Ko Poe Zay

(orginal end)-->
 
ကဗျာ စာမျက်နှာ
သတင်း စာမျက်နှာ
စကားစမြည်

မြန်မာ စာအုပ်များ
ဝတ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ မှတ်သား ဖွယ် အထွေထွေ စာအုပ်များ အပါအ၀င် မြန်မာ အီးဘုတ် (E-book) စာအုပ်ပေါင်း ၅၀၀ ကျော်အား အခမဲ့ ဖတ်ရှုနိုင်ပါတယ်ခင်ဗျား။
Other things
test
ကိုဗဟိန်း မှသည် ကျော်ကိုကို အထိ …
Sunday, October 28, 2007

ကိုဗဟိန်း မှသည် ကျော်ကိုကို ထိ

ာင်ဝေး (ခေတ္တ ပုန်းခိုကျင်း တနေရာ)

ဗိုလ်ချုပ်ောင်ဆန်း မှသည် ဒေါ်ောင်ဆန်းစုကြည် ထိ

၁၃၀၀ပြည့် ရေးတော်ပုံ မှသည် ၂၀၀၇ (သြဂုတ်- စက်တင်ဘာ) ရွှေဝါရောင် ရေးတော်ပုံ ထိ

၁၉၃၈- လုပ်သမား၊ လယ်သမား၊ ကျောင်းသား ပေါင်းစည်းမှု မှသည် နယ်ချဲ့ဆန့်ကျင်ရေး၊

မျိုးသားလွတ်မြောက်ရေး

၁၉၄၅- မတ်လတော်လှန်ရေး မှသည် ဖက်ဆစ်ဆန့်ကျင်ရေး၊ မျိုးသားလ်မြောက်ရေး

၁၉၆၂- ဇူလိုင် ()ရက် (ဆဲဗင်း ဂျူလိုင်) မှသည် တော်လှန်ရေးကောင်စီ စစ်စိုးရ ပြုတ်ကျရေး

၁၉၆၃- ပြည်တင်း ငြိမ်းချမ်းရေး ဆေွး နေွး ပွဲ မှသည် တော်လှန်ရေးကောင်စီ စစ်စိုးရ ပြုတ်ကျရေး

၁၉၇၄- ဇွန် ()ရက် လုပ်သမား ရေးခင်း မှသည် မဆလ စစ်စိုးရ ပြုတ်ကျရေး

၁၉၇၄- ဒီဇင်ဘာ၊ီးသန့်ရေးခင်း မှသည် မဆလ စစ်စိုးရ ပြုတ်ကျရေး

၁၉၇၅- ဇွန်၊ ရွှေတိဂုံ ထွေထွေသပိတ် မှသည် မဆလ စစ်စိုးရ ပြုတ်ကျရေး

၁၉၇၆- မှိုင်းရာပြည့် မှသည် မဆလ စစ်စိုးရ ပြုတ်ကျရေး

၁၉၈၈- ရှစ်လေးလုံး လူထုံကြွမှု မှသည် မဆလ စစ်စိုးရ ပြုတ်ကျရေး၊ ဒီမိုကရေစီ ရရှိရေး

၁၉၈၈- စက်တင်ဘာ (၁၈) စစ်တပ်ာဏာသိမ်းခံရခြင်း မှသည် န၀တ စစ်စိုးရ ပြုတ်ကျရေး၊ ဒီမိုကရေစီ

ရရှိရေး

၁၉၈၉- ဇူလိုင်၊ ဒေါ်ောင်ဆန်းစုကြည် ထိန်းသိမ်းခံရခြင်း မှသည် န၀တ စစ်စိုးရ ပြုတ်ကျရေး၊ ဒီမိုကရေစီ

ရရှိရေး

၁၉၉၀- န်ယ်လ်ဒီ ရေွး ကောက်ပွဲ နိုင်ရခြင်း မှသည် န၀တ စစ်စိုးရ ပြုတ်ကျရေး၊ ဒီမိုကရေစီ ရရှိရေး

၁၉၉၅- ဇူလိုင်၊ ဒေါ်ောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်ခြင်း မှသည် န၀တ စစ်စိုးရ ပြုတ်ကျရေး၊

ဒီမိုကရေစီ ရရှိရေး

၁၉၉၆- ကျောင်းသားရေးခင်း မှသည် န၀တ စစ်စိုးရ ပြုတ်ကျရေး၊ ဒီမိုကရေစီ ရရှိရေး

၂၀၀၃- မေ(၃၀) ဒေါ်ောင်ဆန်းစုကြည် ဒီပဲယင်း လုပ်ကြံခံရမှု မှသည် စစ်စိုးရ ပြုတ်ကျရေး၊

ဒီမိုကရေစီ ရရှိရေး

၂၀၀၆- ၈၈ မျိုးဆက်ကျောင်းသားများ၏ ဖြူရောင် လှုပ်ရှားမှု မှသည် စစ်စိုးရ ပြုတ်ကျရေး၊

ဒီမိုကရေစီ ရရှိရေး၊ မျိုးသား ပြန်လည် သင့်မြတ်ရေး

၂၀၀၇- သြဂုတ်- စက်တင်ဘာ၊ သံဃာ၊ ကျောင်းသား၊ ပြည်သူ ရွှေဝါရောင် သွေးစည်းမှု၊ ၀ါရောင်သွေး

တော်လှန်ရေး မှသည် စစ်စိုးရ ပြုတ်ကျရေး၊ ဒီမိုကရေစီ ရရှိရေး၊ မျိုးသား ပြန်လည် သင့်မြတ်ရေး

လွတ်လပ်ရေး

ဒီမိုကရေစီရေး

ငြိမ်းချမ်းရေး

တရားမျှတရေး

လူ့ခွင့်ရေး

ညီညွတ်ရေး

ရေးတော်ပုံပေါင်း

ထောင်သောင်းမက

မြောက်မြားလှစွာ

သမိုင်းစာမျက်နှာမှာ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ ဖွဲ့ချုပ်

