|
ကိုကျော်ညွန့်၏ ချစ်ဒုက္ခများ |
Thursday, August 9, 2007 |
အခုတလော ပေါ့ပေါ့ပါးပါး စာများသာရေးလိုနေသည်။ ဒါကြောင့် ရောက်တတ်ရာရာများကို လျှောက်ရေးလိုက်ပါသည်။
အသင်တို့သည် ချစ်ဒုက္ခ ဦးဘညွန့်ကို ကြားဘူးကြသည် မဟုတ်လော။ သို့မဟုတ် စတီရီယို အိုးလ်းဒီးစ်ကြီး ဘိုဘိုဟန် ၏ .. ဦးဘညွန့်၏ ချစ်ဒုက္ခ သိလား… ဆိုသည့် စာသားကိုတော့ ရင်းနှီးကြလိမ့်မည်ထင်ပါသည်။ ၂၁ ရာစုအတွင်းသို့ ၇ နှစ်ကျော် ၀င်လာသောအခါတွင် စာသားအပြောင်းအလဲဖြစ်သွားသည်။ ဦးဘညွန့်မဟုတ်တော့။ ကိုကျော်ညွန့်၏ ချစ်ဒုက္ခဟူ၍…။ စိတ်ဝင်စားသည်ရှိသော် အောက်မှ ကျွန်ုပ်၏ မိတ်ဆွေတယောက် အဖြစ်အပျက်ကိုသာ ဖတ်ကြည့် ပါလေ။
ကျွန်ုပ် ခင်မင်ရသော မိတ်ဆွေသည်ကား အများအကျိုးဆောင် လိုစိတ်ပြင်းပျသူ တဦးဖြစ်သည်။ နောက်တချက်ကား ထိုင်းနိုင်ငံရောက် တရားမ၀င် မြန်မာအလုပ်သမားများ၏အရေးကို မိမိ မအားသည့်ကြားမှ လိုက်ပါလုပ်ဆောင်ပေးသူ ဖြစ်ချေသည်။ ယခုကဲ့သို့ ကိုကျော်ညွန့်၏ ချစ်ဒုက္ခအဖြစ်ကို အပြစ်တင်မည်ဆိုလျှင် တိုးတက်လာသော အိုင်တီခေတ်ကြီးကိုသာ အပြစ်တင်ရချေမည်။ ကျွန်ုပ်၏ မိတ်ဆွေအပြစ်ကားမဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ဇာတ်လမ်းသည် လက်ကိုင်တယ်လီဖုန်းမှ အစပြုခဲ့သောကြောင့်ဖြစ်သည်။
တရက် လိုအပ်သည့် စားသောက်ဖွယ်ရာများကို မဲဆောက်မြို့၏ ဈေးအတွင်းမှ သွားရောက်ဝယ်ယူခြင်းအမှုကို ပြုပြီးသကာလ ကျွန်ုပ်မိတ်ဆွေမှ ပုဇွန်ဝယ်ရန် ပါလာသော သူကိုပြောလိုက်မိသည်။ ထိုအခါ ပါလာသည့်သူမှ ပုဇွန်ဘာလုပ်ဖို့လဲ။ လိုတာအားလုံး ပါပြီး သွားပြီ ဟု ပြန်ပြောသောအခါ ကျွန်ုပ်မိတ်ဆွေမှ မဟုတ်ကြောင်း၊ သူ့အား …. စက်ရုံမှ အလုပ်သမားတဦးက မှာလိုက်ကြောင်းပြောသည်။ ထိုအခါ ၀ယ်ရန် ပြောပြီး ဘယ်အလုပ်သမားဆိုသည်ကို သိလိုသည့်အတွက် ကျွန်ုပ်မိတ်ဆွေမှ ကိုကျော်ညွန့်ဆိုသူဖြစ်ကြောင်း ပြောချေသည် တမုံ့။
