Ko Poe Zay

(orginal end)-->
 
ကဗျာ စာမျက်နှာ
သတင်း စာမျက်နှာ
စကားစမြည်

မြန်မာ စာအုပ်များ
ဝတ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ မှတ်သား ဖွယ် အထွေထွေ စာအုပ်များ အပါအ၀င် မြန်မာ အီးဘုတ် (E-book) စာအုပ်ပေါင်း ၅၀၀ ကျော်အား အခမဲ့ ဖတ်ရှုနိုင်ပါတယ်ခင်ဗျား။
Other things
test
ကေအဲန်ယူ ကြေညာချက်
Friday, August 31, 2007


posted by မြင့်ဇေ @ 10:09 PM   0 comments
OFFICE OF THE SUPREME HEADQUARTERS
KAREN NATIONAL UNION
KAWTHOOLEI

KNU Statement on Current Situation


September 1, 2007

• Since August 19, 2007, public demonstrations led by the 88-movement students and the NLD women, for reduction of fuel and commodity prices, have been spreading gradually. Regarding this matter, we, the KNU, state our position as follows.

• We, the KNU, fully support the people, who get out into the streets and honestly state their true situation and will, as they could no longer bear the pain of drastic increase in fuel prices, in addition to high commodity prices.

• As the brutal suppression of the demonstrators, using organized thugs called “Swan-ar-shin”, detaining more than a hundred demonstrators and continuing the search and arrest of the 88-movement student leaders and other mass leaders by the military clique are totally against legal norms, we explicitly oppose and condemn them.

• Since the movement for reduction of fuel prices, commodity prices and the release of the detainees is legitimate, the people are bound to carry on the struggle. For that reason, we would like to urge the workers, peasants, students, Sanghas, civil servants, armed forces personnel, intellectuals and the ethnic nationalities to join the movement, in force, until the end is achieved.

• Hiring of people by the SPDC military clique to beat up the fellow oppressed is an extremely horrific act. We earnestly urge these hired hands to oppose the SPDC’s unjust bidding and participate in the movement.

• In conclusion, we would like to affirm that the SPDC military clique totally lacks either the mandate or the ability to rule the country. For that reason, we solemnly demand the SPDC to stop its indiscriminate violence against the people and immediately begin dialogue for the resolution of political and economic problems, justly.

***************

Labels:

posted by မြင့်ဇေ @ 10:04 PM   0 comments
လျှို့ဝှက်ရေးလုပ်ငန်းများကို ကျွမ်းကျင်စွာ ဆောင်ရွက်နည်း - ၎
၆၊ တန်ပြန် စောင့်ကြည့်ခြင်း
မိမိတို့အနေဖြင့် ရန်သူ.စောင့်ကြည့်ခြင်းနည်းနာများကို လေ့လာခဲ့ကြပြီဖြစ်သည်၊ ၄င်းနည်းများတွင် ပစ်မှတ် ထားသူတဦးကိုစောင့်ကြည့်ခြင်းနည်းလမ်းအမျိုးမျိုးနှင့် တော်လှန်ရေးလျှို့ဝှက်လှုပ်ရှားမှုများကို ဖော်ထုတ် နိုင်ရန် ကြိုးပမ်းကြပုံများပါဝင်ပါသည်၊

ယခုအခါ တန်ပြန်စောင့်ကြည့်ခြင်းအကြောင်းကို လေ့လာကြမည်ဖြစ်ပါသည်၊ ဤကိစ္စမှာ ရန်သူက စောင့် ကြည့်ခြင်းကို မည်သို့မည်ပုံတန်ပြန် တုန့်ပြန်မည်နည်းဟူသော နည်းနာများပင်ဖြစ်ပါသည်၊ အရည်အသွေး လိုအပ်သည်၊ အောင်မြင်သော တန်ပြန်စောင့်ကြည့်ခြင်းလုပ်ငန်းအတွက် အရေးပါသောအချက်မှာ သင့်အနေ ဖြင့် မိမိ၏ပါတ်ဝန်းကျင်ကိုသတိထား စောင့်ကြည့်ရန်လိုအပ်သကဲ့သို့။ သင့်၏အန်ီးအနားတွင် မည်သို့မည်ပုံ ဖြစ်ပျက်နေသည်ကိုလည်း သတိမပြတ်ကြည့်နေရန်လိုအပ်သည်၊ ဆိုလိုသည်မှာ သင့်အနေဖြင့် သင်နေ သော။ အလုပ်လုပ်သော မြို့အကြောင်း။ ဒေသအကြောင်း စေ့စေ့ငှငှသိရှိထားရန်လိုအပ်ပြီး။ လူအများ၏ အမူ အကျင့်များကိုလည်း သိရှိလေ့လာထားရန် လိုအပ်ပါသည်၊ သင့်အနေဖြင့် အခြေခံကျသောလူများ စဉ်းစား လုပ်ကိုင်ကြပုံကို သိထားရန်လိုအပ်သကဲ့သို့။ နိုးကြားမှု။ သီးခံတတ်မှု။ သဘာဝအရ စိတ်ရှည်လက်ခံတတ် သော သဘောထားနှင့် အချို့သောနည်းပရိယာယ်။ လှည့်ဖျားပုံများကို သိရှိလေ့လာထားရန် လိုအပ်ပါ လိမ့်မည်၊ (ဤအကြောင်းကို နောက်ပိုင်းတွင်ဆွေးနွေးပါမည်၊) ထူးဆန်းသောအမူအကျင့်များဖြင့် မိမိကိုယ်ကို လူအများက အာရုံစိုက်လာစေရန် မဆွဲဆောင်မိရန်လိုအပ်ပါသည်၊

ဥပမာအားဖြင့် အခြားသူတဦး၏ ပခုံးပေါ်မှကျော်ကြည့်တတ်သော ပုံစံမျိုး ဖြစ်ပါသည်၊ ထို့အပြင် မိမိ၏ စိတ်စိုးရိမ်ကြီးလွန်းနေမှုကိုလည်း ထိန်းသိမ်းရန်လိုအပ်ပါသည်၊ ဆိုလိုသည်မှာ သင်တွေ့ရသောလူတိုင်းကို မင်္သကာ။ လူတိုင်းက သင့်ကိုနောက်ယောင်ခံလိုက်နေသည်ယူဆနေပုံမျိုး ဖြစ်ပါသည်၊ ထို့အပြင် မိမိ၏စောင့်ကြည့်လေ့လာတတ်သော အရည်အသွေးနှင့် မှတ်ညာဏ်ကိုလည်း တိုးတက်အောင် ဆောင်ရွက် သင့်ပါသည်၊ ဤကိစ္စသည် လေ့ကျင့်ပေးခြင်းအားဖြင့် တိုးတက်လာနိုင်ပါသည်၊ ထိုအခါလေ့လာနေခြင်းသည် ပုံမှန်လုပ်ငန်းတခုလို ဖြစ်လာစေပြီး။ သင်တွေ့ရှိထားသမျှကိုလည်း မှတ်မိလာစေမည် ဖြစ်ပါသည်၊ လူတဦးတည်းကို ကြိမ်ဖန်များစွာတွေ့လာရသောအခါ။ ပုံမှန်မဟုတ်သော အမူအကျင့်များကို ၃-၄ ကြိမ်ကြုံလာရသောအခါ။ သင်၏စောင့်ကြည့်အကဲဖြတ်မှုအရ အခြေအနေကိုဆန်းစစ်လာနိုင်မည်ဖြစ်ပြီး။ တိုက်ဆိုင်မှု မဟုတ်သည်ကို သတိ ပြုမိလာနိုင်ပါသည်၊

သင့်အနေဖြင့် စောင့်ကြည့်ခံနေရပါသလား၊

သင်နေထိုင်သောပါတ်ဝန်းကျင်။ အလုပ်လုပ်သောဝန်းကျင်။ ပေါင်းသင်းဆက်ဆံသော ၀န်းကျင်၏ ပုံမှန် အနေအထားမည်သို့ရှိနေသည်ကို လေ့လာထားစေလိုပါသည်၊ သို့မှသာပုံမှန်မဟုတ်သောအနေအထားကို ချက်ချင်း သတိပြုမိနိုင်မည် ဖြစ်သည်၊ လမ်းပေါ်တွင် လူစိမ်းများ လမ်းသလားနေခြင်းရှိ-မရှိ။ လူစိမ်းများ၏ ကားများရပ်ထားပြီး။ ကားပေါ်မှနေ၍ သင့်အိမ်ကိုစောင့်ကြည့်နေခြင်း ရှိ-မရှိ စသည်တို့ကို သတိထားစေလိုပါ သည်၊ ထို့အပြင် အဝေးမှနှေုမှန်ပြောင်းဖြင့် သင့်ကိုစုံစမ်းထောက်လှမ်းနေခြင်းမျိုးလည်း ရှိနေနိုင်ပါသေးသည်၊ ထို့အပြင် ရပ်ထားသောယာဉ်တွင် နှစ်ဖက်ဆက်သွယ်ရန်အတွက် ရေဒီယိုအင်တန်နာတိုင် (ကောင်းကင် ကြိုးတိုင်)တပ်ဆင်ထားမှု ရှိ-မရှိကို လည်း သတိထားစေလိုပါသည်၊ ထို့အပြင် ဤသို့ထူးခြားသောယာဉ်ကို မြို့၏အခြားနေရာများတွင် သင်နှင့်တိုက်ဆိုက်ကြုံဖူးခြင်း ရှိ-မရှိကိုလည်း သတိပြုစေလိုပါသည်၊ ဤသို့ဖြစ်နေပါက သေချာသည်မှာ သင့်အပေါ်တွင်စိတ်ဝင်စားထောက်လှမ်းမှုရှိနေပြီ ဖြစ်ပါသည်၊

တစိမ်းတရံစာများအနေဖြင့် သင်၏အိမ်။ တိုက်ခန်းပါတ်ဝန်းကျင်သို့ ပြောင်းရွှေ့လာခြင်း ရှိပါသလား၊ မင်္သကာ စရာကောင်းသော ၀င်ထွက်သွားလာမှုများရှိနေပါသလား၊ အိမ်နီးနားပြူတင်းပေါက်များတွင် သော်လည်း ကောင်း။ လှေခါးပေါ်တွင်သော်လည်းကောင်း မင်္သကာစရာကောင်းသော အဖြစ်အပျက်များ သတိပြုမိပါ သလား၊ ထိုသို့ဖြစ်ပေါ်နေပါက ဤသူများသည် မည်သူများဖြစ်နေသည်ကို တိတ်တဆိတ်စုံစမ်းစစ်ဆေး စေလိုပါသည်၊ လမ်းတဖက်ခြမ်းရှိအိမ်များတွင်သော်လည်းကောင်း။ သင်၏ အခြားတဖက်ခမ်းတွင် သော် လည်းကောင်း ရန်သူက စုံစမ်းထောက်လှမ်းရေးကင်းများချထားနိုင်ပါသည်၊ သင့်အပေါ် ဆက်ဆံနေကြသော သူများ၏ပြောင်းလဲသွားသော ကိုယ်နှုတ်အမူအရာအပြုအမူများကိုလည်း သတိပြုစေလိုပါသည်၊ ဥပမာအား ဖြင့် အိမ်နီးခြင်းများကဆက်ဆံပုံပြောင်းလာခြင်း။ အိမ်ရှင်က ဆက်ဆံပုံပြောင်းလာခြင်း။ ဈေးဆိုင်ပိုင်ရှင် များက ဆက်ဆံပုံပြောင်းလာခြင်းများကို သတိပြုစေလိုပါသည်၊ ရန်သူက ထိုသူများကို အသုံးပြှုသင့်ကို စောင့်ကြည့်ရန် စေခိုင်းထားခြင်းလည်း ဖြစ်နိုင်ပါသည်၊ ဤသူများကိုသော်လည်းကောင်း။ အထူးသဖြင့် ကလေးများကိုရင်းနှီးစွာပေါင်းသင်းဆက်ဆံထားစေလိုပါသည်၊ အကယ်၍ လူစိမ်းများကသင်၏အကြောင်းကို မေးမြန်းလာခဲ့သော်။ ထိုသူများက သင့်ကိုလိုလားစွာပြန်၍ အသိပေးကြမည် ဖြစ်ပါသည်၊ သင်၏အိမ်နောက် ဖေးလမ်းကြားများ။ အိမ်သို့အခြားနေရာများမှဝင်နိုင်သောလျှို့ဝှက်လမ်းကြိုလမ်းကြားများကိုလည်းသိထားစေ
လိုပါသည်၊ ထိုလမ်းများမှနေ၍ သင့်အနေဖြင့်လူသတိပြုမိခြင်းမရှိပဲ ၀င်ထွက်နိုင်ပါသည်၊ ညတွင်အိပ်စက် နားနေဟန်ပြုပြီး။ အိမ်နီးချုပ်စပ်တွင် မည်သို့မည်ပုံပြောင်းလဲဖြစ်ပေါ်နေသည်ကို လေ့လာစေလိုပါသည်၊ လိုက်ကာနောက်မှနေ၍ ခြောင်းကြည့်ခြင်းမျိုးကိုရှောင်ရှားစေလိုပါသည်၊ အထူးသဖြင့် အခန်းထဲတွင် ညအိပ်မီးထွန်းထားပါက သင်၏အရိပ်ကိုမြင်ရနိုင်ပါသည်၊ လူတဦး၏ပခုံးပေါ် မှကျော်၍ လည်ပြန်ကြည့်သကဲ့ သို့မျိုး အခြားသူများကို ဤအပြုအမူက မင်္သကာဖြစ်စေပါသည်၊ သင်၏ရန်သူကို သတိပေးလိုက် သလိုဖြစ် စေပြီး။ သူတို့အတွက် ပို၍ ဖုန်းကွယ်ရန်သတိပေးလိုက်သလို ဖြစ်စေနိုင်ပါသည်၊ ပုံမှန်မဟုတ်သော အနေအထားအားလုံးကို မှတ်တမ်းတင်ထားစေလိုပါသည်၊ သို့မှသာ ဤအခြေအနေများကို သင့်အနေဖြင့်ပြန်
သုံးသပ်နိုင်ပြီး။ ကောက်ချက်ချနိုင်မည် ဖြစ်ပါသည်၊ သင်၏လုပ်ငန်းခွင်တွင်တွေ့ရသောသူများ။ လူမှုဆက်ဆံ ရေး ၀န်းကျင်မှလူများကို သတိပြုလေ့လာစေလိုပါသည်၊ ဥပမာအားဖြင့် ဧည့်ကြိုဝန်ထမ်းများ။ ကြီးကြပ်ရေးမှူးများ။ စားပွဲထိုးများ။ လက်ထောက်များ စသည်တို့သည် လူတဦး၏အပြုအမူကို သတိပြုမိထား တတ်ကြသူများ ဖြစ်ပါသည်၊

တယ်လီဖုန်းနှင့် စာများ

တယ်လီဖုန်းကို ကြားဖြတ်နားထောင်ထားခြင်းအားဖြင့် တခါတရံချို့ယွင်းမှုများ ဖြစ်စေပါသည်၊ အိမ်နီးချင်းများ နှင့် သူတို့အိမ်များတွင်လည်း အလားတူပြဿနာမျိုးကြုံရခြင်း ရှိ-မရှိစစ်ဆေးစေလိုပါသည်၊ သင်၏ဖုန်းတခု တည်း ဖြစ်နေသလား စစ်ဆေးစေလိုပါသည်၊ သင်၏စာများတွင်လည်း ပြဿနာရှိနေသလား၊ သင်၏ စာများကို ပေးပို့သောရက်စွဲ။ တံဆိပ်ခေါင်းများ ဖျက်ထားခြင်းရှိ မရှိ။ ပေးပို့ခြင်း ရောက်-မရောက်။ အခြားသောမိတ်ဆွေများထံစာရောက်သော ကာလများနှင့် နှိုင်းယှဉ်စစ်ဆေးစေလိုပါသည်၊ စာအိပ် များကို လည်း ဖွင့်ဖတ်ထားခြင်း ရှိ-မရှိ။ မသေမသပ်ပြန်ပိတ်ထားခြင်း ရှိ-မရှိစစ်ဆေးစေလိုပါသည်၊ ဤသို့ စစ်ဆေးနေခြင်းအားဖြင့်သင့်ကို စောင့်ကြည့်နေခြင်းရှိ-မရှိ အတိအကျမသိနိုင်သော်လည်း။ ပုံမှန်မဟုတ်သော အနေအထား။ စောင့်ကြည့်ခံနေရသည့် အနေအထား။ ဖြစ်နိုင်ခြေကို ကြိုတင်သတိပေးနိုင်ပါသည်၊ သင့်ကို စောင့်ကြည့်နေခြင်းရှိ-မရှိ အတည်ပြုနိုင်ရန်နည်းလမ်းကိုဆောင်ရွက်ရန် နည်းနာများရှိပါသည်၊ နောက်ပိုင်း တွင် ဆက်လက်ဖော်ပြပါမည်၊

၇၊ စောင့်ကြည့် စစ်ဆေးရာလမ်းကြောင်း (The Check Route)

စောင့်ကြည့် စစ်ဆေးရာလမ်းဆိုသည်မှာ သေချာစီစဉ်ထားသောခရီးတခုဖြစ်ပါသည်၊ အထူးသဖြင့်ခြေလျင် ဖြင့် သွားသောခရီးမျိုးဖြစ်ပါသည်၊ ထိုခရီးသွားနေစဉ်တွင် လူတဦးအနေဖြင့်ဂရုတစိုက် မိမိကို စောင့်ကြည့် လေ့လာနေသူ များရှိ-မရှိကို စစ်ဆေးသွားခြင်းဖြစ်ပါသည်၊ မူလကတည်းက ကြိုတင်ဆုံးဖြတ်ထားသော စစ်ဆေးရန်နေရာများတွင် စောင့်ကြည့်စစ်ဆေးပြီး။ သင့်ကိုနောက်ယောင်ခံ လိုက်နေသောသူမှသင်္ကာမကင်း မဖြစ်ရလေအောင် စစ်ဆေးပုံမျိုးဖြစ်ပါသည်၊
စောင့်ကြည့် စစ်ဆေးရာလမ်းတလျှောက်သည် အနည်းဆုံး ၃-၄ ကီလိုမီတာမျှရှိသင့်ပြီး။ ထိုခရီးစဉ်တွင် ဈေးဝယ်ခြင်းမျိုး။ ရိုးရိုးသားသားဟန်ဖြင့် မေးမြန်းခြင်းမျိုး။ ဘတ်စ်ကားပေါ်တက်စီးခြင်းမျိုး။ အအေးဖျော်ရည် ၀င်သောက်ခြင်း မျိုး စသဖြင့်လှုပ်ရှားဆောင်ရွက်မှုများ လုပ်ဆောင်သင့်ပါသည်၊ အချိန်အားဖြင့်ဆိုလျှင် တနာရီမျှကြာ အချိန်ယူသင့်ပါသည်၊ ဤခရီးစဉ်တွင် လူနေကျဲပါးသောသောလမ်းများနှင့် လူနေရှုပ်ထွေး သော လမ်းများလည်း ရောနှောပါဝင်သင့်ပါသည်၊ ဤသို့ခရီးသွားနေစဉ်အတွင်း သင်၏လှုပ်ရှားသွားလာ မှု များအတွက် ခိုင်လုံသောအကြောင်းပြချက်ရှိနေရမည်ကို ကြိုတင်စဉ်းစားထားရပါမည်၊ အကယ်၍ သင်၏ပြုမူလှုပ်ရှားမှုများသည် ထူးခြားနေပါက။ အကျိုးအကြောင်း မခိုင်လုံပါက။ သင်၏နောက်မှ လိုက်နေ သောသူက သံသယ၀င်လာနိုင်ပါသည်၊

အောက်ဖော်ပြပါအချက်များသည် စောင့်ကြည့်စစ်ဆေးရာခရီးလမ်းတခုအတွက် ဆောင်ရွက်သင့်သော ပုံစံ ဖြစ်ပါသည်၊ နေရာအခက်အခဲကြောင့် ဤနေရာတွင် စစ်ဆေးရမည်ကြိုတင်နေရာသတ်မှတ်မှုကို မြို့၏ ၃-၄ လမ်းမျှအတွင်းသာဖော်ပြထားနိုင်ပါသည်၊လက်တွေ့တွင် ထိုထက်ပို၍ကျယ်ပြန့်နိုင်ပါသည်၊ စစ်ဆေးရမည် ကြိုတင်နေရာသတ်မှတ်ထားသောနေရာ ချက်ပွိုင့်များသည် နံပါတ်(၁) မှ (၁၂) အထိ ဖြစ်ပါသည်၊

၁၊ (X)သည် လမ်းမအတိုင်းလျှောက်လာပြီး ရုပ်ရှင်ရုံရှေ့တွင်ခေတ္တရပ်၍ ပိုစတာများကို ကြည့်ပါသည်၊ ဤသို့ ကြည့်နေရာမှ လမ်းမဖက်သို့ပြန်၍ အကဲခတ်ရန်အကောင်းဆုံးအနေအထားကို ပေးပါသည်၊ ဖြတ်သွားလာ နေသောသူများကို သတိထားကြည့်နိုင်ပါသည်၊ (ပခုံးပေါ်ကျော်၍ နောက်ပြန်လှည့်ကြည့်သော အနေအထား မျိုး ဆောင်ရွက်ရန် မလိုအပ်ပါ၊)
၂၊ (X)က လမ်းဘေး ၀ဲယာကိုကြည့ှ်ု လမ်းတဖက်ကိုဖြတ်ကူးပါသည်၊ ထို့နောက် စတိုးဆိုင်ကြီးတခု အတွင်း သို့ ၀င်လိုက်ပါသည်၊ ၀င်ပေါက်အနားတွင်နေရာယူ၍။ ပြသထားသောပစ္စည်းများကို ကြည့်ဟန်ပြုပါသည်၊ သူ၏နောက်မှလိုက်ဝင်လာသောသူများကို သတိထားကြည့်နိုင်ပါသည်၊ ထို့နောက် စက်လှေခါးမှသော် လည်းကောင်း။ လှေခါးမှသော် လည်းကောင်းတက်၍ စတိုးအတွင်း လှည့်လည်ကြည့်ပါသည်၊ သူ့ကို အထူး အာရုံထားစောင့်ကြည့်နေသောသူ ရှိ-မရှိ သိနိုင်ရန်အတွက်။ ဘေးဖက်ထွက်ပေါက်မှနေ၍ ပြန်ထွက်ပါသည်၊
၃၊ ထို့နောက် လမ်းတဖက်ကိုပြန်ဖြတ်ကူးကာ။ လမ်းကြားငယ်အတွင်းသို့ ဖြတ်ဝင်ပါသည်၊ ဤနေရာတွင် လမ်းလျှောက်နှုန်းကိုမြှင့်၍လမ်းကိုဖြတ်ကူးခြင်းဖြစ်ပါသည်၊
၎၊ ဤနေရာတွင် မှန်များကပ်ထားသောဆိုင်ကြောင့် လမ်းကြားမှသူ့နောက်လိုက်လာမည့်သူအနေအထားကို မှန်ထဲမှနေ၍မြင်နိုင်ပါသည်၊(ဤ နေရာတွင် ပုံများပါ)

၅၊ ယခုတခါ (X)သည်။ လမ်းမအတိုင်းပြန်လျှောက်ပြီး။ စာအုပ်ဆိုင်အတွင်းသို့ဝင်လိုက်ပါသည်၊ ဤစာအုပ် ဆိုင် သည် သူလာခဲ့သောလမ်းကို ပြန်ကြည့်နိုင်ရန်အတွက် အထက်စီးမြင်ကွင်း နေရာတွင်ရှိနေပါသည်၊ သူ၏နောက်မှ လိုက်လာသော သူရှိ-မရှိကို တခဏပြန်လည်စစ်ဆေးပါသည်၊ ထို့အပြင် သူကောက်ကိုင် ထားခဲ့သော စာအုပ်များကို ပြန်လည်ကောက်ကိုင်စစ်ဆေးနေသည့် သူရှိ-မရှိ ကို ပြန်လည်စစ်ဆေးရန် လိုပါသည်၊ (ဤနေရာတွင် နောက်ယောင်ခံလိုက်သူက (X)အနေဖြင့် သူ၏ဆက်သွယ်ရမည့်သူအတွက် လျှို့ဝှက်ဆက်သွယ်ရန်ထားသော စာတိုများရှိ-မရှိ စစ်ဆေးမှုမျိုး လုပ်နိုင်ပါသည်၊) (X)သည် ပစ္စည်း အနည်းငယ်ဝယ်ပြီး။ပြန်ထွက်ပါသည်၊
၆၊ ပန်းခြံအတွင်းသို့ဝင်၍။ လေညှင်းခံသောအသွင် လေတိုက်နေသောလမ်းအတိုင်း လမ်းလျှောက်ပါသည်၊ ဤနေရာသည်နောက်မှလိုက်နေသူကို ပြန်ကြည့်ရန်အတွက် အခွင့်ကောင်းပေးပါသည်၊ (X)က ကုန်သွားပြီ ဖြစ်သော စီးကရက်ဘူးခွံကို လွှတ်ပစ်ပါသည်၊ ထို့နောက် အနားယူပါသည်၊
၇၊ လေဟာပြင်တွင်ဖွင့်ထားသော စားသောက်ဆိုင်၌။ လက်ဖက်ရည်သောက်ပါသည်၊ နောက်ယောင်ခံလိုက် နေသူ က အမှတ် (၅)တွင်ဖော်ပြထားသည့်အတိုင်း။ သူလွှတ့်ပစ်ခဲ့သော စီးကရက်ဘူးခွံကို ကောက်ယူ စစ်ဆေးနေခြင်းရှိ-မရှိ ပြန်၍ သတိထားကြည့်နေပါသည်၊ သူ၏နောက်တွင် အခြားစားသောက်မည့်သူများ ၀င်လာကြောင်း သူသတိပြုမိပါသည်၊ နောက်ယောင်ခံလိုက်နေသူရှိပါက ထိုသူက (X)အနေဖြင့် အခြားသူ တဦးနှင့် တွေ့ဆုံခြင်းရှိ-မရှိ သိလိုပါလိမ့်မည်၊ (X)က ဆိုင်ကထလိုက်သည်နှင့် အလျှင်စလိုထ၍ ထွက်ခွါလိုနေသောသူတဦး ရှိ-မရှိကို ပြန်သတိထားစစ်ဆေးပါသည်၊
၈၊ (X)က လမ်းတဖက်ကိုကူး၍ ။ စာတိုက်ထဲဝင်ပါသည်၊ သူက စာတိုက်တွင်းရောက်သည်နှင့် လမ်းကို ဖြတ်ကူး၍ တဖက်ပန်းခြံမှ စာတိုက်ထဲလိုက်လာမည့်သူကို စောင့်ကြည့်နိုင်ပါသည်၊ သူက တံဆိပ်ခေါင်း အနည်းငယ်ဝယ်ပါသည်၊ သူ၏နောက်တွင် အခြားသူတဦးတန်းစီရပ်နေခြင်းရှိ-မရှိ ပြန်ကြည့်ပါသည်၊ (အကယ်၍ နောက်ယောင်ခံလိုက်နေသူရှိပါက ထိုသူအနေဖြင့် သင်၏စာပို့သောနေရာ။ ဘဏ်ငွေလွှဲမှု ကိစ္စများကို သိလိုမည်မှာ မုချဖြစ်ပါသည်၊) (X)က အများသုံးတယ်လီဖုန်းမှနေ၍ ဖုန်းခေါ်ပါသည်၊ ထိုသို့
တယ်လီဖုန်းစကားပြောနေစဉ်။ သူပြောသည်ကိုကြားရရန် နားစွင့်နေသောသူကို ပြန်၍စစ်ဆေးနိုင်ပါသည်၊

၉၊ ပြန်ထွက်သောအခါ (X)သည်။ လမ်းပေါ်တွင်ခဏရပ်၍ လူစိမ်းတယောက်ကို လမ်းမေးပါသည်၊ ဤသို့ လမ်းမေးနေစဉ် စာတိုက်မှထွက်၍ သူ့နောက်လိုက်လာသူရှိ-မရှိကို စစ်ဆေးနိုင်ပါသည်၊ နောက်ယောင်ခံ လိုက်နေသူရှိပါက။ ထိုသူအနေဖြင့် (X)နှင့်စကားပြောနေသော လူစိမ်းကို စိတ်ဝင်စားပါလိမ့်မည်၊ (သူက (X) သည် မည်သူများနှင့်ဆက်သွယ်နေကြောင်း သိလိုပါလိမ့်မည်၊) အခြားနောက်ယောင်ခံ လိုက်နေသော အဖွဲ့ဝင်များရှိပါက။ ထိုသူများက (X)စကားပြောခဲ့သောလူစိမ်းနောက် လိုက်ကြပေလိမ့်မည်၊
၁၀၊ (X)က လမ်းအတိုင်း ဆက်လျှောက်လာပါသည်၊ လမ်းကွေ့ရောက်သောအခါ ရုပ်ချည်းချိုးကွေ့၍ စီးကရက်ရောင်းသောလမ်းဘေးဆိုင်လေး၌ ခေတ္တနားပါသည်၊ နောက်ယောင်ခံလိုက်နေသူက ရုပ်ချည်း ဆိုသလိုပင် လမ်းကိုချိုှးုလိုက်လာနိုင်ပါသည်၊ချက်ချင်းဆိုသလိုပင် (X)ကို လိုက်ရှာပါလိမ့်မည်၊
၁၁၊ ((X)) က လမ်းကိုဖြတ်ကူးလိုက်ပြီး။ ဘတ်စ်ကားဂိတ်တွင် တန်းစီနေသောလူအုပ်ကြားထဲတွင် ၀င်၍ တန်းစီလိုက်ပါသည်၊ သူ၏နောက်က နောက်ထပ်တန်းစီဝင်လာသောသူများကို သတိထားကြည့်ပါသည်၊ ဤနေရာတွင် သရုပ်ဆောင်မှုအနည်းငယ် လုပ်ရပါသည်၊ မည်သည့်ကားကိုတက်ရမည်မှန်း ဇဝေဇ၀ါဖြစ်နေ ဟန်ဖြင့်။ ဘတ်စ်ကားအချို့ကို မစီးပဲ။ လွှတ်ပေးလိုက်ပါသည်၊ အလားတူကားပေါ်မတက်သေးပဲစောင့်နေသူ မည်သူကျန်နေရစ်သည်ကိုလည်း သတိပြုလေ့လာပါသည်၊ ကားဆိုက်လာသည်နှင့် လမ်းတဖက်သို့ ပြန်ဖြတ် ကူး ပြန်ပါသည်၊

