Ko Poe Zay

(orginal end)-->
 
ကဗျာ စာမျက်နှာ
သတင်း စာမျက်နှာ
စကားစမြည်

မြန်မာ စာအုပ်များ
ဝတ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ မှတ်သား ဖွယ် အထွေထွေ စာအုပ်များ အပါအ၀င် မြန်မာ အီးဘုတ် (E-book) စာအုပ်ပေါင်း ၅၀၀ ကျော်အား အခမဲ့ ဖတ်ရှုနိုင်ပါတယ်ခင်ဗျား။
Other things
test
ရန်သူနှင့်စကားပြောခြင်း-၈
Sunday, August 12, 2007
၉၇

ဇူလိုင် (၄) ရက်နေ့မှာ ကျနော့်ကို ဗိုလ်ချုပ်ဝီလမ်စီလာတွေ့ပြီး နောက်တနေ့ကျရင်သမတဘိုသာနဲ့တွေ့ဖို့ ကျနော့်ကိုခေါ်သွား မယ် လို့ အကြောင်းကြားတယ်၊ သူက အဲဒီ တွေ့ဆုံမှုကို ‘လေးစားသမှုတွေ့ဆုံပွဲ’ အဖြစ်ဖော်ပြပြီး ကျနော့်ကို မနက် (၅) နာရီခွဲမှာ အသင့်စောင့်နေဖို့ပြောတယ်၊ ကျနော် မစ္စတာဘိုသာနဲ့တွေ့ဖို့ အနောက်တိုင်းဝတ်စုံတစုံနဲ့ လည်စည်းတခုဝတ်သွား သင့်တယ်လို့ ယူဆမိတယ်၊ (ထင်ရှားသောပုဂ္ဂိုလ်များအဖွဲ့လာတွေ့တုန်းက ၀တ်စုံကတော့ ကြာမြင့်စွာကတည်းက ဇာတ်သိမ်း သွားခဲ့ပြီဖြစ်တယ်၊) ဗိုလ်ချုပ်က သဘောတူလို့ တခဏကြာတဲ့အခါ အ၀တ်ချုပ်သမားတယောက်ရောက်လာပြီး ကိုယ်တိုင်းတွေယူတယ်၊ အဲဒီနေ့ခင်းမှာ ကျနော်ဟာ ၀တ်စုံသစ်တစုံ၊ လည်စည်း၊ ရှပ်အင်္ကျီနဲ့ ရှူးဖိနပ်အသစ်တွေရခဲ့တယ်၊ မပြန်ခင် ဗိုလ်ချုပ်က ကျနော့်သွေးအမျိုးအစားကိုလည်း မေးတယ်၊ နောက်တနေ့မှာမမျှော်လင့်တဲ့ ဘေးဒုက္ခတခုခုဖြစ်လာရင် ကယ်နိုင်ဖို့ဖြစ်တယ်၊

