူ့းသော ဘလောဂ့်ဂါများ၏ ပိုစ့်တ်ငါးခု´ ဆိုလျှင် ကျနော့်အတွက် ပိုမို သင့်လျော်မည်ထင်ပါသည်။ ထိုအရာကို မဆိုင်းမတွ ရေးလိုက်မည် ဆိုလျှင်လည်း ကျနော်မှာ သိပ် ၀န်မပန်းလှပါ။ သို့သော် ကျနော်ရေးခဲ့သည့်ထဲမှ ဆို၍ ကျနော့် စိတ်ကြိုက်ကို ဖော်ပြထားပါသည်။ ကျနော် အကြိုက်ဆုံးဝတ္ထု တပုဒ်ကတော့ ပါသည့် စာစောင် တိပ်ခွေပင် ပျောက်နေသောကြောင့် မတင်ပြနိုင်ခြင်းကို စိတ်မကောင်းပါ။

၁။ တောင်ပေါ်သူ၏ ငြိမ်းချမ်းရေးပုံပြင် (၀တ္ထု)

တောင်ပေါ်သူ၏ ငြိမ်းချမ်းရေးပုံပြင်

(ဇာတ်သိမ်း)

တကယ့်အဖြစ်အပျက်များကို အခြေခံပြီး စိတ်ကူးအနည်းငယ်ထည့်ရေးသားထားခြင်း ဖြစ်ပါသည်။ ကယန်းလူမျိုးများ၏ အပစ်အခတ်ရပ်စဲရေး ကာလ( ၁၉၉၄) ကို အဓိက အခြေပြုသည်။ သို့သော် ထိုအကြောင်းအရာကို ရေးးဖြစ်သည်မှာ ၂၀၀၁ ခုနှစ်မှ ဖြစ်သည်။ ပထမစိတ်ကူးထဲတွင် ရေးသားခဲ့သည့်အတွင်း ဘာသာရေးဆိုင်ရာ ကိစ္စများပါ၍ မိမိကိုယ်ကို မကျေမနပ်ဖြစ်ခဲ့၍ မရေးဖြစ်ခဲ့ပါ။

၂။ အညတရတို့ရဲ့  အလွမ်းဇာတ် (၀တ္ထု) (အိပ်မက်အိမ်ဘလော့ဂ်မှာပါ)

ဤ ၀တ္ထု သည်လည်း ၁၉၉၂ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နယ်မြေ တပ်မဟာ ၃၊ တပ်ရင်း ၈(မုန်းမြို့နယ်)တွင် ဖြစ်ပျက်ခဲ့သော အချက်အလက်အချို့ကို အခြေခံပြီး ရေးဖွဲ့ထားခြင်းဖြစ်သည်။ အလွန်လွမ်းစရာ နာကျည်းစရာကောင်းသည့် အဖြစ်အပျက်လည်း ဖြစ်သည်။ ကျနော် ၀တ္ထုထဲတွင် တကယ့်အချက်အလက်မှန်တချို့ကို ချန်ထားခဲ့သည်။ တကယ့်အဖြစ်အပျက်အမှန်မှာ အသတ်ခံခဲ့ရသူ အမျိုးသမီးအား နအဖ စစ်သား၂၀ကျော် ၃၀ခန့်မှ မတရားပြုကျင့်ပြီး သတ်သည့်အချိန်တွင် ၀ါးလုံးအားချွန်ပြီး အမျိုးသမီးတန်ဆာထဲအား ရိုက်ထည့်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ၀တ္ထုတွင် ထိုအချက် အား ကျနော် မဖော်ပြရက်ပါ။ မဖော်ပြချင်ပါ။ ထို့ကြောင့်ချန်ထားခဲ့ပါသည်။

၃။ လူသိရှင်ကြားရည်းစားစာ (ကဗျာ)

ဤကဗျာကတော့ ကျနော်၏ အများနှင့်မဆိုင်သည့် ပုဂ္ဂလိက ခံစားမှုဝေဒနာဖြစ်သည်။ သိပ်တော့မထူးဆန်း လှပါ။ တိုင်းရင်းသူအမျိုးသမီးလေးတဦးကို ကျနော်ချစ်မိသည်။ လူမျိုးရေး ကွဲပြားမှု၊ နိုင်ငံရေး အယူအဆမတူညီမှု၊ပုဂ္ဂလိကဘ၀ကိုတဦးနှင့် တဦးကြည့်မြင့်မှုများ၊ ကြားသွေးခွဲစကား များကို ထိုကဗျာ ရေးချိန်တွင် ကျနော်မေ့ထားခဲ့သည်။ကျနော်သိသည်မှာ သူမသာ။ အဲဒီမှာပင် ထိုကဗျာကို ရေးဖြစ်သွားခဲ့သည်။ ကျနော်က ချစ်ရသူကိုး။ မိတ်ဆွေအချို့ကတော့ ကဗျာဆန်သည်ဟု ပြောသည်။ ကဗျာရွတ်ပွဲအချို့တွင် ပွဲတောင်းခံရသည်။ ထို့အတွက်တော့ ကြည်နူးပီတိဖြစ်ရသည်၊

