Ko Poe Zay

(orginal end)-->
 
ကဗျာ စာမျက်နှာ
သတင်း စာမျက်နှာ
စကားစမြည်

မြန်မာ စာအုပ်များ
ဝတ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ မှတ်သား ဖွယ် အထွေထွေ စာအုပ်များ အပါအ၀င် မြန်မာ အီးဘုတ် (E-book) စာအုပ်ပေါင်း ၅၀၀ ကျော်အား အခမဲ့ ဖတ်ရှုနိုင်ပါတယ်ခင်ဗျား။
Other things
test
မဇ္ဈိမ သတင်း
Wednesday, September 26, 2007

(မြန်မာစံတော်ချိန် ၄း၃၀)
ဗိုလ်ချုပ် လမ်းပေါ်တွင် စစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင် နေခဲ့ကြသော လူထုကြီးမှာ လူစုခွဲလိုက်ပြီ ဖြစ်သည်။

(မြန်မာစံတော်ချိန် ၄း၂၅)
မဇ္ဈိမက စုံစမ်းသိရှိရသော ရွှေတိဂုံဘုရားအနီး သံဃာတော်များ ဦးဆောင်သော ဆန္ဒပြသူများကို ဖြိုခွင်းရာတွင် ဦးဆောင် ကွပ်ကဲသူများမှာ (၁) ဗိုလ်ချုပ် ကျော်ဆန်း (ပြန်ကြားရေး ဝန်ကြီး)၊ ဗိုလ်မှူးကြီး တင့်ဆန်း၊ အမှတ် ၁၆ ခြေလျင် တပ်ရင်း ယာယီ တပ်ရင်းမှူး ဗိုလ်မှူး ရဲဇော်ဇော် တို့ ပါဝင်သည်။

ဖိနပ်၊ အမှိုက်တို့နဲ့ အပစ်ခံရတဲ့ စစ်တပ်
(မြန်မာစံတော်ချိန် ၄း၁၅)

ဗိုလ်ချုပ်လမ်းပေါ် စစ်တပ်နှင့် ဆန္ဒပြ လူထုကြီး ရင်ဆိုင်မှုအပြီး ဆန္ဒပြ လူထုကြီးက တဖြည်းဖြည်း ပိုမိုရှေ့တိုးလာသည်တွင် စစ်ကား ၃ စီးပါ စစ်တပ်သည် နောက်သို့ တဖြည်းဖြည်း ဆုတ်သွားရာ ပန်းဆိုးတန်း ဂုံးကျော် တံတားကြီး အောက်ဘက် ရောက်သွားခဲ့သည်။ တံတားပေါ်မှ ကြည့်ရှုနေသော လူအုပ်စုကြီးကလည်း စစ်သားများပေါ်သို့ စီးလာသော ဖိနပ်များ၊ အမှိုက်များဖြင့် ပစ်လိုက်ကြသည်။

လုံထိန်းများလက်မှ သံဃာများကို စမ်းချောင်းလူထု ပြန်လု
(မြန်မာစံတော်ချိန် ၄း၀၀)

ရန်ကုန်တွင် လုံထိန်းက သံဃာတော်များကို လုံထိန်းက ကားပေါ် ဆွဲတင် ဖမ်းဆီးမှုကို မခံရပ်နိုင်သော ဒေသခံ လူထုက လုံထိန်းများကို ဝင်ရိုက်သဖြင့် လုံထိန်းများ ဆုတ်ပြေးခဲ့ကြရသည်။

ဗားကရာတိုက်၊ ဥယာဉ်တိုက်၊ ရှင်ဥတ္တမတိုက်၊ ဇေယျဝတီကျောင်း၊ အောင်မင်္ဂလာ ကျောင်းများမှ သံဃာတော်များ ချီတက်လာရာ ယနေ့နေ့လည် ၁ နာရီခန့်တွင် စမ်းချောင်း ဗားကရာလမ်းနှင့် ဗဟိုလမ်းထောင့် အမှတ် ၆၁ ဓာတ်ဆီဆိုင် အနီးတွင် လမ်းပိတ်ကာ လုံထိန်းက ဖမ်းဆီးပြီး ကားပေါ်တင်ရာ စမ်းချောင်းလူထုက ရရာလက်နက် ဆွဲကိုင်ပြီး လုံထိန်းများကို ဝင်ရိုက်သဖြင့် လုံထိန်းများ ဗဟိုလမ်းအတိုင်း အာရှတော်ဝင်ေ ဆးခန်းအထိ ဆုတ်သွားတော့သည်။