ဗကသဆိုတာ

All Burma Federtion of Student Unions

ABFSU” ဆိုတာ

ရာဇ၀င် ပြောင်မြောက်

မကြောက် သတ္တိ

နီဘိရဲရဲ

ခွပ်ဒေါင်း သည်းနဲ့

ဖိနှိပ်သူ မှန်သမျှ

စစ်ာဏာရှင် မှန်သမျှ

မြဲတော်လှန် ဖြုတ်ချတဲ့

ာဂ င်ားစု ကျောင်းသားထုရဲ့

တိုင်းပြုပြည်ပြု

ီးဆောင်မှု လံတော်ပဲ။

ဒီလံတော်ကို

မြစ်ရာပေါ်မှာ

ကျဆုံးသူများရဲု့တ်ဂူပေါ်မှာ

လူထုရဲ့ ရင်ပြင်တော်မှာ

ပြည်သူ့တပ်ဦးမှာ

မြူးမြူးကြွားကြွား

းငးစွင့င့်

ဒါ့ထက်ပိုပြီး ရဲရဲရင့်ရင့်

မြင့်မြင့်မားမား လွှင့်ထူကြရမယ်။

မြင်းခွာ တချက်ပေါက်ရင်

ဗမာတပြည်လုံး

မီးဟုန်းဟုန်း တောက်စေရမယ်ဆိုတဲ့

ကျောင်းသားခေါင်းဆောင် ကိုဗဟိန်း မှသည်

ဒီမိုကရေစီ ရေးတော်ပုံကြီးတွက်

ရိုးတွေ တောင်လိုပုံမှ ရမယ်ဆိုရင်

ကျနော်တို့ ကျောင်းသားတွေရဲ့ ရိုးက

ဟိုားက်ဆုံးမှာ ရှိနေပါလိမ့်မယ်ဆိုတဲ့

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် မှသည်

၂၀၀၈ ငါတို့ခေတ်နှင့် ပြိုင်

ရင်ဆိုင် ချီတက်

မျိုးဆက်သစ် ရေးတော်ပုံ

ရွှေတိဂုံ သပိတ်စခန်း မှသည်

နေပြည်တော် သိမ်းပိုက်ရေးထိ

သွေးမော်ကွန်းဟောင်း၊ လမ်းသစ်ကြောင်းမှာ

ခွပ်ဒေါင်း လံတော်၊ တိုက်ပွဲခေါ်

(ဒါဟာ …)

ကျော်ကိုကိုတို့ခေတ်ရဲ့

ဗကသာင်ပွဲဖြစ်တယ်။

ဒါဟာ

ကျော်ကိုကိုတို့ခေတ်ရဲ့

ဗကသ

မဟာာင်ပွဲ ဖြစ်တယ်။

ာင်ဝေး (ခေတ္တ ပုန်းခိုကျင်း တနေရာ)

(၁၄-၁၀-၀၇)

(မျိုးဆက်သစ် ဗကသ ကျောင်းသားခေါင်းဆောင် ရာဟု()ကျော်ကိုကို ဖမ်းမခံရဘဲ ထွက်ပြေးလွတ်မြောက်

သွားသည့် သတင်းကို ကြားရပြီးနောက် ဤကဗျာကို ရေးပါသည်)

Labels:

posted by မြင့်ဇေ @ 10:12 PM   1 comments
ဒီချုပ်ကို မြေနိမ့်ရာရောက်ပြီထင်လို့ လှံစိုက်ဖို့ ဗိုလ်အောင်ကြီးထွက်လာပြီ
Tuesday, October 23, 2007
ဗိုလ်အောင်ကြီးတယောက် ဗမာပြည်နိုင်ငံရေးမှာ အရှုံးကိုအသိအမှတ်ပြုပြီး အားလုံးကိုကျောခိုင်းသွားတာ ၁၆နှစ် လောက်ရှိပါပြီ၊ သူ့နိုင်ငံရေးအဆင့်နေရာ မရှိတော့ဘူးဆိုတာကို အများကရော။ သူကိုယ်တိုင်ကရော အသိအမှတ်ပြုပြီး ကြိုးဝိုင်းထဲကို မျက်နှာသုတ် ပုဝါအဖြူပစ်ချတာနဲ့ ဇာတ်သိမ်းသွားခဲ့တာပါ၊ (သူ့စကားနဲ့ဆိုရင် အမတ်နေရာ ၂၅၀ အရွေး ခံရာမှာ တနေရာပဲအရွေးခံရလို့ ဖြစ် ပါတယ်၊) ဒါပေမဲ့အခုတော့ သူပြန်ပြီးပွဲထွက်လာပါတယ်၊ ဗိန်းမောင်းနဲ့မဟုတ်ပါ။ ချွတ်နင်းလေးနဲ့ဆိုရင် ပိုမှန်မလား မသိပါ၊ ဒါပေမဲ့ မျက်နှာပြောင်ပြောင်နဲ့ဖြစ်ပါတယ်၊ ဘာသဘောလဲ၊ ဒီနေ့နိုင်ငံရေး အခြေအနေမှာ သူ့အခန်းဘာများရှိသေးလို့လဲ၊ ပြည်သူ့ဘက်က သူကဖို့ အခန်းမရှိတော့ပါဘူး၊ ဒီနေ့ကာလမှာသူ့ရဲ့ အသုံး ၀င်မှုဟာ စစ်အစိုးရအတွက်သာ ဖြစ်ပါတယ်၊ ဒါဟာလည်း ဒီချုပ်ရဲ့ထိပ်တန်း ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်အောင်ရွှေ။ ဗိုလ်တင်ဦး။ ဒေါ်အောင် ဆန်းစုကြည်။ ဗိုလ်လွင်စသူတွေကို နိုင်ငံရေးအရ ထိုးနှက်ဖို့ကလွဲလို့ တခြားဘာမှမဖြစ်နိုင်ပါဘူး၊

ဗိုလ်အောင်ကြီးဟာ ဗိုလ်အောင်ရွှေ။ ဗိုလ်တင်ဦး။ ဗိုလ်လွင်စသူတို့ကို ‘ကွန်မြူနစ်’လို့တော့ မစွပ်စွဲပါဘူး၊ စွပ်စွဲလို့ရှိရင်လည်း သူပဲ လူရီစရာပဲဖြစ်မှာပါ၊ ဒါကြောင့် ‘နေရာရချင်တဲ့ အချောင်သမားတွေ’ လို့ပဲ စွပ်စွဲလိုက်ပါတယ်၊ သူပြောပုံက ပက်စက်ကြမ်းတမ်း ပါတယ်၊ သိက္ခာရှိတဲ့နိုင်ငံရေးသမားနဲ့မတူပါဘူး၊ “တပ်မှူးကြီးတွေက ဗိုလ်အောင်ကြီးနဲ့ ပေါင်းရင်တော့ သူတို့နေရာရမှာမဟုတ်ဘူး၊ မစုနဲ့ပေါင်းမှရမယ်”ဆိုပြီး သူ့ကို ဒီချုပ်ထဲ ကနေ ကန်ထုတ်တာပဲလို့ ပြောလိုက် တာပါ၊ ဗိုလ်အောင်ကြီးတယောက် နအဖဒီမိုကရေစီကို ကောင်းကောင်းကြီးခံစားသုံးစွဲနေပုံဖြစ် ပါတယ်၊