ကျနော်ဟာ တွေ့ဆုံပွဲအတွက် အစွမ်းကုန်ပြင်ဆင်ခဲ့တယ်၊ တွေ့ဆုံပွဲအတွက် ပြုစုထားတဲ့ ကျနော့်စာလွှာနဲ့ မှတ်စုတွေ တပုံကြီးကို ပြန်လှန်စစ်ဆေးခဲ့တယ်၊ နောက်ဆုံးအခြေအနေတွေ ဆုပ်မိကိုင်မိဖြစ်အောင် သတင်းစာတွေနဲ့ စာစောင်စာတမ်း တွေ ရနိုင်သလောက်များများဖတ်ထားခဲ့တယ်၊ သမတဘိုသာ အမျိုးသားပါတီခေါင်းဆောင်အဖြစ်က နှုတ်ထွက်ပြီးနောက် သူ့နေရာ မှာ အက်ဖ်ဒဗလျူဒီကလပ် ရွေးကောက်ခံရတယ်၊ သူတို့နှစ်ဦးဟာ တယောက်ကိုတယောက် အသာစီးရအောင် အတော့်ကို ခြေပုန်းခုတ်ပြိုင်ဆိုင်နေကြတယ်လို့ သတင်းထွက် နေတယ်၊ ဘိုသာက ကျနော်နဲ့တွေ့ချင်တာဟာ သူ့ပြိုင်ဘက် အပေါ် ကြောလိုက်တာဖြစ်တယ်လို့တချို့က ကောက်ချက်ဆွဲကောင်းဆွဲလိမ့်မယ်၊ ဒါပေမဲ့ အဲဒါကို ကျနော်ဂရုမမူပါ၊ ကျနော်ဟာနိုင်ငံတော်သမတဘက်ကပေးလာနိုင်တဲ့ ဆင်ခြေဆင်လက်တွေနဲ့ ကျနော်ပြန်လည်ချေပတုံ့ပြန်မယ့်အဆိုတွေကို စမ်းသပ်လေ့ကျင့်ကြည့်မိတယ်၊ ယှဉ်ဘက်တယောက်နဲ့ တွေ့ဆုံတဲ့အခါတိုင်း ကိုယ်ရည်ရွယ်တဲ့သဘောထားအမြင်ကို သူတိတိ ကျကျ ရသွားအောင်လုပ်ရမှာ ဖြစ်ပါတယ်၊

ကျနော်ဟာ မစ္စတာဘိုသာနဲ့ တွေ့ရမှာကို စိတ်လှုပ်ရှားပူပင်နေမိတယ်၊ သူ့ကို ‘ဧရာမမိကျောင်းကြီး’ လို့ လူသိများပြီး ဒေါသကြီး ရန်လိုတတ်တဲ့ သူ့စိတ်သဘောထားအကြောင်း ဇာတ်လမ်းအများအပြား ကျနော်ကြားခဲ့ဖူးတယ်၊ သူ့ကိုကျနော်ကြည့်ရတာ ရှေးရိုးဆန်တဲ့၊မာနကြီး ခေါင်းမာတဲ့ အာဖရိကန်းနားလူမျိုးတွေရဲ့ စံနမူနာစစ်စစ်ဖြစ်ပုံရတယ်၊ အဲဒီလိုလူမျိုးတွေဟာ လူမည်းခေါင်းဆောင်တွေနဲ့ တန်းတူရည်တူဆွေးနွေးတာထက် အမိန့်ပေညွှန်ကြားတာကို ပိုလုပ်တတ်ကြတယ်၊ မကြာသေးခင်က သူလေဖြတ်ခဲ့တာဟာ ဒီအားသန်မှုကို ပိုပြီးဆိုးစေတာပဲ ဖြစ်စေခဲ့ပုံရတယ်၊ အကယှ်ု သူက ကျနော့်ကို လက်ညှိုးးတငေါက်ငေါက်နဲ့ရန်သူနှင့် စကားပြောခြင်းအထက်စီးပုံစံဆက်ဆံရင် အဲသလိုအပြုအမူမျိုး ကျနော်လက်မခံနိုင်ကြောင်း တုံ့ပြန်အသိပေးဖို့နဲ့ တွေ့ဆုံဆွေးနွေးမှုကနေထထွက်ပြီး တွေ့ဆုံမှုရွှေ့ဆိုင်းပစ်ဖို့ ကျနော် ဆုံးဖြတ်ထားတယ်၊