ထို့နောက် လမ်းပွင့်သွားသဖြင့် သံဃာတော်များ ဆက်လက် တက်သွားနိုင်ခြင်း ဖြစ်သည်။

(မြန်မာစံတော်ချိန် ၃း၅၅)
အဝါရောင်လည်စီးများ ဝတ်ဆင်ထားသော စစ်သား အယောက် ၃ဝ ခန့်ကို တပ်မှူးတယောက်က ဦးဆောင်၍ ဗိုလ်ချုပ်လမ်းအတိုင်း လျှောက်လာနေကြသည်။ သူတို့နောက်မှ စစ်ကား ၃ စီးကလည်း လိုက်ပါလာနေသည်။ ထိုအုပ်စု ၃၆ လမ်းထိပ်သို့ ရောက်ရှိနေပြီး ဆန္ဒပြ လူထုကြီးကလည်း သူတို့နှင့် နီးသထက် နီးလာနေသည်။ ဆန္ဒပြလူထုကြီးက တရွေ့ရွေ့ ရှေ့တိုးလာနေခြင်း ဖြစ်သည်။

Labels:

posted by မြင့်ဇေ @ 3:26 AM   0 comments
မဇ္ဈိမ သတင်း

မြန်မာ စံတော်ချိန် (၃း၃၀)
“ဗဟန်းမှာ ရဲတွေက သိပ်ရိုင်းတယ်။ ဘုန်းကြီးတွေကို ကန်တယ်၊ ခေါင်းတွေကို ရိုက်တယ်။ လမ်းပေါ်မှာ လဲနေတဲ့ ဘုန်းကြီးတွေကို တက်နင်းတယ်။” ဟု ရွှေတိဂုံဘုရား အနီး ရဲများက ဆန္ဒပြ သံဃာများကို ဖြိုခွင်းပုံကို ရည်ညွန်းလျက် ရန်ကုန် ဒေသခံတဦးက မဇ္ဈိမသို့ ပြောပြသည်။

သက်တော်ကြီးဆရာတော်တပါးဦးဆောင်ကာ ဆူးလေသို့ ဆန္ဒပြစစ်ကြောင်းကြီး တခုချီလာနေ

ရွှေတိဂုံစစ်ကြောင်း ပစ်လည်း မပြေးတော့၊ မေတ္တာသုတ် ရွတ်ဆိုကာ ကြံ့ကြံ့ခံ
မြန်မာ စံတော်ချိန် (၃း၁၅)

စစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင်နေရသော ဆူးလေဘုရားအနီးမှ ဆန္ဒပြ လူထုကြီးထံသို့ လူသောင်းပေါင်းများစွာ ရှိသော နောက်ထပ် ဆန္ဒပြ စစ်ကြောင်းတခု လာရောက် ပူးပေါင်းနေသည်။

ခွပ်ဒေါင်း အလံများလည်း တလူလူ လွင့်ပျံနေပြီး နိုင်ငံတော် သီချင်းများ သီဆိုနေသော စစ်ကြောင်းကြီးကို သက်တော်ကြီး ဘုန်းတော်ကြီး တပါးက ဦးဆောင်ကာ မှန်မှန် ချီတက်လာနေသည်။

ရွှေတိဂုံဘုရား အနီးတွင် စစ်တပ်က ရိုက်နှက် ဖြိုခွင်းသော်လည်း ခဏတာ လူစုခွဲပြီး မပြေးဘဲ မေတ္တာသုတ်များ ရွတ်ဆိုကာ ကြံကြံ့ခံ ရင်ဆိုင်လျက် ရှိသည်။

မြန်မာစံတော်ချိန် နေ့လည် ၃နာရီ ၀၀ မိနစ်
ဆူးလေတွင် သံဃာများ ဦးဆောင်သော ဆန္ဒပြ လူအုပ်စုကြီး လူစုခွဲရန် မိုးပေါ် သေနတ် ထောင်ပစ်ချက်များ ထပ်မံ ထွက်ပေါ်လာနေသလို စစ်ကား ၁ဝ စီးထက်မနည်း ရောက်ရှိနေပြီ ဖြစ်သည်။