သံဃာတော်တွေနဲ့ ကျောင်းသားတွေရဲ့လှုပ်ရှားမှုကြီးကို အကြောင်းပြုပြီး နအဖ က ဒီချုပ်ခေါင်းဆောင်တွေကို ထိုးနှက် ဖိနှိပ်နေချိန်မှာ ဗိုလ်အောင်ကြီး တစခန်းထလာတာဟာ သဘောရိုးမဟုတ်တာ ရှင်းနေပါတယ်၊ ညောင်နှစ်ပင် အပြီး။ သူတို့ရဲ့ဖွဲ့စည်းပုံ ရေးဆွဲရေးနဲ့အတူ ဒီချုပ်ကို ချေမှုန်းရေးမှာ တတပ်တအား ဖြည့်လာတာဖြစ်ပါတယ်၊ ဖြည့်တယ် ဆိုတာမှာ သူကသူ့ဆန္ဒနဲ့သူ ထွက်လာတာဆိုရင် မှားပါမယ်၊ နအဖက ထွက်ခိုင်းလို့။ သူ့အကြိုက်တွေ့ပြီး ဒူးကလေး ဗုံထောင်တီးထွက်လာတာပါ၊ သူ့ဟာနဲ့သူပျော်လို့၊ သူအင် မတန်ဝါသနာပါတဲ့ ကိုယ်ရည်သွေးတာလည်း လုပ်ခွင့် ရတော့မယ်လေ၊ သူဟာ ဗိုလ်ချုပ်အောင်ဆန်း။ ဗိုလ်နေ၀င်းတို့နဲ့တတန်းတည်း ဖြစ်တယ်ဆိုတာကို သူ့ပစပ်ကထွက်တဲ့ အထောက်အထားတွေနဲ့ ပြောတော့တာပဲမဟုတ်လား၊

တကယ်တော့ ဗိုလ်အောင်ကြီးအကြောင်း။ သူ့သမိုင်းကိုပြောရမယ်ဆိုရင် သူဟာ ကျဉ်းထဲကျပ်ထဲ ရောက်တိုင်း ကိုယ့် အချင်းချင်းအပေါ် သစ္စာဖောက်လေ့ရှိတယ်၊ နေရာဝင်ယူတတ်တယ်ဆိုတာက စရမှာပါ၊ (၁၉၅၈ အာဏာသိမ်းပွဲ။ ၁၉၆၂ အာဏာသိမ်းပွဲနဲ့ ၁၉၈၈ က ‘အာဏာလက်လွှဲယူ’ ပွဲမှာ ဗိုလ်အောင်ကြီး ဘာလုပ်ခဲ့သလဲဆိုတာတွေကို ကြည့်ပါ၊) ဖဆပလတွေ ၁၉၆၀ခုနှစ်ရွေးကောက်ပွဲမှာ အရှုံးကြီးရှုံးတော့ ဗိုလ်နေ၀င်းက သူ့အဖို့ ဆိုရှယ်လစ်စစ်ဗိုလ်တွေနဲ့လမ်းခွဲမှ သူ့ရှေ့ရေးကောင်းမယ်။ ဒါကြောင့်မို့ တပ်ထဲမှာရှိတဲ့ ကျန်ဆိုရှယ်လစ်တွေနဲ့လဲ ညောင်ညိုပင်စခန်းမှာ ကတျွှီပါလမ်းခွဲ ခွဲတော့မယ်လို့ ဆုံးဖြတ်ပြီး ဗိုလ်မောင်မောင်။ ဗိုလ်ကြည်ဝင်းစသူတွေကို ဖယ်ရှားတဲ့ခဲ့ပါတယ်၊ ဒါပေမဲ့ အဲဒီအစုရဲ့ထိပ်သီးတယောက်ဖြစ်တဲ့ ဗိုလ်အောင်ကြီး။ ၁၉၅၈ခုနှစ်မှာ အာဏာသိမ်းပြီဖြစ်ကြောင်း ဗိုလ်မောင်မောင်နဲ့အတူ ဦးနုအိမ်ကို သွားပြီးအကြောင်းကြားခဲ့တဲ့ ဗိုလ်အောင်ကြီးဟာ ဗိုလ်မောင်မောင်တို့နဲ့ ပြုတ်မသွားပဲ ဘာကြောင့် ဗိုလ်နေ၀င်း အပါးမှာ ကျန်နေရစ်တာလဲဆိုတာ စဉ်းစားစရာကောင်းပါတယ်၊ ဗိုလ်နေ၀င်းက သူဒုတိယအကြိမ် အာဏာမသိမ်း မီလေးတင် ဖြစ်တဲ့ ၁၉၆၂ခုနှစ် ဖေဖော်ဝါရီလ ၁၈ရက်မှာ တပ်မှူးကြီးများအစည်းအဝေးခေါ်ပြီး ဆိုရှယ်လစ်တပ်မှူးကြီး ၁၃ဦး ကို ထုတ်ပစ်ခဲ့တာဖြစ်ပါတယ်၊

ဗိုလ်နေ၀င်းမသေမီ ရှစ်လေးလုံး ကာလတုန်းက ဗိုလ်နေ၀င်းနဲ့ပတ်သက်လို့။ မဆလပါတီနဲ့ပတ်သက်လို့ သူဘာပြောခဲ့ဖူးလို့လဲ၊ အခု ဗိုလ်နေ၀င်းမရှိတော့မှ ဗိုလ်နေ၀င်းကို သစ္စာဖောက်ပြနေပါတယ်၊ ဒါ့အပြင် အခုဆိုရင် သူဟာ ဒီချုပ်ခေါင်းဆောင်တွေကို သစ္စာ ဖောက်ပြန်ပါပြီ၊ ဒေါ်အောင်ဆန်းစုကြည်က အချုပ်ခံနေရချိန်။ ဒီချုပ်ခေါင်းဆောင်တွေ အဖမ်းခံနေရချိန်မှာမှ ထွက်ပြီးပြောလာတာပါ၊ နောက်ကျောကိုဓားနဲ့ထိုးတာထက် ဆိုးပါတယ်၊ “ရန်ကုန်က ကလေးတွေကို နယ်စပ်လွှတ်လိုက်တယ်၊ အခုလက်မှတ်နဲ့တောခိုတဲ့ သဘောပေါ့”လို့ ပြောနေတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချောက်တွန်းနေတာပဲ ဖြစ်ပါတယ်၊၊ ဗိုလ်အောင်ကြီးဟာ ဒီလိုပဲ အဆင်း ဘီးတပ်လေ့ရှိသူပါ၊ သူ့နိုင်ငံရေး ဘ၀တလျှောက် လုံး အဲဒီလိုပဲလုပ်ခဲ့တယ်ဆိုတဲ့သမိုင်းရှိပါတယ်၊ သူဗမာပြည်ဆိုရှယ်လစ်ပါတီ (ဗဆပ)ရဲ့ တွဲဘက်အထွေထွေ အတွင်းရေးမှူး နေရာရအောင်လုပ်ခဲ့ပုံနဲ့ ၄၈ ပြည်တွင်းစစ်ဖြစ်အောင် လုပ်ခဲ့ပုံတွေကို နောင်အလျဉ်းသင့်ရင် ရေးပါ ဦးမယ်၊)