ထို့နောက် နေရပ်သို့ ပြန်ရောက်သည့်အခါ ဆိုင်ကယ်ကို ထုတ်ယူပြီး ပုဇွန်ထည့်ထားသည့်အထုပ်နှင့် ကျန်သော ခေါက်ဆွဲသုတ်အထုပ်တို့ကို ထုတ်ယူ၍ ကျွန်ုပ်မိတ်ဆွေမှာ ခရီးပြင်းနှင်လေတော့သည်။ ထိုအထိကား ဘာမှ မဖြစ်သေး။ ကျွန်ုပ်မိတ်ဆွေကို ကံဆိုးစေသည့် အကြောင်းကား ၄င်းနှင့် အတူ ဈေးသွားဝယ်သောသူသည် ပြန်ရိုးပြန်စဉ်လမ်းအတိုင်း မပြန်ဘဲအဆန်းထွင်ကာ ပြန်ခြင်းကြောင့်ဖြစ်သည်။
ထိုသူပြန်၍ ကားမောင်းသွားရာလမ်းသစ်တွင် အနှီကျွန်ုပ်မိတ်ဆွေနှင့် တူသော လူတယောက်အား တွေ့လိုက်မိသည့် အတွက် အသေအချာ စိုက်ကြည့်လိုက်ရာကျွန်ုပ်မိတ်ဆွေ စစ်စစ်ဖြစ်နေပေသည်။ ထိုနေရာတွင် နေပူကြဲကြဲ လူတဦးမျှ မရှိသောကြောင့် မည်သို့သော ကိစ္စကိုဆောင်ရွက်သနည်းကို အကဲခတ်လိုက်ရာ လက်ထဲတွင် ပုဇွန်အထုပ်ကို ကိုင်ထားသည်အားတွေ့၇သည့်အတွက် ကိုကျော်ညွန့်ထံ ပုဇွန်လာပို့သည် ဟု ခန့်မှန်းမိသည်။ သို့သော် ကျွန်ုပ်မိတ်ဆွေ ပြောသည့် စက်ရုံကား ဤစက်ရုံနှင့်လားလားမျှ မဆိုင်။ တောင်နှင့်မြောက်ဖြစ်နေသည်။ ဤသို့ဆိုလျှင် သူ့မိတ်ဆွေအား လာတွေ့သည် ဖြစ်နိုင်ကြောင်းတဘက်မှ လှည့်စဉ်းစားပေးမိသည်။
ကျွန်ုပ်မိတ်ဆွေရပ်နေရာခြံဝင်းရှေ့တံခါး ရုတ်တရက် ပွင့်သွားပြီး ရွက်ကြမ်းရေကျို ပုံစံနှင့် အသက်သုံးဆယ်ကျော် ခပ်ရွယ်ရွယ် အမျိုးသမီးတဦးထွက်လာသည်။ ထို့နောက် အလ္လာပသလ္လာပ အနည်းငယ်ပြောပြီး ကျွန်ုပ်မိတ်ဆွေမှ လက်ထဲတွင်ကိုင်လာသည့် ပုဇွန်ထုပ်ကို ပေးလိုက်ချေသည်။ ထိုအခါကျမှ သဘောပေါက်သွားသည်မှာ ကိုကျော်ညွန့်သည် ဖုန်းကညာတပါး ပါလားဆိုသည့်အကြောင်း။ ကိုကျော်ညွန်၏ ချစ်ဒုက္ခများမှာလဲ ဤတွင်စ၍ ပေါ်ပေါက်လာခဲ့ချေပြီ ဖြစ်သည်။
Labels: ရောက်တက်ရာရာ |
posted by မြင့်ဇေ @ 2:50 AM  |
|
1 Comments: |
-
ကိုဖိုးဇေ အမှတ်တရ ဘလော့စာမျက်နှာလေးတခု ထပ်ဖွင့်နိုင်ရင်ကောင်းမယ်နော်။ တာရာမင်းဝေအမှတ်တရ ဘလော့လိုပေါ့။
|
|
<< Home |
|
|
|
|
ကျနော့်အကြောင်း |
![]()
Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
|
ယခုလ မာတိကာ |
|
ယခင်လ မာတိကာ အဟောင်းများ |
|
အလည်သွားဖြစ်တဲ့ ဘလော့များ |
|
Powered by |
 |
|
ကိုဖိုးဇေ အမှတ်တရ ဘလော့စာမျက်နှာလေးတခု
ထပ်ဖွင့်နိုင်ရင်ကောင်းမယ်နော်။
တာရာမင်းဝေအမှတ်တရ
ဘလော့လိုပေါ့။