ဆူးလေအနီးတွင် စစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင်နေရသော ဆန္ဒပြ လူထုကြီးသည် တိတ်ဆိတ်စွာဖြင့် စောင့်ဆိုင်းလျှက် ရှိပြီး ဘေးမှ ရပ်ကြည့် နေသူ လူအများ ဆန္ဒပြသူများဖြင့် ပိုမို ပူးပေါင်း လာနေကြသည်။

မြန်မာစံတော်ချိန် နေ့လည် ၂ နာရီ ၃၀ မိနစ်
ရန်ကုန် ကမ်းနားလမ်းဘက်တွင်လည်း ကားလမ်းများကို လုံခြုံရေးများက ပိတ်လိုက်သည်။ အင်တာနက်ကိုလည်း အမြန်နှုန်း ပိုမို လျော့ချ လိုက်ရာ အင်တာနက် ကဖီးဆိုင် အတော်များများ ယနေ့ ပိတ်ပစ် လိုက်ရသည်။

သံဃာတော်များက ရှေ့ဆုံးမှ ဦးဆောင်၊ စစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင်နေရ
မြန်မာစံတော်ချိန် နေ့လည် ၂ နာရီ ၃၀ မိနစ်

ဆန္ဒပြလူထုကြီးကို သံဃာတော်များက ရှေ့ဆုံးတန်းမှ ဦးဆောင်တန်းစီကာ ဆူးလေဘုရားကို နောက်ခံလျှက် ဖြိုခွင်းမည့်ဟန်အသင့်ရှိသော စစ်တပ်ကို မျက်နှာချင်းဆိုင်နေသည်။

ဆူးလေဘုရားအနီး ဘားလမ်းနှင့်မြို့တော်ခန်းမရှေ့ ဆန္ဒပြလူထု ပိတ်မိနေပြီး စစ်ကားများလည်း ဗိုလ်ချုပ်ဈေးသို့ နောက်ထပ် ရောက်လာ သည်။

သတင်းပေးပို့သောအချိန်တွင် နောက်ထပ် စစ်ကားများ ရောက်ရှိလာနေသည်။

မြန်မာစံတော်ချိန် ၂ နာရီ ၂၀ မိနစ်။

ဆူးလေအနားတွင် သေနတ် မိုးပေါ်ထောင်ပစ်များ ကြားနေရကြောင်း မဇ္ဈိမ အထောက်တော်က ပြောပြသည်။ ဘားလမ်းမှာ (၂) ချက်နှင့် မြို့တော်ခန်းမရှေ့ ၂ ချက်ရှိသွားပြီ ဖြစ်ကြောင်း သတင်းပေးပို့ချိန်တွင် ရေးသားထားသည်။

ဆန္ဒပြသံဃာတော်များကို လူထုကြီးက ဆက်လက် ချီတက်နေကြပြီး။ “ကမ္ဘာ မကျေဘူး” အမျိုးသား သီချင်းနှင့် “ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး” ဆိုကာ ကြွေးကျော် အော်ဟစ်နေကြသည်။

ရွှေတိဂုံတွင် လုံခြုံရေးများ ရိုက်နှက်၍ အနည်းဆုံး သံဃာတော် ၄ ပါး ဒဏ်ရာ ရသွားသည်ဟု ထွက်ပြေးလာသူများက ပြောကြသည်။

မြန်မာစံတော်ချိန် ၂ နာရီ ၁၅ မိနစ်။

“ရွှေတိဂုံမှာ သေနတ်ပစ်လို့ ဒီဘက်ကို ပြေးလာတာ တွေ့လိုက်တယ်။ သေနတ်ကြီးနဲ့ ပစ်တယ်။ လူတွေတချို့ မဟာဗန္ဓုလမ်းဘက်ကို ပြေးလာတာ တွေ့တယ်။ အခု လောလောဆယ် လူအုပ်ကြီးရော၊ သံဃာတွေရော တသောင်းကျော်လောက်က ရွေတိဂုံဘုရားကနေ တာမွေ ပလာဇာဘက် ရောက်နေပြီ ဆင်းလာပြီလို့ ပြောတယ်။” ဟု မျက်မြင်သက်သေ တဦးက မဇ္ဈိမ သို့ ပြောပြသည်။

