|
အမုန်းကင်းစေတော့ |
Saturday, August 18, 2007 |
`ဟော့ဒီ တောင်ယာ၊ ဖုန်းဆိုး ကမ်းပါး၊ ချောင်းခြောက် တလျှောက်…… သွေးတွေ ဘယ်လောက်ထိအောင် ပေးရမှာလဲ အာဃာတတွေ ကျေပျက်ဖို့ မင်းတို့နင်းလိုက် တွေ့ရမယ်။ စိတ်ကြည်လင်တဲ့ အရိုးစုဖြူဖြူများထဲက နားလည်မှု၊ ချစ်ခင်လိုမှူ သွေးစည်းလိုစေမှုများနဲ့ သူတို့သံသရာကို သူတို့က စိတ်ချလက်ချမရှိခဲ့ဘူး။…´ (ကျနော် ၂၅ တင်းတင်းပြည့်ခဲ့ပြီ…) (ကဗျာရှည် - မြင့်ဇေ)
တခါက ကျနော် ရေးပြီး ဘယ်မှ မဖြန့်ဖြစ်ခဲ့တဲ့ ထုတ်ဝေခွင့်မရခဲ့တဲ့ ကိုယ်တိုင်မီးရှို့ခဲ့ရတဲ့ မှတ်စုစာအုပ် ထဲမှာ ရေးဖွဲ့ခဲ့တဲ့ ကဗျာရှည်တပုဒ်ထဲက အပိုဒ်တပိုဒ်ပါ။ အဲဒီအချိန်က ကျနော်ရောက်နေတာက မြန်မာပြည်အလယ်ပိုင်းက ဒေသတခုမှာပါ။ ၁၉၉၃ မေလ ထဲမှာ ကျနော်တို့ ပါဝင်ခဲ့တဲ့ စစ်ကြောင်းက ရောက်ခဲ့တာပါ။
ကျနော် မြန်မာပြည်မကလာခဲ့တဲ့ ကျောင်းသားတယောက်ပါ။ ပြည်မမှာလည်း တိုင်းရင်းသားလူမျိုးစုံ နေထိုင်ခဲ့ကြတဲ့အတွက် တောထဲကို ရောက်လာတဲ့ ကျောင်းသားတွေဟာလည်း လူမျိုးစုံပါပါတယ်။ ဒါပေမယ့် ဗမာတွေများပါတယ်။ ပြည်မကလာတယ်ဆိုရင် ဗမာ ဆိုတဲ့ အမြင်ဟာ အခုမှ ရှိခဲ့တာ မဟုတ်ပါ။ ကြာလှပါပြီ။ စစ်တပ်က ၇ွာကို မီးရှို့ ၇င် ဒါက ဗမာစစ်တပ်လက်ချက်။ နောက် မုဒိမ်းကျင့်ရင် ဗမာ…. စသဖြင့် လူမျိုးရေးကို အညှိုးအတေး ကြီးစေမယ့် အရာတွေက ကြီးစိုးခဲ့တာကြာလှခဲ့ပါပြီ။
၈၈ အရေးတော်ပုံနောက်ပိုင်း ကျနော် အပါအ၀င် အင်အားအတော်အတန် ရှိတဲ့လူများစွာ လက်နက် ကိုင် တော်လှန်ရေးရှိရာဆီ ရောက်လာခဲ့တယ်။ ရောက်လာခဲ့တဲ့ လူများစုဟာ (ပြန်သွားကြတဲ့ လူတွေ က လွဲပြီး) ဘာမှမရှိတဲ့ အခြေအနေအောက်မှာ လက်နက်ကိုင်တော်လှန်ရေးကို ကိုင်စွဲခဲ့ကြတယ်။ ကျနော်တို့မှာ အခြေခံလူထု၊ အခြေခံနယ်မြေ မရှိခဲ့ဘူး။ ကိုယ်ပိုင်တပ်မတော်တခုဘဲ နောက် အဲ့ဒီတပ်မတော်ကို နိုင်ငံရေးအရ ဦးဆောင်ဖို့ အဖွဲ့အစည်းတခုပဲ ကျနော်တို့မှာ ရခဲ့တယ်။
ဒါပေမယ့် ကျနော်တို့ ဖြတ်သန်းခဲ့ရာ ကာလတွေမှာ တနည်းမဟုတ် တနည်းနဲ့ ကိုယ်ပိုင်လက်နက် တပ်ဆင်နိုင်ဘို့ ကြိုးစားခဲ့ကြတယ်။ ၀န်ဆောင်မှုတွေ၊ အသက်တွေ၊ သွေးတွေ၊ ခန္ဓာကိုယ် အစိတ်အပိုင်းများ၊ မျက်ရည်စများနဲ့…..