သူဟာ ‘ဗိုလ်နေ၀င်းတပည့် ဘယ်တုန်းကမှမဖြစ်ခဲ့ဘူး’လို့ ဗိုလ်အောင်ကြီးကပြောပါတယ်၊ ဟုတ်ရဲ့လား၊ “တပည့် မဖြစ်ခဲ့ဘူး၊ တပည့်ခံခဲ့တာပဲ” လို့ ပြောချင်တာ ဖြစ်ပါလိမ့်မယ်၊ “သူလည်းစာရေး ကိုယ်လည်းစာရေး”လို့လည်း တန်းတူ သူငယ်ချင်းချင်းသဖွယ် ပြောလိုက်ပါသေးတယ်၊ လူမှန်သမျှ မွေးလာကြတုန်းကတော့ ‘ပုခုံးးလက် (၂) လုံး။ ဖ၀ါးလက် (၂) သစ်’ နဲ့ချည်းပါ၊ ဒါပေမဲ့ အားလုံး မှတ်မိတဲ့ ရှစ်လေးလုံးဖြစ်ကာနီးမှာ ဗိုလ်နေ၀င်းဆီကိုသူရေးခဲ့တဲ့ “ဗိုလ်ချုပ်ခင်ဗျား-”ဆိုတဲ့ စာတွေကိုပြန်စဉ်းစားလိုက်ပါ၊ တပ်အပြင်ကို ရောက်။ အာဏာအ၀န်းအ၀ိုင်းအပြင်ကို ရောက်နေရာကနေ သူလှမ်းဖားပုံ တွေဟာ ပုခုံးချင်းဖက်ကြီးလာသူတွေ။ မင်း-ငါ ပြောနေသူတွေ ရေးပုံနဲ့တူပါရဲ့လား၊

ဗိုလ်အောင်ကြီးတယောက် ဘယ်တုန်းကများ ဗိုလ်နေ၀င်းရဲ့ အထက်က ဗိုလ်အောင်ကြီးနေခဲ့ဖူးလို့လဲ၊ ဗိုလ်အောင်ကြီး သေသေချာချာစဉ်းစားပါဦး၊

ဗမာပြည်စာပေလောကမှာ ထူးထူးခြားခြားနာမည်ထွက်တဲ့ မြတ်ခိုင်ကိုယ်တိုင် အင်တာဗျူးလုပ်ထားတဲ့ လျှပ်တစ်ပြက်ဂျာနယ်ထဲက ဗိုလ်အောင်ကြီးရဲ့ ပြောကြားချက်တွေထဲမှာ သူက သူရဲ့အသက်(၈၀) ပြည့်မွေးနေ့ ကိစ္စကို လည်း ပြောနေပါသေးတယ်၊ သူ့စကားက အဲဒီမှာထပ်ချဲ့ ပြအုန်းမယ်။ စောင့်ကြည့်ဆိုတဲ့ အဓိပ္ပာယ်ထွက်သလိုလိုပါပဲ၊ အဓိကဟာ ဒီချုပ်ရဲ့လက်ရှိခေါင်းဆောင်ကြီးတွေ (တပ်မှူးကြီးတွေ)ကို အပုတ်ချချင်တာပဲ၊ အဲဒီခေါင်းဆောင်တွေ ပြောမရ ဆိုမရ ဖြစ်နေချိန်မှာ ဗိုလ်အောင်ကြီးလက်စားချေမလို့ ပြင်နေတာပါ၊ တကယ်တော့ ဒီချုပ် ဗဟိုရဲ့ ဥက္ကဌမှန်သမျှဟာ တပ်မှူး ကြီးတွေချည်းမဟုတ်ပါလား၊

အခု ဗိုလ်အောင်ကြီး ပွဲထွက်လာတာဟာ -
(က) တပ်မှူးကြီးတွေကို ထိုးနှက်အပုတ်ချဖို့
(ခ) ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်ဖို့ (ဗိုလ်အောင်ဆန်းကို သခင်ထွန်းအုပ်လုပ်ခဲ့သလို) ဖြစ်တယ်၊
(ဂ) တခြား သောင်းပြောင်းတွေလာတွေကတော့ သူ့ထုံးစံအတိုင်း ငါသိ - ငါတတ် လူတွင်ကျယ် လုပ်ချင်တာပါ၊ တကူးတက မှတ်ချက်ပေးစရာမလိုပါဘူး၊ “အလံရှူးနဲ့ ဖဲသုံးချပ်သမား လေပန်းပြတာ”လို့ပဲ သဘောထားလိုက်ပါတယ်၊ ဗိုလ်နေ၀င်းနဲ့ ဗိုလ်အောင်ကြီး ဆက်ဆံရေးကိုတော့ အောက်ကျမှ ရှင်းကြပါလို့ပဲ ပြောလိုက်ချင်ပါတယ်၊
(၁) နိဂုံးချုပ်ရရင် နအဖဟာ နိုင်ငံရေးမှာ ခံစစ်သေဖြစ်နေပါပြီ၊ ဒါကြောင့် နိုင်ငံရေးသံချေးတက်နေတဲ့ ဓားကိုလည်း ကောက်ကိုင် နေရပါတယ်၊
(၂) သူဟာ သူမသေခင်မှာ သူနဲ့ဗိုလ်နေ၀င်းတို့ ပန္ဒက်ချတည်ဆောက်ခဲ့ကြတဲ့ စစ်အာဏာရှင်စနစ်ကို သေကာနီးမှာအလုပ် အကျွေးပြု။ ကာကွယ်ဖို့အတွက် ပွဲထွက်လာတာသာဖြစ်ပါတယ်၊ ဒီမိုကရေစီစနစ် ကာကွယ်ရေး အတွက် လုံးဝမဟုတ်ပါဘူး၊ သူဟာ အလွန်ရှိရင် ရှစ်လေးလုံးတုန်းကပြောတဲ့ စစ်တပ်ကိုစိတ်နဲ့တောင်မှမပြစ်မှားကြနဲ့ ဆိုတာမျိုးနဲ့ စစ်အုပ်စုကိုကာကွယ်တဲ့ ဇာတိကို ဘယ်တော့မှ မစွန့်ပါဘူး၊
(၃) နအဖဟာ သူတို့ရဲ့လမ်းပြမြေပုံ ရှောရှောရှူရှူပြီးသွားရင် ဗိုလ်အောင်ကြီးကို နေရာပေးအုန်းမလား စောင့်ကြည့်ရအောင်ပါ၊