မျက်ရည်ယိုဗုံးဖြင့် ပစ်ခွဲ
မြန်မာစံတော်ချိန် ၂ နာရီ ၁၀ မိနစ်။

ရန်ကုန်မြို့ ရွှေတိဂုံဘုရား အနီး လုံထိန်းများက မျက်ရည်ယိုဗုံး ၄ လုံးကို သံဃာထုတွင်း ပစ်သွင်းလိုက်သလို ရိုက်နှက်မှုများလည်း လုပ်နေ ခဲ့သည်။ “လူသတ်သမား၊ လူသတ်သမားတွေ” ဟု ဆန္ဒပြသူ တဦးက အော်ရင်း ပြေးသွားသည်။

ဒေသခံ သတင်းထောက် တဦးလည်း အရိုက်ခံလိုက်ရသည်။

မြောက်ဒဂုံအခြေအနေ
မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီ

ရန်ကုန်တိုင်း မြောက်ဒဂုံမြို့တွင် စစ်ကားများ ဖြတ်သန်း သွားလာနေကြောင်းနှင့် ဆန္ဒပြပွဲတွင် ပူးပေါင်း ပါဝင်ခြင်း မပြုရန် အာဏာပိုင်များက လိုက်လံ ဆော်သြနေကြောင်း သိရသည်။

ဒေသခံတဦးက “အနောက်ပိုင်း ဒဂုံကောလိပ်ကျောင်းကပါ။ ကျောင်းသားတွေ ပါဝင်ဖို့ ပြောတယ်။ ဒါပေမဲ့ ဆရာတွေက အတင်းတားတယ်။ မသွားနဲ့တဲ့၊ ကျောင်းထုတ်မယ်လို့ ပြောတယ်။ ဒါပေမဲ့ အားလုံးက ကျောင်းမတက်ဘဲ ကိုယ်နည်း ကိုယ်လမ်းနဲ့ သွားကြပြီ။ ဒီနေ့က စစ်ကားတွေကို ချထားတယ်၊ ပိုများလာတယ်။ အခုပဲ အိမ်ရှေ့မှာ စစ်ကားတစီး ဖြတ်သွားတယ်။ များတယ်။ လိုက်ပတ်နေတယ်။ ဒီနေ့က မာရှယ်လော ထုတ်ထားတယ်။ ၉ နာရီ ကစပြီး မထွက်ရတဲ့။ မနက်၊ ည ၈ နာရီမှာ လိုက်အော်တယ်။ ပုဒ်မ ၁၄၄ နဲ့ အရေးယူမယ်တဲ့။ ဆိုက်ကားသမားတွေလည်း မရဘူး။ စောစောသိမ်း ဆိုပြီးလည်း ပါတယ်။ ပြောတယ်၊ ပြည်ပ အဖျက်သမားတွေက အခုလို လုပ်တယ် ဆိုပြီးလည်း အော်ပြောတယ်။ ကားမှာ ရပ်ကွက် လူကြီးတွေလည်း ပါတယ်။ ထူးဆန်းတာက ဘုန်းကြီး နှစ်ပါးလည်း ပါတယ်။ လိုက်အော်တဲ့ နေရာမှာပေါ့။ အားမပေးကြရန် လို့လည်း ပါတယ်” ဟု ပြောသည်။

Labels:

posted by မြင့်ဇေ @ 2:16 AM   0 comments
မဇ္ဈိမ သတင်း
Tuesday, September 25, 2007

11:15 AM
ဆန္ဒပြဦးမှာ

စစ်အစိုးရက ကန့်သတ်မိန့် ထုတ်ထားသော်လည်း သံဃာတော်များနှင့် လူထုက ဆန္ဒပြကြဦးမှာ ဖြစ်သည်ဟု လှုပ်ရှား တတ်ကြွသူများက ပြောနေကြသည်။

ရန်ကုန်မြို့တွင် စတင် လူစုဝေးမှုများ ပြုလုပ်နေကြသည်ဟုလည်း သတင်းများရရှိသည်။

ဖမ်းဆီးမှုရှိခဲ့

နိုင်ငံကျော် ဟာသ သရုပ်ဆောင် ကိုဇာဂနာကို ယမန်နေ့ညက နေအိမ်တွင် အာဏာပိုင်များက လာရောက် ဖမ်းဆီးသွားခဲ့သည်။

နေအိမ်သို့ ည ၁ နာရီခန့်က ဝင်ရောက် ရှာဖွေပြီး ဓာတ်ပုံများ၊ တယ်လီဖုန်းတို့ကို သိမ်းဆည်းကာ ဖမ်းဆီးခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ဆူပူမှုများ ဖြစ်လာလျှင် မြန်မာနိုင်ငံ ထိုင်းသံရုံးများ ဝန်ထမ်းများကို ထိုင်းနိုင်ငံကို အမြန် ပြန်ခေါ်ရန် ထိုင်းနိုင်ငံက စီစဉ်ထားသည်။

