Ko Poe Zay

(orginal end)-->
 
ကဗျာ စာမျက်နှာ
သတင်း စာမျက်နှာ
စကားစမြည်

မြန်မာ စာအုပ်များ
ဝတ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ မှတ်သား ဖွယ် အထွေထွေ စာအုပ်များ အပါအ၀င် မြန်မာ အီးဘုတ် (E-book) စာအုပ်ပေါင်း ၅၀၀ ကျော်အား အခမဲ့ ဖတ်ရှုနိုင်ပါတယ်ခင်ဗျား။
Other things
test
ဇာတိ၊ နှစ်ကူးပိတောက်လွမ်းချင်း
Wednesday, June 13, 2007


အပူငြိမ်းစေတဲ့

နွေဦးမိုးက

မင်းကို သယ်ခဲ့တာ

ပြတင်းတံခါးမှာ

အ၀ါတွေပြည့်လျှံ

ကောင်းကင်တော်တောင်မှ ၀ါလဲ့လဲ့။

ပိတောက်ရဲ့ အဝေး

ငယ်ပန်းအလှလေးရဲ့ အဝေး

ဇာတိရဲ့ အဝေး

ဒီလိုနဲ့

နှစ်တွေ ရွေ့ခဲ့တယ်။

ဒီမှာတော့

ဖိဖိစီးစီး

ဒုက်ခ၊ ပင်ပမ်းမှု၊ ငွေကြေး၊

မယုံသင်္ကာမျက်ဝန်းများ

အထိအရှများတဲ့ လူ့ဘဝ

ပေါ့ပါးအောင်

စိတ်ကို ဘယ်ပေါ်တင်ထားရပ။

ပိတောက်တွေ အကြိမ်ကြိမ် ပွင့်ခဲ့တယ်

နှစ်သစ်တွေ အကြိမ်ကြိမ်ကူးခဲ့တယ်

ဘ၀ကတော့ တဘ၀ဘဲ

ဒီလိုနဲ့

နှစ်သစ်တွေဆိုတာ

ငါ့အတွက် နှစ်အဟောင်းတွေသာ

ဖြစ်ခဲ့တာ ကြာ ချေ ပေါ့။

အားလုံးကို ဥပေက္ခာာပြုလိုက်ရတယ်

ငါက ဒုတိယနိုင်ငံရောက်နေသူ။ ။

Labels:

posted by မြင့်ဇေ @ 1:21 AM  
1 Comments:
  • At November 24, 2008 at 4:46 PM, Blogger အိုးဝေအောင် said…

    ကိုဖိုးဇေ အမှတ်တရ ဘလော့စာမျက်နှာလေးတခု
    ထပ်ဖွင့်နိုင်ရင်ကောင်းမယ်နော်။
    တာရာမင်းဝေအမှတ်တရ
    ဘလော့လိုပေါ့။

     
Post a Comment
<< Home
 
ကျနော့်အကြောင်း

Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
ယခုလ မာတိကာ
ယခင်လ မာတိကာ အဟောင်းများ
အလည်သွားဖြစ်တဲ့ ဘလော့များ
Powered by

Free Blogger Templates

BLOGGER

© Template by Isnaini Dot Com