သူဒီနေ့ဘာတွေပဲပြောနေနေ။ ပြည်သူလူထုဟာ သူပစပ်ဟလိုက်တယ်ဆိုတာနဲ့ အကုန်အဆုံးအထိ မြင်ပြီးသားပါ၊ စမူဆာ ဆိုတာထက်ပိုဆိုးတဲ့ ဘွဲ့ကိုမရခင်မြန်မြန် အိမ်ပြန်ပါလို့သာ အကြံပြုလိုက်ချင်ပါတယ်၊
ရဲဘော်ဖိုးသံချောင်း

Labels:

posted by မြင့်ဇေ @ 9:42 PM   1 comments
အဝေးကပေးစာတစောင်


အဝေးကပေးစာတစောင်
၂၀၀၇ခုနှစ်။ အောက်တိုဘာ ၂၃ရက်၊
ပေါ်ဆိုပေါ်၊ ပျောက်ဆိုပျောက် စာရေးဆရာကြီးများ

ကိုဟိုဒင်းရေ-
ဒီကာလများအတွင်း ဗမာနိုင်ငံမှာ စာရေးဆရာတွေ အင်မတန်သတိထားနေထိုင် ရေးသားနေရတာခင်ဗျား သတိထားမိတယ်နော်၊ အဲ- ဒါပေမဲ့ တဘက်မှာတော့လည်း စာရေးသူတချို့ပြန်ပေါ်ထွက်လာပြီး လက်မောင်းတပင့်ပင့်။ ကလောင်တ၀င့်ဝင့်နဲ့ မပြတ်ရေးသားနေကြတာတွေ တွေ့ရသဗျ၊ ကျနော်ဆိုလိုတာ နအဖသတင်းစာတွေထဲက အမှိုက်တွေ မဟုတ်ဘူးနော်၊ သူတို့ကို ကျနော်က စာရေးသူစာရင်းထဲတောင်မထည့်ဘူး၊ ကျနော်ဆိုလိုတာ သခင်တင်မြ။ ဦးချစ်လှိုင်။ ဗိုလ်အောင်ကြီးဆိုတဲ့ တချိန်က မဆလပါတီ ဗဟိုကော်မတီထိပ်သီးသုံးဦးကိုပါ၊


ဒါများဘာထူးဆန်းလို့လဲလို့ ခင်ဗျားကမေးကောင်းမေးမယ်၊ ဒါဆိုရင်ကျနော်က ဒီလိုဖြေမယ်၊ ထူးသပေါ့ဗျာ၊ ထူးမှထူး၊ ဆန်း မှဆန်း၊ အချိန်ကာလအားဖြင့်လည်းထူး၊ အကြောင်းအရာအားဖြင့်လည်းဆန်း။
သူတို့ပေါ်လာတာ ဘာကြောင့်ထူးဆန်းသလဲဆို ဒိအယင်က သူတို့ပျောက်နေလို့ပဲ၊ ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒီသုံးယောက် ဘယ်မှာများ စာရေးတာ။ စကားပြောတာခင်ဗျားတွေ့ဖူးသလဲ၊ အသံလ$င့်ဌာနတွေက သူတို့ကိုဗျူးချင်လို့ ခေါ်လိုက်တဲ့ တယ်လီဖုံးတွေ တတီတီပဲ၊ သူတို့ကမဖြေဘူး။ ခေါင်းရှောင်တယ်၊ သခင်တင်မြတယောက် ဗိုလ်ချုပ် အောင်ဆန်းအကြောင်းစာအုပ်ရေးနေသလိုလို သတင်းထွက်လာတယ်။ ဒါပေမဲ့အကြားပဲ။ မတွေ့ရဘူး၊ ဗိုလ်အောင်ကြီးကတော့ အေးအေးဆေးဆေးပဲ စမူစာရောင်းနေ သလိုလို၊ စစ်အုပ်စုရဲ့ ဆိုက်ကိုခေါ် စိတ်ဓာတ်စစ်ဆင်ရေး ဌာနက ဒုဗိုလ်မှူးကြီးတဖြစ်လဲ မဆလသဘောတရားဆရာကြီး ဦးချစ်လှိုင် ဆိုတာလည်း ပါရီမှာသောင်တင်နေလား။ အနှိပ်ခန်းမှာ သောင်တင်နေလား တွေးနေရတဲ့အခြေအနေပါ၊

အဲဒီလိုကြက်ပျောက်။ ငှက်ပျောက် ပျောက်နေကြတဲ့အထဲက လွန်ခဲ့တဲ့သုံးလလောက်ကစပြီး ပြန်ပေါ်လာကြ တယ်၊ လေရူးနှောက်လို့လည်းမဟုတ်။ တစ္ဆေခြောက်လို့လည်းမဟုတ်ဘူး၊ ပေါ်လာတယ်သူတို့သုံးယောက်။ တပြိုင်နက် တည်းလိုလိုကို ပေါ်လာတာ။ အံ့သြစရာမကောင်းဘူးလားဗျာ၊ နောက်ပြီးပေါ်လာပုံကလည်း ငြင်သာသာ။ အေးအေး ဆေးဆေးမဟုတ်ဘူး၊ မီဒီယာတွေရဲ့ အကောင်းဆုံးနေရာတွေမှာ ဓာတ်ပုံအကြီးကြီးတွေနဲ့ တကယ့်ကိုပြူးတူးပြဲတဲပဲ၊ နဂိုကတော့ သူတို့ပဲ အိမ်ရှေ့မှာ “မီဒီယာ သမားတွေမလာရ”လို့ ဆိုင်းဘုတ်ချိတ်ဆွဲထားမတတ် တိမ်းရှောင်နေကြတာ၊ အခုတော့-

အဲ- ထွက်လာတယ်ဆိုတာနဲ့ပဲ သူတို့သုံးယောက်စလုံး ကိုယ့်တာဝန်ကိုယ် ကျေပြွန်စွာထမ်းဆောင်ကြတော့တာပဲ၊ သူတို့ရဲ့ သမိုင်းပေးတာဝန်ကို ထမ်းဆောင်တယ်လို့ဆိုရမလားပဲ၊ ဘာလို့ဒီလိုပြောရသလဲဆိုတော့ ခင်ဗျားစဉ်းစားကြည့်၊ သူတို့ထွက်ပေါ် လာတာဘယ်လိုအချိန်လဲ၊ စက်တင်ဘာလ သံဃာနဲ့လူထုအုံကြွမှုကြီးဖြစ်ကာနီးနေပြီး နအဖရဲ့ ညောင်နှစ်ပင်ညီလာခံ နိဂုံးချုပ်ချိန်။ စစ်အုပ်စုအတွက် ခြေလှမ်းသစ်နဲ့ တကွေ့တချို့လှမ်းတော့မယ့်အချိန်မှာ သူတို့ကို ဆန့်ကျင်မှုအမျိုးမျိုးနဲ့ ကြုံတွေ့ရပြီး နိုင်ငံရေးအရ ခံစစ်ရောက်စပြုချိန်တဲ့အချိန်ပဲ၊ ဒီလိုအချိန်မှာ နအဖအစိုးရဟာ ဒီ၈၀ကျော်ကြီးသုံးယောက်ကို ဗြုံးကနဲရှေ့တန်းထွက်ခိုင်းလိုက်တယ်၊ သူတို့အဖို့ နိုင်ငံရေးထိုးစစ်ဆင်နိုင်လိုဆင်နိုင်ငြားလို့ တွေးဟန်တူပါရဲ့။