၁၂၊ တဖက်လမ်းတွင် ကားရပ်လာသည်နှင့်တပြိုင်နက် ထိုကားကိုတက်စီးရမည်မှန်း သတိရလေဟန်ပြုပြီး။ ရုတ်ချည်းကားပေါ်တက်ပါသည်၊ သူ၏နောက်မှလိုက်ခုံတက်လာသူ မည်သူရှိသည်ကို သတိထား လေ့လာပါသည်၊ ထို့အပြင် နောက်ထပ်ကားရပ်မည့်ဂိတ်မှ တက်လာမည့်သူကိုလည်း သတိထား၍ လေ့လာ ပါသည်၊ဤသို့လမ်းခရီးစဉ်တလျှောက် သတိပြှုအကြိမ်ကြိမ်စစ်ဆေးခြင်းမျိုးကို အရေးကြီးသော တွေ့ဆုံရန် ချိန်းဆိုမှုများ။ လျှို့ဝှက်ဆွေးနွေးပွဲများမတိုင်မီ ဆောင်ရွက်သင့်ပါသည်၊ အကယ်၍ စောင့်ကြည့်စစ်ဆေးရာ လမ်းတွင် သင်္ကာမကင်းစရာအနေအထားကို မတွေ့ရှိရပါက။ (X)အနေဖြင့် သူချိန်းဆိုထားသောကိစ္စ။ လျှို့ဝှက်အစည်းအဝေးသို့ ဆက်သွားနိုင်ပါသည်၊ ဤသို့မဟုတ်ပါက။ မသင်္ကာစရာသူတဦးကို စောင့်ကြည့် စစ်ဆေးရာလမ်းတွင် အကြိမ်ပေါင်းများစွာတွေ့နေရပါက။ သူ့အနေဖြင့် စောင့်ကြည့်ခံနေရပြီဟု ယူဆဖွယ်ရာ
ရှိလာပါသည်၊ ထိုချိန်းဆိုမှုကို ဖျက်သိမ်းကောင်းဖျက်သိမ်းပါလိမ့်မည်၊ သင်၏နောက်မှ တစုံတဦးက နောက်ယောင်ခံလိုက်လာပါက။စဉ်းစားထားရမည့်အချက်မှာထိုသူသည်ကျွမ်းကျင်သူဖြစ်သည်ဆိုလျှင်တောင်မှ။ သင်မထင်မှတ်သောလမ်းကို ဖြတ်ဝင်သွားခြင်း။လမ်းဖြတ်ကူးလိုက်ခြင်းများပြုသောအခါ။ ထိုသူအနေဖြင့် ဆုံးဖြတ်ချက်ရုတ်ချည်းမချနိုင်ပဲ။ ဇဝေဇ၀ါဖြစ်လေ့ရှိတတ်ခြင်းပင် ဖြစ်ပါသည်၊ အချိန်နှင့်အမျှ ဤသို့ လမ်း တလျှောက်စောင့်ကြည့်စစ်ဆေးခြင်းမျိုးကို သင့်သလိုပြုသင့်ပါသည်၊ ဤနည်းအားဖြင့် လူတဦးအနေဖြင့် “ရှင်းလင်းနေသည်”။ “မရှင်းလင်း”ဆိုသည်ကို စစ်ဆေးနိုင်ပါသည်၊

Labels:

posted by မြင့်ဇေ @ 9:42 PM   1 comments
လျှို့ဝှက်ရေးလုပ်ငန်းများကို ကျွမ်းကျင်စွာ ဆောင်ရွက်နည်း - ၃
Thursday, August 30, 2007
၎၊ စောင့်ကြည့်ခြင်း၊

၁၊ စောင့်ကြည့်ခြင်းဆိုသည်မှာ အဘယ်နည်း၊
လျှို့ဝှက်သောတော်လှန်ရေးလှုပ်ရှားမှုများကို ဖော်ထုတ်နိုင်စေရန်အတွက်။ ရဲများ ပုလိပ်များက သံသယ ရှိသော နေရာများ။ လူများကို စောင့်ကြည့်အားထုတ်မှုမျိုး လုပ်ဆောင်လေ့ရှိကြပါသည်၊ ဤသို့ စနစ်တကျ ဖွဲ့စည်းထားသော စောင့်ကြည့်မှုပုံစံမျိုးကို စောင့်ကြည့်ခြင်း (surveillance)ဟုခေါ်ပါသည်၊

ယေဘူယျအားဖြင့် စောင့်ကြည့်ခြင်းလုပ်ငန်း လုပ်ဆောင်ရာတွင် (၂) မျိုးရှိပါသည်၊

တခုမှာ ရွေ့လျားသောပုံစံဖြစ်ပြီး။ တခုမှာ အသေနေရာချ စောင့်ကြည့်ခြင်းမျိုး ဖြစ်ပါသည်၊ ရွေ့လျား စောင့် ကြည့်သောပုံစံကို ရံဖန်ရံခါ နောက်ယောင်ခံလိုက်ခြင်း (အမြီးမှလိုက်နေခြင်း)။ အရိပ်သဖွယ်လိုက်နေခြင်းဟု ခေါ်လေ့ရှိကြပြီး။ ပစ်မှတ်ထားသောသူတဦးနောက်မှ မျက်ခြေမပြတ် လိုက်လံစောင့်ကြည့်နေခြင်း ဖြစ်ပါသည်၊ အသေနေရာချစောင့်ကြည့်ခြင်းဆိုသည်မှာ ပစ်မှတ်ထားသောသူတဦး၏ အိမ်။ အလုပ်။ စသည်ဖြင့် အသေနေရာတခုတွင် စွဲမြဲစောင့်ကြည့်နေခြင်း ဖြစ်ပါသည်၊ ဤသို့နေရာချစောင့်ကြည့်ရာ့ ရပ်ထားသော မော်တော်ကားအတွင်းမှသော်လည်းကောင်း။ နီးစပ်ရာအဆောက်အဦမှသော်လည်းကောင်း။ ဈေးဆိုင်မှသော်လည်းကောင်း။ စောင့်ကြည့်ခြင်းမျိုးဖြစ်ပါသည်၊ စုံထောက်ရုပ်ရှင်များတွင် ဤသို့ စောင့်ကြည့် ခြင်းမျိုးကို (stake-out)ဟုခေါ်ပါသည်၊စောင့်ကြည့်ခြင်းတွင် အရိပ်သဖွယ်လိုက်ခြင်းနှင့် (stake-out) နည်းနှစ်မျိုးလုံးကိုလည်း ပူးတွဲအသုံး ပြုနိုင်ပါသည်၊

၂၊ တန်ပြန် စောင့်ကြည့်ခြင်း၊

လျှို့ဝှက်ကွန်ယက်များတွင်ပါဝင်သောအဖွဲ့ဝင်များသည် မိမိတို့လုံခြုံမှုအတွက်။ မိမိအဖွဲ့အစည်းလုံခြုံမှုအတွက် ကာကွယ်နိုင်ရန်တန်ပြန်စောင့်ကြည့်ခြင်းနည်းကိုလည်း အသုံးပြုနိုင်ပါသည်၊ သင့်အနေဖြင့် သင်၏နောက်မှ နောက်ယောင်ခံလိုက်နေခြင်းရှိ-မရှိ။သင့်ကိုစောင့်ကြည့်နေခြင်းရှိ-မရှိ သိနိုင်ပါသည်၊ ဤနည်းလမ်းကို ထိရောက်စွာသုံး၍ ရဲများ။ ပုလိပ်များကို သင့်အနေဖြင့် မည်သည့်နိုင်ငံရေးလုပ်ငန်း။ လျှို့ဝှက်အဖွဲ့အစည်း များနှင့်မျှ ဆက်စပ်ပါတ်သက်ခြင်းမရှိလေဟန် ထင်မြင်လာအောင်ဆောင်ရွက်နိုင်ပါသည်၊ ဤသို့ကာကွယ် သော နည်းလမ်းကို မသုံးမီ။ ရန်သူ၏စောင့်ကြည့်ခြင်းနည်းနာများကို ပိုမိုသိရှိရလေအောင် ဆောင်ရွက်သင့်
ပါသည်၊ စောင့်ကြည့်ခြင်းလုပ်ငန်းများကို မည်သို့မည်ပုံလုပ်ကိုင်ကြသည်ကို မသိပဲ။ တန်ပြန်စောင့်ကြည့်ခြင်း လုပ်ငန်းမျိုးဆောင်ရွက်ရန် မဖြစ်နိုင်ပါ၊

၃၊ စောင့်ကြည့်ခြင်းလုပ်ငန်း၏ ရည်ရွယ်ချက်

စောင့်ကြည့်ခြင်းလုပ်ငန်း၏ အခြေခံရည်ရွယ်ချက်မှာ ပစ်မှတ်ထားသောသူ၏ သတင်းအချက်အလက်များ ကိုစုဆောင်းရန်နှင့် ထိုသူအနေဖြင့် လျှို့ဝှက်ကွန်ယက်များနှင့် ဆက်စပ်နေခြင်းရှိ-မရှိကို ထောက်လှမ်းစစ် ဆေးနိုင်ရန် ဖြစ်ပါသည်၊ ရဲများအနေဖြင့် ထိုသူနှင့်သူတို့က လျှို့ဝှက်ကွန်ယက်များတွင် လုပ်ကိုင်နေကြသည်ဟု မင်္သကာသောသူများ၏ ဆက်စပ်နေမှုများကို ရှာဖွေကြပါသည်၊ ရန်သူအနေဖြင့် သင်၏ကိုယ်ရေးအချက်အလက်များကို ရှာဖွေဖော်ထုတ်လိုပြီး။ သင်၏နေအိမ်။ သင်အသုံးပြုနေသော လျှို့ဝှက်နေရာများကို ရှာဖွေဖော်ထုတ်လိုကြပါသည်၊ ရန်သူက ထိုအချက်အလက်များကို ဆက်စပ်ပြီး။ တရားမ၀င်လုပ်ငန်းများလုပ်ဆောင်ကျူးလွန်နေကြောင်းကို သက်သေအထောက်အထားပြလိုသောကြောင့် ဖြစ်ပါသည်၊ စောင့်ကြည့်ခြင်းလုပ်ငန်းတွင် အဓိက အသုံးပြုသောအချက်မှာ သတင်းပေးများထံမှ ရရှိလာ သောသတင်းများကို အခြေခံ၍စောင့်ကြည့်ကြခြင်းပင် ဖြစ်ပါသည်၊

၎၊ စောင့်ကြည့်ခြင်းအတွက် ဆုံးဖြတ်ချက်ချခြင်း

လူတဦးတယောက်ကို စောင့်ကြည့်ရန်ဆုံးဖြတ်ချက်ချ သတ်မှတ်ခြင်းမျိုးကို အထက်အဆင့်အရာရှိများက ဆုံးဖြတ်လေ့ရှိပါသည်၊ထိုသို့ဆုံးဖြတ်ချက်ချရာ၌ မည်သို့အတိုင်းအတာအထိ အနီးကပ်စောင့်ကြည့်မည်။ ကာလမည်မျှအတိုင်းအတာအထိ (ဥပမာ တနေ့လျှင် ၈-နာရီ။ ၁၆-နာရီ။ ၂၄-နာရီ စသဖြင့်နှင့် ကာလတခုအထိ တပတ်။ နှစ်ပါတ်။ သုံးပါတ်။ ထိုထက်ပို၍) စောင့်ကြည့်မည် စသောဆုံးဖြတ်ချက်မျိုး ပါဝင် ပါသည်၊ ဤသို့သောဆုံးဖြတ်ချက်မျိုးတွင် ပစ်မှတ်ထားသောသူ၏အိမ်။ လုပ်ငန်းခွင်စသည်တို့ကို စောင့်ကြည့်
ခြင်းမျိုး ပါဝင်တတ်ပြီး။ သူ၏ တယ်လီဖုန်းများကို ယာယီကာလတခုဖြစ်စေ။ ပုံမှန်ဖြစ်စေ ကြားဖြတ်နား ထောင်ခြင်းများလည်း ပါဝင်ပါသည်၊ ဤစောင့်ကြည့်မည့် စစ်ဆင်ရေးတွင်ပါဝင်ဆောင်ရွက်မည့် လူဦးရေအရေအတွက်သတ်မှတ်ခြင်းလည်း ပါဝင်ပါသည်၊ ထို့အပြင် ရန်သူဖက်မှ သိရှိထားသော အချက်အလက်များကို ဖော်ပြထားသည့်အချက်အလက်များ။ သင်၏ဓါတ်ပုံများကိုလည်း ဆုံးဖြတ်ချက်နှင့် အတူ လွှဲပြောင်းပေးလိမ့်မည် ဖြစ်သည်၊ စောင့်ကြည့်ခြင်းကာလပြီးဆုံးပြီးနောက် ပစ်မှတ်ထားသော သူကိုဖမ်းဆီးခြင်းဖြင့်အဆုံးသတ်ခြင်းမျိုးလည်း ဖြစ်နိုင်ပြီး။ ထိုစောင့်ကြည့်နေသောကာလအတွင်း ထိုသူ၏ ပြုမူဆောင်ရွက်မှုအပေါ်တွင်လည်း မူတည်သည်၊

၅၊ စောင့်ကြည့်ရေးအဖွဲ့

အထူးလေ့ကျင့်ထားသော အရပ်ဝတ် အမျိုးသားရဲများနှင့် အမျိုးသမီးရဲများကို စောင့်ကြည့်သော တာဝန် ထမ်းဆောင်ရန် အသုံးပြုလေ့ရှိပါသည်၊ ထိုသူများ၏ ကိုယ်ရေးအချက်အလက်များကို အထူးလျှို့ဝှက်ထား တတ်ကြပါသည်၊ ထိုသူများကို သာမာန်အားဖြင့်မသိနိုင်ကြပဲ။ လူအများသိသော ရဲတပ်ဖွဲ့အတွင့်းလည်း တာဝန်ပေးလေ့မရှိကြပါ၊ ထိုသူများသည် ပျမ်းမျှအားဖြင့်အသက် ၂၅-မှ၅၀ အတွင်းရှိပြီး။ ကိုယ်ကာယ အားဖြင့် ထိုတာဝန်ထမ်းဆောင်ရန် သင့်တော်သူများ ဖြစ်တတ်ပါသည်၊ ထိုသူများ၏ ရုပ်သွင်နှင့်ဝတ်စားပုံမှာ ပုံမှန်လူအများအတိုင်းပင် ဖြစ်ပါသည်၊ ထိုသူများသည် ပတ်ဝန်းကျင်နှင့်ရောနှောနိုင်အောင် ကြိုးပမ်းလေ့ရှိကြပြီး။ သူတို့ကို လူအများကအာရုံစိုက်လာအောင် ပြုမူနေထိုင်လေ့မရှိကြပေ၊ ဥပမာအားဖြင့်- ဆင်းရဲသောမြို့စွန်ရပ်ကွက်တွင် နေထိုင်သောလူမဲတယောက်ကို နောက်ယောင်ခံလိုက်ရန်အတွက်။ အဖြူရောင်ဝတ်စုံကို ကျကျနန၀တ်ဆင်ထားသည်မျိုး လုပ်ကြမည် မဟုတ်ပါ၊ ထိုအဖွဲ့သည် ပုံမှန်အားဖြင့် ၂-ဦးမှ ၄-ဦးအထိရှိတတ်ပြီး။ ကားဖြင့်နောက်မှ အရံပံ့ပိုးပေးထားပါသည်၊ လုပ်ငန်းတခုအတွက် အဖွဲ့တခုကို သာမာန်အားဖြင့်တာဝန်ပေးလေ့ရှိသော်လည်း။ အခြေအနေလိုအပ်ချက်အရ ပိုမိုတာဝန်ပေးသည်မျိုးလည်း ရှိနိုင်ပါသည်၊သတ်မှတ်ထားသောသူ၏နောက်သို့ ခြေလျင်သော်လည်းကောင်း။ကားဖြင့်သော်လည်းကောင်း။ လူအများစီးသော ယာဉ်များဖြင့်သော်လည်းကောင်း လိုအပ်ချက်အရ လိုက်လံစောင့်ကြည့်ခြင်း လုပ်ကြပါ သည်၊ထိုသို့စောင့်ကြည့်နေသောသူများအချင်းချင်းသည်လက်အချက်ပြဆက်သွယ်မှုဖြင့်သော်လည်းကောင်း။ ရေဒီယိုဆက်သွယ်ရေးစက်အငယ်စားများဖြင့်သော်လည်းကောင်း အချင်းချင်း ဆက်သွယ်ကြပါသည်၊သူတို့ ကို မမှတ်မိစေရန်အတွက် အ၀တ်အစားကိုသော်လည်းကောင်း။ အနည်းငယ်ရုပ်ဖျက်ခြင်းမျိုးကိုသော်လည်း ကောင်း ဆောင်ရွက်လေ့ရှိကြပါသည်၊ ထိုသို့မမှတ်မိစေရန် ပစ်မှတ်ထားသောသူတဦးနောက်သို့ လိုက်နေစဉ် အတွင်း ရုတ်ချည်းလှုပ်ရှားမှုမျိုးလုပ်ခြင်း။ သဘာဝမကျသောလုပ်ရပ်မျိုး လုပ်ခြင်းများကိုလည်း ရှောင်ရှားလေ့ ရှိကြပါသည်၊လူထူထပ်သော မြို့ပြလမ်းမများပေါ်တွင် သူတို့အနေနှင့် ပစ်မှတ်ထားသောသူနောက်မှ ထပ်ချပ်မကွာလိုက်ပါလေ့ရှိပြီး။ (မီတာ ၂၀အကွာခန့်မှ) လိုက်လေ့ရှိပါသည်၊ အကြောင်းမှာ ပစ်မှတ်ကိုမျက်ချေပြတ်မည် စိုးသောကြောင့် ဖြစ်ပါသည်၊ လူနေကျဲပါးသောရပ်ကွက်လမ်းများအတွင်းတွင် နောက်ခပ်လှမ်းလှမ်း (၅၀- မီတာအကျော်မှသာ) မှသာလိုက်လေ့ရှိကြပါသည်၊ သူတို့ကို လူမြင်မခံ လိုသော ကြောင့် ဖြစ်ပါသည်၊ နောက်ယောင်ခံလိုက်မည့်လုပ်ငန်းအတွက် ထိုသူများအနေဖြင့် ကြိုတင်အစီအစဉ် ဆွဲခြင်း။ လုပ်ငန်းတာဝန်ခွဲခြင်းများ လုပ်လေ့ရှိပြီး။ ထိုသူများ၏ နေရာများကို အမြဲတစေပြောင်းလဲနေခြင်း များလည်း လုပ်လေ့ရှိပါသည်၊ ထို့အပြင်ခြေလျင်ဖြင့်နောက်ယောင်ခံလိုက်ခြင်း။ ကားဖြင့်နောက်ယောင်ခံ လိုက်ခြင်း စသောနည်းစနစ်များကိုလည်း သိထားရန်အရေးကြီးပါသည်၊

၅၊ စောင့်ကြည့်ခြင်းနည်းနာများ

မိမိတို့အနေဖြင့် စောင့်ကြည့်ခြင်းဆိုသည်မှာ စနစ်တကျဖွဲ့စည်းထားသော စောင့်ကြည့်ထောက်လှမ်းခြင်းမျိုး ဖြစ်ပြီး။ ဤကိစ္စမျိုးတွင်ရဲများက မင်္သကာရသောသူများနှင့် နေရာများကို အနီးကပ်စောင့်ကြည့်ခြင်း ကိစ္စများ ပါဝင်ကြောင့် ဖော်ပြခဲ့ပါသည်၊ သင်္ကာမကင်းဖြစ်ခံရသူ။ ပစ်မှတ်ထားခံရသူနောက်ကို နောက်ယောင်ခံလိုက် ရာ၌ နည်းလမ်းမျိုးစုံကို အသုံးပြုကြပါသည်၊ ပစ်မှတ်ထားသူ၏ နေအိမ်။လုပ်ငန်းခွင်ကို အသေနေရာချ ထားသော နီးစပ်ရာအိမ်။ အဆောက်အဦ။ ယာဉ်ပေါ်မှနေ၍ စောင့်ကြည့်နေခြင်းမျိုးလည်းရှိနိုင်ပါသည်၊ ထိုသူများက ပစ်မှတ်ထားသူ၏ အ၀င်အထွက်များအားလုံးကို မှတ်တမ်းတင်ပါသည်၊ ပစ်မှတ်ထားခံရသူက အိမ်မှထွက်ခွါသောအခါထိုသူများက ခြေလျင်သော်လည်းကောင်း။ ကားဖြင့်သော်လည်းကောင်း။ နှစ်မျိုးလုံး ဖြင့် သော်လည်းကောင်း နောက်ယောင်ခံလိုက်ကြပါသည်၊ ထိုသူဝင်ထွက်သွားလာသမျှနေရာ အားလုံး။ ထိုသူ တွေ့ဆုံသမျှသော သူများအားလုံးကို မှတ်တမ်းတင်ပါသည်၊ ဓါတ်ပုံရိုက်ထားပါသည်၊ လိုအပ်ပါက ထိုသူများကိုလည်း ဆက်၍လိုက်လံထောက်လှမ်းပါသည်၊ခြေလျင်လိုက်လံစောင့်ကြည့်ခြင်း ပစ်မှတ်ထားခံ ရသောသူနောက်သို့ ခြေရာခံလိုက်နိုင်ရန်အတွက် အနည်းဆုံး လူ (၂) ဦးကို တာဝန်ပေးပါသည်၊ ထိုသို့နောက်ယောင်ခံလိုက်သူများအချင်းချင်း လက်အချက်ပြသင်္ကေတများဖြင့် သော်လည်းကောင်း။ လမ်းလျှောက် စကားပြောစက် (ဝေါ်ကီတော်ကီ) ဖြင့်သော်လည်းကောင်း ဆက်သွယ်ကြပါသည်၊ ဤနည်းအားဖြင့် အပြန်အလှန်သတင်းပေး။ လမ်းညွှန်။ ကူညီကြပါသည်၊ထိုသူများက ပစ်မှတ်ထားခံရသူနှင့် လူထူထပ်သောလမ်းမများပေါ်တွင် (၁၅) မီတာအနီးမှကပ်၍လိုက်ပြီး။ လူကျဲပါးသောရပ်ကွက်များတွင် မီတာ (၁၀၀) မှနေ၍ ခွါ၍လိုက်ကြပါသည်၊ ထိုသူများက တတ်နိုင်သမျှ ရိပ်မိခြင်းမရှိရလေအောင်။ ပစ်မှတ်ထား လိုက်ခံနေရသူအနေဖြင့် သင်္ကမကင်းမဖြစ်ရလေအောင် ပြုမူကြပါသည်၊ ထိုသူများကို ပံ့ပိုးကူညီနိုင်ရန် မော်တော်ကားလည်း အရံထားရှိကြပါသည်၊ ထိုကားမှာ မမြင်ရလောက်သော အခြားတဖက်လမ်းများတွင် ရပ်ထားတတ်ကြပါသည်၊

လူ (၂) ဦးစောင့်ကြည့်ခြင်း။ တနည်း အေဘီ-စောင့်ကြည့်နည်း၊

ပစ်မှတ်ထားခံရသောသူနောက်မှ တိုက်ရိုက်လိုက်လံစောင့်ကြည့်နေသူမှာ (အေ) ဖြစ်ပါသည်၊ ဒုတိယနောက် လူတဦးမှာ (ဘီ) ဖြစ်ပါသည်၊ ထိုသူက (အေ) ၏နောက်မှနေ၍လိုက်ပါသည်၊ ဿကိးဆက်တခုသဖွယ် ဖြစ်ပါသည်၊ ရံဖန်ရံခါ (အေ) နှင့် (ဘီ) နေရာပြောင်းလဲသည်လည်း ရှိပါသည်၊ တဦးက နေရာ ကြိုတက်သွားပြီး။ စောင့်နေသည်လည်း ရှိနိုင်ပါသည်၊ ပစ်မှတ်ထားခံရသူက လမ်း ကွေ့သို့ချိုးသော အခါ။ (အေ) က မြင်ကွင်းမှ နောက်ချန်ခွါသွားပြီး။ (ဘီ) က ဦးဆောင်၍ဆက်လိုက်ပါသည်၊ အခြားနည်း တခုမှာ(အေ) က လမ်းတဖက်ကူးသွားပြီး။ ညာဖက်ချိုးသွားခြင်းမျိုး ဖြစ်ပါသည်၊ ဤအခြေအနေမျိုးတွင် (အေ) အနေဖြင့် (ဘီ) ၏နောက်မှကြိုးဆက်သဖွယ် တိုက်ရိုက်လိုက်နေသည့်ပုံစံမျိုး မဟုတ်ပါ၊ (ဘီ) နှင့် မျဉ်းပြိုင်သဖွယ် လိုက်နေပုံမျိုး ဖြစ်ပါသည်၊ လမ်းတဖက်မှနေ၍ (ဘီ) နှင့် သင်္ကာမကင်းဖြစ်ခံရသူ ပစ်မှတ်နှင့် ယှဉ်၍ ခပ်လှမ်းလှမ်းမှ လိုက်ပါသည်၊ (အေ) နှင့် (ဘီ) တို့သည် ပစ်မှတ်ထားခံရသူနှင့် တိုက်ရိုက်ဆက်သွယ်မိခြင်းမျိုးကို ရှောင်ကြပါသည်၊ အကယ်၍ ပစ်မှတ်ထားခံရသူက လမ်းတဖက် ဘယ်ဖက် သို့ကူးသွားပါက (အေ) ကနောက်ချန်နေခဲ့ပြီး။ ဆိုင်တခုထဲသို့ ၀င်သည်ဖြစ်စေ။ ရှေ့သို့ ကြိုလျှောက်သွား သည် ဖြစ်စေ လုပ်ပါလိမ့်မည်၊ (ဘီ) အနေဖြင့် ပစ်မှတ်နောက်မှနေ၍ ဆက်လိုက်သွားပါလိမ့်မည်၊

လူ (၃) ဦး စောင့်ကြည့်ခြင်း။ တနည်း အေဘီစီ- စောင့်ကြည့်ခြင်း၊
နောက်ထပ်စောင့်ကြည့်သူတဦး ထပ်ပေါင်းထည့်ခြင်းအားဖြင့် ပစ်မှတ်နောက်မှလိုက်ရန် ပို၍လွယ်ကူ စေပါ သည်၊ (အေ) က ပစ်မှတ်နောက်လိုက်ပါသည်၊ (ဘီ) က (အေ) နောက်သို့လိုက်ပါသည်၊ (စီ) က လမ်းတဖက်မှနေ၍ ပစ်မှတ်နောက်မှ လိုက်ပါသည်၊အကယ်၍ ပစ်မှတ်က လမ်းထောင်သို့ချိုးလိုက်ပါက။ (အေ) က ပုံမှန်အတိုင်း လမ်းမချိုးပဲ ဆက်သွားမည်။ သို့မဟုတ် လမ်းတဖက်သို့ ကူးသွားပါမည်၊ တိုက်ရိုက် လိုက်၍လမ်းချိုးမည်မဟုတ်ပါ၊ ထိုအခါ (အေ) က (စီ) ၏နေရာယူသွားပြီး။ (ဘီ) နှင့် (စီ) က (အေ) ၏ မူလ နေရာကို ဆက်ယူပါသည်၊

နည်းလမ်းများစွာကို အသုံးပြုနိုင်ပါသည်၊ သို့သော်အခြေခံစဉ်းစားချက်မှာမူ အတူတူပင်ဖြစ်ပါသည်၊ နောက် ယောင်ခံလိုက်နေသူများအနေဖြင့် ပစ်မှတ်နောက်မှ မျက်ခြေမပြတ် လိုက်နေရန်ဖြစ်ပြီး။ ထိုသူမှ သင်္ကာ မကင်းမဖြစ်စေရန်ပင် ဖြစ်သည်၊ လူများများသုံးလေလေ။ ပို၍မြင်ကွင်းကျယ်ပြီး။ စစ်ဆင်ရေးကို ပို၍ ပြောင်းလွယ်ပြင်လွယ်လုပ်နိုင်ပါသည်၊သတိပြုရန်မှာ- မိမိရင်ဆိုင်နေရသော ရန်သူ၏နည်းနာကို သိရှိပြီးနောက်။ မိမိတို့ထိုအခက်အခဲကိုကျော်လွှားပြီး။ အနိုင်ရရန်ပင်ဖြစ်သည်၊

အထက်ဖော်ပြပါနည်းများတွင် ခြေလျင်ဖြင့်နောက်ယောင်ခံလိုက်ခြင်းကို ဖော်ပြခဲ့ပြီး ဖြစ်ပါသည်၊ ယခုအခါ ယာဉ်ဖြင့်နောက်ယောင်ခံလိုက်ခြင်းကို ဖော်ပြပါမည်၊

ယာဉ်ဖြင့်စောင့်ကြည့်ခြင်း

စောင့်ကြည့်သောယာဉ်အဖြစ်အသုံးပြုရာ၌ အမျိုးမျိုးသောကားများကို သုံးနိုင်ပါသည်၊ ဗင်ကား။ ထရပ်ကား။ မော်တော်ဆိုင်ကယ်များကိုလည်း သုံးနိုင်ပါသည်၊ ဤယာဉ်များကို သုံးခြင်းအားဖြင့် ပိုထိရောက်ပြီး။ ပို၍ စွမ်းဆောင် အားကောင်းပါသည်၊ သို့သော်လူအများအာရုံစိုက်ခံရမှု မရှိစေရန် တောက်ပြောင်နေသော ယာဉ်များ မဖြစ်စေရပါ၊ စောင့်ကြည့်သောယာဉ်တွင် ထင်သာမြင်သာသောရဲတံဆိပ်အမှတ်အသား တပ်ထားမည်မဟုတ်ပါ၊ သို့သော်လိုအပ်ချက်အရ ရေဒီယိုဆက်သွယ်ရေးစနစ်တပ်ထားသည်မျိုးဖြစ်နိုင်ပါ သည်၊ (ထို့အတွက်ကြောင့် ကောင်းကင်တိုင် အင်တနာကို သတိပြုကြည့်စေလိုပါသည်၊)