၎။ လိပ်ပြာမလုံနိုင်တဲ့ကာလ (ကဗျာ)

ဒီကဗျာကို ကိုယ့်ကိုယ်ကိုလည်း အများတကာကိုလည်း အားမလိုအားမရဖြစ်သည့်အချိန်တွင် ရေးဖြစ်ခဲ့ သည်။ တိုက်ဆိုင်သည်က ၂၀၀၇ ခုနှစ်မတ်လတွင် ရေးဖြစ်ခဲ့ခြင်းဖြစ်သည်။ လူနားလည်လွယ်မည့် နိမိတ်ပုံတော်တော်များများ သုံးဖြစ်ခဲ့သည်။ ကိုယ့်အခြေအနေကို အားမရသည်ကို အားမရကြောင်း ရေးဖြစ်ခဲ့၍လည်း ကျေနပ်မိခဲ့သည်။

၅။ ပွဲတော်တွေနဲ့ ဝေးတဲ့ကောင် (ကဗျာ)

ဒီကဗျာကို တောထဲတောင်ထဲ ရောက်နေသည့် အချိန် ၂၀၀၀ခုနှစ် ဆန်းပိုင်းတွင် ရေးဖြစ်ခဲ့ခြင်းဖြစ်သည်။ ကိုယ့်ကိုယ်ကို စာရေးဖြစ်နေခြင်းက တော်တော်ကံကောင်းသည်ဟု ပြောရမည်ထင်သည်။ ထိုကာလက အဖော်မဲ့နေရခြင်းကများသည်။ သို့သော် ကဗျာက နှုတ်ဆက်ကဗျာဖြစ်နေသည်။ နေရစ်ခဲ့တော့ ကယန်းမလေး ပေါ့။ အိပ်မက်အိမ် ဘလော့ဂ်တွင် ဖော်ပြထားပါသည်။

ဖတ်သူများကျေနပ်မည် မကျေနပ်မည်ကိုတော့ ကျနော်မသိပါ။ ကျနော် ကြိုက်နှစ်သက်သည့် ငါးပုဒ်ကို ခေါင်းစဉ် ပေးလိုက်ပါပြီ။ အမြင်များလည်း သိလိုလှပါသည်။ တဂ့်သူ မခင်မင်းဇော်လည်း ဒုက္ခပေးရခြင်း ကြောင့် ကျေနပ်သွားမည်ဟု မျှော်လင့်ပါသည်။ ကျေးဇူးတင်ပါသည်။

Labels:

posted by မြင့်ဇေ @ 1:04 AM   3 comments
မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်
Saturday, September 1, 2007

ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော်ပြသမှုများအပေါ် အကြမ်ဖက်နှိမ်နှင်းခြင်းနှင့်ပတ်သက်

၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်

ရက်စွဲ၊ ၊ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၁ ရက်

ယနေ့ မြန်မာနိုင်ငံသြဂုတ်လ ၁၉ ရက်နေ့မှစဆက်တိုက်ဖြစ်ပွားလျှက်ရှိသော နိုင်ငံနှင့် အ၀ှမ်း ငိမ်းချမ်း စွာ ဆန္ဒပြမှုများသည် တိုင်းပြည်လူထု နေ့စဉ်ရင်ဆိုင်ခံစားနေရသော လူမှုဒုကအ၀၀၏ အကျိုးဆက်ပင် ဖြစ်သည် ငိမ်းချမ်းစွာ ဆန္ဒပြမှုများ အပေါ် န၀တ နအဖ အစိုးရမှ အင်အားသုံးဖိုခွဲခြင်း အကြမ်းဖကိုက်နှက်ခြင်း အဓမဖမ်းဆီးခေါ်ဆောင်ခြင်း စသည့် နိုင်ငံရေး အကြမ်းဖက်မှုများကို ပြည်သူလူထု မျက်စိရှေ မှောက်မှာပင် ဗြောင်ကျကျ ကျူးလွန်ခဲ့သည်၊

ထိုသို့အကြမ်းဖက်မှုများ ပြုလုပ်ဟန့်တားနေသည့် ကြားမှ ဆန္ဒပြမှုများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြ သော ရဟန်းရှင်လူ မိဘပြည်သူများတ်တော်ကိုယ်စားလှယ်များအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် များနှင့် ကျောင်းသူကျောင်းသား အားလုံးတို့သည် ပြည်သူလူထု အကျိုးစီးပွားအတွက် ပြည်သူ့ရှေ့မှ မားမား မတ်မတ်ရပ်ကာ အနစ်နာခံ ဆောင်ရွက်ခဲ့ကြသည်

