Ko Poe Zay

(orginal end)-->
 
ကဗျာ စာမျက်နှာ
သတင်း စာမျက်နှာ
စကားစမြည်

မြန်မာ စာအုပ်များ
ဝတ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ မှတ်သား ဖွယ် အထွေထွေ စာအုပ်များ အပါအ၀င် မြန်မာ အီးဘုတ် (E-book) စာအုပ်ပေါင်း ၅၀၀ ကျော်အား အခမဲ့ ဖတ်ရှုနိုင်ပါတယ်ခင်ဗျား။
Other things
test
ဈာန်ဆရာလေးနှင့် စီပီယူအရှုပ်တော်ပုံ
Tuesday, August 7, 2007


ကျနော်တို့ ခေတ်ကြီးက အိုင်တီနည်းပညာ တိုးတက်လာချက်ကတော့ အံ့မခန်းဘဲ။ အဲဒီမှာတင် နယ်ပယ်အလိုက် ကျွမ်းကျင် ပညာရှင်များပေါ် လာတာပေါ့။ ဒီလို ပေါ်လာတဲ့ အထဲမှာ ကျနော်တို့ရဲ့ အားကိုးမဏ္ဍိုင်ပြုရာ ဈာန်ရနေတဲ့ ဆရာလေးလည်း အပါအ၀င်ပေါ့။ သူ့ရဲ့ ကျွမ်းကျင်မှုကလည်း သိုင်းစာအုပ်တွေထဲကလို ဇာတ်လိုက်မင်းသားတွေလိုဘဲ။ တဖြည်းဖြည်းနဲ့ သိုင်းပညာအထွတ်အထိပ်ကို ရောက်လာသလိုမျိုး ကွန်ပြူတာနဲ့ပတ်သက်တဲ့နည်းပညာသစ်တွေ ပေါ်လာတာနဲ့ သူက သိနေ ပြီ။ အဲဒါကြောင့် သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ကွန်ပြူတာပညာကို တော်တော်လေးတတ်တော့ သူ့တပည့် (မာတုဂါမ)များက သူ့ကို ဆရာလေး၊ ဆရာလေး လို့ခေါ်တာ များပြီး ဈာန် ရသလိုဖြစ်သွားတာကြောင့် သူ့ကို ဈာန်ဆရာလေး လို့ အစွဲပြု ခေါ်ကြတယ်။

တနေ့တော့ ဈာန်ဆရာလေးဆီ မြန်မာပြည်သား အလုပ်သမားလေးတယောက် ရေးကြီးသုတ်ပြာနဲ့ အပြေးရောက်လာတယ်။ ဆရာလေး..ဆရာလေးပေါ့.။ ဈာန်ဆရာကတော့ တည်တည်ငြိမ်ငြိမ်ဘဲ။ ဘာများအရေးတကြီးဖြစ်လာတာလဲဗျ။ အဲဒီမှာတင် အလုပ်သမားလေးက အပြေးအလွှားလာရတာကြောင့် ထွက်နေတဲ့ ချွေးစတွေကို သုတ်ရင်း… ကျနော်ကွန်ပြူတာတလုံး ၀ယ်လာတာ အခု ဖွင့်မရဘူးဖြစ်နေတယ်။လိုက်ကြည့်ပေးပါဦး။

ဈာန်ဆရာလေးက ဘယ်လောက်ပေးရလဲ မေးတော့ ၁၅၀၀ပေးရတယ် ဆရာလေး။ ဈာန်ဆရာ တော်တော် အံ့သြသွားတယ်။ ကွန်ပြူတာဈေးက ဒီလောက် နိမ့်နေပြီဆိုတော့ တော်တော်ဆိုးဆိုးရွားရွား ဖြစ်နေပုံရတယ်။ ဒါဆို ကျနော်လိုက်ခဲ့ပေးမယ်လေ။ ဒါနဲ့ သူ့ရဲ့ ပညာရပ်ပိုင်းဆိုင်ရာ ဣစ္ဆာသယ စီဒီအိတ်ကြီးကို သယ်ပြီး လိုက်သွားပါလေရော။ အလုပ်သမားလေးနေတဲ့ နေရာရောက်ပြီး ကွန်ပြူတာက ဘယ်မှာလဲ။ ကြည့်ရအောင်။ ပြောတော့ ဟိုမှာပါဆရာ။ ဆိုပြီး စားပွဲပေါ်ကို လက်ညှိုးထိုးပြ တယ်။ ထိုင်ခုံပေါ်ထိုင်ပြီး ဣစ္ဆာသယအိတ်ကြီးကို ဖွင့်ပြီး ပြင်တော့မယ်ဆိုကာမှ ဆရာလေး လက်ထက်မှာ တခါမှ မတွေ့ဘူးတဲ့ ဒုက္ခကို ရင်ဆိုင်ရတော့တာပဲ။

ဘာလို့ဆိုတော့ အလုပ်သမားလေး ၀ယ်လာတဲ့ ကွန်ပြူတာဆိုတာက စီပီယူမပါတဲ့ မော်နီတာကြီး ဖြစ်နေလို့ပါ။ အဲဒါနဲ့ ကျနော်တို့ ဈာန်ဆရာလေးလည်း အောင့်သက်သက်နဲ့ ပညာမပြလိုက်ရလေခြင်းကွာဆိုပြီး ပြန်လာခဲ့ရရှာတယ်။

(ကိုဈာန်သို့)

မြင့်ဇေ

Labels:

posted by မြင့်ဇေ @ 12:00 AM  
1 Comments:
  • At November 24, 2008 at 4:30 PM, Blogger အိုးဝေအောင် said…

    ကိုဖိုးဇေ အမှတ်တရ ဘလော့စာမျက်နှာလေးတခု
    ထပ်ဖွင့်နိုင်ရင်ကောင်းမယ်နော်။
    တာရာမင်းဝေအမှတ်တရ
    ဘလော့လိုပေါ့။

     
Post a Comment
<< Home
 
ကျနော့်အကြောင်း

Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
ယခုလ မာတိကာ
ယခင်လ မာတိကာ အဟောင်းများ
အလည်သွားဖြစ်တဲ့ ဘလော့များ
Powered by

Free Blogger Templates

BLOGGER

© Template by Isnaini Dot Com