ယာဉ်ကျောရှုပ်ထွေးသောနေရာတွင် နောက်ယောင်ခံလိုက်နေသောယာဉ်သည်။ ပစ်မှတ်ထားသူစီးနေသော ယာဉ်မှ မလှမ်းမကမ်းကပ်၍လိုက်နိုင်ပါသည်၊ ဤနေရာတွင် ပစ်မှတ်ထားခံရသူကို (အက်စ်) ဟု ထား သုံးစွဲပါမည်၊ ယာဉ်ကျောကျဲပါးသောနေရာတွင်ခပ်လှမ်းလှမ်းမှသာ နောက်ယောင်ခံလိုက်ပါလိမ့်မည်၊ သို့သော် အထူးသဖြင့် ယာဉ်တစီးထည်းဖြင့်လိုက်သော စောင့်ကြည့်ခြင်းတွင်နောက်ပါကား ၃-၄ စီးနောက်မှ ခွါ၍လိုက်ပါလိမ့်မည်၊ (ပုံ-၁) နောက်ယောင်ခံလိုက်သောယာဉ်သည် ယာဉ်ကျောတခုတည်းမှသာလိုက်ပါ လိမ့်မည်၊ အကြောင်းမှာ ရုပ်ချည်းကွေ့ရခြင်း။ လမ်းကြောပြောင်းရခြင်း မလုပ်လိုသောကြောင့် ဖြစ်သည်၊ ပုံမှန်အားဖြင့်နောက်ယောင်ခံလိုက်သောယာဉ်တွင် လူ ၂-ဦးရှိနေတတ်သည်၊ ယာဉ်မောင်းမဟုတ်သူက အသင့် အနေအထားရှိပြီး။ လိုအပ်ပါကခြေလျင်ဖြင့်လိုက်နိုင်ရန်လည်း အသင့်ဖြစ်နေစေသည်၊ အကယ်၍ ပစ်မှတ်ထားသူ (အက်စ်) ကယာဉ်မှဆင်း၍သွားပါက လိုက်နိုင်ရန် ဖြစ်သည်၊ ခြေလျင်ဖြင့် နောက်ယောင်ခံ လိုက်စဉ်ကသို့ကဲ့ပင် ပစ်မှတ်ထားခံရသူက သင်္ကမကင်းမဖြစ်စေရန်ဆောင်ရွက်ရန်လည်းလိုအပ်သည်၊ နောက်ယောင်ခံလိုက်သော ယာဉ်ပိုများများသုံးပါက။ ပို၍မြင်ကွင်းကျယ်ပြီး။ စစ်ဆင်ရေးအတွက်လည်း ပို၍ပြောင်းလွယ်ပြင်လွယ် ရှိစေသည်၊ ပုံမှန်အားဖြင့် နောက်ယောင်ခံလိုက်သောယာဉ် ၂-စီးထား၍ သုံးလေ့ရှိကြသည်၊ ယာဉ်အရေအတွက်မှာ စစ်ဆင်ရေး၏အရေးပါပုံနှင့် အချိန်အလျင်လိုမှု အနေအထား အပေါ် မူတည်သည်၊

ယာဉ် ၂-စီး။ ၃- စီးဖြင့် စောင့်ကြည့်ခြင်း

ယာဉ် ၂-စီးဖြင့် နောက်ယောင်ခံလိုက်သောအခါ။ ဦးဆောင်လိုက်သူ (အေ) က ပစ်မှတ်ထားခံရသူ (အက်စ်) နောက် ကား ၂-၃ စီးအကွာမှခွါလိုက်၍။ (ဘီ) က (အေ) နောက်မှ။ ကြိုးဆက်သဖွယ် လိုက်သည်၊ ထိုယာဉ် များအနေဖြင့် ရံဖန်ရံခါဆိုသလိုနေရာလဲလှယ်ကြသည်၊ ယာဉ်များကို အပြိုင်ယာဉ်ကျောအတိုင်းမောင်းနှငှ်ု လိုက်သောနည်းစနစ်တွင် (အေ) က နောက်တွင်နေပြီး။ (ဘီ)က ပစ်မှတ်ထားသူ (အက်စ်) စီးနေသည့် ယာဉ်နှင့်အပြိုင်မောင်းသည်၊ (အေ) နှင့် (ဘီ) က ရံဖန်ရံခါ နေရာပြောင်းလဲတတ်သည်၊ ယာဉ် ၃-စီး နောက်ယောင်ခံလိုက်သောအခါ စွမ်းဆောင်နိုင်သောအခြေအနေက ပို၍များလာသည်၊ (အေ) နှင့် (ဘီ) က
ပစ်မှတ်ထားသူနောက်သို့ ကြိုးဆက်အတိုင်းလိုက်နေစဉ်။ အခြားသော ယာဉ် (စီ) က အပြိုင်ယာဉ်ကျော တွင်မောင်းနေသည်၊ (စီ) အနေဖြင့် ပစ်မှတ်ထားသူ (အက်စ်) စီးနေသောယာဉ်ထက်ကျော်၍ မောင်းသွားနိုင် ပြီး။ မီးပွိုင့်တွင်ဖြစ်စေ ကြိုစောင့်နေနိုင်သည်၊ ထို့နောက် နောက်မှဝင်ပြီး (အေ) ၏နေရာကို ယူနိုင်သည်၊ ဤအချိန်တွင် (အေ) ကထွက်ပြီး။ အပြိုင်ယာဉ်ကျောမှနေ၍မောင်းသွားနိုင်သည်၊

ရောင်ပြန်ပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်းများ

စောင့်ကြည့်နောက်ယောင်ခံလိုက်သောသူများက ပစ်မှတ်ထားခံရသူစီးနေသော ကားနောက်မှ ရောင်ပြန်စေ သောတိပ်ပြားကို ကြည့်၍သော်လည်းကောင်း။ ဘရိတ်နင်းသောအခါ ပေါ်သောမီးနီကို သော်လည်းကောင်း ကြည့်၍ ညအချိန်တွင် နောက်ယောင်ခံလိုက်နိုင်ပါသည်၊ သို့မဟုတ် ပစ်မှတ်ထားသောသူ (အက်စ်) စီမည့်ကားတွင် နောက်ယောင်ခံလိုက်ရာတွင် အသုံးပြုသည့်လျှပ်စစ်ပစ္စည်းထားနိုင်ရန်ကြိုးစားကြပါလိမ့်မည်၊ ဤလျှပ်စစ်ပစ္စည်းကို ဘမ်ပါ ဘလိပါ (Bumper Bleeper)) ဟုခေါ်ပါသည်၊ ဤပစ္စည်းမှာ သတ္တုသေတ္တာငယ် တခုဖြစ်ပြီး။ သံလိုက်ဓါတ်ဖြင့် စက္ကန့်ပိုင်းအတွင်း ယာဉ်တခု၏နောက်တွင် ကပ်နိုင်ရန် စီစဉ်ထားသောပစ္စည်း
ဖြစ်ပါသည်၊ ထိုပစ္စည်းမှ ရေဒီယိုလှိုင်းထုတ်လွှင့်ပေးပြီး။ နောက်ယောင်ခံလိုက်နေသော ကားပေါ်ရှိ ဖမ်းယူစက်မှ ထိုကားမည်သည့်နေရာ ရောက်နေသည်ကို သိရှိနိုင်ပါသည်၊ ပစ်မှတ်ထားခံရသူ (အက်စ်) စီးနေသောကားကို မြင်ကွင်းမှပျောက်ကွယ်သွားသည့်တိုင်။နောက်ယောင်ခံလိုက်နိုင်ပါသည်၊

မည်သို့ပင်ဖြစ်စေကာမူ။ ဤကရိယာတပ်ထားသောကြောင့် နောက်ယောင်ခံလိုက်၍မလွဲဖြစ်နိုင်ပါသည်၊ ဆိုလိုသည်မှာ သင့်အနေဖြင့်အမြဲတစေနိုးကြားနေရန်လိုအပ်ပြီး။ ဤကရိယာမျိုး တပ်ထားခြင်းရှိ-မရှိကို စစ်ဆေးရန် လိုအပ်ပါသည်၊ အကယ်၍ တပ်ဆင်ထားသည်ကို သိရှိပါက ရန်သူကိုလမ်းကြောင်းလွှဲ လှည့်စားနိုင်ရန်အတွက် အသုံးပြုနိုင်ပါသည်၊

အထူးအချိန်ယူ စောင့်ကြည့်ခြင်း၊ Progressive Surveillance

ပစ်မှတ်ထားသောသင်္ကာမကင်းဖြစ်ခံရသူက နည်းမျိုးစုံသုံး၍ဖုံးကွယ်ရန် ကြိုးစားလာသောအခြေအနေ။ အထူး သတိထားနေရသောအခြေအနေ၌ ဤသို့သော စောင့်ကြည့်နည်းကို သုံးပါသည်၊ ပစ်မှတ်ထားသူ (အက်စ်) ကို နေ့စဉ်ခြေလျှင်သော်လည်းကောင်း။ ကားဖြင့်သော်လည်းကောင်း အကွာအဝေး အတိုင်းအတာ တခု အထိသာ နောက်ယောင်ခံလိုက်ပါသည်၊ နောက်ထပ်စောင့်ကြည့်ခြင်းကို ယခင်အချိန်က ပြီးဆုံးသွားခဲ့ သော။ ရပ်နားထားခဲ့သောနေရာမှ စတင်၍နောက်ယောင်ခံလိုက်ပြန်ပါသည်၊ ဤသို့နေ့စဉ်နှင့်အမျှ ဆောင်ရွက်နေရင်း။ နောက်ဆုံး စောင့်ကြည့်မှုပြီးဆုံးသည်အထိ။ စောင့်ကြည့်မှုရပ်ဆိုင်းလိုက်သည့်အထိ ဤနည်းအတိုင်းအသုံးပြုပါသည်၊ သတိပြုရန်မှာ - မိမိရင်ဆိုင်နေရသော ရန်သူ၏နည်းနာကို သိရှိပြီးနောက်။ မိမိတို့ထိုအခက်အခဲကိုကျော်လွှားပြီး။ အနိုင်ရရန်ပင် ဖြစ်သည်၊

Labels:

posted by မြင့်ဇေ @ 11:41 PM   0 comments
လျှို့ဝှက်ရေးလုပ်ငန်းများကို ကျွမ်းကျင်စွာ ဆောင်ရွက်နည်း - ၂
၂၊ လျှို့ဝှက်ကွန်ယက်အဖွဲ့အစည်းတခုကို မည်သို့တည်ဆောက်မည်နည်း၊

မိမိတို့လျှို့ဝှက်စွာဆောင်ရွက်ခြင်းအားဖြင့် ရန်သူကဖန်တီးထားသောအခက်အခဲ။ ပြဿနာများကို ကျော်လွှားနိုင်ကြောင်း ဖော်ပြခဲ့ပြီး ဖြစ်ပါသည်၊ ဤသို့လျှို့ဝှက်စွာဆောင်ရွက်ခြင်းအားဖြင့် အရေးပါလှသော မြေအောက်ကွန်ယက်တခု။ လျှို့ဝှက်ကွန်ယက်အဖွဲ့အစည်းတခုကို တည်ဆောက်နိုင်ကြပါသည်၊ ဤကွန်ယက်သည် ပြည်သူအများအတွက် အာဏာရရှိရန်ဆောင်ရွက်နေသောလှုပ်ရှားမှုကို လူအများပါဝင် လာစေရန်။ ဦးဆောင်၍ ခေါ်ဆောင်သွားကြရမည် ဖြစ်ပါသည်၊ ဤမြေအောက်ကွန်ယက်များသည် မြေပေါ်
တွင် ရပ်တည်လှုပ်ရှားခွင့်ရနေကြသော တိုးတက်သည့်တရားဝင်အဖွဲ့အစည်းများကို အတိုက်အခံပြုရန်။ ယှဉ်òပိင်ရန်မဟုတ်ပဲ။ထိုအဖွဲ့များကို အားဖြည့်ပေးရန်သာ ဖြစ်ပါသည်၊ ဤသို့သော လုပ်ငန်းများတွင် အရေးပါသောကိစ္စများကို ကြည့်ကြပါစို့၊

၁၊ မြေအောက်ကွန်ယက်များ
လေးနက်သော။ ယုံကြည်ရလောက်သောသူများကိုသာ ပါဝင်စေသင့်ပါသည်၊ ခေါင်းဆောင်အနေဖြင့် အဖွဲ့ဝင် သစ်အဖြစ် ဖြစ်နိုင်ရန်အလားအလာရှိသောသူများကို အစဉ်သဖြင့်စောင့်ကြည့်လေ့လာနေရမည် ဖြစ်ပါသည်၊ ထိုသို့လေ့လာစောင့်ကြည့်နေသူများ၏ နိုင်ငံရေးအရ ရှင်းလင်းသူများ။ ခိုင်မာသောသံန္ဓိဌာန်ရှိသူများ။ စည်းစနစ်ကျနသူများ။ ရိုးသားသူများ။တည်ကြည်ထိန်းချုပ်နိုင်သူများကို လေ့လာစောင့်ကြည့်ရမည် ဖြစ်ပါသည်၊ အလားတူ လျှို့ဝှက်မှုများကိုစောင့်ထိန်းနိုင်သူများကိုလည်း စောင့်ကြည့်လေ့လာရပါမည်၊ ထို့အပြင် ရဲစွမ်းသတ္တိရှိသူများနှင့် ရန်သူအဖမ်းခံရသည့်တိုင် အာခံအံတုနိုင်သူများကိုလည်းစောင့်ကြည့် စည်းရုံးသင့်ပါသည်၊

၂၊ စည်းရုံးသိမ်းသွင်းလာသူများကို ယူနစ်တခုအဖြစ်လည်းကောင်း။ (ကလပ်စည်း) ဆဲလ်တခုအဖြစ် လည်းကောင်း စုစည်းသင့်ပါသည်၊ အရေးနိမ့် သောအခြေအနေ။ ဖမ်းဆီးခံရသောအခြေအနေများကို ကာကွယ်နိုင်ရန်အတွက် အရေအတွက်အကန့်အသတ် ဖြင့်သာထားသင့်ပါသည်၊ ဆဲလ်ကို ခေါင်းဆောင်မည့်သူမှာ အတွေ့အကြုံများသောပုဂ္ဂိုလ်မျိုးကို ရွေးချယ်သင့်ပါသည်၊ ဆဲလ်အဖွဲ့ဝင်များသည် ဤကွန်ယက်အတွင်းရှိနေသော အခြားသောသူများကို မသိစေရပါ၊

၃၊ ဆဲလ်ခေါင်းဆောင်ကသာ မိမိကွန်ယက်၏ အထက်ခေါင်းဆောင်ကိုသိ၍ ဆက်သွယ်မှုလုပ်ငန်းများကို ဆောင်ရွက်စေရပါမည်၊ဤကွန်ယက်၏ အထက်ခေါင်းဆောင်က ညွှန်ကြားချက်များပေးခြင်းနှင့် အစီရင်ခံစာ များ လက်ခံခြင်းများ ဆောင်ရွက်ရပါမည်၊

၎၊ အတွေ့အကြုံအရှိဆုံးသောသူများ၏ ကော်မတီငယ်တခုက ဤကွန်ယက်ကိုဦးဆောင်စေသင့်ပါသည်၊ ဤဦးဆောင်မှုသည်အဖွဲ့ဝင် (၂) ဦး သို့မဟုတ် (၃) ဦးပါဝင်သော ဆဲလ်တခုဖြစ်သည်၊ ဤဆဲလ်သည် စက်ရုံတခုအတွက် ဦးဆောင်ကြီးကြပ်ရန်အတွက်သော်လည်းကောင်း။ ဒေသတခု။ မြို့တခုအတွက် ဦးဆောင်ကြီးကြပ်ရန်လည်း ဖြစ်ပါသည်၊ မြို့ကြီးတခုတွင်ဖွဲ့စည်းထားသောကွန်ယက်သည် ပိရမစ်ပုံသဏ္ဏာန် ကဲ့ သို့ တည်ဆောက်စေသင့်ပါသည်၊ မြို့ရှိမြေအောက်ကော်မတီသည် ထိပ်ဆုံးမှနေ၍ ဒေသဆိုင်ရာအလိုက် ဖွဲ့စည်းထားသောဆဲလ်များသည် အောက်ခြေတွင်ရှိနေကြမည် ဖြစ်သည်၊ အခြားသော အလယ်အလတ် အဆင့်ရှိအမိန့်ပေးစနစ်ဆဲလ်များသည် အလယ်အလွှာတွင်ရှိနေကြမည် ဖြစ်သည်၊ ဤသို့ဆဲလ်များ စတင် ဖွဲ့စည်းရာတွင် တခုဖြင့်စတင်သင့်သည်၊ ထိုသို့လုပ်ကိုင်ရင်းမှ အတွေ့အကြုံများလာမှုအပေါ်အခြေခံ၍ နောက်ထပ် ထပ်မံတည်ဆောက်သင့်သည်၊ (ပုံ-၁)

၅၊ လျှို့ဝှက်လုပ်ကိုင်ရသောလုပ်ငန်းများတွင် ဥပဒေသတခုမှာ။ အဖွဲ့ဝင်များသည် သူတို့လုပ်ငန်း ဆောင်ရွက် နိုင်ရန်အတွက် လိုအပ်သလောက်ကိုသာ သိထားခြင်းဖြစ်ပါသည်၊ အထက်မှ အောက်အခြေအဆင့်အထိ။ လူများအားလုံးသည် သူတို့.လုပ်ငန်းကိုဖုံးကွယ်ထားနိုင်ရန်အတွက် ခိုင်လုံသော ဟန်ပြဇာတ်လမ်းများရှိ ထားရပါမည်၊ ဤဟန်ပြဇာတ်လမ်းဆိုသည်မှာ သူတို့အမှန်တကယ်လုပ်ဆောင်နေသော ကိစ္စများကို ဖုံးကွယ် ရန်အတွက်။ သို့မဟုတ်ပုံဖျက်ထားနိုင်ရန်အတွက် ဇာတ်လမ်းဆင်ထားခြင်း။ သို့မဟုတ်လုပ်ကြံ၍ ဇာတ်လမ်း ဖော်ထားခြင်း ဖြစ်ပါသည်၊ ဥပမာအားဖြင့်- ပန်းခြံတခုအတွင့်းဆောင်ရွက်သော အစည်းအဝေးတခုအတွက် မိတ်ဆွေများအချင်းချင်းတွေ့ဆုံကြလေဟန် ဖန်တီးထားရန်လိုအပ်ပါသည်၊ အကယ်၍ သူတို့ကို မတော်တဆ ဖမ်းဆီးစစ်ဆေးခံရပါက။ သူတို့အချင်းချင်း အမှတ်မထင်တွေ့ဆုံကြပြီး။ ဘောလုံးပွဲအကြောင်း စကားပြောဆိုခဲ့ကြသည်ဟု ဇာတ်လမ်းကြိုတင်တိုက်ထားရမည် ဖြစ်သည်၊

၆၊ ကွန်ယက်အတွင်းရှိ လူများအားလုံးကို လျှို့ဝှက်ဆက်သွယ်ရန် အမည်ဝှက်များ (code name) ပေးထားရ မည်၊ ဤအမည်ထားရှိခြင်းအားဖြင့် သူတို့.အမှန်တကယ်ကိုယ်ရေးအချက်များကို ဖုံးကွယ်ထားနိုင်သည်၊ ထိုသူများတွင် ပြည့်စုံကောင်းမွန်သောမှတ်ပုံတင်ကပ်ပြားများ လုပ်ဆောင်ထားကြရမည်၊ အထူးသဖြင့် တရားမ၀င်နေထိုင်သောသူများအတွက်ဆိုလျှင် ပိုလိုအပ်သည်၊ ကွန်ယက်အတွင်းပါဝင်နေသောသူများကို ဖုံးကွယ်နိုင်ရန်အတွက် ပြည့်စုံခိုင်လုံသောဇာတ်လမ်းများဖန်တီးနိုင်ရန်။ အချိန်ပေးရန်လိုအပ်သကဲ့သို့ မိမိတို့ အားစိုက်ထုတ်လုပ်ကိုင်မှုလည်း လိုအပ်သည်၊ အကယှ်ု အခြားမသက်ဆိုင်သောလူစိမ်းတယောက်သိရှိ
သွားပါကလည်း။ မင်္သကာမဖြစ်ရလောက်အောင် ခိုင်လုံထားရန်လိုအပ်သည်၊
၇၊ တရားဝင်မဟုတ်သော စာရွက်စာတမ်းများ။ စာပေများ။ အစီရင်ခံစာများနှင့် လက်နက်များ (အသုံးမပြုပဲ ထားသောကာလတွင်)ကို သေချာလုံခြုံစွာ ဖွက်ထားရမည်၊ အထူးလျှို့ဝှက်သော ပစ္စည်းသိမ်းဆည်းရန် နေရာကို တည်ဆောက်ထားရန်လိုအပ်သည်၊ အစီရင်ခံစာများတွင် အမည်ဝှက်များကိုအသုံးပြုရန် လိုအပ်ပြီး။ အထူးအရေးပါသောအမည်များနှင့် သတင်းများအတွက် အမည်ဝှက်များ ထားရမည်၊

၈၊ ခေါင်းဆောင်အနေဖြင့် အောက်ခြေမိမိအဖွဲ့ဝင်များအားလုံးကို လျှို့ဝှက်မှုလုပ်ငန်းနှင့်သက်ဆိုင်သော နည်းနာများနှင့် ဥပဒေသများကို သင်တန်းပေးလေ့ကျင့်ပေးရန်လိုအပ်သည်၊ သင်တန်းများပေးခြင်းနည်း ဖြင့်သာ သူတို့.အရည်အသွေးများကိုထက်မြက်စေ ပြီး။ ရန်သူကို လက်တလုံးခြားအနိုင်ရအောင်လှည့်စားနိုင် လိမ့် မည် ဖြစ်သည်၊

၉၊ အခြားလျှို့ဝှက်နည်းနာများဖြစ်သော မမြင်ရသောမင်ဖြင့်စာရေးနည်း။ အမည်ဝှက်များအသုံးပြုခြင်း။ ပုံဖျက်ဖုံးကွယ်ခြင်း စသည်တို့ကိုကျွမ်းကျင်လာအောင် လေ့ကျင့်ပေးရမည်၊ မိမိအဖွဲ့ဝင်တဦးကို ရန်သူက စောင့်ကြည့်ခံနေရခြင်းရှိ-မရှိကို သိရှိနိုင်ရန်။ တန်ပြန်စောင့်ကြည့်ခြင်းနည်းနာများကိုလည်း လေ့ကျင့်ထားရ မည်၊ အဖွဲ့ဝင်အချင်းချင်းကြား လျှို့ဝှက်ဆက်သွယ်ရေးနည်းလမ်းများကိုလည်း လေ့လာ၍ အသုံးပြုရန် လိုအပ်သည်၊ ဤအချက်များအားလုံးကို သင်တန်းအစီအစဉ်တွင် ပါဝင်စေသင့်သည်၊

ဤနည်းနာများကို နောက်အခန်များတွင် ဖော်ပြသွားပါမည်၊
၁၀၊ အထူးကျွမ်းကျင်မှု၊ အကယ်၍ ကွန်ယက်တခုကိုတည်ဆောက်ပြီးစီးခဲ့ပါက။ ဆဲလ်တခုချင်းအတွက် ကျွမ်းကျင်မှုကိုအခြေခံ၍ အထူးတာဝန်များချထားပေးသင့်သည်၊ ဥပမာအားဖြင့်- ၀ါဒဖြန့်ချိရေး။ ဖောက်ခွဲ ဖျက်ဆီးရေး။ တိုက်ခိုက်ရေး။ လူထုလုပ်ငန်း။ စက်ရုံအတွင်းစည်းရုံးရေး စသဖြင့်ဖြစ်သည်၊

ယခုအချိန်တွင် ဤဖော်ပြပါအချက်များမှနေ၍ အချို့သောအချက်အလက်များကို စတင်အသုံးပြုပြီး။ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်၊သင်၏လုပ်ငန်းများကို ဖုံးကွယ်နိုင်ရန်အတွက် ဇာတ်လမ်းများ စတင်၍ ဖန်တီးထားစေလိုပါသည်၊ အကယ်၍ သင်၏မိတ်ဆွေတဦး ကသော်လည်းကောင်း။ ပုလိပ်တဦးက သော် လည်းကောင်း သင်ထံတွင် တော်လှန်ရေးထုတ်ဂျာနယ်တစောင်တွေ့ရှိပါက မည်သို့မည်ပုံ အပြစ်မရှိကြောင်း ဆင်ခြေပေးမည်နည်း၊ စဉ်းစားထားစေလိုပါသည်။

၃၊ လျှို့ဝှက်ရေးအတွက် ဥပဒေသအချို့

သတိမမူ လက်လွတ်စပယ်လုပ်သောကိစ္စများမှနေ၍ အဖမ်းခံရခြင်းများ ဖြစ်တတ်ပါသည်၊ ပါးစပ်ဖွာခြင်း။ အာချောင်ခြင်းနှင့်ထူးဆန်းသော အမူအကျင့်များသည် ပုလိပ်များက သတိပြုမိလာအောင် ဆွဲဆောင်နေ သကဲ့သို့ ဖြစ်စေပါသည်၊ လျှို့ဝှက်ရေးလုပ်ငန်းများသည် သတိအမြဲတစေရှိမှုနှင့် နိုးကြားမှုလိုအပ်ပါသည်၊ လျှို့ဝှက်ရေးဥပဒေသများကို လိုက်နာခြင်းအားဖြင့် မိမိလုပ်ဆောင်နေသောကိစ္စများကို ဖုံးကွယ်ထားနိုင်ပြီး။ ရန်သူက ဖန်တီးထားသောအခက်အခဲများကိုလည်း ကျော်လွှားစေနိုင်ပါသည်၊ ပထမအနေဖြင့် အောက် ဖော်ပြပါ အခြေအနေကို လေ့လာစေလိုပါသည်၊

မလုပ်ဆောင်အပ်သောကိစ္စများ

အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ကို (X)သည်။ တòပိင်နက်တည်းမှာပင် လျှို့ဝှက်ဆဲလ်တခုကိုလည်း ဦးဆောင်နေသည်၊ သူက သူ၏ဆဲလ်အဖွဲ့ဝင်များဖြစ်သော ကို (Y) နှင့် ကို (Z) ထံ သို့ဖုန်းဆက်ပြီး။ ရုပ်ရှင်ရုံတခု၏ အပြင်၌တွေ့ရန် စီစဉ်သည်၊ ကို (X) ကသူ၏ရုံးမှထွက်ခွါပြီး။ အစည်းအဝေးသို့ အလောသုံးဆယ်သွားရာ မိနစ် (၃၀) ခန့်နောက်ကျနေသည်၊ Y နှင့် (Z) က အချိန်တကြည့်ကြည့်နှင့် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေရသည်၊ သူတို့ (၃) ဦးက ပုံမှန်တွေ့ဆုံနေကြဖြစ်သော လက်ဖက်ရည် ဆိုင်သို့သွားရန် ဆုံးဖြတ်ထားကြသည်၊ သူတို့က လက်ဖက်ရည်ဆိုင်ထဲတွင် အသံလျော့၍ ပြောကြသည်၊ ရုပ်ရှင်ရုံထဲမှထွက်လာသောသူများက တဖြေးဖြေးနှင့် လက်ဖက်ရည်ဆိုင်အတွင်း ၀င်လာကြသည်၊ ထိုအထဲမှတဦးက (X) ၏ဆွေမျိုးတော်စပ်သူတဦးဖြစ်ပြီး။ ထိုသူ က (X) ကို နှုတ်ဆက်သည်၊ (Y) နှင့် (Z) က ချက်ချင်းရုပ်ပျက်ဆင်းပျက်ဖြစ်ကာ ထထွက်သွားကြသည်၊ ထိုသူများကမည်သူတွေနည်းဟု မေးသော အခါ။ (X) က ပထမတွင် တုန့်ဆိုင်းနေသေးသည်၊ နောက်ပိုင်းတွင် သူ့ကိုအထင်ကြီးစေလိုသောသဘောဖြင့် “သူတို့က လူကောင်းတွေပါ။ သူတို့ကအခြေအနေဘယ်လိုဖြစ်နေသလဲသိရအောင် ကျနော့်ဆီ လာမေးကြ တာ ပါ” ဟုပြောသည်၊ ဤနည်းအားဖြင့် နောက်ထပ်နိုင်ငံရေးကြာရှည် ဆက်ဆွေးနွေးဖြစ်ရန် အကြောင်းဖန်လာရသည်၊ (X) က အမှားပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီး။ နောက်ဆုံး များမကြာမီပင် (၃) ဦးလုံး ခုံရုံးပေါ်တက်ရသောအခြေအနေ ဆိုက်ရောက်စေခဲ့သည်၊ ဤဇာတ်လမ်းတွင် သူ၏အမှားများက ထင်ရှားလှသည်၊ သို့သော်လူပေါင်းများစွာက (X) ကဲ့သို့ပင်ပြုမူလေ့ရှိကြသည်၊ ထိုသူများက စနစ်တကျ သေချာစွာ ပြင်ဆင်ထားခြင်း မရှိကြပေ၊ ရုတ်ချည်း ဆောင်ရွက်မှုများကြောင့် လူအများအာရုံစိုက်မိစေရန် ဖြစ်စေသည်၊အချိန်မတိကျ၊ သူတို့. လုပ်ဆောင်ချက်များကိုလည်း ပုံဖျက်ဖုံးကွယ်မှု မလုပ်ဆောင်ကြ၊ ဟန်ပြဇာတ်လမ်း မဖန်တီးထားကြ၊နှုတ်ဖွာကြသည်၊ စသဖြင့် များစွာအားနည်းချက်များ ရှိသည်၊ ဤသို့ အားနည်းချက်များကို လူအများက ကောက်ယူမိကြသည်၊