သူတို့ကလည်း သူ့ဆန်စားရဲမှလို့သဘောထားလေသလား။ သေကာနီးမှာ ငါတို့ပြောချင်တာတွေ အကုန်ပြော သွားမယ်။ ငါတို့ဘာတွေပဲပြောပြော။ ငါတို့နောက်မှာ လိုက်ရှင်းမယ့်လူမရှိတော့ဘူးလို့ စဉ်းစားလေသလား။ ဘယ်လို စဉ်းစားသလဲမသိဘူး။ ပြောလိုက်ကြတာ၊ များမှများ၊ ဒါပေမဲ့ ဘယ်သူမှဘောင်မလွတ်ဘူးဗျ၊ ဘယ်အကြောင်းအရာပဲ ပြောပြော။ သုံးယောက်စလုံးဟာ နအဖက သတ်မှတ်ပေးတဲ့ဘောင်အတိုင်း သမိုင်းကြောင်းအရ ဗကပနဲ့ ဗိုလ်မှူးချုပ်ကျော်ဇောတို့ကို အပုပ်ချတိုက်ခိုက်တာ၊ ဒီချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကိုခေါင်းမထောင်နိုင်အောင် လုပ်တာ။ နောက်ပြီးမဆလပါတီနဲ့ ဗိုလ်နေ၀င်းအပါ မျိုးဆက်ဟောင်း စစ်အုပ်စုခေါင်းဆောင်တွေကို သမိုင်းအရ လက်စားချေတာတို့ဖြစ်ပါတယ်၊ နအဖနဲ့ မဆလဘာမှမပတ်သက်ဘူးလို့ ကြေငြာချင်တာနဲ့ တူပါတယ်၊ နောက်ပြီးတော့ ကွန်မြူနစ်ဝါဒနဲ့ မဆလ ဆိုရှယ်လစ်ဝါဒတို့ကိုလည်း သဘောတရားအရ အပြတ်တိုက်ခိုက်တယ်၊ ဒီသမိုင်းအကွေ့မှာ ဗိုလ်ချုပ်ကျော်ဇောရဲ့ သြဇာမပျံ့အောင်အသေအချာလုပ်ရေးဆိုတဲ့ ရည်ရွယ်ချက်ကလည်း အဓိကတခု ဖြစ်နေတော့ မြတ်ခိုင်က ဘယ်သူ့ကိုမေးမေး ဗိုလ်ချုပ်ကျော်ဇောကို တိုက်ခိုက်ဖို့ မေးခွန်းလေးတွေထည့်ထည့်မေးတယ်၊ အထက် ကနေ အစီအစဉ်နဲ့ခိုင်းနေတယ်ဆိုတာ သိပ်ထင်ရှားတာပေါ့ဗျာ၊

လျှပ်တစ်ပြက်တို့လို နအဖဒေါက်တိုင်ဖော်လံဖားဂျာနယ်များမှာပါတဲ့ အင်တာဗျူးတွေများဆိုရင် မေးတဲ့လူက မေးလိုက်တာ တကယ့်ကို ကွက်တိ။ ဂွင်ကျ၊ ဗကပ။ မဆလ။ ဒီချုပ်တို့ကို တွယ်စရာအကွက်လေးတွေချည်းမေးသွားတယ်၊ ခမျာ တတ်လိုက်တာ လို့တောင် ချီးကျူးရမလိုပဲ၊ ဟိုလူတွေဒုက္ခရောက်မယ့်အမေးမျိုး- ဥပမာဦးအောင်ကြီး အမေရိကန်ကို နောက်ဆုံးတခေါက်သွားတာ ဘယ်သူလွှတ်လို့။ ဘာကိစ္စသွားတာလဲ။ ၁၉၅၈ခုနှစ်နဲ့ ၁၉၆၂ခုနှစ်အာဏာသိမ်းပွဲတွေတုန်းက ဗိုလ်အောင်ကြီးရဲ့အခန်း၊ သခင်တင်မြ ခြံကူးခဲ့တဲ့ နိုင်ငံရေးပါတီပေါင်းဘယ်နှစ်ခုလဲ။ ၅၈ခုနှစ်အိမ်စောင့်အစိုးရကဖမ်းတော့ ဘယ်လိုပြန်လွတ်လာသလဲ၊ ဗိုလ်နေ၀င်းရဲ့ အကြံပေးဖြစ်နေတုန်းက ဘာတွေအကြံပေးခဲ့သလဲ၊ ဦးချစ်လှိုင် စစ်တပ်ရဲ့ ဆိုက်ကို ဌာနမှာ ဘာတွေလုပ်ခဲ့သလဲ။ ဒုဗိုလ်မှူးကြီးဘ၀နဲ့ ကိုယ့်အောက်က ဗိုလ်သန်းရွှေကိုဘာတွေပြောခဲ့ဘူးလဲ။ မဆလ သဘောတရားကို ဘယ်သူကရေးခိုင်းလို့ရေးတာလဲ စတဲ့ လူတွေ စိတ်ဝင်စားတဲ့ မေးခွန်းမျိုးတွေ တခုမှမမေးဘူး၊

သူတို့ပြောကြ။ ရေးကြတဲ့အထဲမှာ နောက်တူညီတာတွေက လက်ရှိနအဖအစိုးရကို တစက်လေးမှ အပြစ်မတင်တာ၊ အများသိတဲ့ သူတို့မှာတာဝန်ရှိတဲ့ ကိစ္စတွေကို ဘူးကွယ်တာ။ နောက်ပြီး သေလွန်ပြီဖြစ်တဲ့လူတွေအပေါ် အပြစ်တွေပုံချတာ၊ အင်္ဂလိပ်စကားပုံ "Dead man tells no tales" သေတဲ့လူ ဘာမှပြန်မပြောဘူး ဆိုတာကို သတိရစရာပေါ့ဗျာ၊ နောက်ပြီး အသက်ရှစ်ဆယ်ကျော်မှ ကိုယ်ရည်သွေးကြတာ၊ သခင်တင်မြများဆိုရင် သူရေးတဲ့ စာအုပ်ထဲမှာ သူချောကြောင်းရေးတာ ၁၀ခါ ထက် မနည်းဘူး၊