ဆန္ဒပြသူများအပေါ် အကြမ်းဖက်ဖိုခွဲရာတွင် ပါဝင်ခဲ့သည့် ကြံ့ခိုင်ဖွံ့ဖိုးရေးနှင့် စွမ်းအားရှင်အဖွဲ့ အမည်ခံ နအဖအစိုးရ လက်ကိုင်တုတ်အဖြစ် အသုံးချခံခဲ့ရသူများမှာလည်း အများနည်းတူ အခက်အခဲ အကြပ် အတည်းများကို ခါးစည်းခံနေကြရသည်သာဖြစ်ပေသည်၊ ကံ့ခိုင်ဖွံ့ဖိုးရေးနှင့် စွမ်အားရှင်အဖွဲ့ဝင်တို့အနေဖြင့် အဖြစ်မှန် အကြောင်းရင်းမှန်ကို ဆင်ခြင်သုံးသပ်အများအကျိုးအတွက် အနစ်နာခံ ဆန္ဒပြနေသူများအပေါ် ယခုကဲ့သို့ မပြုမူပဲ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းအားဖြင့် အများအကျိုးကို ရှေးရှုသော လူသားအဖြစ် လူ့ဘ၀ကို ရယူသင့်ပေသည်၊

မြန်မာနိုင်ငံသားများ၏ အခြေခံ လူ့အခွင့်အရေးဆုံးရှုံးမှု နိုင်ငံသားအခွင့်အရေးဆုံးရှုံးမှုများနှင့်အတူ ကုံတွေ့ နေရသော ဒုကအပေါင်း၏ အကြောင်းရင်းခံမှာ အာာရှင်နိုင်ငံရေးစနစ်ကြောင့်ပင် ဖြစ်ပေသည်၊ ပြည်သူ ပြည်သားများ၏ စီးပွားရေး။ လူမှုရေး အကြပ်အတည်းများအား ဖြေရှင်းနိုင်ရန်မှာ အာာကိုတဘက်သတ် ကျင့်သုံးပြည်သူပြည်သားများ၏ ဆန္ဒအား မျက်ကွယ်ပြုထားသော အာာရှင်နိုင်ငံရေးစနစ်ဖြင့် ဖြေရှင်းမရနိုင်၊ တိုင်းရင်းသားများ နိုင်ငံရေး အင်အားစုများနှင့် စစ်တပ်အင်အားစုများအားလုံးငြိမ်းချမ်းစွာ ဆွေးနွေးညိနိင်း အဖြေရှာမှသာ ဖြေရှင်းနိုင်မည်ဟု နိုင်ငံတကာမိသားစုများ ပြည်တွင်းနိုင်ငံရေး အင်အားစုများနှင့် ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများမှ နအဖအား စဉ်ဆက်မပြတ် တိုက်တွန်းတောင်း ဆိုခဲ့သည်၊

ပြည်သူပြည်သားတရပ်လုံးကလည်း ၁၉၈၈ တွင် လည်းကောင်း ၁၉၉၀ ရွေးကောက်ပွဲတွင် လည်းကောင်း ပြည်သူ၏ ဆန္ဒအစစ် အမှန်ကို ပြသခဲ့ပီးဖြစ်သည် သို့သော် နအဖအစိုးရမှ တချက်လတ်အာာကို အသုံး ပြုပီး ဖိနှိပ်မှု ဖမ်းဆီးမှုများဖြင့်သာ ပြည်သူများအား တုံ့ပြန်ခဲ့သည်၊ ထိုသို့ဖမ်းဆီးထိန်းသိမ်းထားသော ငိမ်းချမ်းစွာ ဆန္ဒပြခဲ့သူများအား အမြန်ဆုံး ခွင်းချက်မရှိ ပြန်လတ်ပေးရန်လည်း အထူးလိုအပ်သည်၊

ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့် ပြည်သူပြည်သားများ၏ လူမှုဒုကအပေါင်းမှ ကင်းလွတ်ရေး အတွက် စစ်မှန်သော နိုင်ငံရေး ဖြေရှင်းမှုဖြစ်စေရန် မည်သည့် ဖိနှိပ်ချုပ်ချယ်မှု မတရား ဖမ်းဆီးမှုအကြမ်း ဖက်မှုကိုမဆို ကံ့ကံ့ခိုင်ရင်ဆိုင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာပြည်သူပြည်သား အပေါင်းနှင့် တသားတည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်သည်၊

၈၈ မျိုးဆက်ကျောင်းသားများ

Labels:

posted by မြင့်ဇေ @ 2:17 AM   0 comments
ကျနော့်အကြောင်း

Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
ယခုလ မာတိကာ
ယခင်လ မာတိကာ အဟောင်းများ
အလည်သွားဖြစ်တဲ့ ဘလော့များ
Powered by

Free Blogger Templates

BLOGGER

© Template by Isnaini Dot Com