(X) အနေဖြင့် (Y) နှင့် (Z) အတွက် စံနမူနာကောင်း ဖြစ်သင့်သည်၊ ဤသို့သောအမှားမျိုးကို ရှောင်ကျဉ်နိုင် ရန်အတွက်လျှို့ဝှက်ရေးဥပဒေသများကို လေ့လာရန်လိုအပ်သကဲ့သို့။ ကျင့်သုံးရန်လည်း လိုအပ်သည်၊ လူအများက သိပြီးသားဟုထင်ကြသည်၊ သို့သော် အလေးမထား။ အမှတ်တမဲ့ပင် နေတတ်ကြသည်၊

မှတ်သားသတိပြုရန် အချက်များ
၁၊ မိမိလုပ်ဆောင်နေသော ကိစ္စများကို ဖုံးကွယ်နိုင်ရန် ယုံကြည်စေလောက်သော။ ခိုင်လုံသော ဟန်ပြ ဇာတ်လမ်းကို အမြဲဖန်တီးရမည်၊ (X) အနေဖြင့် ပြောသင့်သည်မှာ (Y) နှင့် (Z) တို့သည် အလုပ်သမားများ ဖြစ်ကြပြီး။ သူတို့အကြောင်းသိပ်မသိ၊ မတော်တဆတွေ့ဆုံမိကြသောအချိန်၌ ထိုသူများကို သမဂ္ဂ၀င်ရန် တိုက်တွန်းနားချနေခြင်းဖြစ်သည်ဟု ပြောသင့်သည်၊

၂၊ မြေအောက်အဖွဲ့ဝင်များကို လျှို့ဝှက်အဖြစ်ထားရမည်၊ (X) အနေဖြင့် (Y) နှင့် (Z) ကို လူကောင်းများ အဖြစ် ဖော်ပြပြောဆိုရန် မသင့်၊
၃၊ ပုံမှန် သဘာဝအတိုင်းပြုမူရမည်၊ မိမိကို လူအများသတိပြုလာမိစေရန် မလုပ်ဆောင်သင့်၊ လူတဦးလို နေထိုင်ပါ၊ လူအများကြားရောနှောနေပါ၊ (X) (Y) နှင့် (Z) တို့သည် သံသယဖြစ်ဖွယ်ရာကောင်းအောင် ပြုမူခဲ့ကြသည်၊
၎၊ နှုတ်မဖွာပါနှင့်၊ လျှို့ဝှက်ချက်များကို အသက်နှင့်ထပ်တူထား၍ထိန်းသိမ်းပါ၊ “မည်သူ့ကိုမှ မယုံပါနှင့်။ တတ်နိုင်သမျှ နည်းနည်းသာပြောပါ” ဟူသောဆိုရိုးစကားအတိုင်း ကျင့်ကြံပါ၊ ဤမူကို (X) က မကျင့်သုံးခဲ့ ပေ၊
၅၊ သတင်းပေးများရန်မှ အမြဲသတိရှိပါ၊ ထိုသူများက သင်.အနီးသို့ချဉ်းကပ်လာတတ်ပါသည်၊ ထိုသူများက စစ်သွေးကြွစကားများကိုပြော၍ ထောက်ချောက်ဆင်တတ်ပါသည်၊ သင့်ကို စမ်းသပ်တတ်ပါသည်၊ (X) အနေဖြင့် သူ၏ဆွေမျိုးဖြစ်သူကို မသေချာပဲ ယုံကြည်ခဲ့ပါသည်၊
၆၊ စည်းကမ်းရှိပါ၊ ထက်မြက်စွာ လုပ်ဆောင်ပါ၊ အချိန် တိကျပါ၊ (X) တွင် ဤအချက်အလက်များလုံးဝ မပြည့်စုံပါ၊ အစည်းအဝေးကျင်းပရန် စောင့်ဆိုင်းခိုင်းထားသောနေရာ၌ (၁၀) မိနစ်သာစောင့်ပါ၊ နောက်ကျမှ လာသောသူ သည် ဖမ်းခံနေရသည်မျိုး ဖြစ်တတ်ပါသည်၊

၇၊ လိုအပ်သောကိစ္စများကို ကြိုတင်၍ပြင်ဆင်ထားပါ၊ ပုံမှန်အနေအထားအတိုင်း သမားရိုးကျ ဆောင်ရွက်နေ သော အပြုအမူမျိုးကိုရှောင်ပါ၊ ရန်သူကသင့်ကိုစောင့်ကြည့်ထောက်လှမ်းရန် လွယ်ကူစေသောကြောင့် ဖြစ်ပါသည်၊ (X) သည် အစည်းအဝေးကို စီစဉ်ရာ၌ ညံ့ဖျင်းပါသည်၊ ဤအစည်းအဝေးနေရာသို့ အခြားအရေးပါသောနေရာတခုမှ ချက်ချင်းအပြေးလာခဲ့ပြီး။ နောက်ယောင်ခံလိုက် လာသည်မျိုး ဖြစ်စေနိုင်ပါသည်၊ ထို့အပြင် ထိုလက်ဖက်ရည်ဆိုင်ကိုလည်း မကြာခဏအသုံးပြုခဲ့ပါသည်၊
၈၊ သင်နှင့် မသက်ဆိုင်သောကိစ္စများကို ဖုံးကွယ်ရန် မကြိုးစားပါနှင့်၊ သင်လုပ်ဆောင်ရန်ရှိသော တာဝန်များ ကို ဆောင်ရွက်ရန်အတွက် သင်သိသင့်သောကိစ္စမဋကိုသာ သိရှိထားရန်လိုအပ်ပါသည်၊

၉၊ တယ်လီဖုန်းအပေါ်တွင် ပြောဆိုသမျှသောကိစ္စများကို သတိထား၍ပြောဆိုရန် လိုအပ်ပါသည်၊ (တယ်လီဖုန်းကို ကြားဖြတ်နားထောင်နိုင်ပါသည်၊) လူအများရှိသောနေရာများတွင် ပြောဆိုသော ကိစ္စများကိုလည်း သတိပြုရန်လိုအပ်ပါသည်၊ (သင်ပြောသည်ကို အခြားသူများ တစွန်းတစ ကြားသွားနိုင်ပါသည်၊) အထူးအရေးပါသောကိစ္စများကို ဖုံးကွယ်ထားရန်လိုအပ်ပါသည်၊ အထူးသဖြင့် လူအမည် များ စသဖြင့် ဖြစ်ပါသည်၊ ၄င်းအစားလွယ်ကူသော စကားဝှက်များ အသုံးပြုနိုင်ပါသည်၊
၁၀၊ လျှို့ဝှက်ဆောင်ရွက်အပ်သော တရားမ၀င် ကိစ္စများအတွက် လက်စလက်န။ သဲလွန်စများ အားလုံး ကိုဖျောက်ဖျက်ပါ၊ ဤမှတဆင့်နောက်ယောင်ခံ လိုက်လာနိုင်ပါသည်၊ ပစ္စည်းများပေါ်မှ လက်ဗွေရာများကို သုတ်ပစ်ပါ၊ လက်နှိပ်စက်များကိုနောက်ယောင်ခံ၍လည်း လိုက်လာနိုင်ကြောင်း သတိပြုသင့်ပါသည်၊ ဆိုင်များမှ ၀ယ်ယူလာသောပစ္စည်းများကိုလည်း သေချာစစ်ဆေးသင့်ပါသည်၊

၁၁၊ ပစ္စည်းများကို သေချာသိုဝှက်ထားရန်လိုအပ်ပါသည်၊ ဥပမာ လက်ကမ်းလွှာများ။ လက်နက်များ စသဖြင့် ဖြစ်ပါသည်၊ သင်နေထိုင်သောနေရာတွင် ထိုပစ္စည်းများကို အတူတကွမထားရပါ၊ အထူးအရေးပါသော အမည်များ။ လိပ်စာများကို အလွတ်ရနေအောင်မှတ်ထားရန် လိုအပ်ပါသည်၊ ရေးချ မထားရပါ၊
၁၂၊ ပြည့်စုံခိုင်လုံသော အထောက်အထား။ မှတ်ပုံတင်သက်သေခံကပ်ပြားများကို ကိုင်ဆောင်ထားရန် လိုအပ်ပါသည်၊
၁၃၊ သင်၏မြို့အကြောင်းသိနေရန်လိုအပ်ပါသည်၊ လမ်းများ။ ပန်းခြံများ။ ဆိုင်များ စသဖြင့်ကို သင်လက်ဝါးပြင်ပေါ်မှ လက္ခဏာသဖွယ် သိနေရပါမည်၊ ဤသို့အားဖြင့်လျှို့ဝှက်လုံခြုံနိုင်သောနေရာကို ရှာဖွေတွေ့ရှိနိုင်ပြီး။ သင်၏နောက်ကို နောက်ယောင်ခံလိုက်နေခြင်းရှိ- မရှိကိုလည်း ပြန်လည်စစ်ဆေးနိုင်ပါ သည်၊

၁၄၊ အကယ်၍သင့်ကိုဖမ်းဆီးခံရပါက လျှို့ဝှက်အပ်သောအလုပ်များအားလုံးကို ငြင်းဆိုရန်လိုအပ်ပါသည်၊ သင်၏လုပ်ဖော်ကိုင်ဖက်ရဲဘော်များ၏အမည်ကို မည်သည့်အချိန်တွင်မှ မဖော်ထုတ်ရပါ၊ အသက်သေသည့် တိုင်အောင် မပြောရပါ၊
၁၅၊ နောက်ဆုံးအနေဖြင့်။ သင်၏ဆဲလ်အစုအတွင်းမှ ရဲဘော်တဦးဦးဖမ်းဆီးခြင်းခံရပါက။ ထိုသူကိုဖိအား ပေး၍သတင်းများကို ရန်သူက ရယူလိမ့်မည်ဟု တွက်ဆကာ။ ချက်ချင်းတုန့်ပြန် ပြင်ဆင်ရန်လိုအပ်ပါသည်၊ ဆိုလိုသည်မှာ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြင်ဆင်ခြင်း ဖြစ်ပါသည်၊ လိုအပ်ပါက ပုန်းရှိုးနေထိုင်ရခြင်းမျိုးပင် ဖြစ်နိုင်ပါသည်၊ ဤသို့လျှို့ဝှက်ရေးဥပဒေသများကို လိုက်နာကျင့်သုံးခြင်းအားဖြင့်။ တော်လှန်ရေးလှုပ်ရှားမှုများကို တိုးတက်ထိရောက်စွာဆောင်ရွက်နိုင်စေလိမ့်မည် ဖြစ်သည်၊ လေ့ကျင့်ခြင်း နည်းအား
ဖြင့် ပို၍ ပြည့်စုံကောင်းမွန်မှုကိုဖြစ်စေပြီး။ စည်းကမ်းရှိခြင်းနှင့် နိုးကြားသတိရှိနေခြင်းဖြင့် ရန်သူကို အသာစီးယူနိုင်လိမ့်မည်ဖြစ်သည်၊အနိုင်ရစေမည် ဖြစ်သည်၊

Labels:

posted by မြင့်ဇေ @ 3:43 AM   0 comments
လျှို့ဝှက်ရေးလုပ်ငန်းများကို ကျွမ်းကျင်စွာ ဆောင်ရွက်နည်း - ၁
လျှို့ဝှက်ရေးလုပ်ငန်းများကို ကျွမ်းကျင်စွာဆောင်ရွက်နည်းစာတမ်းများကို (၁၉၈၀) ခုနှစ်များအတွင်း ပထမအကြိမ်ပုံနှိပ်ဖော်ပြခဲ့ပြီး။ တောင်အာဖရိကကွန်မြူနစ်ပါတီ၏ စာစောင်ဖြစ်သော အမ်ဆီဘန်ဇီ (Umsebenzi) တွင် အခန်းဆက်ဖော်ပြခဲ့ပါသည်၊ နောက်ပိုင်းတွင် မြေအောက်လုပ်ငန်းလုပ်ကိုင်သူများ အတွက်အိပ်ဆောင်စာအုပ်ငယ်အဖြစ် ပြန်လည်စုစည်း ထုတ်ဝေခဲ့ပါသည်၊

မာတိကာ
၁၊ နိဒါန်း
၂၊ လျှို့ဝှက်ကွန်ယက်တခု တည်ဆောက်ခြင်း၊
၃၊ လျှို့ဝှက်ရေးကိစ္စများအတွက် ဥပဒေသအချို့
၎၊ စောင့်ကြည့်ခြင်း၊
၅၊ စောင့်ကြည့်ခြင်း နည်းနာများ
၆၊ တန်ပြန် စောင့်ကြည့်ခြင်း
၇၊ စောင့်ကြည့် စစ်ဆေးရာလမ်းကြောင်း (The Check Route)
၈၊ အကူအညီဖြင့်သော်လည်းကောင်း။ ယာဉ်ဖြင့်သော်လည်းကောင်း စောင့်ကြည့်စစ်ဆေးသော လမ်းကြောင်းကို သုံးခြင်း
၉၊ ကားဖြင့် စစ်ဆေးစောင့်ကြည့်ခြင်း
၁၀၊ နောက်ယောင်ခံမှုကို အမြီးဖြတ်ခြင်း (မျက်ခြေဖြတ်ခြင်း)၊
၁၁၊ လျှို့ဝှက်ဆက်သွယ်ရေးစနစ်
၁၂၊ လူပုဂ္ဂိုလ်ချင်း တွေ့ဆုံမှုများ
၁၃၊ အရေးပေါ်နှင့် စစ်ဆေးမှုကိစ္စများအတွက် တွေ့ဆုံခြင်းများ
၁၄၊ မသိသောသူနှင့် တွေ့ဆုံခြင်းများ
၁၅၊ လူပုဂ္ဂိုလ်အရ မဟုတ်သော ဆက်သွယ်ရေးများ
၁၆၊ ဆက်သွယ်ရေးအချက်ပြသင်္ကေတများ
၁၇၊ ပုံသေစာတိုက်ပုံးများ
၁၈၊ မရွှေ့မပြောင်း တည်မြဲနေသော ပုံသေစာတိုက်ပုံးများ။ သယ်ဆောင်နိုင်သော။ ရွှေ့ပြောင်းနိုင်သော ပုံသေစာတိုက်ပုံးများ
၁၉၊ အရေးနိမ့်မှုများနှင့် ၄င်းတို့ကိုကျော်လွှားနည်းများ
၂၀၊ အရေးနိမ့်မှုများကို ပြန်လည်စုံစမ်းခြင်းနှင့် ဖြစ်သောနေရာဒေသဖော်ထုတ်ခြင်း၊

၁၊ နိဒါန်း
ဤစာတမ်းငယ်သည် လျှို့ဝှက်မှုအရေးပါပုံကို ဖော်ပြထားခြင်းဖြစ်ပြီး။ တော်လှန်ရေး. အရေးပါသော လျှို့ဝှက်မှုလုပ်ငန်းများကိုမည်သို့လျှို့ဝှက်စွာထမ်းဆောင်နိုင်မည်။ ရန်သူက အလွန်အမင်းလိုချင်နေသော လျှို့ဝှက်သတင်းများကို မည်သို့မည်ပုံကာကွယ်နိုင်မည် စသည့်နည်းများကို ဖော်ပြထားခြင်း ဖြစ်ပါသည်၊ လျှို့ဝှက်ခြင်းနည်းအားဖြင့် ခိုင်မာသောတော်လှန်ရေးလှုပ်ရှားမှုတရပ်ကိုတည်ဆောက်နိုင်မည် ဖြစ်ပြီး။ ရန်သူကို အောင်မြင်စွာတွန်းလှန် အောင်ပွဲခံနိုင်လိမ့်မည် ဖြစ်သည်၊ပြည်သူအများလွတ်မြောက်ရန်အတွက် ဆောင်ရွက်နေသောတော်လှန်ရေးလုပ်ငန်းမျာ့း လျှို့ဝှက်မှုနည်းလမ်းများကို သုံးနေရခြင်းမှာ မကောင်းသော အလုပ်မဟုတ်ပါ၊ လွန်ခဲ့သော ခေတ်ကာလများကပင် အုပ်ချုပ်သူလူတန်းစားများသည်။ အဖိနှိပ်ခံပြည်သူများ
လွတ်မြောက်ရေးအတွက် ကြိုးပမ်းမှုများကို အထမမြောက်ရလေအောင်။ ခက်ခဲရလေအောင် တလျှောက်လုံး လုပ်ထားကြသည်၊

အာဏာပိုင်များအနေဖြင့် အရက်စက်ဆုံးဆိုသော။ အဆိုးရွားအကောက်ကျစ်ဆုံးသောနည်းလမ်းများကို အာဏာဆက်လက်တည်မြဲရေးအတွက် သုံးခဲ့ကြသည်၊ အာဏာပိုင်များသည် တရားမျှတမှုမရှိသော ဥပဒေများကိုသုံး၍ အတိုက်အခံပြုသူများကိုတားမြစ်ချုပ်ချယ်ခြင်း။ ဖိနှိပ်ခြင်း။ ထောင်သွင်းအကျဉ်းချခြင်း။ သုတ်သင်ခြင်းများ ပြုခဲ့ကြသည်၊ သူတို့သည် လျှို့ဝှက်ပုလိပ်များ။စစ်သားများ။ သူလျှိုဒလံများ။ သတင်းပေးများကို သုံးကာ လူထုလှုပ်ရှားမှုများကို တလျှောက်လုံးဆန့်ကျင်လာခဲ့ကြသည်၊

သို့သော်လည်း ပြည်သူအများက ဤသို့ဖိနှိပ်သောနည်းလမ်းများကို မည်သို့ပြန်လည်တုန့်ပြန် ဆန့်ကျင်ရမည်ကို သိကြသည်၊မည်သို့လျှို့ဝှက်စွာ ဆောင်ရွက်ကြရမည်ကို သိကြသည်၊မိမိတို့နိုင်ငံတွင် အစောပိုင်းကာလသမိုင်းတလျှောက်လုံးတွင် ဤကိစ္စနှင့်ပါတ်သက်၍ ဥပမာပြသရန်။ ဥပမာ ကောင်းများစွာရှိခဲ့သည်၊ မာကန်ဒါ (Makanda)။ ဆက်ဝါယို (Cetshwayo)။ စက်ခုဟူနီ (Sekkhukhune)။ ဘန်ဘာသာ (Banbatha)စသောသူများသည် လျှို့ဝှက်သောနည်းလမ်းများကိုသုံး၍ ခုခံမှုလုပ်ငန်းများ ဆောင်ရွက်ရန် စည်းရုံးခဲ့ကြသည်၊ ဥပမာအားဖြင့် ဘန်ဘာသာဆိုလျှင် ကိုလိုနီစနစ်ကို ဆန့်ကျင်တွန်း လှန် သော သူပုန်ထမှုအတွက် နကန်ဒလာတောတွင်းမှနေ၍ လျှို့ဝှက်စွာ စုစည်းစည်းရုံးခဲ့ဖူးသည်၊

လျှို့ဝှက်ခြင်းအားဖြင့် ရန်သူကိုအသာစီးရစေသည်၊

တရားမ၀င်သောလုပ်ငန်းများဆိုလျှင် တခုမျှလုပ်၍ မဖြစ်နိုင်တော့သယောင် ရန်သူကအမြဲတစေဖော်ပြလေ့ရှိ သည်၊ လူအများကိုလည်းဤအတိုင်း ယုံကြည် နေစေသည်၊ မိမိတို့လှုပ်ရှားမှုများအတွင်းမှ ဖမ်းဆီးရမိသူများ။ ချေမှုန်းနိုင်သူများကိုလည်း အမြဲတစေဖော်ပြ ကြွားဝါလေ့ရှိသည်၊ အကျဉ်းထောင်များအတွင်း ထောင်သွင်းအကျဉ်းချထားနိုင်သော လွတ်မြောက်ရေး တိုက်ပွဲဝင်ရဲဘော်များကိုလည်း အမြဲထုတ်ပြလေ့ရှိသည်၊ သို့သော်လည်း ဤသို့ဖော်ပြပြောဆိုနေသူများသည် အဓိပ္ပါယ်မရှိသော လှိမ့်လုံးကြွားလုံးများသက်သက်သာဖြစ်သည်၊ တော်လှန်ရေးတခုကို ဆင်န$ဲရာတွင် အဖိတ်အစင်။ အဆုံးအရှုံးမရှိပဲ ဖြစ်နိုင်မည်မဟုတ်ဟူသည်မှာအမှန်ပင် ဖြစ်ပါသည်၊ သို့သော်လည်း တောင်အာဖရိက ကွန်မြူနစ်ပါတီနှင့် အာဖရိကအမျိုးသားကွန်ဂရက် (အေအဲန်စီ) တို့သည် တရားမ၀င်အဖြစ် ရပ်တည်ရင်း။ နှစ်ကာလကြာရှည်စွာ မဖြိုခွဲနိုင်ပဲတည်ရှိနေရသောအကြောင်းသည် ဤလှိမ့်လုံးကြွားလုံးများ မဟုတ်မှန်ကြောင်း သက်သေပြနေပါသည်၊ အာဏာပိုင်များအနေဖြင့် ဤသို့မြင့်မြတ်သော တော်လှန်ရေး လုပ်ငန်းကို ရပ်တန့်ပစ်ရန် ဖြစ်နိုင်မည်မဟုတ်ပါ၊ ဤသို့ရပ်တည်နေနိုင်သောအကြောင်းမှာလည်း မိမိတို့သည် လျှို့ဝှက်ရေးကိစ္စများကိုကျွမ်းကျင်စွာ ထိန်းသိမ်းလုပ်ကိုင်နိုင်သောကြောင့် ဖြစ်ပြီး။ ဤအချက်ကြောင့်ပင် ရန်သူကိုအသာစီးရစေခြင်းလည်း ဖြစ်ပါသည်၊

စည်းကမ်း။ သတိဖြင့်စောင့်ကြည့်မှုနှင့် မိမိဖာသာထိန်းချုပ်မှု

လျှို့ဝှက်အပ်သောနည်းလမ်းများမှာ လူအများ၏ ပုံမှန်စဉ်းစားဆင်ခြင်ပုံနည်းများနှင့် အတွေ့အဿကံများအပေါ်တွင် အခြေပြုထားခြင်းဖြစ်ပါသည်၊ သို့သော်လည်း ဤအချက်များကို ကျွမ်းကျင်ပါးနပ်စွာအသုံးပြုနိုင်ရန်ဆိုသည်မှာ အနုပညာတခုနှင့် ပိုတူပါသည်၊ စည်းကမ်း။ သတိဖြင့်စောင့်ကြည့်မှုနှင့် မိမိဖာသာထိန်းချုပ်မှုတို့ လိုအပ်ပါသည်၊ နာဇီသိမ်းပိုက် ထားသော ပြင်သစ်နိုင်ငံတွင် ခုခံတော်လှန်ရေးလှုပ်ရှားမှုအတွင်း ဖမ်းဆီးမှုလုံးဝမကြုံခဲ့ရသော စည်းရုံးသူတဦးက ပြန်ပြောပြရာတွင်။ သူအဖမ်းမခံရ သော အကြောင်းမှာ သူ့အနေဖြင့် ဤကာလအတွင်း တယ်လီဖုန်းတခါမှမသုံးခဲ့ကြောင်း။ လူအများစုဆုံရာ ဖြစ်သော ဘားဆိုင်များ။ စားသောက်ဆိုင်များ။ စာပို့တိုက်များကို ရှောင်ခဲ့သောကြောင့်ဖြစ်ကြောင်း ဆိုပါသည်၊ သူ့အနေဖြင့် လုံးဝ မြေအောက်ဘ၀တွင်သာ မျြှုပ်နှံနေခဲ့ပါသည်၊ သို့သော်လည်း တရားဝင်ရပ်တည်နေထိုင်ခွင့်ရှိသော။ မြေအောက်လုပ်ငန်းများတွင် ဆက်စပ်ပါတ်သက်နေသောသူများ သည်ပင်လျှင်မိမိတို့ရည်ညွှန်းဖော်ပြထားသော အချက်များကို အရည်အသွေးပြည့်လိုက်နာကျင့်ကြံရန် လိုအပ်ပါလိမ့်မည်၊

လေ့လာရေးနှင့် လျှို့ဝှက်ရေးဥပဒေသများကို အသုံးပြုခြင်း

ရုပ်ရှင်များတွင် သော်လည်း ကောင်း။ စာအုပ်များမှသော်လည်းကောင်း လူအများအနေဖြင့် လျှို့ဝှက်သော လုပ်ငန်းများတွင် ဆက်သွယ်ဆောင်ရွက်ကြရာ။ သင်္ကေတကုဒ်များ။ စကားဝှက်များ။ ပုန်းအိမ်များ။ လျှို့ဝှက် ပုန်းခိုနိုင်ရန်နေရာများ။ အိမ်များပါဝင်လေ့ရှိကြောင်းတွေ့ဖူးထားကြမည် ဖြစ်သည်၊ တက်ကြွလှုပ်ရှားသူ တဦး အနေဖြင့် ဤလျှို့ဝှက် ဥပဒေသများကိုလေ့လာပြီး။ လေးလေးနက်နက်လိုက်နာ ကျင့်သုံးရန် လိုအပ်ပါ လိမ့်မည်၊ ဤနည်းအားဖြင့်သာ ပြည်သူများအကြား ဆက်စပ်မှုလည်းရှိသော။ လျှို့ဝှက်မှုလည်းရှိသော အဖွဲ့အစည်းတရပ်ကို တည်ဆောက်နိုင်ပေလိမ့်မည်၊ ပြည်သူများအတွက် အာဏာရရှိရေး ဆောင်ရွက် နေသော လှုပ်ရှားမှုများကို ဦးဆောင်ရန် ဤလျှို့ဝှက်သောအင်အားစုများ သည်အရေးပါသော အခန်းကဏ္ဏက ပါဝင်ကြပါသည်၊ ဤစာတမ်း၏အောက်ပါ ခေါင်းစဉ်များကို ဆက်လက်ဆွေးနွေးဖော်ပြ သွားမည် ဖြစ်ပါသည်၊

၁၊ လျှို့ဝှက်ကွန်ယက်အဖွဲ့အစည်းတခုကို မည်သို့တည်ဆောက်မည်နည်း၊
၂၊ လျှို့ဝှက်မှုအတွက် ဥပဒေသများ
၃၊ စောင့်ကြည့်ခံရမှုကို မည်သို့ကျော်လွှားမည်နည်း၊
၎၊ လျှို့ဝှက်ဆက်သွယ်ရေးနည်းလမ်းများ
၅၊ နည်းနာများ၊ ဥပမာ လျှို့ဝှက်စာရေးနည်း။ လျှို့ဝှက် ပုန်းခိုရာအိမ်များ၊
၆၊ စစ်ကြောရေးကာလ မည်သို့ပြုမှုနေထိုင်မည်နည်း၊ (ဥပမာ ရန်သူကဖမ်း၍စစ်မေးခံရသောအခါ)

ဤအချက်များသည် လျှို့ဝှက်လုပ်ငန်းများအတွက် အရေးပါသောကိစ္စများဖြစ်ပါသည်၊

လျှို့ဝှက်စွာလုပ်ဆောင်နေရသောကာလ၏ လူအများကို စည်းရုံးရေးမှာ မလွယ်ကူလှပါ၊ သို့သော် သတိပြုရန် အချက်မှာ မိမိတို့ဤမျှခက်ခဲပင်ပန်းစွာ ဆောင်ရွက်နေသောလုပ်ငန်းများ။ လူအများအတွက် အမွန်မြတ်ဆုံး လုပ်ငန်း ဖြစ်နေသည်ဆိုသောကိစ္စပင် ဖြစ်ပါသည်၊

Labels:

posted by မြင့်ဇေ @ 2:37 AM   0 comments
လူထုလှုပ်ရှားမှုဓာတ်ပပုံများ
Wednesday, August 22, 2007








Labels:

posted by မြင့်ဇေ @ 11:01 PM   0 comments
၈၈ ကျောင်းသားများ၏ ကြေညာချက်
Tuesday, August 21, 2007
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် ဒီမိုကရေစီရေးလှုပ်ရှားဆောင်ရွက်နေသူများ
ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ သဘောထားကြေညာချက်

၂၂ ရက်၊ သြဂုတ်လ၊ ၂၀၀၇ ခုနှစ်

ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများသည် မြန်မာပြည်ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ လူ့အခွင့်အရေး နှင့် နိုင်ငံသားအခွင့်အရေးများ ထွန်းကားနိုင်ရေးအတွက် ကြိုးပမ်းနေသူများ ဖြစ်သည်။ ထိုသို့ကြိုးပမ်းရာ၌ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းနိုင်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အပေါ်တွင် အခြေခံ၍

၁။ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့် အဖြေရှာရေး
၂။ ၉၀ ခုနှစ်ရွေးကောက်ပွဲ ရလဒ်အပေါ်တွင် အခြေခံရေး၊
၃။ ဒီမိုကရေစီကို ဦးတည်သော ဖြေရှင်းမှုဖြစ်ရေး၊

ဟူသော အခြေခံမှု ၃ ရပ်ပေါ်တွင် ရပ်တည်ဆောင်ရွက်ခဲ့သည်။ ယခု ၂၁ ရက်၊ သြဂုတ်လ၊ ၂၀၀၇ ခုနှစ် ညသန်းခေါင်၌ နအဖ စစ်အစိုးရမှ ၈၈ မျိုးဆက်ခေါင်းဆောင်များ၊ ဒီမိုကရေစီကြိုးပမ်းနေသူများအား မည်သည့်အကြောင်းပြချက်မှ မရှိဘဲ နေအိမ်များ၌ ၀င်ရောက်ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းစွာအသွင်ကူးပြောင်းနိုင်ရေး ကြိုးပမ်းမှုအပေါ်တွင် နိုင်ငံရေးအရ အကြမ်းဖက်ခြင်းပင်ဖြစ်သည်။ ထိုကဲ့သို့ ဖမ်းဆီးခြင်းအား ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများမှ အပြင်းအထန် ကန့်ကွက်ရှုံ့ချသည်။

ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုကိုကြီးတို့အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဒီမိုကရေစီရေး ဆောင်ရွက်နေသူများအား ချွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံ၌ လက်ရှိကြုံတွေ့နေရသော စီးပွားရေး၊ နိုင်ငံရေးအကြပ်အတည်းများကို အမြန်ဆုံးဖြေရှင်းပေးရန် နအဖ စစ်အစိုးရအား အလေးအနက်တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံရှိ ရဟန်းရှင်လူမိဘပြည်သူအပေါင်းနှင့် မျိုးဆက်ကျောင်းသားအပေါင်းကလည်း မြန်မာပြည်ဒီမိုကရေစီထွန်းကားရေးကြိုးပမ်းမှုအပေါ်တွင် ထက်သန် ညီညာစွာ ကျွန်ုပ်တို့နှင့်အတူ ရပ်တည်ဆောင်ရွက်ကြဖို့ ပန်ကြားအပ်ပါသည်။

၈၈ မျိုးဆက်ကျောင်းသားများ
posted by မြင့်ဇေ @ 11:18 PM   0 comments
လွတ်မြောက်ရေးတိုက်ပွဲတွေဆီ ကျနော်လာခဲ့တယ်…. (၆)
မော့ဂနင် တပ်ကုန်းက စီးမြင်နေရတဲ့ ရေး-ထားဝယ်ကားလမ်းကို ကျနော်တို့ အလျင်အမြန် ဖြတ်ပြီးတော့ ငါးနာရီခွဲလောက်ပါပြီ။ ကျနော်တို့လိုက်လာတဲ့ ကုန်သည်အုပ်က အတော်များ ပြား ပါတယ်။ အသော့နှင်လိုက်ကြတာ ကျနော်လည်း ရွာအမည်တွေမမှတ်မိတော့ပါ။ တရွာနဲ့ တရွာက တခါတလေ နီးလိုက်၊ တခါတလေ ဝေးလိုက်ပါ။ မိုးတွင်းနှောင်းပိုင်းဖြစ်ပေမယ့် မြန်မာပြည်ရဲ့ တောင်ပိုင်းးဖြစ်တာကြောင့် မိုးကရွာဆဲ။ ဒါကြောင့် ရေစီးနေတဲ့ ချောင်းလတ်၊ ချောင်းသေးတွေ အကြိမ်ကြိမ်ဖြတ်၊ ချောင်းကြီးတွေကျရင် ကမ်းပါးတွေကို ကုတ်ကတ်တွယ် တက်ပြီး ကူးရပါတယ်။ ပုဆိုးထဲမှာ ကျောပိုးအိတ်ကို ထည့်ပြီး ခေါင်းပိုးလွယ်။ ပြီးတော့ ဘောကန်ဘောင်းဘီတိုကျပ်ကျပ်နဲ့ တရစပ်လျှောက်လိုက်ရတာ နေ့လည်စာချက်စားမယ် ဆိုတဲ့ ရွာရောက်တဲ့အထိပါဘဲ။ ကျနော်ကတော့ ဟောဟဲ လိုက်နေပါပြီ။ ကိုလင်းက ခန္ဓာကိုယ်အရရော၊ အတွေ့အကြုံအရပါ ကျနော့်ထက် တောင့်တင်းတော့ ကျန်တဲ့လူတွေနဲ့ အမှီလိုက်နိုင်တယ်။ ကျနော်ကတော့ အမျိုးသမီးများတဲ့အဖွဲ့နဲ့နောက်မှာ ကျန်ရစ်ခဲ့တယ်။

နောက်မှ သိရတာက ကျနော်တို့နဲ့အတူ ပါလာတဲ့ ကုန်သည်အုပ်က တဖွဲ့တည်းမဟုတ်ဘူး။ အစုအဖွဲ့တွေနဲ့လာကြတာ။ နေ့လည်စာ ထမင်းစားပြီးတော့ ကိုလင်းနဲ့ အတူလျှောက်နေတဲ့ အဖွဲ့က ဆက်ထွက်သွားတော့ ကိုလင်းက ညကျမှ အိပ်တဲ့နေရာမှာ တွေ့မယ်လို့ ပြောသွား တယ်။ မင်းတော့ဖြည်းဖြည်းဘဲ ဒီကုန်သည်အဒေါ်တွေနဲ့ လိုက်ခဲ့ပေါ့လို့ ပြောပြီးထွက်သွား တယ်။

ကျနော်တို့ ဆက်ထွက်လာတာ ချောင်းလတ်လတ်တခုစီးနေတဲ့ လယ်ကွင်းသေးသေးတခုကို ရောက်သွားတယ်။ တော်တော်ကြီးတဲ့ လယ်တဲလေး တလုံးရှိတယ်။ ဒီည ဒီမှာအိပ်မယ် လို့ပြောတော့ လူကထိတ်ခနဲ ဖြစ်သွားတယ်။ အရှေ့ကအဖွဲ့ကို အမှီမလိုက်တော့ဘူးလား အဒေါ်လို့ မေးတော့ သူတို့နဲ့ ငါတို့အဖွဲ့နဲ့က တူတာမဟုတ်ဘူးတဲ့။ ဘာမှ မပူပါနဲ့ ဘုရားသုံးဆူကျရင် နင့်သူငယ်ချင်းနဲ့ ပြန်ဆုံမှာပါ လို့ အဒေါ်ကြီးက ပြန်ပြောတယ်။ ဟုတ်ကဲ့ သာ ပြန်ပြောလိုက်ရတယ်။ လူ့မှာတော့ စိုးတထင့်ထင့်ပါ။ ကျနော့်ပိုးအိတ်ထဲမှာက ဆန်နဲ့ ငါးခြောက်၊ ကြက်သွန်နီပဲပါတယ်။ ကျန်တဲ့ ဆေးလိပ်တို့ ဘာတို့အားလုံးက ကိုလင်းနဲပါသွားပြီ။ ကဲ-အခုမှတော့ ပေါက်တဲ့နဖူးမထူးတော့ပါဘူးဆိုပြီး ချောင်းထဲ ရေသွားစိမ်ပြီးနေလိုက်တယ်။

ထမင်းစားသောက်ပြီး ဆေးလိပ်သောက်ချင်လာတော့ ဆေးလိပ်လည်း မရှိဘူး။ အဲဒီမှာတင် ပွတ်ချွန်းနဲ့ စတွေ့တော့တာပါဘဲ။ ဆေးရွက်ကြီးတွေကို အမျှင်လေးတွေ ဖြစ်အောင်လှီးထားပြီး သတင်းစာစက္ကူနဲ့ လိပ်သောက်ရတဲ့ ပွတ်ချွန်းကို အဲဒီမှာ စဖွာရတော့တာပါဘဲ။ အဒေါ်ကြီး ငှားလာတဲ့ ကုန်ထမ်းအငှားသမားတွေလည်း ကုန်ထမ်းရ၊ ချက်ပြုတ်ရတဲ့အပြင် ကျနော့်ကို ပွတ်ချွန်းလိပ်ပေးရတဲ့ အလုပ်ကိုပါ အပိုဆောင်းလုပ်ပေးခဲ့ရတယ်။

လမ်းမလျှောက်ဘူးတော့ နောက်နေ့မှာ ဘယ်လိုမှ လျှောက်ချင်စိတ်မရှိတော့အောင်ကို ဖြစ်ပေမယ့် လျှောက်မှ ရောက်မယ့်အဖြစ်မို့ ဆက်လျှောက်ခဲ့တယ်။ ကျနော်တို့နဲ့ ပါလာတဲ့ အုပ်စုထဲမှာ ထိုင်းနိုင်ငံမှာ သွားအလုပ်လုပ်မယ့် ခပ်ငယ်ငယ်မိသားစုတစုလည်း ပါတယ်။ သားအမိသားအဖ သုံးယောက်ပါ။ ယောင်္ကျားဖြစ်သူက ကျနော့်ကို အမြဲစောင့်စောင့်ခေါ်တယ်။ ကျနော်ကလည်း ကိုယ့်ကြောင့် ခရီးနှောင့်နှေးမှာစိုးပြီး မှီအောင်တော့ အမြဲလိုက်လာခဲ့ပါတယ်။ အဲဒီမိသားစုနဲ့ တော်တော်လေးလည်း ခင်သွားတယ်။

သွားနေရင်းတရက်မှာ အုန်းထမင်းစားလိုက်ရသေးတယ်။ နေ့လည်ဘက်ရွာလေးတရွာမှာ ၀င်နားတုန်း အဒေါ်ကြီးက ကြက်တကောင်ရတယ်ဆိုပြီး အုန်းသီးခူးခိုင်းပြိး အုန်းထမင်းချက် တာ၊ အဲဒီရွာမှာဘဲ သူပုန်လို့ ပြည်မကခေါ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က တပ်သား သုံးလေးယောက်ကို တွေ့လိုက်ရတယ်။ သူတို့ကို ပြောပြီးနေခဲ့ရင် ရပေမယ့် ကိုလင်းနဲ့လည်း တွေ့ချင်တာကြောင့် ဘာမှ မပြောဘဲ ဆက်လာခဲ့တယ်။

သုံးရက်မြောက်နေ့ မနက်ပိုင်းကျတော့ ဇမိမြစ်ကမ်းပါးကို ကျနော်တို့ ရောက်ခဲ့ပါပြီ။ အဲဒီကနေ လှေစီးပြီးသွားရမှာပါ။ ကျနော့်မှာတော့ အခက်ကြုံရပြန်ပြီ။ ကိုလင်းနဲ့အတူ ငွေတွေအားလုံး ပါသွားခဲ့တာကြောင့် လှေစီးဘို့ မပြောနဲ့ ဆေးလိပ်ဖိုးတောင်မှ မရှိလို့ ပွတ်ချွန်းသောက်ခဲ့ရတာ မဟုတ်လား။ လှေစောင့်နေတဲ့ အဒေါ်ကြီးနားကို သွားပြီး လှေခစိုက်ထားဖို့အကြောင်း၊ ဘုရားသုံးဆူ ရောက်မှ ပြန်ပေးမယ်ဆိုတဲ့အကြောင်း ပြောတော့ သူက ဟက်ဟက်ပက်ပက် ရီပါတယ်။

`ငါသိပါတယ်.. ကောင်လေးရဲ့၊ ကျန်တဲ့လူတွေလည်း သိကြတယ်။ ပြန်မပေးလည်း ပြဿနာ မရှိဘူး။ နင်တို့ကို စတွေ့ကတည်းက အလုပ်သွားလုပ်မယ့် လူတွေ မဟုတ်ဘူးဆိုတာလည်း သိတယ်။ တောခိုလာတဲ့ ကျောင်းသားတွေမှန်းလည်း သိတယ်။ အဲဒါကြောင့် ဒီအထိ နင့်အဖော်မရှိတာ တောင် ကောင်းကောင်းမွန်မွန် ခေါ်လာတာပေါ့။ ဟိုရောက်မှ အဆင်ပြေလည်း ပေး၊ မပြေလည်း မပေးနဲ့။ တောခိုမယ့် ကျောင်းသားတွေကို ငါခေါ်ခေါ်လာပေးတာ မနည်းတော့ပါဘူး။´လို့ ပြန်ပြောတော့ ၀မ်းလည်းဝမ်းသာသွားတယ်။ ရှက်လည်း ရှက်သွားတယ်။ ကိုယ့်မှာတော့ အလုပ်သွားလုပ်မယ်ဆိုပြီး ဟန်တွေပန်တွေ လုပ်နေရတာ။ သူတို့အားလုံးက သိနေခဲ့ပါလား ဆိုပြီး၊ နောက်တခုက လူထုရဲ့တရားကို မြင်ရလို့ပါ။ အာဏာရှင်ကို ဆန့်ကျင်ဘို့အတွက်မှာ အပြည့်အ၀မပါဝင်နိုင်သေးပေမယ့် တတ်နိုင်တဲ့ ဘက်က ၀ိုင်းလုပ်နေပါလားဆိုတာကို ကျနော်မြင်ရလို့ပါ။ အဲဒီမှာ စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ လှေပေါ်တက်ပြီးထွက်ခဲ့တယ်။

မြစ်သာဆိုတယ်။ ချောင်းကျယ်တခုလောက်ပါဘဲ။ တောင်ဆင်ခြေလျောတလျှောက် ရေဆင်း လာတာဆိုတော့ ရေဆန်ကအရမ်းပင်ပန်းတယ်။ စက်လှေနဲ့ တက်ပေမယ့်လည်း တချို့နေရာတွေမှာလူတွေ ဆင်းတွန်းရတယ်။ ရေကကြည်လင်လွန်းနေပြီး အနက်က ဒူးဆစ်သာသာလောက်ဘဲ။ ချောင်းလယ်နဲ့ ကမ်းပါးဘေးကျောက်ဆောင်တွေကြားမှာ မိုးမခပင်တွေ။ တခါတလေ ရေအားသန်တဲ့ နေရာတွေကျရင် လှေပေါ်ပါတဲလူအားလုံး မိုးမခပင်တွေကို ဆွဲထား၊ ပြီး ညာသံပေးပြီး လှုပ်ပေးကြ။ အဲဒါမှ မရရင် ဆင်းတွန်းကြနဲ့ ပွဲတော်တခုကို သွားနေကြသလို ပါဘဲ။

လှေ နှစ်နာရီခွဲ၊ သုံးနာရီသာသာလောက် စီးပြီးတော့ ချောင်းဆုံကို ရောက်ပါပြီ။ ချောင်းဆုံမှာက မွန်ပြည်သစ်ပါတီရဲ့ တပ်တွေရှိတယ်။ ကုန်သည်တွေအ၀င်အထွက် အရမ်းများတယ်။ လှေကပ်ပြီး အပေါ်ကို မော့ကြည့်တော့ တဲတလုံးရဲ့ ၀ရန်တာမှာ ကိုလင်း ထိုင်နေတာ တွေ့ရတယ်။ သူ့တွေ့တော့ တော်တော်လည်း ပျော်သွားတယ်။ အဲဒါနဲ့ ကိုလင်းဆီ က ငွေတောင်းပြီး အဒေါ်ကြီးကို ပေးတော့ အဒေါ်ကြီးက မယူပါဘူး။ ဒါပေမယ့် အတင်းပေး တော့မှ ယူတယ်။ နောက် ဆုပေးတယ်။ ဘေးမထိ ရန်မခပါစေကြောင်းဆိုပြီး။ သူတို့က အဲဒီမှာ နေခဲ့ဦးမယ်လေ။ ဒါနဲ့ အားလုံးကိုနှုတ်ဆက်ပြီး ဘုရားသုံးဆူကို ရောက်မယ့် လမ်းအတိုင်း ဆက်လျှောက်လာခဲ့တယ်။ (နောက်ပိုင်းအဒေါ်ကြီးနဲ့ရော၊ ဟိုမိသားစုလေးနဲ့ပါ ဆုံဖြစ် ပါ သေး တယ်။ဘုရားသုံးဆူ မကျခင်အထိ)

ဘုရားသုံးဆူရောက်တော့ ကရင်-မွန် ပူးတွဲကော်မတီ အခြေစိုက်တဲ့ ရုံးရှိရာကိုသွားတော့ တောခိုလာတဲ့ ကျောင်းသားတွေကို လက်ခံဖို့အတွက် ကျောင်းသားတပ်မတော်က ကိုယ်စားလှယ်က လာနှုတ်ဆက်တယ်။ ပြီးတော့ ကျနော်တို့ကို တပ်ရင်းအခြေစိုက်ရာကို ခေါ်သွားတယ်။ ထိုင်းမြေကို ဖြတ်ရတာမို့ ကားစီးလာခဲ့ရတယ်။ ဘုရားသုံးဆူဈေးကိုလည်း ခဏဘဲ ကြည့်ဖြစ်တယ်။ ကားပေါ်ကနေပါ။ ကားကို ၁၅ မိနစ်လောက်စီးလာတော့ နမ့်ကိတ်ဆိုတဲ့နေရာကို ရောက်သွားတယ်။ ထိုင်း-မြန်မာနယ်နိမိတ်ကို အဲဒီနေရာမှာ ကားလမ်းနဲ့ ပိုင်းထားတာပါ။ မြန်မာမြေဘက်ပြန်ကူးပြီး ၁၅ မိနစ်လောက်ထပ်လျှောက်တော့ အော်သံတချို့ကို ခပ်အုပ်အုပ်ကြားရတယ်။ သေချာနားထောင်ကြည့်တော့
`ဘာလုပ်နေလဲ ၊ လေ့ကျင့်နေတယ်´
`ဘာစိတ်ဓာတ်လဲ၊ ခွပ်ဒေါင်းစိတ်ဓာတ်´ ဆိုတာပါဘဲ။

ပြီးတော့ ခွပ်ဒေါင်းအလံစိုက်ထားတဲ့ ကင်းဂိတ်တခုနဲ့ ကင်းစောင့်နေတဲ့ စစ်ဝတ်စုံဝတ်ထားတဲ့ သူရဲ့ ရင်ဘတ်မှာ ကျောင်းသားတပ်မတော်ဆိုတဲ့ ရင်ဘတ်တံဆိပ်ကို တွေ့လိုက်ရပါတယ်။ သေချာပါပြီ။ ကျနော် မျှော်မှန်းရည်ရွယ်လှမ်းလျှောက်ခဲ့တဲ့ ခရီးလမ်းဆုံးကို ရောက်ခဲ့ပါပြီ။ ဒါပေမယ့် အမေ့အိမ်ကထွက်လာတဲ့ခရီးအတွက် လမ်းဆုံးပန်းတိုင်ဖြစ်ပေမယ့် တော်လှန်ရေး ပြောက်ကြား ရဲဘော်တဦးရဲ့ ဘ၀အတွက်တော့ အစပြုရာပါ။ ။

ပြီး

Labels:

posted by မြင့်ဇေ @ 2:29 AM   1 comments
ရဟန်းပျိုသမဂ္ဂ၏ထုတ်ပြန်ကြေညာချက်
Monday, August 20, 2007

Labels:

posted by မြင့်ဇေ @ 9:32 PM   0 comments
အမုန်းကင်းစေတော့
Saturday, August 18, 2007
`ဟော့ဒီ တောင်ယာ၊ ဖုန်းဆိုး
ကမ်းပါး၊ ချောင်းခြောက်
တလျှောက်……
သွေးတွေ ဘယ်လောက်ထိအောင်
ပေးရမှာလဲ
အာဃာတတွေ ကျေပျက်ဖို့
မင်းတို့နင်းလိုက်
တွေ့ရမယ်။
စိတ်ကြည်လင်တဲ့ အရိုးစုဖြူဖြူများထဲက
နားလည်မှု၊ ချစ်ခင်လိုမှူ
သွေးစည်းလိုစေမှုများနဲ့
သူတို့သံသရာကို သူတို့က စိတ်ချလက်ချမရှိခဲ့ဘူး။…´
(ကျနော် ၂၅ တင်းတင်းပြည့်ခဲ့ပြီ…) (ကဗျာရှည် - မြင့်ဇေ)

တခါက ကျနော် ရေးပြီး ဘယ်မှ မဖြန့်ဖြစ်ခဲ့တဲ့ ထုတ်ဝေခွင့်မရခဲ့တဲ့ ကိုယ်တိုင်မီးရှို့ခဲ့ရတဲ့ မှတ်စုစာအုပ် ထဲမှာ ရေးဖွဲ့ခဲ့တဲ့ ကဗျာရှည်တပုဒ်ထဲက အပိုဒ်တပိုဒ်ပါ။ အဲဒီအချိန်က ကျနော်ရောက်နေတာက မြန်မာပြည်အလယ်ပိုင်းက ဒေသတခုမှာပါ။ ၁၉၉၃ မေလ ထဲမှာ ကျနော်တို့ ပါဝင်ခဲ့တဲ့ စစ်ကြောင်းက ရောက်ခဲ့တာပါ။

ကျနော် မြန်မာပြည်မကလာခဲ့တဲ့ ကျောင်းသားတယောက်ပါ။ ပြည်မမှာလည်း တိုင်းရင်းသားလူမျိုးစုံ နေထိုင်ခဲ့ကြတဲ့အတွက် တောထဲကို ရောက်လာတဲ့ ကျောင်းသားတွေဟာလည်း လူမျိုးစုံပါပါတယ်။ ဒါပေမယ့် ဗမာတွေများပါတယ်။ ပြည်မကလာတယ်ဆိုရင် ဗမာ ဆိုတဲ့ အမြင်ဟာ အခုမှ ရှိခဲ့တာ မဟုတ်ပါ။ ကြာလှပါပြီ။ စစ်တပ်က ၇ွာကို မီးရှို့ ၇င် ဒါက ဗမာစစ်တပ်လက်ချက်။ နောက် မုဒိမ်းကျင့်ရင် ဗမာ…. စသဖြင့် လူမျိုးရေးကို အညှိုးအတေး ကြီးစေမယ့် အရာတွေက ကြီးစိုးခဲ့တာကြာလှခဲ့ပါပြီ။

၈၈ အရေးတော်ပုံနောက်ပိုင်း ကျနော် အပါအ၀င် အင်အားအတော်အတန် ရှိတဲ့လူများစွာ လက်နက် ကိုင် တော်လှန်ရေးရှိရာဆီ ရောက်လာခဲ့တယ်။ ရောက်လာခဲ့တဲ့ လူများစုဟာ (ပြန်သွားကြတဲ့ လူတွေ က လွဲပြီး) ဘာမှမရှိတဲ့ အခြေအနေအောက်မှာ လက်နက်ကိုင်တော်လှန်ရေးကို ကိုင်စွဲခဲ့ကြတယ်။ ကျနော်တို့မှာ အခြေခံလူထု၊ အခြေခံနယ်မြေ မရှိခဲ့ဘူး။ ကိုယ်ပိုင်တပ်မတော်တခုဘဲ နောက် အဲ့ဒီတပ်မတော်ကို နိုင်ငံရေးအရ ဦးဆောင်ဖို့ အဖွဲ့အစည်းတခုပဲ ကျနော်တို့မှာ ရခဲ့တယ်။

ဒါပေမယ့် ကျနော်တို့ ဖြတ်သန်းခဲ့ရာ ကာလတွေမှာ တနည်းမဟုတ် တနည်းနဲ့ ကိုယ်ပိုင်လက်နက် တပ်ဆင်နိုင်ဘို့ ကြိုးစားခဲ့ကြတယ်။ ၀န်ဆောင်မှုတွေ၊ အသက်တွေ၊ သွေးတွေ၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ၊ မျက်ရည်စများနဲ့…..

ကိုယ့်အသက်ကိုယ် ကာကွယ်ဘို့၊ ကိုယ့် ယုံကြည်ချက်ကို ဆုပ်ကိုင်ဘို့ ၊ ကိုယ့်အဖွဲ့အစည်း ကိုယ့်တပ်မတော်ရဲ့ ခွပ်ဒေါင်းအလံမြေမကျဘို့ ..အတွက် ကိုယ်ပိုင်လက်နက်တွေကို စုခဲ့ရတယ်။ ရပေမယ့်လည်း ကျနော်တို့နဲ့ ရင်ချင်းအပ်ထားတဲ့ မဟာမိတ်တွေနဲ့အတူ သူတို့ရော ကျနော်တို့ရော ကြိုးပမ်းခဲ့ရတယ်။ စစ်ပွဲတွေများမြောင်လှစွာ…။ အခက်အခဲတွေ မရေမတွက်နိုင်စရာ…..။ ဖြတ်လေးဖြတ်များက… မိုးဦးကာလ၏ မိုးစက်များလို…။

ကျနော်တို့ အခြေခံရာဒေသများမရှိခဲ့ပါ။ အခြေခံလူထုများမရခဲ့ပါ။ ဒါပေမယ့် ကျနော်တို့ ပေးဆပ်ခဲ့ကြ ပါတယ်။ မြန်မာတပြည်လုံးလွတ်မြောက်ရေးအတွက်၊ တဦးနှင့်တဦးနားလည်မယ့် ဖက်ဒရယ် ပြည်ထောင်စုအတွက်၊ နိုင်ငံတ၀ှမ်း က လူထုရဲ့ ပြည်တွင်းစစ်သောကအတွက် ငြိမ်းချမ်းရေးရစေရန် အတွက်။ ဘာလို့ကျနော်တို့ပေးဆပ်ခဲ့ကြသလဲ။ ကျနော်တို့ရဲ့ တိုင်းပြည်ညီညွတ်ရေး၊ အမျိုးသား သွေးစည်းမှု ကျစ်လစ်ရေးအတွက်ပါ။

လသာတဲ့ညတွေမှာ၊ ဒါမှမဟုတ် တောင်ယာခုတ်တဲ့အချိန်တွေမှာ မြန်မာတိုင်းရင်းသားပေါင်းစုံတွေရဲ့ ခြေလှမ်းတွေနင်းတဲ့ မြေသားမာမာတွေအောက်မှာ တိုင်းပြည်ကိုချစ်တဲ့ ဗမာလူငယ်တွေရဲ့ သွေးနဲ့ အရိုးကျ ခန္ဓာကိုယ်တွေ ဖုံးလွှမ်းနေတယ်ဆိုတာ ဘယ်သူမှမသိနိုင်ခဲ့ပါဘူး။ ပြဿနာက မဟာလူမျိုးကြီးဝါဒကို မြင်ပြီး စစ်အာဏာရှင်ကို မမြင်လို့ပါ။

တကယ်က မဟာလူမျိုးကြီးပါဝင်တဲ့ စစ်အာဏာရှင်စနစ်ကြောင့်ပါ။

ဒါနဲ့ ဟိုးအထက်က အပိုဒ်ကို ကျနော် အသက် ၂၅ နှစ်ပြည့်သွားတဲ့ အချိန်က မီးရှို့ခဲ့ရတဲ့ မှတ်တမ်းစာအုပ်ထဲက ကဗျာရှည်ထဲမှာ ရေးမိတာပါ။ ကျနော်ချစ်တဲ့ ရဲဘော်တွေကလည်း တဖြုတ်ဖြုတ် ကျဆုံးနေခဲ့ချိန်ပါ။

Labels:

posted by မြင့်ဇေ @ 10:47 AM   1 comments
ရန်သူနှင့်စကားပြောခြင်း-၈
Sunday, August 12, 2007
၉၇

ဇူလိုင် (၄) ရက်နေ့မှာ ကျနော့်ကို ဗိုလ်ချုပ်ဝီလမ်စီလာတွေ့ပြီး နောက်တနေ့ကျရင်သမတဘိုသာနဲ့တွေ့ဖို့ ကျနော့်ကိုခေါ်သွား မယ် လို့ အကြောင်းကြားတယ်၊ သူက အဲဒီ တွေ့ဆုံမှုကို ‘လေးစားသမှုတွေ့ဆုံပွဲ’ အဖြစ်ဖော်ပြပြီး ကျနော့်ကို မနက် (၅) နာရီခွဲမှာ အသင့်စောင့်နေဖို့ပြောတယ်၊ ကျနော် မစ္စတာဘိုသာနဲ့တွေ့ဖို့ အနောက်တိုင်းဝတ်စုံတစုံနဲ့ လည်စည်းတခုဝတ်သွား သင့်တယ်လို့ ယူဆမိတယ်၊ (ထင်ရှားသောပုဂ္ဂိုလ်များအဖွဲ့လာတွေ့တုန်းက ၀တ်စုံကတော့ ကြာမြင့်စွာကတည်းက ဇာတ်သိမ်း သွားခဲ့ပြီဖြစ်တယ်၊) ဗိုလ်ချုပ်က သဘောတူလို့ တခဏကြာတဲ့အခါ အ၀တ်ချုပ်သမားတယောက်ရောက်လာပြီး ကိုယ်တိုင်းတွေယူတယ်၊ အဲဒီနေ့ခင်းမှာ ကျနော်ဟာ ၀တ်စုံသစ်တစုံ၊ လည်စည်း၊ ရှပ်အင်္ကျီနဲ့ ရှူးဖိနပ်အသစ်တွေရခဲ့တယ်၊ မပြန်ခင် ဗိုလ်ချုပ်က ကျနော့်သွေးအမျိုးအစားကိုလည်း မေးတယ်၊ နောက်တနေ့မှာမမျှော်လင့်တဲ့ ဘေးဒုက္ခတခုခုဖြစ်လာရင် ကယ်နိုင်ဖို့ဖြစ်တယ်၊

ကျနော်ဟာ တွေ့ဆုံပွဲအတွက် အစွမ်းကုန်ပြင်ဆင်ခဲ့တယ်၊ တွေ့ဆုံပွဲအတွက် ပြုစုထားတဲ့ ကျနော့်စာလွှာနဲ့ မှတ်စုတွေ တပုံကြီးကို ပြန်လှန်စစ်ဆေးခဲ့တယ်၊ နောက်ဆုံးအခြေအနေတွေ ဆုပ်မိကိုင်မိဖြစ်အောင် သတင်းစာတွေနဲ့ စာစောင်စာတမ်း တွေ ရနိုင်သလောက်များများဖတ်ထားခဲ့တယ်၊ သမတဘိုသာ အမျိုးသားပါတီခေါင်းဆောင်အဖြစ်က နှုတ်ထွက်ပြီးနောက် သူ့နေရာ မှာ အက်ဖ်ဒဗလျူဒီကလပ် ရွေးကောက်ခံရတယ်၊ သူတို့နှစ်ဦးဟာ တယောက်ကိုတယောက် အသာစီးရအောင် အတော့်ကို ခြေပုန်းခုတ်ပြိုင်ဆိုင်နေကြတယ်လို့ သတင်းထွက် နေတယ်၊ ဘိုသာက ကျနော်နဲ့တွေ့ချင်တာဟာ သူ့ပြိုင်ဘက် အပေါ် ကြောလိုက်တာဖြစ်တယ်လို့တချို့က ကောက်ချက်ဆွဲကောင်းဆွဲလိမ့်မယ်၊ ဒါပေမဲ့ အဲဒါကို ကျနော်ဂရုမမူပါ၊ ကျနော်ဟာနိုင်ငံတော်သမတဘက်ကပေးလာနိုင်တဲ့ ဆင်ခြေဆင်လက်တွေနဲ့ ကျနော်ပြန်လည်ချေပတုံ့ပြန်မယ့်အဆိုတွေကို စမ်းသပ်လေ့ကျင့်ကြည့်မိတယ်၊ ယှဉ်ဘက်တယောက်နဲ့ တွေ့ဆုံတဲ့အခါတိုင်း ကိုယ်ရည်ရွယ်တဲ့သဘောထားအမြင်ကို သူတိတိ ကျကျ ရသွားအောင်လုပ်ရမှာ ဖြစ်ပါတယ်၊