အခုတော့ သူတို့တတွေ ပွဲတော်ကြီးတွေ့နေတာပေါ့ဗျာ၊ ပြောချင်သလောက်ပြော။ သူတို့အရှုံးပေးခဲ့ရသူတွေကို တိုက်ချင်သလောက်တိုက်။ ယက်စ်အောရိုက်ချည်းပဲလေ၊ ဒါပေမဲ့ သူတို့တတွေဘယ်လောက်အထိ ပြောနိုင်။ ရေးနိုင်ကြမှာတဲ့လဲ၊ သူတို့ချင်း နားလည်ထားတဲ့ စည်းဘောင်ကျော်ကြည့်ပါလား၊ ပါတီတွေဖွဲ့ကြတုန်းက သခင်တင်မြ တယောက် ဒီချုပ်ထဲဝင်လာသေးတယ် မဟုတ်လား။ သူ့ဝင်ဖူးတဲ့ ဆယ်ခုမြောက်ပါတီအဖြစ်နဲ့ပေါ့၊ ဒါပေမဲ့ ဘာကြာ လို့လဲဗျာ၊ န၀တထိပ်ပိုင်းကနေ ချောင်းဟန့်သံပေးလိုက်တာနဲ့ တခါထဲ ကားကြားထဲကိုပြန်ဝင်ပြေးတာပဲ မဟုတ်လား၊ အဲဒီလို ပါပဲ၊ စစ်အုပ်စုရယ်လို့ အထင်ကရ တည်ရှိနေတဲ့ ဗမာပြည်နိုင်ငံရေး သံသရာမှာ လက်နက်ချတွေဟာ ခုပေါ်စေဆို ပေါ်ရ။ ခုပျောက်စေဆို ပျောက်ကြရမှာပါ၊ မြက်ခင်းသစ်က ခြံကူးကလောင်ရှင်များတောင် ဘယ်မြက်ခင်းမှာသွားစားနေကြလဲ မသိတော့ဘူးလေ၊

ဘယာဘေး ကွာဝေးကြပါစေ၊
ယာတောကသာဗြော

Labels:

posted by မြင့်ဇေ @ 12:57 AM   1 comments
မြို့ပြပြောက်ကြား အဆက်
Wednesday, October 10, 2007





Labels:

posted by မြင့်ဇေ @ 3:15 PM   1 comments
ကျနော်မြင်သည့် အချက်နှစ်ချက်
Friday, October 5, 2007

စီဘုံးတွေလိုက်ဖတ်နေရင်းနဲ့ စိတ်ထဲမှာ ခံစားချက် မကောင်းတာကြောင့် နောက်ပိုင်း မရဲတရဲဘဲ ချောင်းဖတ်ကြည့်ဖြစ်ပါတယ်။ ဘယ်နေရာမှာတော့ ဘယ်လိုပစ်ပြန်ပြီ။ ဘယ်နှစ်ယောက်သေသွား ပြန်ပြီ။ ဘယ်သူ့ကို အိမ်ပေါ်တက်ပြီး ရိုက်ဖမ်းသွားတယ်၊ စသဖြင့် ၊ ဒီခေတ်ဟာ လူ့ယဉ်ကျေးမှု (civilization and culture ကို ငြင်းဘို့မဟုတ်ပါ) အစွမ်းကုန် ထွန်းပတဲ့ခေတ်လို့ ပြောရင်လည်း မမှား ပါဘူး။ အဲဒီလို တွေးမိလေ ကိုယ့်နိုင်ငံအတွက်အရှက်ရလေ ဖြစ်လို့ပါ၊ အလယ်အလတ်လမ်းစဉ်လို့ ဖော်ပြထားတဲ့ ဗုဒ္ဓဘာသာကို အဓိက ကိုးကွယ်ရာ တိုင်းပြည်မှာ ကိုယ်ကိုးကွယ်တဲ့ဘာသာကို (ဘုရားတွေ၊ ကျောင်းကန်တွေ၊ အလှူ ပြုမှုတွေကို သေနတ်တကားကားနဲ့ လုပ်နေတဲ့ လူတွေကိုယ်တိုင်က) ကိုယ်တချိန်က အလေးအမြတ်ပြု ကန်တော့နေတဲ့ သူတွေကို နေ့ဘက် လမ်းပေါ်ရိုက်၊ ကန်ကြောက်၊ အုတ်ခဲနဲ့ထု၊ ဘက်နက်နဲ့ထိုး၊ သေနတ်နဲ့ပစ်၊ ကားနဲ့တိုက်၊ ညဘက်မှာ ကျောင်းတိုက်တွေထဲ အရက်ကိုးမောင်း တိုက်ထားတဲ့ လူ့မိစ္ဆာတွေကို ၀င်ပြီးရိုက်ခိုင်းကားနဲ့ တင်သွားခိုင်းတာတွေက တကယ့်ကို နာမည်ကြီး အာဏာရှင်များ၊ ဖက်ဆစ်များက အရိုအသေ ပေးလောက်တဲ့အကုသိုလ်နဲ့ဆက်စပ်တဲ့ အပြုအမူတွေပါ။

အာဖရိကက တွတ်ဆီနဲ့ ဟူတူ၊ ဥရောပက ယူဂိုဆလားဗီးယား စသဖြင့် လူသတ်ပွဲတွေ၊ လက်စား ချေမှုတွေကို ကမ္ဘာကြီးက မြင်ခဲ့ဘူးပါတယ်။ ခရူးဆိတ်စစ်ပွဲကစလို့ ဘာသာရေးမတူညီမှုတွေကြောင့် ဖြစ်တဲ့ စစ်ပွဲတွေ၊ အယူဝါဒ ကြောင့်ဖြစ်တဲ့ စစ်ပွဲတွေ ၊ လူမျိုးတုံးသန့်စင်စေမှုနဲ့ ဖြစ်ပျက်ခဲ့တဲ့ သွေးပျက်ဖွယ်ရာ ကိစ္စတွေ၊ အများအပြား။ ဒါပေမယ့် ဒီတခါ မြန်မာပြည်စစ်အာဏာရှင်ရဲ့ သွေးရုး သွေးတမ်း တုန့်ပြန်မှုကတော့ ကမ္ဘာကြီးတခုလုံး မှင်သက်မိသွားစေခဲ့တယ်။