မနက် (၅) နာရီခွဲတိတိမှာ ဗစ်တာဗာစတာထောင်ပိုင် ဗိုလ်မှူးမာရာအစ်ဟာ ကျနော့်ယာတောအိမ်ရောက်လာတယ်၊ သူဧည့်ခန်းထဲဝင်လာတဲ့အခါ ၀တ်စုံသစ်ကိုစစ်ဆေးကြည့်ရှုဖို့သူရှေ့မှာ ကျနော် မတ်တပ်ရပ်နေပေးတယ်၊ သူက ကျနော့်ကို လှည့်ပတ်ကြည့်ပြီးနောက် ခေါင်းခါတယ်၊‘မဟုတ်သေးဘူး၊ မင်ဒဲလား၊ ခင်ဗျားလည်စည်းက မဟုတ်သေးဘူးဗျ’ လို့ သူပြောတယ်၊ကျနော်ဟာ ထောင်ထဲမှာ ကြောင်လျှာသီးလည်စည်းတွေ သိပ်မသုံးရပါဘူး၊ ဒါကြောင့် အဲဒီမနက်က လည်စည်း စည်းတဲ့အခါ မှန်မှန်ကန်ကန်စည်းနည်းကို မေ့နေပြီဖြစ်တယ်၊ ကျနော်ဟာတတ်နိုင်သ၍ အကောင်းဆုံးကြိုးစားပြီး လည်စည်းစည်းခဲ့တာ ဘယ်သူမှ သတိထားမိမှာမဟုတ်ဘူးလို့ မျှော်လင့်ခဲ့တယ်၊ ဗိုလ်မှူးမာရာအစ်က ကျနော့်အင်္ကျီကော်လာကြယ်သီးကိုဖြုတ်၊ လည်စည်းကိုဖြေလိုက်ပြီးတဲ့နောက် ကျနော့်နောက်ကရပ်ပြီး ၀င်ဆာနှစ်ထပ်ချည် နည်းနဲ့ စည်းပေးတယ်၊ ဒီနောက် သူက နောက်ဆုတ်ရပ်ကြည့်ပြီး သူ့လက်ရာကိုရှုစားတယ်၊ “အတော်ဟုတ်သွားပြီ” လို့ဆိုတယ်၊

ကျနော်တို့ဟာ ဗစ်တာဗာစတာကနေ ပိုးလ်စမိုးကို ကားနဲ့ထွက်လာတယ်၊ ပိုးလ်စမိုးက ဗိုလ်ချုပ်ဝီလမ်စီအိမ်မှာ ဗိုလ်ချုပ် ကတော်က မနက်စာတည်ခင်းဧည့်ခံတယ်၊ မနက်စာစားပြီးတော့ ကျနော်တို့ဟာ ယာဉ်တန်းလေးတခုနဲ့ သမတရုံးရှိရာ တွင်ဟွေးစ် ကိုသွားပြီးတခြားသူတွေမတွေ့နိုင်တဲ့ မြေအောက်ကားဂိုဒေါင်မှာ ကားရပ်လိုက်တယ်၊ တွင်ဟွေးစ်ဟာအေးချမ်း လှပ တဲ့ (၁၉) ရာစု ကိပ်နယ်ဒတ်ခ်ျပုံစံအဆောက်အဦးဖြစ်တယ်၊ ဒါပေမဲ့ အဲဒီနေ့က ကျနော်ဟာ အဆောက်အဦးကို သေချာမကြည့်ခဲ့ရပါဘူး၊ တကယ်တော့ ကျနော့်ကို သမတရုံးခန်းထဲ ခိုးသွင်းတာဖြစ်ပါတယ်၊ကျနော်တို့ဟာ မြေညီထပ်ကို ဓာတ်လှေကားနဲ့တက်ပြီး သမတရုံးခန်းရှေ့က ခမ်းနားတဲ့သစ်သားနံရံကပ် ခန်းဆောင်ထဲရောက်လာတယ်၊ အဲဒီမှာ ကျနော်တို့ကို ကိုဘီကိုအက်ဆီး၊နီးလ်ဘားနာ့ဒ်နဲ့ နောက်တော်ပါအကျဉ်းထောင်အရာရှိတစုက ကြိုတယ်၊ ကျနော်ဟာ ဒီတွေ့
ဆုံပွဲနဲ့ပတ်သက်လို့ ကိုအက်ဆီးနဲ့ရော၊ ဒေါက်တာဘားနာ့ဒ်နဲ့ရော ကျယ်ကျယ်ပြန့်ပြန့် စကားပြောခဲ့ပြီး သူတို့က ကျနော့်ကို သမတနဲ့ အငြင်းပွားစရာကိစ္စတွေမပြောဖို့ အကြံပေးကြတယ်၊