ဝန်ကြီးများ ရုံးအနီး ရဲ ၁၅ဝ ခန့်ကို လုံခြုံရေး ချထားသည်။

11:00 AM
ရန်ကုန် မန္တလေးတွင် ညမထွက်ရအမိန့်ထုတ်

ရန်ကုန်နှင့် မန္တလေးမြို့များတွင် ညမထွက်ရ အမိန့် ထုတ်ပြန်ထားပြီးနောက် လုံခြုံရေးများ တိုးချဲ့ ချထားလိုက်ကာ နောက်ထပ် ဆန္ဒပြမှုကြီးများ မဖြစ်ရန် စစ်အစိုးရက ကြိုးစားနေသည်။

နိုင်ငံပိုင် မီဒီယာများမှ တရားဝင် ကြေညာခြင်း မရှိဘဲ ရပ်ကွက်များသို့ လှည်လည်ကာ လော်စပီကာဖြင့် လိုက်လံအော်ရာတွင် ည ၉ နာရီမှ နံနက် ၅ နာရီအထိ အပြင်မထွက်ရန် ပါရှိသည်။

ထို့အပြင် လူ ၅ ယောက်ထက် ပိုမစုရဟုလည်း ပါရှိသည်။ ကာဖျူး အမိန့်သည် ရက် ၆ဝ သက်ရောက်မှု ရှိမည်ဟု ကြေညာချက်တွင် ပါရှိသည်။

လုံခြုံရေးတိုးချထား

ရွှေတိဂုံဘုရားနှင့် အနီးတွင် လုံခြုံရေးများတိုးမြှင့်ထားရာ အရှေ့ဘက်မုဉ်တွင် စစ်ကားတစီး၊ အလယ်ပစ္စယံ အတက်မုဉ်ကို လူတဦး ဝင်ရရုံသာ ဖွင့်ထားပြီး ရဲသားတဦး၊ ကြေးသွန်းဘုရားရှေ့မှာ (police) ဟု ရေးထားသော ရဲ ၁ဝဝ နီးပါး လမ်းကို ရင်ဘောင်တန်း ပိတ်ထားသည်။

ရဲအရာရှိများက လမ်းဘေးဆိုင်များကို “မင်းတို့ဆိုင်တွေ ချက်ချင်းပိတ်စမ်း” ဟု အော်ဟစ် ပိတ်ခိုင်းနေသည်။ အာဇာနည် ကုန်းနားတွင် စစ်ကား နှစ်စီး ရပ်ထားပြီး လင့်ခ်လမ်းအထွက် ယနေ့ လပြည့်နေ့ ဖြစ်သော်လည်း လုံခြုံရေးများ တင်းကြပ်နေသောကြောင့် ဘုရားဖူးသူ နည်းသွားသည်။

မန္တလေးမြို့ ဘုရားကြီးအနီး တပ်မ ၉၉ တံဆိပ်တတ်ထားသော စစ်သားနှင့် ရဲ ၃ဝဝ ကျော် ရှိနေသည်။

သက်ရောက်မှုများ

ရန်ကုန်ရှိ ပုဂ္ဂလိက စာသင်ကျောင်း အများစု ရက်ရှည် ကျောင်းပိတ်ရက် သတ်မှတ်လိုက်သည်။

ဥပုဉ်နေ့ ဖြစ်၍ အစိုးရ စာသင်ကျောင်းများ ယနေ့ပိတ်ပြီး အစိုးရရုံးများကတော့ ဆက်လက် ဖွင့်လျှက် ရှိသည်။ သို့သော် အရေးပေါ်လျှင် ပင်မ ရုံးတခါးများကို ပိတ်ထားရန် ညွှန်ကြားထားသည်။

ပုဂ္ဂလိက ကုမ္ပဏီအချို့ ရုံးပိတ်လိုက်ပြီး အများစုကတော့ ဆက်လက် ဖွင့်ထားသည်။ သို့သော် အရေးပေါ်လျှင် စောစွာပြန်ခွင့် ပြုထားသည်။