ကျနော်ဟာ မစ္စတာဘိုသာနဲ့ တွေ့ရမှာကို စိတ်လှုပ်ရှားပူပင်နေမိတယ်၊ သူ့ကို ‘ဧရာမမိကျောင်းကြီး’ လို့ လူသိများပြီး ဒေါသကြီး ရန်လိုတတ်တဲ့ သူ့စိတ်သဘောထားအကြောင်း ဇာတ်လမ်းအများအပြား ကျနော်ကြားခဲ့ဖူးတယ်၊ သူ့ကိုကျနော်ကြည့်ရတာ ရှေးရိုးဆန်တဲ့၊မာနကြီး ခေါင်းမာတဲ့ အာဖရိကန်းနားလူမျိုးတွေရဲ့ စံနမူနာစစ်စစ်ဖြစ်ပုံရတယ်၊ အဲဒီလိုလူမျိုးတွေဟာ လူမည်းခေါင်းဆောင်တွေနဲ့ တန်းတူရည်တူဆွေးနွေးတာထက် အမိန့်ပေညွှန်ကြားတာကို ပိုလုပ်တတ်ကြတယ်၊ မကြာသေးခင်က သူလေဖြတ်ခဲ့တာဟာ ဒီအားသန်မှုကို ပိုပြီးဆိုးစေတာပဲ ဖြစ်စေခဲ့ပုံရတယ်၊ အကယှ်ု သူက ကျနော့်ကို လက်ညှိုးးတငေါက်ငေါက်နဲ့ရန်သူနှင့် စကားပြောခြင်းအထက်စီးပုံစံဆက်ဆံရင် အဲသလိုအပြုအမူမျိုး ကျနော်လက်မခံနိုင်ကြောင်း တုံ့ပြန်အသိပေးဖို့နဲ့ တွေ့ဆုံဆွေးနွေးမှုကနေထထွက်ပြီး တွေ့ဆုံမှုရွှေ့ဆိုင်းပစ်ဖို့ ကျနော် ဆုံးဖြတ်ထားတယ်၊

မနက် (၅) နာရီခွဲတိတိမှာ ဗစ်တာဗာစတာထောင်ပိုင် ဗိုလ်မှူးမာရာအစ်ဟာ ကျနော့်ယာတောအိမ်ရောက်လာတယ်၊ သူဧည့်ခန်းထဲဝင်လာတဲ့အခါ ၀တ်စုံသစ်ကိုစစ်ဆေးကြည့်ရှုဖို့သူရှေ့မှာ ကျနော် မတ်တပ်ရပ်နေပေးတယ်၊ သူက ကျနော့်ကို လှည့်ပတ်ကြည့်ပြီးနောက် ခေါင်းခါတယ်၊‘မဟုတ်သေးဘူး၊ မင်ဒဲလား၊ ခင်ဗျားလည်စည်းက မဟုတ်သေးဘူးဗျ’ လို့ သူပြောတယ်၊ကျနော်ဟာ ထောင်ထဲမှာ ကြောင်လျှာသီးလည်စည်းတွေ သိပ်မသုံးရပါဘူး၊ ဒါကြောင့် အဲဒီမနက်က လည်စည်း စည်းတဲ့အခါ မှန်မှန်ကန်ကန်စည်းနည်းကို မေ့နေပြီဖြစ်တယ်၊ ကျနော်ဟာတတ်နိုင်သ၍ အကောင်းဆုံးကြိုးစားပြီး လည်စည်းစည်းခဲ့တာ ဘယ်သူမှ သတိထားမိမှာမဟုတ်ဘူးလို့ မျှော်လင့်ခဲ့တယ်၊ ဗိုလ်မှူးမာရာအစ်က ကျနော့်အင်္ကျီကော်လာကြယ်သီးကိုဖြုတ်၊ လည်စည်းကိုဖြေလိုက်ပြီးတဲ့နောက် ကျနော့်နောက်ကရပ်ပြီး ၀င်ဆာနှစ်ထပ်ချည် နည်းနဲ့ စည်းပေးတယ်၊ ဒီနောက် သူက နောက်ဆုတ်ရပ်ကြည့်ပြီး သူ့လက်ရာကိုရှုစားတယ်၊ “အတော်ဟုတ်သွားပြီ” လို့ဆိုတယ်၊

ကျနော်တို့ဟာ ဗစ်တာဗာစတာကနေ ပိုးလ်စမိုးကို ကားနဲ့ထွက်လာတယ်၊ ပိုးလ်စမိုးက ဗိုလ်ချုပ်ဝီလမ်စီအိမ်မှာ ဗိုလ်ချုပ် ကတော်က မနက်စာတည်ခင်းဧည့်ခံတယ်၊ မနက်စာစားပြီးတော့ ကျနော်တို့ဟာ ယာဉ်တန်းလေးတခုနဲ့ သမတရုံးရှိရာ တွင်ဟွေးစ် ကိုသွားပြီးတခြားသူတွေမတွေ့နိုင်တဲ့ မြေအောက်ကားဂိုဒေါင်မှာ ကားရပ်လိုက်တယ်၊ တွင်ဟွေးစ်ဟာအေးချမ်း လှပ တဲ့ (၁၉) ရာစု ကိပ်နယ်ဒတ်ခ်ျပုံစံအဆောက်အဦးဖြစ်တယ်၊ ဒါပေမဲ့ အဲဒီနေ့က ကျနော်ဟာ အဆောက်အဦးကို သေချာမကြည့်ခဲ့ရပါဘူး၊ တကယ်တော့ ကျနော့်ကို သမတရုံးခန်းထဲ ခိုးသွင်းတာဖြစ်ပါတယ်၊ကျနော်တို့ဟာ မြေညီထပ်ကို ဓာတ်လှေကားနဲ့တက်ပြီး သမတရုံးခန်းရှေ့က ခမ်းနားတဲ့သစ်သားနံရံကပ် ခန်းဆောင်ထဲရောက်လာတယ်၊ အဲဒီမှာ ကျနော်တို့ကို ကိုဘီကိုအက်ဆီး၊နီးလ်ဘားနာ့ဒ်နဲ့ နောက်တော်ပါအကျဉ်းထောင်အရာရှိတစုက ကြိုတယ်၊ ကျနော်ဟာ ဒီတွေ့
ဆုံပွဲနဲ့ပတ်သက်လို့ ကိုအက်ဆီးနဲ့ရော၊ ဒေါက်တာဘားနာ့ဒ်နဲ့ရော ကျယ်ကျယ်ပြန့်ပြန့် စကားပြောခဲ့ပြီး သူတို့က ကျနော့်ကို သမတနဲ့ အငြင်းပွားစရာကိစ္စတွေမပြောဖို့ အကြံပေးကြတယ်၊

ကျနော်တို့စောင့်နေကြတုန်း ဒေါက်တာဘားနာ့ဒ်ကငုံ့ကြည့်မိရာမှာ ကျနော့်ရှူးဖိနပ်ကြိုးတွေကောင်းကောင်းချည်မထားတာ သတိထားမိတဲ့အတွက် သူခပ်မြန်မြန်ဒူးထောက်ထိုင်ပြီး ပြန်ချည်ပေးတယ်၊ ဒီလူတွေ ဘယ်လောက်တောင် စိတ်လှုပ်ရှား ပူပန်နေကြတယ်ဆိုတာ ကျနော်သိသွားသလို အဲဒီအတွက် ကျနော့်မှာလည်း စိတ်အေးဆေးတည်ငြိမ်မှု ပိုဖြစ်မသွားပါဘူး၊
ဒီနောက် မှာ တံခါးပွင့်သွားပြီးတော့ ကျနော်ဟာ အဆိုးဆုံးကိုမျှော်လင့်ရင်း အခန်းထဲဝင်သွားတယ်၊ ပီဒဗလျူဘိုသာဟာ ခမ်းနားလှတဲ့ သူ့ရုံးခန်းတဖက်ထိပ်ကနေ ကျနော့်ဆီလျှောက်လာနယ်လ်ဆင်မင်ဒဲလားတယ်၊ သူ ဒီလိုလျှောက်လာဖို့ အသေ အချာစီစဉ်ထားတဲ့အတွက် ကျနော်တို့နှစ်ယောက်ဟာအလယ်ခေါင်တိတိကျကျမှာ ဆုံမိကြတယ်၊ သူက လက်ဆန့်တန်း ကမ်း ပေး ပြီး ၀မ်းသာအယ်လဲပြုံးနေတယ်၊ တကယ့်ကိုပဲ အဲဒီပထမဆုံးအချိန်ပိုင်းကစလို့ သူကကျနော့်ကို လုံးလုံးစိတ်အေးသွားစေ ခဲ့တယ်၊ သူဟာ ထာဝစဉ်ပဲ ယဉ်ကျေးပျူငှာနဲ့ ဂါရ၀တရားရှိပြီး ရင်းနှီးဖော်ရွေလှတယ်၊

ကျနော်တို့နှစ်ယောက် လက်ဆွဲနှုတ်ဆက်နေကြတာကို ဓာတ်ပုံအမြန်ရိုက်ယူပြီးတော့ ကျနော်တို့ကို စားပွဲရှည်ကြီးတစ်လုံးမှာ ကိုဘီကိုအက်ဆီး၊ ဗိုလ်ချုပ်ဝီလမ်စီနဲ့ ဒေါက်တာဘားနာ့ဒ်တို့ လာရောက်ပူးပေါင်းဝိုင်းထိုင်ကြတယ်၊ လဖက်ရည်ချပေးပြီးတော့ ကျနော်တို့စကားစပြောကြတယ်၊ စကားစပြောကတည်းက ကျနော်တို့ဟာ တင်းမာတဲ့နိုင်ငံရေးအငြင်းအခုံတွေနွှဲနေတာ မဟုတ်ဘဲ ရွှင်လန်းတက်ကြွပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ ပညာရေးဆွေးနွေးခန်းလုပ်ရသလိုပါပဲ၊ ကျနော်တို့ဟာ လေးလေးနက်နက်ကိစ္စရပ်တွေထက် သမိုင်းနဲ့တောင်အာဖရိကယဉ်ကျေးမှုအကြောင်းတွေ ပိုဆွေးနွေးကြတယ်၊ ကျနော်က မကြာသေးမီကဖတ်ခဲ့ရတဲ့ အာဖရိကန်းဘာသာမဂ္ဂဇင်းတစောင်ရဲ့ ဆောင်းပါးတပုဒ်ထဲက ၁၉၁၄ ခု အာဖရိကန်းနားလူမျိုးတွေ သူပုန်ထမှုအကြောင်းအစဖော်ပြီး အဲဒီတုန်းက သူပုန်တွေ ဖရီးစတိတ်ပြည်နယ်က မြို့တွေကို သိမ်းတဲ့အကြောင်း ပြောပြ လိုက်တယ်၊ ကျနော်တို့တိုက်ပွဲဟာ ဒီနာမည်ကျော်သူပုန်ထမှုနဲ့ အလားတူတယ်လို့ပြောပြီး ဒီသမိုင်းအဖြစ်အပျက်အပေါ် အတော်လေးဆွေးနွေးကြတယ်၊

တောင်အာဖရိကသမိုင်းကို လူမည်းတွေ ကြည့်မြင်မှုနဲ့ လူဖြူတွေကြည့်မြင်မှု မတူကြတာအမှန်ပါပဲ၊ သူတို့ အမြင်က ဒီသူပုန်ထမှုကို ညီအကိုချင်းရန်ဖြစ်တာလို့မြင်ပြီး ကျနော်တို့တိုက်ပွဲကိုတော့ တော်လှန်ပုန်ကန်မှုလို့ မြင်ကြတယ်၊ ကျနော်က ကျနော်တို့တိုက်ပွဲကိုလည်း အသားအရောင်ကွဲပြားနေရတဲ့ ညီအကိုချင်းတိုက်ပွဲအဖြစ် ကြည့်မြင်နိုင်ကြောင်း ပြောလိုက်တယ်၊
တွေ့ဆုံပွဲဟာ နာရီဝက်တောင်မကြာလိုက်ဘဲ ပြီးဆုံးတဲ့အထိ ရင်းရင်းနှီးနှီးအေးအေးဆေးဆေးဖြစ်ခဲ့တယ်၊ ပြီးမှပဲ ကျနော်က အရေးကြီးတဲ့ကိစ္စရပ်တခု တင်လိုက်တယ်၊ အဲဒါကတော့ကျနော်ကိုယ်တိုင်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိလွှတ်ပေးဖို့ မစ္စတာဘိုသာကို ကျနော်တောင်းဆိုလိုက်တာပဲဖြစ်တယ်၊ အဲဒါဟာ ဒီတွေ့ဆုံဆွေးနွေးပွဲမှာ အခြေ
အနေ တင်းမာသွားစေတဲ့ တခုတည်းသော အချိန်အခါဖြစ်ခဲ့တယ်၊ မစ္စတာဘိုသာကတော့ အဲဒါလုပ်မပေးနိုင်လို့ ၀မ်းနည်းကြောင်း ပြန်ပြောတယ်၊

ဒီနောက်မှာ တကယ်လို့ တွေ့ဆုံမှုသတင်းတွေပေါက်ကြားခဲ့ရင် ဘယ်လိုရှင်းကြမလဲဆိုတာ ခပ်တိုတိုဆွေးနွေးကြတယ်၊ ကျနော်တို့ဟာ တိုင်းပြည်မှာငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းတဲ့အနေနဲ့ လက်ဖက်ရည်အတူသောက်ဖို့ တွေ့ဆုံကြတဲ့အကြောင်း ခပ်ရိုးရိုးကြေညာချက်တခုခပ်မြန်မြန်ရေးဆွဲလိုက်တယ်၊ အဲဒါကို သဘောတူကြပြီးတဲ့အခါ မစ္စတာဘိုသာက ထိုင်ရာကထပြီး ကျနော့်ကို လက်ဆွဲနှုတ်ဆက်တယ်၊ တွေ့ဆုံရတဲ့အတွက် အင်မတန်ဝမ်းမြောက်ကြောင်း ပြောတယ်၊ တကယ်ပဲ ၀မ်းမြောက် စရာပါ၊ ကျနော် သူ့ကိုကျေးဇူးတင်ရှိကြောင်းပြောပြီးလာလမ်းအတိုင်းပြန်ခဲ့တယ်၊

ဒီတွေ့ဆုံဆွေးနွေးပွဲဟာ စေ့စပ်ဆွေးနွေးရေးသဘောအရကြည့်ရင် ဘာကိုမှမပေါက်ရောက်ခဲ့ပါဘူး၊ ဒါပေမဲ့ တခြား အဓိပ္ပာယ်အရတော့ ပေါက်ရောက်ခဲ့တယ်၊ မစ္စတာဘိုသာဟာနယ်ခြားစည်းကျော်ဖို့လိုတဲ့အကြောင်း ပြောတာကြာလှပြီ ဖြစ်ပေမဲ့ သူကိုယ်တိုင်က အဲဒီ့တွင်ဟွေးစ် မနက်ပိုင်းထိ တခါမှမကျော်ခဲ့ပါဘူး၊ အခုတော့ နောက်ပြန်လှည့်မရတော့ဘူးလို့
ကျနော်ထင်မြင်မိတယ်၊နောက်တလအကြာဖြစ်တဲ့ ၁၉၈၉ ခု၊ သြဂုတ်လမှာ ပီဒဗလျူဘိုသာဟာ နိုင်ငံလုံးဆိုင်ရာ ရုပ်မြင်သံကြား ကနေပြီး နိုင်ငံတော်သမတအဖြစ်ကနှုတ်ထွက်ကြောင်း ကြေညာလိုက်တယ်၊ သူ့ နောက်ဆုံးနှုတ်ဆက်မိန့်ခွန်း ဟာ ထူးဆန်းအံ့သြဖွယ်ရာပဲ ဟိုရောက်သည်ရောက် ကပေါက်တိကပေါက်ချာ ပြောသွားတယ်၊ အဲဒီထဲမှာ သူက အစိုးရ၀န်ကြီးတွေဟာ ယုံကြည်မှုဖောက်ဖျက်တယ်၊ သူ့ကိုလျစ်လျူရှုတယ်၊ အာဖရိကအမျိုးသားကွန်ဂရက်ရဲ့ ကစားကွက်ထဲ ၀င်သွားခဲ့တယ်လို့စွပ်စွဲထားတယ်၊ နောက်တနေ့မှာတော့ အက်ဖ်ဒဗလျူဒီကလပ်ဟာ ယာယီသမတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး ပြုပြင်ပြောင်းလဲရေးအတွက်ပိုင်းဖြတ်ချက်ကို အတည်ပြုခဲ့တယ်၊ ကျနော်တို့အတွက် မစ္စတာဒီကလပ်ဟာ အရေးမပါသူတယောက်လို့ မြင်ခဲ့မိတယ်၊ သူအမျိုးသားပါတီခေါင်းဆောင်ဖြစ်လာတဲ့အခါ သူဟာ ပုံစံကျပါတီဝန်ထမ်း သက်သက်အဖြစ်ထက်ပိုလဲမပို၊ လျော့လဲမလျော့ပုံရခဲ့တယ်၊ သူ့အတိတ်ဘ၀မှာ ပြုပြင်ပြောင်းလဲရေးစိတ်ဓာတ်ဖော်ပြချက် တစွန်းတစမှ ရှိပုံမရခဲ့ပါဘူး၊ သူဟာ ပညာရေးဝန်ကြီးအဖြစ် လူဖြူတက္ကသိုလ်တွေမှာ လူမည်းကျောင်းသားတွေ တက်ခွင့်မရအောင် အားထုတ်ခဲ့တယ်၊ ဒါပေမဲ့ သူ အမျိုးသားပါတီခေါင်းဆောင်ဖြစ်လာကတည်းက ကျနော် သူ့ကို သေသေ ချာချာ စောင့်ကြည့်လေ့လာခဲ့တယ်၊ကျနော် သူ့မိန့်ခွန်းအားလုံး ဖတ်ကြည့်ခဲ့တယ်၊ သူပြောတာတွေ နားထောင်ခဲ့တယ်၊ သူဟာ
သူ့အရင်လူကနေ တကယ့်ကို ကွဲပြားခွဲထွက်လာမှုပြနေတာ စတွေ့လာရတယ်၊ သူဟာ သဘောတရားသမားမဟုတ်ဘဲ လက်တွေ့သမားဖြစ်တယ်၊ ပြောင်းလဲဖို့လိုအပ်တယ်၊ ရှောင်လွှဲမရဘူးလို့မြင်တဲ့သူဖြစ်တယ်၊ သူကျမ်းသစ္စာကျိန်ဆိုတဲ့နေ့မှာပဲ ကျနော် သူ့ထံတွေ့ဆုံဖို့ ပန်ကြားစာတစောင် ရေးပို့လိုက်တယ်၊

မစ္စတာဒီကလပ်က ရာထူးလက်ခံပွဲမိန့်ခွန်းမှာ သူ့အစိုးရဟာ ငြိမ်းချမ်းရေးရဖို့သံဓိဌာန်ချထားကြောင်းနဲ့ ငြိမ်းချမ်းရေးအတွက် ပိုင်းဖြတ်ထားတဲ့ ဘယ်အဖွဲ့နဲ့မဆို စေ့စပ်ဆွေးနွေးမယ်လို့ပြောသွားတယ်၊ ဒါပေမဲ့အနေအထားပုံစံသစ်အတွက် သူ့ပိုင်းဖြတ် ချက်ကို လက်တွေ့သက်သေပြတာကတော့ ကိပ်တောင်းမြို့မှာ ပုလိပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ကန့်ကွက်တဲ့ချီတက် ဆန္ဒပြပွဲတခု စီစဉ်တဲ့အခါ ပေါ်လာတယ်၊ အဲဒီဆန္ဒပြပွဲကို ဂိုဏ်းချုပ်ဘုန်းတော်ကြီးတူးတူးနဲ့ ဆရာတော်အလန်ဘိုးဆက်တို့က ခေါင်းဆောင်မှာဖြစ်တယ်၊ သမတဘိုသာလက်အောက်မှာဆိုရင် ချီတက်ပွဲဟာ ပိတ်ပင်ခံရမှာဖြစ်ပြီး ဆန္ဒပြသူတွေကလည်း အဲဒီပိတ်ပင်မှုကိုအာခံကြလို့ အကြမ်းဖက်မှုတွေပေါ်လာမှာဖြစ်တယ်၊ သမတသစ်ကတော့ နိုင်ငံရေးစုဝေးပွဲတွေအပေါ် ကန့်သတ်ချုပ်ချယ်မှုတွေ လျှော့ပေးမယ်လို့ ပြောထားတဲ့အတိုင်း ကတိတည်ပြီးချီတက်ပွဲကိုခွင့်ပြုခဲ့တယ်၊ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြဖို့ပဲတောင်းဆိုခဲ့တယ်၊ အရင်လူနဲ့မတူတဲ့လူသစ်တယောက်က တက်မကိုင်နေပါပြီ၊

Labels:

posted by မြင့်ဇေ @ 10:42 PM   0 comments
ကျောင်းသားနဲ့သူ့ပင်ကိုယ်လက္ခဏာ
ကျောင်းသားတွေဟာ ဗမာပြည်နိုင်ငံရေးမှာ ရှေ့ဆုံးတန်းကအမြဲပါခဲ့ကြတယ်၊ ဗမာပြည်ကနိုင်ငံရေးအင်အားစုတိုင်း နိုင်ငံရေး လမ်းစဉ်ချမှတ်ရာ၊ အစီအစဉ်ရေးဆွဲရာတွေမှာ သူတို့ကို ထည့်မတွက်လို့မရဘူး၊ ဖိနှိပ်တဲ့အုပ်စိုးသူတွေဆိုရင်လည်း ဖိနှိပ်ရေးယန္တရား၊ ဥပမာ-ရဲ၊ ထောက်လှမ်ရေးစတာတွေမှာ ကျောင်းသားလိုင်းဆိုပြီးသီးသန့်ထားရှိရတယ်၊

ဒါဖြင့် ကျောင်းသားဆိုတာဘာလဲ၊ လူတန်းစားလား၊ လူ့အလွှာလား၊ သာမာန် လူအစုအဝေးတခုလား၊

သာမန်အားဖြင့်တော့ ကျောင်းသားဆိုတာ လူတန်းစားပေါင်းစုံနောက်ခံရှိတဲ့ ပညာတတ် လူငယ်ထု ဖြစ်တယ်၊ သူတို့ဟာ မိဘအပေါ်မှာမှီခိုနေရသူတွေ ဖြစ်တဲ့အလျောက် သူတို့ခေါင်းထဲမှာ မိဘဆီကပါလာတဲ့ လူတန်းစားခံယူချက်၊ အမြင် စတာတွေရှိ တတ်တယ်၊ ဒါကြောင့်ကျောင်းသားဆိုတာ လူတန်းစားတရပ်ထဲရဲ့ အစုအဝေးမဟုတ်ဘူး၊ မတူတဲ့ လူတန်းစား တွေက လာသူတွေ အကန့်အသတ်ရှိတဲ့ကာလတခုအတွင်း သတ်မှတ်ထားတဲ့ အမျိုးအစားသတ်မှတ်ချက်(ပါရာဒိုင်း)တခု၊ ပရ၀ုဏ်တခု အတွင်းမှာ လာစုစည်းမိကြတာသာ ဖြစ်တယ်၊ သူတို့ဟာ အသက်အရွယ်အရရော၊ ကျောင်းသားဆိုတဲ့ အနေအထားအရပါ လောကတခွင်က အရာရာကို စူးစမ်းလေ့လာလက်ခံဖို့ ကြိုးစားနေသူတွေဖြစ်တယ်၊ ဒါကြောင့်သူတို့ဟာ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်ပြောင်းလဲ နေတာတွေကို အလွယ်တကူ၊ အလျင်အမြန်သိနိုင်၊ တုန့်ပြန်နိုင်ကြတယ်၊ လက်ခံဖို့လည်းမခက်ဘူး၊ ငြင်းပယ်ဖို့လည်းမခက်ဘူး၊ ကန့်ကွက်ဖို့လည်း လက်မတွန့်ဘူး၊

ဒါပေမဲ့ ကျောင်းသားတွေဟာ စာသင်ခန်းထဲက အသိပညာလောက်နဲ့တင်းတိမ်နေလို့တော့ မဖြစ်ဘူး၊ ကျောင်းသား ရေးအတွက်ဖြစ်စေ၊ တမျိုးသားလုံးရေးအတွက်ဖြစ်စေ၊ ကမ္ဘာ့အရေးအတွက်ဖြစ်စေ၊ လှုပ်ရှားလုပ်ကိုင်မယ်ဆိုရင် ကျောင်းခန်းပြင်ပက စာတွေကိုဖတ်တာ၊ လေ့လာလိုက်စားတာတွေလည်း မုချလုပ်ရမယ်၊

နောက် သတိထားစရာအချက်တချက်က သူတို့ဟာမိဘလူတန်းစားမျိုးစုံက လာတာဖြစ်တဲ့အလျောက် လူ့အဖွဲ့ အစည်း ထဲက လူတန်းစားပေါင်းစုံနဲ့ သူတို့နဲ့ အဆက်အစပ်ရှိနေတယ်၊ သူတို့ဟာအဲဒီလူတန်းစားပေါင်းစုံကို စာနာတတ်သလို သဘာဝကျစွာပဲ အဲဒီ လူတန်းစားပေါင်းစုံရဲ့ သြဇာတွေ၊ အယူအဆတွေကလည်း သူတို့ရဲ့ခေါင်းတွေကတဆင့် ကျောင်းသား လှုပ်ရှားမှုထဲမှာ ဂယက်ရိုက်တာအမြဲတွေ့ရတယ်၊ ဒါကြောင့်ကျောင်းသားလှုပ်ရှားမှုတွေထဲမှာ ကွဲတာ၊ မတူတာတွေ မကြာခဏတွေ့ရတယ်၊ ဒါဟာ ထူးဆန်းတဲ့အရာမဟုတ်ဘူး၊ ဒီလိုဖြစ်လာလို့ အံ့သြစရာ၊ စိတ်ပျက်စရာမဟုတ်ဘူး၊ ကိုလိုနီခေတ်ကဆိုရင် ကျောင်းသားဆိုတာ၊ အထူးသဖြင့် တက္ကသိုလ်ကျောင်းသားဆိုတဲ့အထဲမှာ ဗျူရိုကရက် သားသမီးတွေ၊ မြေရှင်နဲ့အင်္ဂလိပ်လက်ဝေခံ သားသမီးတွေ အများကြီးပါရှိတယ်၊ အင်္ဂလိပ်အစိုးရက တက္ကသိုလ်ဖွင့်တယ်ဆိုတာကိုက သူတို့ရဲ့ဗျူရိုကရက် ယန္တရားကြီးထဲမှာ သူတို့ တာဝန်ပေးတာကို လုပ်မယ့်ဝန်ထမ်းနဲ့အရာရှိတွေ မွေးဖို့ရည်ရွယ်တာ၊ ဒါပေမဲ့ လည်း တကယ့်တကယ် အခြေအနေက ရင့်မှည့် လာတော့ ကျောင်းသားတိုက်ပွဲတွေ အမျိုးမျိုးပေါ်လာတာပဲ၊ ဒီတိုက်ပွဲ တွေထဲမှာ ခုနကမြေရှင့်သားသမီး၊ ဗျူရိုကရက်သားသမီးတွေ ပါလာတာလည်းရှိ၊ ပါမလာတာလည်းရှိတယ်၊ တက္ကသိုလ် တက်တဲ့ အရွယ်ရောက်မှတော့ ကိုယ့်ဟာကိုယ်စဉ်းစားတတ်ပြီမဟုတ် လား၊

အဲဒီလိုပေါ်လာတဲ့ တိုက်ပွဲတွေဟာ အောင်တာလည်းရှိ၊ မအောင်တာလည်းရှိပဲ၊ တခါတလေမှာ ဒီလိုမြေပေါ် တိုက်ပွဲတခု အောင်တယ်မအောင်ဘူးဆိုတာ တော်တော်ဆုံးဖြတ်ရခက်တယ်၊ ဒါပေမဲ့ အဲဒီအောင်တာရော မအောင်တာရောဟာ လွတ်လပ်ရေး တိုက်ပွဲကိုကျတော့ အတူတူအကျိုးံပတာပဲ၊ ဗိုလ်အောင်ကျော်ကျဆုံးရတဲ့ ၁၉၃၆ခုနှစ် အတွင်းဝန်ရုံးဝိုင်းကြတဲ့တိုက်ပွဲနဲ့ မန္တလေးက အဲဒီတိုက်ပွဲကိုထောက်ခံတဲ့ အာဇာနည် ၁၇ဦးတိုက်ပွဲတို့ဟာ အောင်တယ်၊ မအောင်ဘူး ပြောရ ခက်ကောင်းခက်မယ်၊ ဒါပေမဲ့ အဲဒီအဖြစ်အပျက်နဲ့ အဲဒီစိတ်ဓာတ်ဟာ ဗမာပြည် ပြည်သူတွေရဲ့ နယ်ချဲ့ ဆန့်ကျင်ရေး၊ လွတ်လပ်ရေးရယူရေး စိတ်ဓာတ်ကို မြင့်မားစွာ မြှင့်တင်ပေး လိုက်တယ်၊ (ရှစ်လေးလုံးအရေးတော်ပုံကိုလည်း ဒီလိုကြည့်မြင်သင့်တယ်ထင်တယ် (ဒါက စကားချပ်)၊