ကျနော်တို့စောင့်နေကြတုန်း ဒေါက်တာဘားနာ့ဒ်ကငုံ့ကြည့်မိရာမှာ ကျနော့်ရှူးဖိနပ်ကြိုးတွေကောင်းကောင်းချည်မထားတာ သတိထားမိတဲ့အတွက် သူခပ်မြန်မြန်ဒူးထောက်ထိုင်ပြီး ပြန်ချည်ပေးတယ်၊ ဒီလူတွေ ဘယ်လောက်တောင် စိတ်လှုပ်ရှား ပူပန်နေကြတယ်ဆိုတာ ကျနော်သိသွားသလို အဲဒီအတွက် ကျနော့်မှာလည်း စိတ်အေးဆေးတည်ငြိမ်မှု ပိုဖြစ်မသွားပါဘူး၊
ဒီနောက် မှာ တံခါးပွင့်သွားပြီးတော့ ကျနော်ဟာ အဆိုးဆုံးကိုမျှော်လင့်ရင်း အခန်းထဲဝင်သွားတယ်၊ ပီဒဗလျူဘိုသာဟာ ခမ်းနားလှတဲ့ သူ့ရုံးခန်းတဖက်ထိပ်ကနေ ကျနော့်ဆီလျှောက်လာနယ်လ်ဆင်မင်ဒဲလားတယ်၊ သူ ဒီလိုလျှောက်လာဖို့ အသေ အချာစီစဉ်ထားတဲ့အတွက် ကျနော်တို့နှစ်ယောက်ဟာအလယ်ခေါင်တိတိကျကျမှာ ဆုံမိကြတယ်၊ သူက လက်ဆန့်တန်း ကမ်း ပေး ပြီး ၀မ်းသာအယ်လဲပြုံးနေတယ်၊ တကယ့်ကိုပဲ အဲဒီပထမဆုံးအချိန်ပိုင်းကစလို့ သူကကျနော့်ကို လုံးလုံးစိတ်အေးသွားစေ ခဲ့တယ်၊ သူဟာ ထာဝစဉ်ပဲ ယဉ်ကျေးပျူငှာနဲ့ ဂါရ၀တရားရှိပြီး ရင်းနှီးဖော်ရွေလှတယ်၊

ကျနော်တို့နှစ်ယောက် လက်ဆွဲနှုတ်ဆက်နေကြတာကို ဓာတ်ပုံအမြန်ရိုက်ယူပြီးတော့ ကျနော်တို့ကို စားပွဲရှည်ကြီးတစ်လုံးမှာ ကိုဘီကိုအက်ဆီး၊ ဗိုလ်ချုပ်ဝီလမ်စီနဲ့ ဒေါက်တာဘားနာ့ဒ်တို့ လာရောက်ပူးပေါင်းဝိုင်းထိုင်ကြတယ်၊ လဖက်ရည်ချပေးပြီးတော့ ကျနော်တို့စကားစပြောကြတယ်၊ စကားစပြောကတည်းက ကျနော်တို့ဟာ တင်းမာတဲ့နိုင်ငံရေးအငြင်းအခုံတွေနွှဲနေတာ မဟုတ်ဘဲ ရွှင်လန်းတက်ကြွပြီး စိတ်ဝင်စားဖွယ်ကောင်းတဲ့ ပညာရေးဆွေးနွေးခန်းလုပ်ရသလိုပါပဲ၊ ကျနော်တို့ဟာ လေးလေးနက်နက်ကိစ္စရပ်တွေထက် သမိုင်းနဲ့တောင်အာဖရိကယဉ်ကျေးမှုအကြောင်းတွေ ပိုဆွေးနွေးကြတယ်၊ ကျနော်က မကြာသေးမီကဖတ်ခဲ့ရတဲ့ အာဖရိကန်းဘာသာမဂ္ဂဇင်းတစောင်ရဲ့ ဆောင်းပါးတပုဒ်ထဲက ၁၉၁၄ ခု အာဖရိကန်းနားလူမျိုးတွေ သူပုန်ထမှုအကြောင်းအစဖော်ပြီး အဲဒီတုန်းက သူပုန်တွေ ဖရီးစတိတ်ပြည်နယ်က မြို့တွေကို သိမ်းတဲ့အကြောင်း ပြောပြ လိုက်တယ်၊ ကျနော်တို့တိုက်ပွဲဟာ ဒီနာမည်ကျော်သူပုန်ထမှုနဲ့ အလားတူတယ်လို့ပြောပြီး ဒီသမိုင်းအဖြစ်အပျက်အပေါ် အတော်လေးဆွေးနွေးကြတယ်၊