ကိုယ့်အသက်ကိုယ် ကာကွယ်ဘို့၊ ကိုယ့် ယုံကြည်ချက်ကို ဆုပ်ကိုင်ဘို့ ၊ ကိုယ့်အဖွဲ့အစည်း ကိုယ့်တပ်မတော်ရဲ့ ခွပ်ဒေါင်းအလံမြေမကျဘို့ ..အတွက် ကိုယ်ပိုင်လက်နက်တွေကို စုခဲ့ရတယ်။ ရပေမယ့်လည်း ကျနော်တို့နဲ့ ရင်ချင်းအပ်ထားတဲ့ မဟာမိတ်တွေနဲ့အတူ သူတို့ရော ကျနော်တို့ရော ကြိုးပမ်းခဲ့ရတယ်။ စစ်ပွဲတွေများမြောင်လှစွာ…။ အခက်အခဲတွေ မရေမတွက်နိုင်စရာ…..။ ဖြတ်လေးဖြတ်များက… မိုးဦးကာလ၏ မိုးစက်များလို…။
ကျနော်တို့ အခြေခံရာဒေသများမရှိခဲ့ပါ။ အခြေခံလူထုများမရခဲ့ပါ။ ဒါပေမယ့် ကျနော်တို့ ပေးဆပ်ခဲ့ကြ ပါတယ်။ မြန်မာတပြည်လုံးလွတ်မြောက်ရေးအတွက်၊ တဦးနှင့်တဦးနားလည်မယ့် ဖက်ဒရယ် ပြည်ထောင်စုအတွက်၊ နိုင်ငံတ၀ှမ်း က လူထုရဲ့ ပြည်တွင်းစစ်သောကအတွက် ငြိမ်းချမ်းရေးရစေရန် အတွက်။ ဘာလို့ကျနော်တို့ပေးဆပ်ခဲ့ကြသလဲ။ ကျနော်တို့ရဲ့ တိုင်းပြည်ညီညွတ်ရေး၊ အမျိုးသား သွေးစည်းမှု ကျစ်လစ်ရေးအတွက်ပါ။
လသာတဲ့ညတွေမှာ၊ ဒါမှမဟုတ် တောင်ယာခုတ်တဲ့အချိန်တွေမှာ မြန်မာတိုင်းရင်းသားပေါင်းစုံတွေရဲ့ ခြေလှမ်းတွေနင်းတဲ့ မြေသားမာမာတွေအောက်မှာ တိုင်းပြည်ကိုချစ်တဲ့ ဗမာလူငယ်တွေရဲ့ သွေးနဲ့ အရိုးကျ ခန္ဓာကိုယ်တွေ ဖုံးလွှမ်းနေတယ်ဆိုတာ ဘယ်သူမှမသိနိုင်ခဲ့ပါဘူး။ ပြဿနာက မဟာလူမျိုးကြီးဝါဒကို မြင်ပြီး စစ်အာဏာရှင်ကို မမြင်လို့ပါ။
တကယ်က မဟာလူမျိုးကြီးပါဝင်တဲ့ စစ်အာဏာရှင်စနစ်ကြောင့်ပါ။
ဒါနဲ့ ဟိုးအထက်က အပိုဒ်ကို ကျနော် အသက် ၂၅ နှစ်ပြည့်သွားတဲ့ အချိန်က မီးရှို့ခဲ့ရတဲ့ မှတ်တမ်းစာအုပ်ထဲက ကဗျာရှည်ထဲမှာ ရေးမိတာပါ။ ကျနော်ချစ်တဲ့ ရဲဘော်တွေကလည်း တဖြုတ်ဖြုတ် ကျဆုံးနေခဲ့ချိန်ပါ။
Labels: အက်ဆေး/၀တ္ထုတို |
posted by မြင့်ဇေ @ 10:47 AM  |
|
1 Comments: |
-
နောက်ဆုံးစာကြောင်းကို ဖတ်ပြီး စိတ်မကောင်းပါဘူး ကိုဖိုးဇေ ။ ကျဆုံးသွားခဲ့တဲ့ ကျောင်းသားရဲဘော်များကို သူတို့ စွန့်လွှတ်ခဲ့တာတွေတွက် အစဉ်လေးစား ဂုဏ်ယူလျက်ပါ ။
|
|
<< Home |
|
|
|
|
ကျနော့်အကြောင်း |
![]()
Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
|
ယခုလ မာတိကာ |
|
ယခင်လ မာတိကာ အဟောင်းများ |
|
အလည်သွားဖြစ်တဲ့ ဘလော့များ |
|
Powered by |
 |
|
နောက်ဆုံးစာကြောင်းကို ဖတ်ပြီး စိတ်မကောင်းပါဘူး ကိုဖိုးဇေ ။ ကျဆုံးသွားခဲ့တဲ့ ကျောင်းသားရဲဘော်များကို သူတို့ စွန့်လွှတ်ခဲ့တာတွေတွက် အစဉ်လေးစား ဂုဏ်ယူလျက်ပါ ။