အခုလိုလူတန်းစားပေါင်းစုံနဲ့ အဆက်အစပ်ရှိနေ၊ အသစ်ကိုလက်ခံနိုင်တဲ့လူငယ်တွေဖြစ်နေ၊ စာပေရေချိန် လည်းရှိနေဆိုတော့ သူတို့ဟာ အမျိုးသားတိုက်ပွဲတွေမှာ ဦးဆုံးထွက်ချလာတာကို တွေ့ရလေ့ရှိတယ်၊ ဒါ့အပြင်သူတို့ဟာ တိုက်ပွဲကို တခြားလူတန်းစား၊ လူ့အလွှာတွေဆီကိုပို့ပေး၊ ပေါင်းစည်းပေးရာမှာ အခရာကျတဲ့အခန်းကလည်း ပါလေ့ရှိတယ်၊ ဒါကြောင့်လည်း နိုင်ငံ့အရေး၊ အမျိုးသား အရေးကို အလေးထားသူတိုင်းဟာ ကျောင်းသားဆိုတဲ့ အင်အားစုကို တန်ဘိုးထားစည်းရုံးကြတယ်၊ ဖဆပလခေတ်က ဒီအက်စ်အိုကိုမွေး၊ မဆလခေတ်မှာ လမ်းစဉ်လူငယ်ထောင် ဆိုတာတွေလို ကိုယ်အာဏာရရုံ၊ အသုံးချရုံလုပ်လို့မရဘူး၊ သူတို့ဟာ နိုင်ငံတိုင်းရဲ့ အမျိုးသားရေးလှုပ်ရှားမှုကြီးတွေ၊ လွတ်လပ်ရေး လှုပ်ရှားမှုကြီးတွေမှာ သံဓိဌာန်အမျိုးမျိုးနဲ့ ပါဝင်ခဲ့ကြတယ်ဆိုတာကို လည်း မေ့လို့မဖြစ်ဘူး၊

ဒီနေရာမှာ တဆက်တည်းထောက်ပြသင့်တဲ့အချက်တချက်ရှိတယ်၊ အဲဒါက နိုင်ငံတခုမှာ ကျောင်းသားတွေဟာ၊ အထူးသဖြင့် တက္ကသိုလ်ကျောင်းသားတွေဟာ တချိန်မှာနိုင်ငံ့ခေါင်းဆောင်ဖြစ်လာနိုင်တယ်ဆိုတာကို သဘောပေါက်ထားတဲ့ တခြားနိုင်ငံကြီးတွေ ကလည်း နောင်တချိန်မှာသူတို့အတွက် အကျိုးရှိအောင် ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ကျောင်းသား ခေါင်းဆောင် ဆိုသူတွေကို ‘လူမွေး’လေ့ရှိတယ်ဆိုတာပဲ၊ သူတို့ရော၊ ပြည်တွင်းကဖိနှိပ်သူအာဏာပိုင်တွေအဖို့ပါ ကျောင်းသား ခေါင်းဆောင်တွေကို မြှူဆွယ်၊ လူမွေးရာမှာ လက်သုံးအတည့်ဆုံးနည်းနာတခုကတော့ အလုပ်အကိုင်၊ ပညာတော်သင်စတာ တွေနဲ့ ဖြားယောင်းတာပါပဲ၊ ဒီလပ် နည်းဟာ ဘယ်တော့မှမပျောက်နိုင်လောက်ဘူး၊

ဒါဖြင့်ကျောင်းသားတွေဟာ နိုင်ငံရေးပါတီတွေမှာ ၀င်လုပ်သင့်သလား၊ ဘာကြောင့်မလုပ်ရမှာလဲ၊ အသက် ဆယ့်ရှစ်နှစ်သူ တယောက်ဟာ မဲပေးခွင့်တောင်ရှိနေမှတော့ ဘာကြောင့် နိုင်ငံရေးပါတီတခုမှာ ၀င်မလုပ်နိုင်ရမှာလဲ၊ သူဟာ စဉ်းစားဆုံးဖြတ်နိုင်စွမ်း ရှိတဲ့အရွယ်ဖြစ်လို့ မဲပေးခွင့်ပေးထားတာပဲ၊ သူဿကိက်တဲ့ပါတီ၊ သူကြိုက်တဲ့နိုင်ငံရေးကို ၀င်လုပ်ခွင့် ရှိရမယ်၊ တခုပဲ၊ သူ့ပညာရေးကို ထိခိုက်၊ မထိခိုက်ဆိုတာကတော့ သူနဲ့သူ့မိဘရေးရဲ့ အိမ်တွင်းရေးပြဿနာ သာဖြစ်တယ်၊ အဲဒီအတွက်တော့ မိဘတွေကိုလည်း ပြောရေးဆိုခွင့်ပေးရမယ်၊

ကမ္ဘာမှာ ကျောင်းသားလှုပ်ရှားမှုတွေအကြောင်းကို ပြောကြရင် ဗမာပြည်ကကျောင်းသားလှုပ်ရှားမှုတွေဟာ နောက်မကျ၊ ရှေ့တန်းရောက်နေတာတွေ့ရမယ်၊ ကိုလိုနီစနစ်ဖျက်သိမ်းရေး၊ ဖက်ဆစ်တိုက်ဖျက်ရေး၊ ဖဆပလအစိုးရရဲ့ မမှန်ကန်တဲ့ပြည်တွင်းရေးနဲ့ ပညာရေးပေါ်လစီများကို ဆန့်ကျင်ရေး၊ မဆလတပါတီစနစ်ဆန့်ကျင်ရေး စသဖြင့် ရာစုနှစ်တရာနီးပါး တိုက်ပွဲစဉ်ကြီးမှာ လက်နက်ကိုင်ခြင်းအပါ တိုက်ပွဲသဏ္ဍာာန်မျိုးစုံကို ဆင်နွှဲခဲ့ကြတယ်၊

အဲဒီတိုက်ပွဲတွေကိုပြန်ကြည့်လိုက်ရင် ကျောင်းသားဆိုတာ တိကျတဲ့ လူတန်းစားလူ့အလွှာတရပ်မဟုတ်တဲ့အတွက် လူမှု အပြောင်းအလဲကြီးတခုဖြစ်ပေါ်လာအောင် သူတို့ချည်းမဆောင်ရွက်နိုင်ဘူး၊ ကျောင်းသားတိုက်ပွဲတွေ ဘယ်လောက်ပဲ အားကြီး ပစေ၊ လူထုကြီးနဲ့မပေါင်းစပ်ရင် အကန့်အသတ်တခုမှာ ပြီးသွားတယ်၊ ၁၉၆၀စုနှစ်များကုန်ဆုံးကာနီးတုန်းက ပြင်သစ်ပြည်က ကျောင်းသားလှုပ်ရှားမှုတွေကို သတိရသင့်တယ်၊ သူတို့ဟာ ကျန်တဲ့လူထုကြီးနဲ့ပေါင်းစည်းနိုင်မှ (ရှစ်လေးလုံးလို) မိုးပြိုမြေသိမ့် တိုက်ပွဲကြီးတွေ ဖော်ထုတ်နိုင်တယ်၊

အခုလည်းနအဖ စစ်အုပ်စု လုပ်တော့မယ့် ‘ပြည်သူ့ဆန္ဒခံယူပွဲ’ နဲ့ ပတ်သက်တဲ့ သဘောထားကို ကျောင်းသားမျိုးဆက် ဟောင်း မျိုးဆက်သစ်တွေကတော့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောလို့ ကြားနေရပြီ၊ ဒါဟာ ကျောင်းသားထုရဲ့ သမိုင်း အမွေကောင်း၊ ဂုဏ်ရောင်ပြောင်ခဲ့တဲ့ အမွေကောင်းကို ဆက်ခံလိုက်တာပဲလို့ဆိုရမယ်၊ ကျောင်းသားက ရှေ့ကထွက်လာတာကို ကြိုဆိုကြ၊ အားပေးကြ၊ ၀ိုင်းဝန်းကြ၊ အကြံပေးကြဖို့ရင်း လှုပ်ရှားမှုရေချိန်ကို မြှင့်တင် သွားကြရမှာပဲ၊

ဗမာပြည်သမိုင်းမှာ၊ တခြားနိုင်ငံများမှာလိုပဲ တမျိုးသားလုံးနဲ့ဆိုင်တဲ့ အပြောင်းအလဲကြီးတွေမှာ ကျောင်းသားတွေရဲ့ အခန်းဟာ ထင်ရှားကြီးမားစွာပါခဲ့သလို နောင်ဗမာပြည်ရဲ့ အရေးတော်ပုံတိုင်းမှာလည်း ကျောင်းသားတွေဟာ သူတို့ရဲ့ထွန်းပြောင်တဲ့ အစဉ်အလာအတိုင်း ပါနေဦးမှာပဲဆိုတာ ဘာမှသံသယဖြစ်စရာမလိုဘူး၊ ဒါဟာ သူတို့ရဲ့ ပင်ကိုယ်လက္ခဏာက ပြဌာန်းထားတဲ့ အချက်ဖြစ်တယ်၊

ဒီအချက်ကို အာဏာပိုင်ရော၊နိုင်ငံရေးအင်အားစုတွေရော၊ ဗမာပြည်အရေးစိတ်ဝင်စားသူတွေရော မမေ့ကြပါနဲ့၊ မမေ့ကြပါနဲ့၊

ဗသြ

Labels:

posted by မြင့်ဇေ @ 9:28 PM   0 comments
ရန်သူနှင့်စကားပြောခြင်း-၇
Thursday, August 9, 2007
၉၄

ဆွေးနွေးပွဲတွေက ကောင်းတဲ့အကျိုးသက်ရောက်မှု ပေါ်လာတယ်၊ သြဂုတ်လ မကုန်ခင် သမတဘိုသာက ကျနော်နဲ့တွေ့ဖို့ စီစဉ်နေတယ်လို့ ၁၉၈၈ ခု၊ ဆောင်းရာသီအတွင်း ကျနော့်ကိုပြောလာတယ်၊ တိုင်းပြည်ကတော့ ဆူပွက်အုံကြွနေဆဲဖြစ်တယ်၊ အစိုးရဟာ ၁၉၈၇ ခုမှာရော၊ ၁၉၈၈ ခုမှာပါ အရေးပေါ်အခြေအနေ ပြန်လည်ချမှတ်ခဲ့တယ်၊ နိုင်ငံတကာ့ဖိအားကလည်း မြင့်တက်လာပြီး တောင်အာဖရိကကထွက်ခွာတဲ့ကုမ္ပဏီတွေ များသထက်များလာတယ်၊ အမေရိကန်ကွန်ဂရက်လွှတ်တော်က အရေးပါတဲ့ပြစ်ဒဏ်ခတ်အရေးယူရေး ဥပဒေကြမ်းတခု အတည်ပြုလိုက်တယ်၊

၁၉၈၇ ခုမှာ အေအင်စီဟာ သက်တမ်း (၇၅) နှစ်မြောက်အခမ်းအနားဆင်နွှဲပြီး အဲဒီနှစ်အကုန် တန်ဇန်းနီးယားနိုင်ငံမှာ ကွန်ဖရင့်တခုကျင်းပခဲ့ရာ နိုင်ငံပေါင်းငါးဆယ်ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်ကြတယ်၊ အော်လီဗာက အစိုးရဟာ အသားအရောင်ခွဲခြားရေးစနစ်ဖျက်သိမ်းရေး ဆွေးနွေးဖို့မပြင်ဆင်မချင်း လက်နက်ကိုင်တော်လှန်ရေးကို အရှိန်မြှင့် သွားမယ် လို့ကြေညာခဲ့တယ်၊ လွန်ခဲ့တဲ့နှစ်နှစ်က လွတ်လပ်ရေးကြေညာစာတမ်း နှစ် (၃၀) မြောက်အဖြစ် ဇမ်ဘီယာနိုင်ငံမှာကျင်းပခဲ့တဲ့ အေအင်စီရဲ့ ကာဘ၀ီကွန်ဖရင့်မှာ တခြားလူမျိုးတွေထဲကပုဂ္ဂိုလ်တွေကို ပထမဆုံးအကြိမ်အဖြစ် နိုင်ငံလုံးဆိုင်ရာ အမှုဆောင်ကော်မတီထဲ ရွေးကောက်တင်မြှောက်ခဲ့ပြီး နိုင်ငံလုံးဆိုင် ရာအမှုဆောင်ကော်မတီက အေအင်စီခေါင်းဆောင်တွေ အားလုံးထောင်ကမလွတ်မချင်း အစိုးရနဲ့ ဆွေးနွေးပွဲတွေမကျင်းပနိုင်ဘူးလို့ ကတိခံဝန်ပြုခဲ့တယ်၊ အကြမ်းဖက်မှုတွေ အပြန့်အနှံ့ရှိနေဆဲဖြစ်ပေမဲ့ အမျိုးသားပါတီဟာ အခုလောက် တခါမှအင်အားမကောင်းခဲ့ဖူးဘူး၊ ၁၉၈၇ ခု၊ မေလ လူဖြူ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားပါတီသမားတွေ အပြတ်အသတ်နိုင်ခဲ့တယ်၊ ဒီထက်ပိုဆိုးတာကတော့ တရားဝင် အတိုက်အခံအဖြစ် သဘောထားပျော့ပျောင်းတဲ့ တိုးတက်သောဖက်ဒရယ်ပါတီကို ကွန်ဆာဗေးတစ်ပါတီက ဖယ်ရှားအစားထိုး လိုက်တာဖြစ်တယ်၊ ကွန်ဆာဗေးတစ်ပါတီဟာ အမျိုးသားပါတီသမားတွေထက် ပိုလင်္ကျာကျပြီး ရွေးကောက်ပွဲ မဲဆွယ်ခဲ့တုန်း ကလည်း အစိုးရဟာ လူမည်းအတိုက်အခံတွေအပေါ် ပျော့လွန်းအားကြီးတယ်ဆိုတဲ့ အာဘော်လွှင့်မဲဆွယ်ခဲ့တယ်၊
လျှို့ဝှက်ဆွေးနွေးပွဲတွေအပေါ် ကျနော်အကောင်းမြင်ဝါဒထားပေမဲ့ ဒီကာလဟာ ခက်ခဲတဲ့ကာလဖြစ်ပါတယ်၊ မကြာသေးခင်က ၀င်နီ ထောင်ဝင်စာလာတွေ့တဲ့အခါမှာကျနော်တို့မင်္ဂလာဆောင်ခဲ့ရာ၊ ကျနော် မိမိနေအိမ်လို့မှတ်ယူရာ အော်လင်းဒို အနောက်
ရပ်ကွက် အိမ်အမှတ် (၈၁၁၅) မီးရှို့ခံရလို့ ပြာကျသွားပြီဆိုတာသိရတယ်၊ ကျနော်တို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ မိသားစုမှတ်တမ်းတွေ၊ ဓာတ်ပုံတွေနဲ့ အမှတ်တရပစ္စည်းတွေ ဆုံးရှုံးသွားတယ်၊ကျနော်လွတ်လာရင်စားဖို့ ၀င်နီသိမ်းထားတဲ့ လက်ထပ်ကိတ်မုန့်တစိတ်ပါ ပါသွားတယ်၊

ကျနော်ထောင်ကလွတ်လာတဲ့တနေ့မှာ အဲဒီဓာတ်ပုံတွေနဲ့ စာတွေကိုကြည့်ရင်း အတိတ်ကို ပြန်ခံစားကြည့်နိုင်ဖို့ အမြဲစဉ်းစားခဲ့ ပေမဲ့ အခုတော့ အဲဒါတွေဆုံးသွားပါပြီ၊ အကျဉ်းထောင်ဟာ ကျနော့်လွတ်လပ်မှုကို ဆုံးရှုံးစေခဲ့ပေမဲ့ ကျနော့်အမှတ်ရမှု တွေကိုတော့ ဆုံးရှုံးအောင်မလုပ်နိုင်ခဲ့ပါဘူး၊ အခုတော့ ရန်သူတချို့ဟာ အဲဒီအမှတ်ရစရာတွေကိုတောင် ဆုံးရှုံးအောင်လုပ်ဖို့ ကြိုးစားခဲ့ကြပြီလို့ ခံစားမိတယ်၊ကျနော်ဟာ ပျောက်ကင်းအောင်လုပ်နိုင်ပုံမရတဲ့ ချောင်းဆိုးရောဂါတခုလည်း ဆိုးဆိုးဝါးဝါး ခံစားနေရပြီး ကျန်းမာရေးလေ့ကျင့်ခန်းမလုပ်နိုင်လောက်အောင် မကြာခဏပဲ အင်မတန်အားနည်းနေတတ်တယ်၊ ကျနော့် အကျဉ်းခန်းရဲ့စိုထိုင်းမှုကို တောက်လျှောက်တိုင်တန်းကန့်ကွက်ခဲ့ပေမဲ့ ဘာမှလုပ်ပေးတာမရှိခဲ့ပါဘူး၊ တနေ့မှာ ကျနော့်ရှေ့နေ အီစမိုင်အယွပ်ဗ်နဲ့ထောင်ဝင်စာတွေ့နေတုန်း ကျနော်နေမကောင်းဖြစ်လာပြီး အန်ခဲ့တယ်၊ ကျနော့်ကို အကျဉ်းခန်းဆီပြန်ခေါ် သွားပြီး ဆရာဝန်တယောက် စစ်ဆေးကြည့်ရှုပေးတယ်၊ မကြာခင်ပဲ ပြန်ကောင်းလာခဲ့တယ်၊ သို့ပေမဲ့လည်း နောက်ရက် အနည်းငယ်အကြာမှာ ကျနော်ညစာစားအပြီးအကျဉ်းခန်းထဲရှိနေစဉ် ၀ါဒါတချို့နဲ့ ဆရာဝန်တယောက်ရောက်လာတယ်၊ ဆရာဝန်ကကျနော့်ကို ခပ်သုတ်သုတ် ကြည့်ရှု စစ်ဆေးပြီးတဲ့နောက် ၀ါဒါတယောက်က ကျနော့်ကိုအ၀တ်လဲခိုင်းတယ်၊ “ခင်ဗျားကို ကိပ်တောင်းမြို့က ဆေးရုံခေါ်သွားမယ်” လို့ ပြောတယ်၊ လုံခြုံရေးကတင်းကြပ်လှပါတယ်၊ ကျနော်ဟာ ရိုးရိုးကား တွေနဲ့ စစ်ကားတွေပါဝင်တဲ့ ယာဉ်တန်းတခုနဲ့သွားရပြီး အနည်းဆုံးဝါဒါ တဒါဇင်လောက်လိုက်လာတယ်၊

ကျနော့်ကို တိုင်ဂါဘာ့ဂ်ဆေးရုံကိုခေါ်သွားတယ်၊ အဲဒါဟာ ကိပ်ဒေသရဲ့ ချမ်းသာကြွယ်ဝပြီး စိမ်းစိုလန်းဆန်းတဲ့နယ်မြေရှိ စတယ်လင်ဘွတ်ရှ် တက္ကသိုလ်ဝင်းထဲမှာရှိတယ်၊ ကျနော်နောက်ပိုင်းသိလာရတာက တက့သိုလ်ဆေးရုံဆိုရင် ကျနော့်အပေါ် စာနာစိတ်နဲ့ အာရုံစိုက်လာနိုင်မှာကို အာဏာပိုင်တွေစိုးရိမ်ပြီး တခြားဆေးရုံတခု ရွေးမလိုတောင်ဖြစ်ခဲ့သေးတယ်ဆိုတာသိခဲ့ ရတယ်၊ ၀ါဒါတွေက ဆေးရုံထဲအရင်ဝင်သွားပြီး ၀င်ပေါက်နေရာက လူတွေအားလုံးကို ရှင်းလိုက်တယ်၊ ဒီနောက် ကျနော့်ကို လူလုံးဝမရှိတဲ့ အထပ်တထပ်ဆီ ခေါ်တက်သွားတယ်၊ခန်းမထဲမှာ လက်နက်ကိုင်အစောင့် တဒါဇင်ကျော် တန်းစီစောင့်နေတယ်၊လူနာကြည့်ခန်းထဲက စားပွဲပေါ် ကျနော်ထိုင်ရပြီး ငယ်ရွယ်ဖော်ရွေတဲ့ ဆရာဝန်တယောက်က ကြည့်ရှု စစ်ဆေး တယ်၊ ဒီဆရာဝန်ဟာ တက္ကသိုလ်ရဲ့ဆေးကျောင်းမှာ ပါမောက္ခလည်း ဖြစ်တယ်၊သူက ကျနော့်လည်ချောင်းကို စစ်ဆေးတယ်၊ ရင်ဘတ်ကိုခေါက်တယ်၊ တံတွေး၊ သလိပ် နမူနာတွေယူတယ်၊ ဘာမှမကြာခင်မှာပဲ ကျနော့်ကို ကျန်းမာရေး ကောင်းတယ်လို့ ဖော်ထုတ်ကြေညာလိုက်တယ်၊ “ခင်ဗျားမှာ ဘာရောဂါမှမရှိပါဘူး” လို့ သူကပြုံးပြီးပြောတယ်၊ “နက်ဖြန်ဆိုရင် ကျနော်တို့ ခင်ဗျားကို ပြန်ပို့လို့ရနိုင်မှာပါ” တဲ့၊ ကျနော်ဟာ အစိုးရနဲ့စကားပြောနေတာ မပြတ်ချင်လို့ သူ့ရဲ့ရောဂါစစ်ချက်ကို ကျေနပ်ခဲ့မိတယ်၊စစ်ဆေးကြည့်ရှုပြီးတဲ့အခါ ဆရာဝန်က ကျနော့်ကို လက်ဖက်ရည်သောက်မလားမေးတယ်၊ ကျနော်က သောက်မယ်လို့ပြောတဲ့အခါ ခဏနေတော့ အရပ်မြင့်မြင့်အသက်ငယ်ငယ်ကပြား သူနာပြုဆရာမတယောက် လင်ဗန်းတချပ်နဲ့ ၀င်လာတယ်၊ လက်နက်ကိုင်အစောင့်တွေနဲ့ဝါဒါတွေတပြုံကြီးတွေ့လိုက်တော့ တအားကြောက်လန့်သွားလို့ ကျနော့်အိပ်ယာ ပေါ် လင်ဗန်းလွတ်ကျသွားတဲ့အခါ လဖက်ရည်တွေဖိတ်ကုန်ပြီး သူမလည်း အခန်းထဲကထွက်ပြေးသွားတယ်၊ကျနော်ဟာ လူမရှိတဲ့ လူနာဆောင်ထဲ အစောင့်အကြပ်ထူထဲစွာနဲ့ ညအိပ်ရတယ်၊

နောက်တနေ့မနက် ကျနော်မနက်စာတောင်မစားရသေးခင် ဆေးရုံရဲ့ဆေးပညာဌာနမှူးဖြစ်တဲ့ အသက်ကြီးကြီး ဆရာဝန် တယောက် လာကြည့်တယ်၊ သူကတော့ အပိုဆာဒါးတွေမပြောတတ်၊မလုပ်တတ်ဘဲ မနေ့ညကဖော်ရွေတဲ့လူငယ်ဆရာဝန်ရဲ့ လူနာကြည့်ပုံစံနဲ့စာရင် အမူအကျင့်အများကြီးဆိုးတယ်၊ စကားချီးတွေ၊ အာလာပသလ္လာပတွေ ဘာမှပြောမနေဘဲ ကျနော့်
ရင်ဘတ် ကို ကြမ်းကြမ်းတမ်းတမ်းခေါက်ပြီးနောက် စကားခပ်မာမာနဲ့ “ခင်ဗျားအဆုတ်ထဲ ရေ၀င်နေတယ်” လို့ပြောတယ်၊ ကျနော်က မနေ့က ဆရာဝန်လာ စမ်းသပ်စစ်ဆေးမှုတွေလုပ်ပြီး ကျနော့်ကျန်းမာရေးကောင်းကြောင်းပြောသွားတယ်လို့ ပြောလိုက်တယ်၊ သူက မကျေမနပ်လေသံနဲ့ “မင်ဒဲလား၊ ခင်ဗျား ရင်ဘတ်ကို ခင်ဗျားပြန်ကြည့်ဦး” လို့ ပြောတယ်၊ ကျနော့်ရင်အုံတဖက်က နောက်တဖက်ထက် တကယ်ပဲကြီးနေတာကို သူကညွှန်ပြပြီး အဲဒါဟာ ရေနဲ့ပြည့်နေတာဖြစ်နိုင်တယ်လို့ ပြောတယ်၊

သူက သူနာပြုဆရာမတယောက်ကို ဆေးထိုးဆလင်းတချောင်းယူလာခိုင်းပြီး ချက်ခြင်းပဲ ကျနော့်ရင်ဘတ်ထဲထိုးသွင်း ညိုညစ်ညစ်အရည်တချို့စုတ်ယူလိုက်တယ်၊ သူက “ခင်ဗျားမနက်စာ စားပြီးပလား” မေးတယ်၊ မစားရသေးဘူးလို့ ကျနော်ပြန်ပြောလိုက်တယ်၊ “ကောင်းတယ်”လို့ သူကပြောတယ်၊ “ခင်ဗျားကို ကျနော်တို့ အခုချက်ချင်း ခွဲစိတ်ခန်းကို ခေါ်သွားမယ်၊”ကျနော့်အဆုတ်ထဲ အရည်အများကြီးရှိနေတယ်လို့ သူကပြောပြီး အဲဒါတွေကို သူကတခါထဲ စုတ်ထုတ်ချင် နေတယ်၊ခွဲစိတ်ခန်းထဲမှာ ကျနော့်ကိုမေ့ဆေးပေးပြီး သတိပြန်ရတဲ့အခါ အခန်းတခန်းထဲမှာ ဆရာဝန် နဲ့အတူရှိနေတာ တွေ့ရတယ်၊ ကျနော်ဟာ နုံးခွေထုံထိုင်းနေပေမဲ့ သူပြောတဲ့စကားကို အာရုံစိုက်နားထောင်ခဲ့တယ်၊ သူပြောတာက ကျနော့် ရင်ဘတ်ထဲက အရည်နှစ်လီတာကို ဖယ်ရှားထုတ်ယူခဲ့တယ်၊ အဲဒီအရည်ကိုစစ်ဆေးတဲ့အခါ တီဘီပိုးတွေ့ရတယ်လို့ပြောတယ်၊ သူက ဒါဟာရောဂါရဲ့ကနဦးအစပိုင်းအဆင့်တွေမှာပဲရှိသေးတယ်၊ အဆုတ်ကိုမထိခိုက်သေးဘူးလို့ ပြောတယ်၊ တီဘီ (အဆုတ် နာ) ရောဂါရင့်ရင် ပျောက်အောင်ကုဖို့ ပုံမှန်အားဖြင့် ခြောက်လလောက်ကြာတတ်ပေမဲ့ ကျနော်ကတော့ နှစ်လလောက်နဲ့ ကောင်းသွားနိုင်တယ်လို့ သူကပြောတယ်၊ကျနော့်ရောဂါဖြစ်လာစေတာ စိုထိုင်းတဲ့အကျဉ်းခန်းကြောင့် ဖြစ်နိုင်တယ်ဆိုတာ ဆရာဝန်ကသဘောတူတယ်၊ကျနော်ဟာ တိုင်ဂါဘာ့ဂ်မှာ နာလန်ထတာနဲ့ ကုသမှုခံယူတာ နောက်ထပ်ခြောက်ပတ် ကြာခဲ့ တယ်၊ ဒီဇင်ဘာလထဲမှာ ကျနော့်ကို ကွန်စတန်ရှာဘာ့ဂ်ဆေးခန်းကို ရွှေ့လိုက်တယ်၊

အဲဒီဆေးခန်းဟာ ပိုးလ်စမိုးနားမှာရှိတဲ့ အဆင့်မြင့်ဇိမ်ခံအဆောက်အအုံတခုဖြစ်ပြီး အရင်ကတခါမှ လူမည်းလူနာ လက်မခံဖူးဘူး၊ အဲဒီကိုရောက်တဲ့ ပထမနေ့မနက်မှာ ကျနော့်ကို စောစောစီးစီး ကိုဘီကိုအက်ဆီးလာတွေ့တယ်၊ သူနဲ့အတူ ဗိုလ်မှူး မာရာအစ်ဆိုတဲ့၊ ကျနော့်ကို ကြည့်ရှုစောင့်ရှောက်ဖို့ တာဝန်ယူထားတဲ့ ဒုထောင်ပိုင်တယောက်လိုက်လာတယ်၊ ကျနော် တို့ဟာအပြန်အလှန်နှုတ်ဆက်စကားဆိုပြီးရုံမှာပဲ ဆေးခန်းဝန်ထမ်းက ကျနော့်မနက်စာကိုယူလာတယ်၊ လောလော လတ်လတ် ဖျားနာ ထားတာကြောင့်တကြောင်း၊ သွေးတိုးမှတ်တမ်းရှိထားလို့တကြောင်း ကျနော့်ကို ကိုလက်စထရော အဆီနည်းတဲ့ဓာတ်စာ တင်းတင်းကြပ်ကြပ်ချမှတ်ထားတယ်၊ အဲဒီညွှန်ကြားချက်ဟာ ဆေးခန်းစားဖိုဆောင်ကို ရောက်ပုံ မပေါ်သေးပါ၊ အကြောင်းကတော့ မနက်စာလင်ဗန်းထဲမှာ ကြက်ဥမွှေကြော်တွေရယ်၊ ၀က်သားခြောက်သုံးမြှောင်းနဲ့ပေါင်မုန့် ထောပတ်သုတ် တချို့ပါလာလို့ပါပဲ၊ ကျနော်ဟာ ၀က်သားခြောက်နဲ့ကြက်ဥကို ဘယ်တုန်းက နောက်ဆုံးစားခဲ့ရသလဲတောင် မမှတ်မိတော့ပါဘူး၊ အင်မတန်မှလည်း ဆာလောင်မွတ်သိပ်နေပါတယ်၊ ကျနော်ဟာ အရသာရှိတဲ့ကြက်ဥ တဇွန်းစားမလို့ လုပ်နေတုန်းမှာပဲ ဗိုလ်မှူးမာရာအစ်က “မရဘူး မင်ဒဲလား၊ ဒါ ခင်ဗျားဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ ဆန့်ကျင်နေတယ်ခင်ဗျ” လို့ပြောပြီး သူကလင်ဗန်းကိုယူဖို့ လက်လှမ်းလိုက်တယ်၊ ကျနော်က လင်ဗန်းကိုမြဲမြဲဆုပ်ကိုင်ထားပြီး “၀မ်းနည်းပါတယ် ဗိုလ်မှူး၊ ဒီမနက်စာစားလိုက်လို့ ကျနော်သေမယ်ဆိုရင်လည်းဒီကနေ့ အသေခံဖို့အသင့်ပါပဲဗျာ” လို့ ပြောလိုက်တယ်၊