တောင်အာဖရိကသမိုင်းကို လူမည်းတွေ ကြည့်မြင်မှုနဲ့ လူဖြူတွေကြည့်မြင်မှု မတူကြတာအမှန်ပါပဲ၊ သူတို့ အမြင်က ဒီသူပုန်ထမှုကို ညီအကိုချင်းရန်ဖြစ်တာလို့မြင်ပြီး ကျနော်တို့တိုက်ပွဲကိုတော့ တော်လှန်ပုန်ကန်မှုလို့ မြင်ကြတယ်၊ ကျနော်က ကျနော်တို့တိုက်ပွဲကိုလည်း အသားအရောင်ကွဲပြားနေရတဲ့ ညီအကိုချင်းတိုက်ပွဲအဖြစ် ကြည့်မြင်နိုင်ကြောင်း ပြောလိုက်တယ်၊
တွေ့ဆုံပွဲဟာ နာရီဝက်တောင်မကြာလိုက်ဘဲ ပြီးဆုံးတဲ့အထိ ရင်းရင်းနှီးနှီးအေးအေးဆေးဆေးဖြစ်ခဲ့တယ်၊ ပြီးမှပဲ ကျနော်က အရေးကြီးတဲ့ကိစ္စရပ်တခု တင်လိုက်တယ်၊ အဲဒါကတော့ကျနော်ကိုယ်တိုင်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိလွှတ်ပေးဖို့ မစ္စတာဘိုသာကို ကျနော်တောင်းဆိုလိုက်တာပဲဖြစ်တယ်၊ အဲဒါဟာ ဒီတွေ့ဆုံဆွေးနွေးပွဲမှာ အခြေ
အနေ တင်းမာသွားစေတဲ့ တခုတည်းသော အချိန်အခါဖြစ်ခဲ့တယ်၊ မစ္စတာဘိုသာကတော့ အဲဒါလုပ်မပေးနိုင်လို့ ၀မ်းနည်းကြောင်း ပြန်ပြောတယ်၊

ဒီနောက်မှာ တကယ်လို့ တွေ့ဆုံမှုသတင်းတွေပေါက်ကြားခဲ့ရင် ဘယ်လိုရှင်းကြမလဲဆိုတာ ခပ်တိုတိုဆွေးနွေးကြတယ်၊ ကျနော်တို့ဟာ တိုင်းပြည်မှာငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းတဲ့အနေနဲ့ လက်ဖက်ရည်အတူသောက်ဖို့ တွေ့ဆုံကြတဲ့အကြောင်း ခပ်ရိုးရိုးကြေညာချက်တခုခပ်မြန်မြန်ရေးဆွဲလိုက်တယ်၊ အဲဒါကို သဘောတူကြပြီးတဲ့အခါ မစ္စတာဘိုသာက ထိုင်ရာကထပြီး ကျနော့်ကို လက်ဆွဲနှုတ်ဆက်တယ်၊ တွေ့ဆုံရတဲ့အတွက် အင်မတန်ဝမ်းမြောက်ကြောင်း ပြောတယ်၊ တကယ်ပဲ ၀မ်းမြောက် စရာပါ၊ ကျနော် သူ့ကိုကျေးဇူးတင်ရှိကြောင်းပြောပြီးလာလမ်းအတိုင်းပြန်ခဲ့တယ်၊