စစ်အစိုးရ ကြိုတင် စီမံမှုတချို့

တားမြစ်မှုများ လုပ်နေသော်လည်း သံဃာတော်များ ဦးစီးသော ဆန္ဒပြမှုများကိုလည်း စစ်အစိုးရက မျှော်မှန်းထားပြီး အကြမ်းဖက် ဖျက်စီးမှု လုပ်သည်ဟု လူထုက မြင်စေရန် လုပ်ကြံမှုလည်း ရှိနေသည်ဟု သတင်းရပ်ကွက် တခုက ပြောသည်။

အကယ်၍ ထိုသတင်း မှန်ကန်လျှင် အစီအစဉ် တခုတွင် တာမွေမြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (မယက) ရုံးကို စစ်အစိုးရလူများက ဦးဆောင်ဖျက်စီးပြီး လိုက်လံ ဖျက်စီးသူများလာလျှင် စစ်တပ်က ဝင်ပစ်ရန် ဖြစ်သည်။

9:05 AM
“ကျေးဇူးရှင် ပြည်သူတွေကို စော်ကားတယ်ဆိုရင် မြန်မာပြည်က ထောင်တွေကို ငါတို့ သံဃာတော်တွေနဲ့ ဖြည့်လိုက်မယ်ဟေ့။”

ဆန္ဒပြသံဃာတော် ခေါင်းဆောင်တဦး

------------------------------------------------------

Labels:

posted by မြင့်ဇေ @ 9:20 PM   0 comments
အရေးတော်ပုံအား စောင့်ရှောက်ရေးအတွက် လူငယ်အဖွဲ၏ ကြေညာချက်
ပြည်သူတွေကို ကာကွယ်ပေးဖို့  လုပ်နေတဲ့ အဖွဲ့ - ပြည်သူများနှင့်ကျောင်းသားငယ်များအား ပန်ကြားလွှာ။ ယနေ့ အခါသမယသည် ကျွန်ုပ်တို့ အတွက် အလွန်အရေးကြီးသော အခါသမယဖြစ်သည်ကို သင်တို့ အားလုံး သိပြီးဖြစ်ပါသည်။ ယခုအခါ ကျွန်ုပ်တို့ အဖွဲ့ တွင် လူ အင်အားများ အတန်အသင့်များပြားလာပြီဖြစ်ပါသည်။ ကျွန်ုပ်တို့ အဖွဲ့ သည် ကျောင်းသားလူငယ်များဖြင့်ဖွဲ့ စည်းထားသောအဖွဲ့ ဖြစ်သောကြောင့် အဖွဲ့ မှ ငွေကြေးအခြေအနေမှာ အင်အားနဲလျက်ရှိပါသည်။ အသင်တို့အနေဖြင့်ကျွန်ုပ်တို့အဖွဲ့အား ငွေကြေးအရဖြစ်စေ၊ အခြားအဖွဲ့အတွက်အသုံးဝင်မည့်အသုံးဆောင်များဖြစ်စေ ကူညီပေးစေလိုပါသည်။ သို့မဟုတ် အကူအညီ ပေးမည့်သူနှင့်ဆက်သွယ်ပေးစေလိုပါသည်။ သင်သည်လည်းအဖွဲ့ဝင်ဖြစ်သည့်အလျောက်အဖွဲ့အရေးသည်သင်တို့အရေးသာဖြစ်ပါသည်ဟုကျွန်ုပ်ပြောလိုပါသည်၊ ထို့ကြောင့်ယခုအခါတွင်ကျွန်ုပ်တို့သည်ထိရောက်သောလှုပ်ရှားမူ့တစ်ခုပြုလုပ်ရန်အတွက်ငွေကြေး (သို့) အသုံးဝင်မည့် အသုံးအဆောင်များကိုလိုအပ်လျက်ရှိပါသည်။ အသင်တို့သည်ကျွန်ုပ်တို့အားကူညီလိုပါက(သို့) အကူညီပေးမည့်သူများနှင့်ဆက်သွယ်ပေးလိုပါကကျွန်ုပ်တို့ အား အလျင်အမြန်ဆက်သွယ်ပေးပါရန်ကျွန်ုပ် တောင်းဆိုအပ်ပါသည်။ cff.pr.officer@gmail.com