ကျနော့်ကို ကွန်စတန်ရှာဘာ့ဂ်မှာ လုံခြုံစိတ်ချစွာထားပြီးတာနဲ့ ကျနော်ဟာ ကိုဘီကိုအက်ဆီးတို့၊ လျှို့ဝှက်ကော်မတီတို့နဲ့ ပြန်လည်ပြီးဆွေးနွေးတာတွေ စလုပ်ရတယ်၊ ကျနော်ဆေးခန်းမှာပဲရှိနေစဉ် ကိုအက်ဆီးကကျနော့်ကို အကျဉ်းကျမှုနဲ့လွတ်လပ် မှုကြား တ၀က်လောက်အနေအထားမှာ ထားလိုတယ်လို့ပြောတယ်၊ ဒါဘာဆိုလိုတယ်ဆိုတာ သူ မရှင်းပြပေမဲ့ ကျနော် သဘောပေါက်လိုက်ပြီး ခေါင်းပဲညိတ်ပြလိုက်တယ်၊ လွတ်မြောက်ဖို့ သူ့ကမ်းလှမ်းချက်ကို လက်ခံစဉ်းစား လောက်အောင် ကျနော် မအ ပါဘူး၊ ဒါပေမဲ့ ဒါဟာ အဲဒီကိုဦးတည်တဲ့ခြေလှမ်းတလှမ်းဖြစ်တယ်ဆိုတာ ကျနော်သိတယ်၊လောလောဆယ် မှာတော့ ဆေးခန်းဟာ အင်မတန့်ကို သက်တောင့်သက်တာရှိပြီးကျနော်ဟာ ပထမဆုံးအကြိမ်အဖြစ် ဆေးရုံနာလန်ထ အရသာကို တကယ့်ကိုနှစ်နှစ်ခြိုက်ခြိုက်ခံစားနေမိတယ်၊ လူဖြူ သို့မဟုတ် ကပြားတွေဖြစ်တဲ့ သူနာပြုဆရာမတွေ (လူမည်း သူနာပြုဆရာမတွေ ဒီဆေးရုံမှာလုပ်ခွင့်မရှိပါ) က ကျနော့်ကို ဖျက်ဆီးကြတယ်၊ သူတို့ဟာ နောက်ထပ်အချိုပွဲ၊ လိုက်ပွဲတွေနဲ့ ခေါင်းအုံးတွေယူလာပေးတယ်၊ သူတို့အလုပ်ချိန်မဟုတ်ဘဲနဲ့တောင်ကျနော့်ဆီ အမြဲလာလည်နေကြတယ်၊

တနေ့မှာ သူနာပြုဆရာမတယောက်လာပြီး “မစ္စတာမင်ဒဲလား၊ သမီးတို့ ဒီည ပါတီပွဲတခုပေးမလို့၊ အဲဒါ ဦး လာစေချင်ပါတယ်” လို့ ပြောတယ်၊ ကျနော်က ဖိတ်ကြားတဲ့အတွက်ဝမ်းသာဂုဏ်ယူပေမဲ့ အာဏာပိုင်တွေရဲ့အဆုံးအဖြတ် မလွဲမသွေလိုတယ်လို့ ပြောလိုက်တယ်၊ထောင်အာဏာပိုင်တွေက ကျနော့်ကိုသွားခွင့်မပေးပါ၊ အဲဒါကြောင့် သူနာပြုဆရာမတွေစိတ်ကွက်ကြပြီး ကျနော့်အခန်းမှာပဲ ပါတီပွဲကျင်းပဖို့ ဆုံးဖြတ်လိုက်ကြတယ်၊ ကျနော် မပါမဖြစ်ဘူးလို့ ပြောကြတယ်၊အဲဒီညမှာ အမျိုးသမီးငယ် တဒါဇင်လောက်ဟာ ပါတီပွဲထိုင်အ၀တ်အစားတွေဆင်ယင်ပြီးကျနော့်အခန်းထဲ ကိတ်မုန့်တွေ၊ ၀ိုင်နဲ့သစ်သီးဖျော်ရည်တွေ၊ လက်ဆောင်ပစ္စည်းတွေနဲ့ ၀င်ချလာကြတယ်၊ အစောင့်တွေဟာ ခေါင်းရှုပ်ကုန်တဲ့ပုံပါပဲ၊ ဒါပေမဲ့ ဒီပျော်တတ်တဲ့ မိန်းကလေးငယ်တွေကို လုံခြုံရေးအန္တရာယ်တခုလို့ သူတို့မယူဆနိုင်ပါဘူး၊ အစောင့်တယောက်က သူနာပြုဆရာမတချို့ကို ကျနော့်အခန်းထဲမ၀င်ဖို့တားတဲ့အခါ ကျနော်က သူ့ကို အဖိုးကြီးတယောက်က ဒီလောက်လှတဲ့ မိန်းမငယ်ငယ်လေးတွေရဲ့ ဂရုစိုက်မှု အကြီးအကျယ်ခံနေရတာကို သူမနာလိုဖြစ်နေတယ်လို့ နောက်လိုက်တယ်၊

၉၅

၁၉၈၈ ခု ဒီဇင်္ဘာလ စောစောပိုင်းမှာ ကျနော့်အဆောင်က လုံခြုံရေးတွေ တင်းကြပ်ထားပြီး တာဝန်ကျအရာရှိတွေ ခါတိုင်းထက် ပိုနိုးကြားနေကြတယ်၊ အပြောင်းအလဲတစုံတရာဖြစ်တော့မယ့် လက္ခဏာာပါပဲ၊ ဒီဇင်ဘာ (၉) ရက် ညနေမှာ ဗိုလ်မှူးမာရာအစ် ကျနော့်အခန်းထဲဝင်လာပြီး နေရာပြောင်းဖို့ပြင်ထားရန်ပြောတယ်၊ “ဘယ်ကိုလဲ” လို့ ကျနော်မေးတယ်၊ သူမပြောပါ၊ ကျနော့်ပစ္စည်းတွေထုပ်ပိုးပြီး ကျနော့်ဘက်တော်သား သူနာပြုဆရာမ တချို့တလေများ ရှိမလားလို့ ဘေးဘီကြည့်မိတယ်၊ သူတို့ကို ကျေးဇူးတင်ကြောင်းပြောပြီး နှုတ်ခွန်းမဆက်နိုင်ခဲ့တဲ့အတွက် ကျနော်စိတ်မကောင်း ဖြစ်မိတယ်၊ကျနော်တို့ဟာ ခပ်သုတ်သုတ်ထွက်လာ၊ တနာရီလောက်ကားမောင်းပြီးနောက် ကျနော် နာမည်ကြားဖူးထားတဲ့ အကျဉ်းထောင်တခုထဲဝင်လာခဲ့တယ်၊ အဲဒါဟာ ဗစ်တာဗာစတာဆိုတဲ့ထောင်ဖြစ်ပြီး ကိပ်ပြည်နယ်ထဲက သာယာလှပရှေးကျတဲ့ ပါးလ်ဆိုတဲ့ ဒတ်ခ်ျမြို့ကလေးမှာတည်ရှိတယ်၊ ကိပ်တောင်းမြို့ရဲ့ အရှေ့မြောက်ဖက် (၃၅) မိုင် အကွာ ၀ိုင်အရက်ထုတ်လုပ်ရာဒေသထဲမှာဖြစ်တယ်၊ ဒီထောင်ဟာ စံပြအဆောက်အအုံတခုအဖြစ် နာမည်ထင်ရှားတယ်၊ ကျနော်တို့ ဟာ ထောင်ဝင်းအဆုံးထိ ကားမောင်းဝင်သွားပြီးနောက် ထောင်နောက်ဖက်ချောင်ကျကျ သစ်ပင်ထူထူနေရာကိုဖြတ်သွားတဲ့ မြေလမ်းကွေ့ကွေ့ကောက်ကောက်အတိုင်း မောင်းသွားတယ်၊ လမ်းအဆုံးမှာတော့ တသီးတသန့်တည်ရှိနေတဲ့ ဆေးဖြူသုတ် ထားတဲ့ တထပ်အိမ်တလုံးဆီ ရောက်လာတယ်၊ ဒီအိမ်ကို ကွန်ကရစ်တံတိုင်းနဲ့ ၀င်းခတ်ထားပြီး ထင်းရှူးပင် မြင့်မြင့်ကြီးတွေ မိုးနေတယ်၊

ကျနော့်ကို ဗိုလ်မှူးမာရာအစ်က အိမ်ထဲခေါ်သွင်းသွားတယ်၊ အိမ်ထဲမှာ နားနေဆောင်ကျယ်ကျယ်တခန်းနဲ့ ကပ်ရက် မီးဖိုဆောင်ကြီးကြီးတခုရှိပြီး နောက်ဖက်မှာ အဲဒါတွေထက်ပိုကျယ်တဲ့ အိပ်ခန်းတခန်းရှိတယ်၊ အိမ်ထဲမှာ ပရိဘောဂ အသုံးအဆောင်တွေ ကျဲကျဲပါးပါးပဲရှိပေမဲ့ သက်တောင့်သက်သာဖြစ်လောက်အောင်တော့ ထားပေးထားတယ်၊ ကျနော် ရောက်မလာခင် ဒီနေရာကို သန့်ရှင်းလှည်းကျင်းတာ လုပ်မထားဘူး၊ ဒီတော့ အိပ်ခန်းနဲ့ ဧည့်ခန်းတွေထဲအမျိုးမျိုးသော ထူးထူးဆန်းဆန်း ပိုးကောင်မွှားကောင်တွေ၊ ကင်းခြေများတွေ၊ ပင့်ကူတွေတရွရွနဲ့ ပြည့်နေကြတယ်၊ တချို့အကောင်တွေဆိုရင် ကျနော် တခါမှမမြင်ဖူးဘူး၊ အဲဒီညမှာကျနော်ဟာ အိပ်ရာနဲ့ ပြတင်းဘောင်ပေါ်က ပိုးကောင်တွေကိုရှင်းပစ်လိုက်ပြီး ကျနော့်ရဲ့ နေအိမ်သစ်ဖြစ်လာမယ့် ဒီနေရာမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့တယ်၊

နောက်တနေ့မနက်မှာ ကျနော့်ဘုံဗိမာန်သစ်ကို လှည့်လည်ကြည့်ရှုခဲ့ရာမှာ အိမ်နောက်ဖက်ဝင်းထဲ ရေကူးကန်တကန်တွေ့ခဲ့ပြီး အိမ်ထဲမှာ အိပ်ခန်းငယ်ငယ်နှစ်ခန်းလည်းတွေ့ခဲ့တယ်၊ကျနော်ဟာ အိမ်ပြင်ထွက်လမ်းလျှောက်ရင်း အိမ်ကိုနေရောင်ကာပေးပြီး အေးမြစေတဲ့ သစ်ပင်ကြီးတွေကို သဘောကျစွာကြည့်မိတယ်၊ ဒီနေရာတခုလုံးဟာ အရာရာနဲ့ အဆက်ပြတ်ပြီးတသီးတခြား အထီးကျန်ဖြစ်နေတယ်၊ သာယာလှပလှတဲ့မြင်ကွင်းကို အကျည်းတန်နေစေတဲ့တခုတည်းသောအရာကတော့ဝင်းထရံတံတိုင်း တွေ ထိပ်မှာ သံဆူးကြိုးတွေ တန်းထားတာဖြစ်တယ်၊ နောက်ပြီး အိမ်အ၀င်ဝမှာ အစောင့်တွေချထားတယ်၊ အဲဒါတောင်မှ ဒီနေရာဟာအင်မတန်နှစ်သက်စရာနေရာတခု၊ အနေအထားတခုဖြစ်ပါတယ်၊ အကျဉ်းထောင်နဲ့ လွတ်လပ် မှုကြားတ၀က်မှာ ရှိတဲ့ အိမ်ဖြစ်တယ်၊အဲဒီနေ့ခင်းမှာ ကျနော့်ဆီကို ဘီကိုအက်ဆီးလာလည်တယ်၊ သူက အိမ်သစ်တက်ပွဲလက်ဆောင်အဖြစ် ကိပ်နယ်ထွက် ၀ိုင်တသေတွ္တှာယူလာခဲ့တယ်၊ ထောင်ချသူက သူ့ထောင်သားဆီ ဒီလိုလက်ဆောင်မျိုးယူလာပေးတဲ့ အဆီအငေါ် မတည့်မှုကို ကျနော်တို့နှစ်ယောက်လုံးသတိထားမိကြတယ်၊ သူဟာ အလွန်တရာမှ အလေးထားဂရုတစိုက်ရှိပြီး ကျနော့်အနေနဲ့နေရာသစ်ကိုကြိုက်အောင် အစွမ်းကုန်ကြိုးပမ်းပေးချင်နေတယ်၊ သူကိုယ်တိုင် အိမ်ကိုလှည့်ပတ်ကြည့်တယ်၊ သူလုပ်ခိုင်းတဲ့ တခုတည်းသောအရာကတော့ အိမ်ပြင်ကတံတိုင်းတွေကို ထပ်မြှင့်ဖို့ဖြစ်တယ်၊ ဒါဟာ ကျနော့်အတွက် တသီး တသန့် လွတ်လွတ်လပ်လပ်ရှိအောင် လို့ပြောတယ်၊ ဗစ်တာဗာစတာက ယာတောပုံစံအိမ်ဟာ ကျနော်ထောင်ကမလွတ်မီ နောက်ဆုံးနေရတဲ့နေရာဖြစ်လိမ့်မယ်လို့ သူကပြောတယ်၊ ဒီလိုထားတာရဲ့ နောက်ခံအကြောင်းရင်းကတော့ ကျနော့်အနေနဲ့ ဆွေးနွေးပွဲတွေကို တသီးတသန့် သက်တောင့်သက်သာလုပ်နိုင်မယ့်နေရာတခုရှိဖို့ ဖြစ်တယ်လို့ သူကပြောတယ်၊

ယာတောအိမ် (cottage) လေးဟာ တကယ်ပဲ ကျနော့်ကို လွတ်လပ်မှုအာရုံယောင်ပေးခဲ့တယ်၊ ကျနော်ဟာ ကြိုက်တဲ့အချိန် အိပ်၊ ကြိုက်တဲ့အချိန်ထ၊ ကြိုက်တဲ့အချိန်ရေကူး၊ ဆာတဲ့အချိန်စားနဲ့ ဒါတွေအားလုံးဟာ အတော်အရသာရှိတဲ့ အာရုံခံစားမှုတွေပါပဲ၊ နေ့ခင်းဘက်မှာကိုယ်ဆန္ဒရှိတဲ့အချိန် အိမ်ပြင်ထွက်လမ်းလျှောက်နိုင်တာလေးကိုက ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာရှိလှပါတယ်၊ ပြူတင်းပေါက်တွေမှာ သံတိုင်တွေမရှိ၊ သော့တွဲတွေဂလောက် ဂလောက်မြည်တာမရှိ၊ သော့ခတ်စရာ (သို့မဟုတ်) သော့ဖွင့်စရာတံခါးမရှိ၊ ဒါဟာ လုံးလုံးကိုနှစ်သက်ကျေနပ်စရာပါပဲ၊ ဒါပေမဲ့ ရွှေကွပ်ထားတဲ့ လှောင်အိမ်တလုံးပဲ ဖြစ်တယ် ဆိုတာကိုတော့ ကျနော်ဘယ်တော့မှမမေ့ပါ၊ အကျဉ်းထောင်အုပ်ချုပ်ရေးက ကျနော့်ကို ထမင်းချက်တယောက် ပေးတယ်၊ သူကတော့အရာခံဗိုလ်စ၀ါ့တ်ဆိုတဲ့ အရပ်မြင့်မြင့်ခပ်အေးအေး အာဖရိကန်းနားလူမျိုးတယောက်ဖြစ်ပြီး အရင်တုန်း က ရော်ဘင်ကျွန်းပေါ်မှာ ၀ါဒါလုပ်ခဲ့ဘူးတယ်၊ ကျနော် သူ့ကိုမမှတ်မိပါ၊ ဒါပေမဲ့ သူဟာ တခါတရံကျနော်တို့ကို ကျောက်မိုင်း တွေဆီ ကားမောင်းပို့ရပြီး ကျနော်တို့ကားဆောင့်အောင် ကုန်တင်ကားကို တမင်တကာဖုတွေချိုင့်တွေပေါ် မောင်းခဲ့တယ်လို့ သူပြောပြတယ်၊“ကျနော် ဆရာတို့ကို အဲသလိုလုပ်ခဲ့တယ်ဗျာ” လို့ သူက ရှက်ရွံ့ရွံ့နဲ့ပြောတော့ ကျနော်ရယ်မိတယ်၊သူဟာ ရိုးသားပြီး စိတ်ထားကောင်းသူဖြစ်တယ်၊ အာဃာတလည်းကင်းတယ်၊ နောက်ပိုင်းမှာ ကျနော့်ညီတယောက်လို ဖြစ်လာခဲ့တယ်၊

သူက မနက် (၇) နာရီမှာ ရောက်လာပြီး ညနေ (၄) နာရီဆို ပြန်တယ်၊ ကျနော့်ရဲ့ မနက်စာ၊နေ့လည်စာနဲ့ ညစာတွေစီစဉ်ချက်ပြုတ်တယ်၊ ကျနော့်ကို ဆရာဝန်ညွှန်ကြားထားတဲ့ ဓာတ်စာသတ်မှတ်ချက်ရှိပြီး စ၀ါ့တ်ကချက်ပြုတ်ရာမှာ အဲဒီအတိုင်းလိုက်နာဆောင်ရွက်ပေးတယ်၊ သူဟာနှစ်လိုဖွယ်ရာကောင်းတဲ့ ထမင်းချက်တယောက်ဖြစ်တယ်၊ သူ ညနေဘက် အိမ်ပြန်တဲ့အခါကျနော့် ညစာကိုနွေးအောင် မိုက်ကရိုဝေ့ဗ်မီးဖိုထဲ ထည့်ထားပေးခဲ့တယ်၊ မိုက်ကရိုဝေ့ဗ်မီးဖိုကတော့ ကျနော့်အတွက် အသစ်အဆန်းဖြစ်နေတယ်၊ အရာခံဗိုလ်စ၀ါ့တ်ဟာ ပေါင်မုန့်လည်းဖုတ်တယ်၊ ဂျင်ဂျာဘီယာလည်း ကိုယ့်ဟာ ကိုယ်ဖောက်တယ်၊ တခြား မုန့်အမျိုးမျိုးလည်းလုပ်တယ်၊ ကျနော့်ဆီကို ဧည့်သည်တွေကလည်း မကြာခဏ ရောက်သထက် ရောက်လာတယ်၊ အဲသလို ဧည့်သည်တွေလာတဲ့အခါ သူက အထူးစပါယ်ရှယ်ဟင်းလျာတွေ ပြင်ဆင်ချက်ပြုတ်ပေးတယ်၊ ဧည့်သည်တွေက အစားအသောက်ကို အမြဲချီးကျူးကြတယ်၊ စားဖိုမှူးကြောင့် ဧည့်သည်အားလုံး ကျနော့်ကို မနာလို ဖြစ်ကြတယ်လို့တောင်ကျနော်ပြောရဲတယ်၊ အာဏာပိုင်တွေက ကျနော်ရဲ့ အေအင်စီရဲဘော်တွေ၊ ဒီမိုကရေစီ ညီညွတ်ရေး တပ်ပေါင်းစု (ယူဒီအက်ဖ်) နဲ့ ဒီမိုကရေစီလူထုလှုပ်ရှားမှုအဖွဲ့ (အမ်ဒီအမ်) အဖွဲ့ဝင်တွေကို ကျနော့်ဆီ လာတွေ့ခွင့်ပေးတဲ့အခါ ကျနော်က သူတို့ကို အစားကောင်းစားချင်လို့ပဲလာတာ လို့နောက်ပြောခဲ့တယ်၊

တနေ့မှာတော့ မစ္စတာစ၀ါ့တ်ချက်တဲ့၊ အရသာရှိလှတဲ့ ထမင်းတပွဲစားပြီးတဲ့နောက်ကျနော် မီးဖိုထဲဝင်ပြီး ပန်းကန်တွေ ဆေးပေးတယ်၊ သူက “မဟုတ်ဘူး၊ ဒါကျနော့်တာဝန်ပဲ၊ဆရာက အိမ်ရှေ့ခန်းပြန်ပါ” လို့ ပြောတယ်၊ ကျနော်က တခုခုတော့ လုပ်ရမှဖြစ်မယ်၊ သူ ထမင်းဟင်းချက်ရင် ကျနော်ပန်းကန်ဆေးမှ တရားရာကျမယ်လို့ ဇွတ်အတင်းပြောတယ်၊ မစ္စတာ စ၀ါ့တ်က ကန့်ကွက်ပေမဲ့ နောက်ဆုံးမှာတော့ လက်ခံလိုက်တယ်၊ မနက်ဖက်မှာ ကျနော်အိပ်ရာသိမ်းတာကိုလည်း သူကန့်ကွက်တယ်၊ အဲဒါလည်း သူ့တာဝန် လို့ပြောတယ်၊ ဒါပေမဲ့ကျနော်ဟာ အိပ်ရာသိမ်းတာ၊ အိပ်ရာခင်းတာကို နှစ်ပေါင်းများစွာ ကိုယ့်ဟာကိုယ်လုပ်နေခဲ့တာမို့ အကျင့်ပါနေပြီ၊ တခြားကိစ္စတခုမှာလည်း ကျနော်တို့ဟာ တယောက်ကို တယောက် အပြန်အလှန်အကျိုးပြုကြတာရှိတယ်၊ သူဟာ တခြားအာဖရိကန်းစကားပြောဝါဒါတွေလိုပဲ အင်္ဂလိပ်စကားကို
ပိုပြီး ကျွမ်းကျွမ်းကျင်ကျင်တတ်ဖို့ စိတ်ထက်သန်နေတယ်၊ ကျနော်ကလည်း အာဖရိကန်းစကားပိုပြီးကျွမ်းကျင်တတ်မြောက်ဖို့ အမြဲနည်းလမ်းရှာကြိုးစားနေတာဖြစ်တယ်၊ ဒီတော့ ကျနော်တို့ နှစ်ယောက် သဘောတူချက်တခုချလိုက်တယ်၊ သူက ကျနော့် ကို အင်္ဂလိပ်စကားနဲ့ပြော၊ကျနော်က အာဖရိကန်းစကားနဲ့ပြန်ဖြေ၊ ဒီနည်းနဲ့ ကျနော်တို့နှစ်ယောက်လုံး ကိုယ်အားနည်းတဲ့ ဘာသာစကားကို လေ့ကျင့်ရာရောက်ခဲ့တယ်၊

တခါတရံမှာ ကျနော်ကသူ့ကို တချို့သောဟင်းလျာမျိုးတွေ ချက်ခိုင်းတယ်၊ ကျနော်ကလေးဘ၀တုန်းကစားလေ့ရှိခဲ့တဲ့ ပဲသီးဟင်းကို တခါတလေချက်ခိုင်းတယ်၊ တရက်မှာကျနော်က “လုံးတီးထမင်းချက်ပေးပါ” လို့ တောင်းဆိုလိုက်တယ်၊ သူက “လုံးတီးထမင်းဆိုတာဘာလဲ” ပြန်မေးလို့ ကျနော်အံ့အားသင့်သွားတယ်၊ စ၀ါ့တ်ဟာ လူငယ်ဖြစ်လို့ ကမ္ဘာစစ်ကြီးကို မမှီလိုက် ပါဘူး၊ ကျနော်က သူ့ကို လုံးတီးထမင်း၊ လုံးတီးဆန်ဆိုတာ ကမ္ဘာစစ်ကြီးတုန်းက ဆန်ဖြူမရနိုင်လို့စားရတဲ့၊ အချောကြိတ်မထားတဲ့ ဆန်ဖြစ်တယ်၊ ဆန်ဖြူထက်ပိုပြီး ကျန်းမာရေး နဲ့ညီညွတ်တယ်လို့ ရှင်းပြရတယ်၊ သူက သိပ်အယုံအကြည်မရှိပါ၊ ဒါပေမဲ့ နည်းနည်းပါးပါးတော့ရှာလို့ရလာတယ်၊ အဲဒါကို သူချက်ပေးပြီး ကျနော် အထူးနှစ်ခြိုက်စွာသုံးဆောင်ခဲ့တယ်၊သို့သော် မစ္စတာစ၀ါ့တ်ကတော့ အရသာမခံနိုင်ပဲ အဲဒါမျိုးနောက်ထပ်စားချင်ရင် ကိုယ့်ဟာကိုယ်ပဲချက်လို့ ရာဇသံပေးတယ်၊ကျနော်ဟာ အရက်မသောက်တတ်ပေမဲ့ သင့်လျော်စွာဧည့်ခံတတ်သူဖြစ်ချင်ပြီးဧည့်သည်တွေကို ၀ိုင်အရက်နဲ့ဧည့်ခံချင်တယ်၊ ဧည့်သည်တွေ စိတ်အေးသက်သာဖြစ်အောင်ကျနော်ကိုယ်တိုင် မကြာခဏ တငုံလောက်သောက်တယ်၊ ဒါပေမဲ့ ကျနော်လက်ခံနိုင်တဲ့
ဝိုင်အရက်ကတော့ တောင်အာဖရိကထွက် ‘တ၀က်ချို’ ၀ိုင်ပဲ ဖြစ်ပါတယ်၊ အဲဒီဝိုင်ဟာ တကယ့်တကယ်တော့ အလွန့်ကို ချိုပါတယ်၊

ကျနော့်ဧည့်သည်တွေမလာခင် ကျနော်က မစ္စတာစ၀ါ့တ်ကို နီဒါဘာ့ဂ်ဝိုင်အမျိုးအစားတပုလင်းရှာဖို့ ပြောထားတယ်၊ ဒီဝိုင်ကို ကျနော်မြည်းဖူးပြီး တ၀က်ချိုဖြစ်မှန်းသိထားတယ်၊တနေ့မှာ ကျနော်ဟာ မိတ်ဆွေရှေ့နေတွေဖြစ်တဲ့ ဒါလာအိုမာ၊ ဂျော့ခ်ျ ဘီဇော့ နဲ့ အီစမိုင်အယွပ်ဗ် တို့ နေ့လည်စာလာစားဖို့ဖိတ်ထားပြီး မစ္စတာစ၀ါ့တ်ကို နီဒါဘာ့ဂ်ဝိုင်နည်းနည်းပါးပါးဝယ်ထားဖို့ ပြောလိုက်တယ်၊ မူစလင်မဟုတ်တဲ့ ဂျော့ခ်ျဘီဇော့ ထမင်းစားရင်းသောက်ချင်မလားဆိုပြီး ၀ယ်ခိုင်းတာဖြစ်ပါတယ်၊ ကျနော်ခိုင်းတဲ့အခါ စ၀ါ့တ်မျက်နှာရှုံ့မဲ့သွားတာ သတိထားမိလို့ဘာပြဿနာရှိလဲ မေးကြည့်မိတယ်၊ သူက “မစ္စတာမင်ဒဲလား၊ ဆရာခိုင်းလို့ ကျနော်အဲဒီဝိုင်ကို ဆရာ့အတွက်အမြဲဝယ်ပေးခဲ့ပါတယ်၊ ဒါပေမဲ့ အဲဒီ့ဝိုင်က အပေါစားကြီးခင်ဗျ၊ ကောင်းလဲ မကောင်းဘူး” လို့ ပြောတယ်၊ကျနော်ကသူ့ကို ကျနော်ဝိုင်အပြင်းတွေမကြိုက်တဲ့အကြောင်းနဲ့ ဂျော့ခ်ျကလည်း ခွဲခြားမသိမှာ သေချာ ကြောင်းပြောလိုက်တယ်၊ မစ္စတာစ၀ါ့တ်က ပြုံးပြီး အလျှော့ပေးစေ့စပ်မှုတခု ကမ်းလှမ်းတယ်၊ သူအပြင်ထွက်ပြီး ၀ိုင်နှစ်ပုလင်းဝယ်လာမယ်၊ ၀ိုင်အပြင်းတပုလင်းနဲ့ ကျနော့်နီဒါဘာ့ဂ် တပုလင်းဝယ်လာပြီး ဧည့်သည်ကို ဘယ်ဟာသောက်ချင် လဲ မေးမယ်တဲ့၊ ကျနော်က “ကောင်းပြီလေ၊ ခင်ဗျားစမ်းသပ်ချက်ကို လက်တွေ့ကြည့်ရအောင်” လို့ ပြောလိုက်တယ်၊ကျနော်တို့ လေးယောက် နေ့လည်စာစားဖို့ ၀ိုင်းထိုင်ကြတဲ့အခါ စ၀ါ့တ်က ပုလင်းနှစ်လုံးကိုင်ထွက်လာပြီး ဧည့်သည်တွေကို “လူကြီးမင်းများ၊ ဘယ်ဝိုင်သုံးဆောင်ပါမလဲ” လို့ မေးတယ်၊ဂျော့ခ်ျဟာ ကျနော့်ကိုတောင်လှည့်မကြည့်ပဲ ၀ိုင်အပြင်းပုလင်းကို လက်ညှိုးထိုးပြတယ်၊ အရာခံဗိုလ်စ၀ါ့တ်ကတော့ ပြုံးရုံပဲပြုံးလိုက်ပါတယ်၊

Labels:

posted by မြင့်ဇေ @ 10:21 PM   0 comments
ကျနော့်အကြောင်း

Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
ယခုလ မာတိကာ
ယခင်လ မာတိကာ အဟောင်းများ
အလည်သွားဖြစ်တဲ့ ဘလော့များ
Powered by

Free Blogger Templates

BLOGGER

© Template by Isnaini Dot Com