မုန်တိုင်းလာသွားခဲ့တယ်
သတိရမိတယ် ဆားချက်တဲ့လက်က တံငါသည်ဘ၀ကို နူးညံ့ခဲ့ပုံများ။ မင်းလည်း မမြင်နိုင် ငါကလည်း မင်းကို မပွေ့ထွေးနိုင်ခဲ့ ဆားချက်သမလေးရေ…။ မုန်တိုင်းကေ ရာ က် လာ တ ယ် ။ အခုတော့ ကမ်းမမြင် လမ်းမမြင်။ စီးမျောသွားပုံက ကောင်းကင်တခုလုံး ချက်ချင်း ပျက်သွားသလို ရုန်းရင်းဆန်ခတ်။ ခေတ်တွေ စီးဆင်းသွားတော့ ပင်လယ်က ပြာစိမ်းလို့ ဘာမှမပတ်သက်သလိုမျိုး သူစိမ်းဆန်ဆန်ကြည့်လို့ ။ ။
Labels: ကဗျာ |
အကိုရေ ဒီမုန်တိုင်းက အကိုကိုပါ ၀င်တိုက်ခတ်သွားလားလို့ စဉ်းစားနေမိတယ်အကိုရယ် မမြင်ဘူးပေမဲ့ လေးစားမိပါတယ် အကိုကောင်းရာသုဂတိ ရောက်ပါစေလို့ ဆုတောင်းပေးနေပါတယ်