ဒီတွေ့ဆုံဆွေးနွေးပွဲဟာ စေ့စပ်ဆွေးနွေးရေးသဘောအရကြည့်ရင် ဘာကိုမှမပေါက်ရောက်ခဲ့ပါဘူး၊ ဒါပေမဲ့ တခြား အဓိပ္ပာယ်အရတော့ ပေါက်ရောက်ခဲ့တယ်၊ မစ္စတာဘိုသာဟာနယ်ခြားစည်းကျော်ဖို့လိုတဲ့အကြောင်း ပြောတာကြာလှပြီ ဖြစ်ပေမဲ့ သူကိုယ်တိုင်က အဲဒီ့တွင်ဟွေးစ် မနက်ပိုင်းထိ တခါမှမကျော်ခဲ့ပါဘူး၊ အခုတော့ နောက်ပြန်လှည့်မရတော့ဘူးလို့
ကျနော်ထင်မြင်မိတယ်၊နောက်တလအကြာဖြစ်တဲ့ ၁၉၈၉ ခု၊ သြဂုတ်လမှာ ပီဒဗလျူဘိုသာဟာ နိုင်ငံလုံးဆိုင်ရာ ရုပ်မြင်သံကြား ကနေပြီး နိုင်ငံတော်သမတအဖြစ်ကနှုတ်ထွက်ကြောင်း ကြေညာလိုက်တယ်၊ သူ့ နောက်ဆုံးနှုတ်ဆက်မိန့်ခွန်း ဟာ ထူးဆန်းအံ့သြဖွယ်ရာပဲ ဟိုရောက်သည်ရောက် ကပေါက်တိကပေါက်ချာ ပြောသွားတယ်၊ အဲဒီထဲမှာ သူက အစိုးရ၀န်ကြီးတွေဟာ ယုံကြည်မှုဖောက်ဖျက်တယ်၊ သူ့ကိုလျစ်လျူရှုတယ်၊ အာဖရိကအမျိုးသားကွန်ဂရက်ရဲ့ ကစားကွက်ထဲ ၀င်သွားခဲ့တယ်လို့စွပ်စွဲထားတယ်၊ နောက်တနေ့မှာတော့ အက်ဖ်ဒဗလျူဒီကလပ်ဟာ ယာယီသမတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီး ပြုပြင်ပြောင်းလဲရေးအတွက်ပိုင်းဖြတ်ချက်ကို အတည်ပြုခဲ့တယ်၊ ကျနော်တို့အတွက် မစ္စတာဒီကလပ်ဟာ အရေးမပါသူတယောက်လို့ မြင်ခဲ့မိတယ်၊ သူအမျိုးသားပါတီခေါင်းဆောင်ဖြစ်လာတဲ့အခါ သူဟာ ပုံစံကျပါတီဝန်ထမ်း သက်သက်အဖြစ်ထက်ပိုလဲမပို၊ လျော့လဲမလျော့ပုံရခဲ့တယ်၊ သူ့အတိတ်ဘ၀မှာ ပြုပြင်ပြောင်းလဲရေးစိတ်ဓာတ်ဖော်ပြချက် တစွန်းတစမှ ရှိပုံမရခဲ့ပါဘူး၊ သူဟာ ပညာရေးဝန်ကြီးအဖြစ် လူဖြူတက္ကသိုလ်တွေမှာ လူမည်းကျောင်းသားတွေ တက်ခွင့်မရအောင် အားထုတ်ခဲ့တယ်၊ ဒါပေမဲ့ သူ အမျိုးသားပါတီခေါင်းဆောင်ဖြစ်လာကတည်းက ကျနော် သူ့ကို သေသေ ချာချာ စောင့်ကြည့်လေ့လာခဲ့တယ်၊ကျနော် သူ့မိန့်ခွန်းအားလုံး ဖတ်ကြည့်ခဲ့တယ်၊ သူပြောတာတွေ နားထောင်ခဲ့တယ်၊ သူဟာ
သူ့အရင်လူကနေ တကယ့်ကို ကွဲပြားခွဲထွက်လာမှုပြနေတာ စတွေ့လာရတယ်၊ သူဟာ သဘောတရားသမားမဟုတ်ဘဲ လက်တွေ့သမားဖြစ်တယ်၊ ပြောင်းလဲဖို့လိုအပ်တယ်၊ ရှောင်လွှဲမရဘူးလို့မြင်တဲ့သူဖြစ်တယ်၊ သူကျမ်းသစ္စာကျိန်ဆိုတဲ့နေ့မှာပဲ ကျနော် သူ့ထံတွေ့ဆုံဖို့ ပန်ကြားစာတစောင် ရေးပို့လိုက်တယ်၊

