မအိပ်နိုင်ဘဲ လူးလွန့်တော့ မအိပ်နိုင်ဘဲ သက်ပြင်းတွေ အခါခါချတော့ မိန်းမက မေးတယ် ရှင် မအိပ်တော့ဘူးလား ရှင် စိတ်ကူးယဉ်နေတုန်းဘဲလား
ပြီးတော့ ဆိတ်ငြိမ်သွားတယ်
သူ့မေးခွန်းမှာတောင် သူအဖြေမရှာနိုင်ခဲ့ဘူး။ ခြေလှမ်းနေတာက လမ်းဖြစ်ရင်ဖြစ်မယ် စီးရတာက ဆိုင်ကယ်.. ကား.. ဘာဖြစ်ဖြစ် တကယ်တမ်း .... သက်သာပါရဲ့ ဒါကကို ဖိဖိစီးစီးပြတယ် ကျနော်တို့ဟာ `ရောဘတ်အိုဝင်´ ထက် ပိုဆိုးတဲ့အကြောင်း၊ သူတို့က မမြင်ခဲ့တဲ့လမ်းတွေကို မဖန်တီးနိုင်ခဲ့တဲ့ နည်းနာတွေနဲ့ လျှောက်ခဲ့တယ်။ ကျနော်တို့ ထောပနာပြုရမယ်။ သူတို့ရဲ့ ကျေးဇူးတရားက ကမ္ဘာထက်လေးလံအောင် ကျနော်တို့ အတွက် သည်းသည်းထန်ထန် အရှက်ရစေခဲ့ကြောင်းကို။ ။ Labels: ကဗျာ |
ကိုဖိုးဇေ အမှတ်တရ ဘလော့စာမျက်နှာလေးတခု
ထပ်ဖွင့်နိုင်ရင်ကောင်းမယ်နော်။
တာရာမင်းဝေအမှတ်တရ
ဘလော့လိုပေါ့။