Labels:

posted by မြင့်ဇေ @ 9:15 PM   0 comments
ကိုနစ်နေမန်း ဘလော့်ဂ်မှ
ဆန္ဒပြမှုများကို အင်အားသုံး ဖြိုခွင်းရန် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လိုလားနေသော်လည်း ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ အပါအဝင် တိုင်းမှူးများက လက်မခံဘဲ ပယ်ချထားကြောင်း စစ်အစိုးရနှင့် နီးစပ်သော သတင်းရပ်ကွက်အရ သိရသည်။

သတိပေးချက် - ဒီနေ့  တာမွေ မ၀တ ရုံးကို လုပ်ကြံပြီး မီးရှို့ မယ်။ အဲဒီ အချိန်မှာ စစ်တပ်က ၀င်ပစ်မယ်။ သူတို့  လူတွေကို ဘယ်လို နေရမယ်ဆိုတာလည်း မ၀တက မှာထားပါတယ်။ မ၀တ ရုံးက ပစ္စည်းတွေရွှေ့ ထားပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့  လုံးဝ ၀င်မပါကြဖို့ ။ မီးရှို့ တာတွေမှာ လုံးဝ သွားရောက်မကြည့်ကြပါနဲ့ ။

လမ်း (၅၀) က ဘုန်းကြီးကျောင်းကို လက်နက်ကိုင်ရဲ အယောက် (၂၀) ခန့် မှ ၀ိုင်းထားတယ်လို့ သိရပါတယ်။

ဒေါ်စုအိမ်ကိုသွားတဲ့လမ်းမှာ သဲအိတ်ကာထားပြီး ကားဝင်တဲ့လမ်းကို စက်သေနတ်နဲ့ ချိန်ထားပါတယ်။ သံဆူးကြိုးတွေနဲ့ ပိတ်ထားတယ်။ ကားဝင်ဖို့အတွက် ကားတစ်စီးစာနေရာ ချန်ထားတယ်။ ၀င်ပေါက်နဲ့တည့်တည့်မှာ သဲအိတ်တွေ အရှေ့က ကာထားပြီး စက်သေနတ်နဲ့ချိန်ထားတယ်။ စစ်သားတစ်ယောက်ထိုင်နေတယ်။ လမ်းထဲမှာ ကားအ၀င်အထွက်တော့ ရှိနေဆဲပါ။

မနေ့ည ၁၁နာရီမှာ မိုးကုတ်မြို့မှ လူငယ်ခေါင်းဆောင်များ ဖြစ်ကြတဲ့ ကိုမင်းသူ နဲ့ မပွင့်ဖြူတို့ကို နေအိမ်မှာ ရဲတွေနဲ့ စစ်သားတွေက လာရောက်ခေါ်ဆောင်သွားပါတယ်။ ဒီနေ့မနက် ၈နာရီမှာ သူတို့၏ မိသားစုဝင်တွေက မိုးကုတ်ရဲစခန်းမှုးထံ သွားရောက်မေးမြန်းရာမှာ စခန်းမှုးက စစ်ဗျူဟာရုံးကိုသာ သွားရောက်စုံစမ်းဖို့ ပြောကြားပါတယ်။ ဗျူဟာရုံးက တာဝန်ကျရဲဘော်တွေက သူတို့ဘာမှ မသိကြောင်းပြန်ပြောပါတယ်။ သူတို့အနေနဲ့ ယခုလို ဖုံးကွယ်နေတာဟာ မြို့လူထုက လာရောက်ဝိုင်းမှာကို စိုးရိမ်တဲ့အတွက် ဖြစ်နိုင်ကြောင်း သိရပါတယ်။ ဒီတော့ မိုးကုတ်မြို့ သူမြို့ သားတွေ သိရအောင် သတင်းပို့ လိုက်ပါတယ်။

တောင်ဥက္ကလာပ ငွေကြာရံကျောင်းတိုက်အပြင်ဘက်တွင် လုံထိန်းများလာရောက်ချထားရာ၊ ကျောင်းထိုင်ဆရာတော်က ထွက်ပြောသဖြင့် ကျောင်းတိုက်နှင့် ဝေးသောနေရာမှသာ စောင့်ကြည့်နေသည်ကို တွေ့ရပါသည်။


Labels:

posted by မြင့်ဇေ @ 8:59 PM   0 comments
ကျနော့်အကြောင်း

Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
ယခုလ မာတိကာ
ယခင်လ မာတိကာ အဟောင်းများ
အလည်သွားဖြစ်တဲ့ ဘလော့များ
Powered by

Free Blogger Templates

BLOGGER

© Template by Isnaini Dot Com