မစ္စတာဒီကလပ်က ရာထူးလက်ခံပွဲမိန့်ခွန်းမှာ သူ့အစိုးရဟာ ငြိမ်းချမ်းရေးရဖို့သံဓိဌာန်ချထားကြောင်းနဲ့ ငြိမ်းချမ်းရေးအတွက် ပိုင်းဖြတ်ထားတဲ့ ဘယ်အဖွဲ့နဲ့မဆို စေ့စပ်ဆွေးနွေးမယ်လို့ပြောသွားတယ်၊ ဒါပေမဲ့အနေအထားပုံစံသစ်အတွက် သူ့ပိုင်းဖြတ် ချက်ကို လက်တွေ့သက်သေပြတာကတော့ ကိပ်တောင်းမြို့မှာ ပုလိပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ကန့်ကွက်တဲ့ချီတက် ဆန္ဒပြပွဲတခု စီစဉ်တဲ့အခါ ပေါ်လာတယ်၊ အဲဒီဆန္ဒပြပွဲကို ဂိုဏ်းချုပ်ဘုန်းတော်ကြီးတူးတူးနဲ့ ဆရာတော်အလန်ဘိုးဆက်တို့က ခေါင်းဆောင်မှာဖြစ်တယ်၊ သမတဘိုသာလက်အောက်မှာဆိုရင် ချီတက်ပွဲဟာ ပိတ်ပင်ခံရမှာဖြစ်ပြီး ဆန္ဒပြသူတွေကလည်း အဲဒီပိတ်ပင်မှုကိုအာခံကြလို့ အကြမ်းဖက်မှုတွေပေါ်လာမှာဖြစ်တယ်၊ သမတသစ်ကတော့ နိုင်ငံရေးစုဝေးပွဲတွေအပေါ် ကန့်သတ်ချုပ်ချယ်မှုတွေ လျှော့ပေးမယ်လို့ ပြောထားတဲ့အတိုင်း ကတိတည်ပြီးချီတက်ပွဲကိုခွင့်ပြုခဲ့တယ်၊ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြဖို့ပဲတောင်းဆိုခဲ့တယ်၊ အရင်လူနဲ့မတူတဲ့လူသစ်တယောက်က တက်မကိုင်နေပါပြီ၊

Labels:

posted by မြင့်ဇေ @ 10:42 PM  
0 Comments:
Post a Comment
<< Home
 
ကျနော့်အကြောင်း

Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
ယခုလ မာတိကာ
ယခင်လ မာတိကာ အဟောင်းများ
အလည်သွားဖြစ်တဲ့ ဘလော့များ
Powered by

Free Blogger Templates

BLOGGER

© Template by Isnaini Dot Com