ဒီအဖြစ်အပျက်က ကမ္ဘာ့ပြည်သူတွေရဲ့  အမြင်ကိုလည်း မြန်မာစစ်အုပ်စုဟာ ဘာဆိုတယ်လဲဆိုတာကို သေသေချာချာ မြင်တွေ့ခဲ့စေသလို၊ မြန်မာပြည်ထဲက လူထုကိုလည်း ရိုးရိုးရှင်းရှင်း ချပြပေးလိုက် တယ် လို့ ကျနော် ထင်ပါတယ်။ အဲဒီလမ်းဟာ ဒီတိုက်ပွဲကို နိုင်အောင်မတိုက်နိုင်ရင် တသက်လုံး စစ်တပ် ရဲ့ ကျွန်ဖြစ်နေမယ်ဆိုတာကိုပါ။ ဟိုတုန်းက ကြားနေသူလိုလို၊ မပြတ်မသားဖြစ်သူ အများစုလဲ ဒီဖြစ်နေတဲ့ လှုပ်ရှားမှုရဲ့ ရိုက်ခတ်မှုကြောင့် သူတို့ ကြားနေလို့မရမှန်း နားလည်သွားကြပါပြီ။ ဘာကြောင့်လဲဆိုတော့ နအဖရဲ့ လက်ပါးစေတွေက အိမ်ပေါ်ထိ တက်ရိုက် တက်ဖမ်းနေကြလို့ပါ၊

နောက်တချက်က ကျန်တဲ့ ဘာသာကွဲတွေကိုလည်း တပ်လှန့်ပေးသလိုဖြစ်ပါတယ်။ ဘယ်လို တပ်လှန့် ပေးသလဲ ဆိုတာက ဘာသာကွဲ (ခရစ်ယာန်၊ မူဆလင်၊ ဟိန္ဒူ စသဖြင့် ) အတော်များများဟာ မြန်မာ ပြည်သားဖြစ်ပေမယ့် ဗမာလူမျိုးနည်းလှပါတယ်၊ အဲဒါကြောင့် ဗမာလူမျိုးအများစုနဲ့ တိုက်ရိုက်ထိစပ် နေတဲ့ ဗုဒ္ဓဘာသာရဲ့ ရတနာသုံးပါးမှာ တပါး အပါအ၀င်ဖြစ်တဲ့ သံဃာတော်တွေကိုတောင်မှ အညှာ အတာမဲ့ ရိုက်နေခဲ့ခြင်းက ကျန်တဲ့ ဘာသာတွေကိုလည်း ဂရုမစိုက်ဘူးဆိုတဲ့ သဘောမျိုး သက်ရောက် ပါ တယ်။ အဲဒါရဲ့ နောက်ဆက်တွဲပြဿနာက ကျန်တဲ့ ဘာသာဝင်အများစုဟာ လူမျိုးစုတွေများတဲ့ အတွက်ကြောင့် ကျနော်တို့ မျှော်မှန်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စု ကိစ္စကို ထိခိုက်နိုင်ပါတယ်။

နိုင်ငံရေးအတွေးအခေါ်ဆိုတာဟာ ဆယ်စုနှစ် ဒါမှမဟုတ် ခေတ်ကာလတခုအတွင်းမှာ ပေါ်နိုင်ပါတယ်။ ဒါပေမယ့် ဘာသာရေးယုံကြည်သက်ဝင်မှု၊ မိရိုးဖလာ ထုံးတမ်းဓလေ့အစဉ်အလာဆိုတာက ကမ္ဘာ ကြီးရဲ့ သက်တမ်းနဲ့နီးနီး ရှိခဲ့တာပါ၊ ဒါက လက်ဆင့်ကမ်း ခံယူမှုဘဲဖြစ်တယ်။ အစဉ်အမြဲ သိစိတ်ထဲမှာရော၊ မသိစိတ်ထဲမှာရော စွဲနေတဲ့ တရားဖြစ်တယ်။

လူတယောက်ဟာ နိုင်ငံရေးပါတီတခုရဲ့ ပါတီဝင်ကနေ နောက်တပါတီကို နှောင်ကြိုးမဲ့စွာ ပြောင်းသွား နိုင်တယ်။ ဒါပေမယ့် ဘာသာရေးသက်ဝင်ယုံကြည်မှုတခုကနေ နောက်တခုကို နှောင်ကြိုးမဲ့စွာ ကူးပြောင်းသွားနိုင်ဘို့ ကတော့ မလွယ်လှပါဘူး။ ဥပမာ- နတ်စားတွေရှိတဲ့ ဒေသ မှာ ဘာသာတခုကို သာသနာပြုနိုင်ခဲ့တယ် ဆိုဦး။ တကယ်တမ်း ရောဂါဘယ ဆိုက်ကပ် လာပြီ ဆိုရင် သူတို့ကိုးကွယ်ခဲ့တဲ့ ဘာသာရေး နှစ်ခုစလုံးကို အကူအညီတောင်းကြတာပါ။ အခုတော့ မြန်မာပြည်ရဲ့ အဓိက ဘာသာတရားဖြစ်တဲ့ ဗုဒ္ဓဘာသာရဲ့ ရတနာသုံးပါးထဲက တခုကို စစ်အစိုးရ ဖျက်ဆီးခဲ့ခြင်းကြောင့် ကြားနေ ဆိုသည့်သူ အလွန်အမင်းရှားပါးသွားပါပြီ။

ကျနော်တို့ မြန်မာပြည်တပြည်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးဟာ အဓိက အခရာ အကျဆုံးကိစ္စပါ၊ စစ်အာဏာရှင်မရှိမှ တိုင်းပြည်ဒီမိုကရေစီ ရှိမည်။ စစ်အာဏာရှင်မရှိမှ တိုင်းပြည် အတွင်း ပြည်တွင်းငြိမ်းချမ်းရေးရမည်။ စစ်အာဏာရှင်မရှိမှ တိုင်းပြည်ကို ဖက်ဒရယ် ပြည်ထောင်စု စနစ် အစစ်အမှန်ဖြင့် တည်ဆောက်နိုင်မည်။

ဖက်ဒရယ်ပြည်ထောင်စုဆိုတာကလည်း လူမျိုးစုများပေါင်းထားသော ပြည်နယ်များခွဲဝေနေထိုင်ရေး ကိုသာ ဆိုလိုခြင်း မဟုတ်ပါ၊ တပြည်နယ်အတွင်း နိုင်ငံတခုတည်းအတွင်း တည်ရှိနေသော လူမျိုးပေါင်းစုံ။ ဘာသာပေါင်းစုံ၊ အယူအဆပေါင်းစုံပွင့်လန်းစွာအတူယှဉ်တွဲ အမုန်းအာဃာတ ကင်းစွာ နေထိုင်မှုစနစ်ဟု သာ ထင်မြင်မိသည်၊

မြန်မာပြည်တခုလုံး၏ ဖြစ်ပျက်နေမှုကို ဂရုမစိုက်ခဲ့လျှင်တော့ တခုချင်းဆိုင်ရာ ကိစ္စများသည်လည်း သဲထဲက ရေသာ ဖြစ်မည်ဟု ထင်သည်။

ထို့အတွက်မိမိအနေဖြင့် အကြံပေးလိုသည်မှာ

၁၊ လက်ရှိဖြစ်ပျက်နေသည့် တိုက်ပွဲကြောင့် လူထုသည် ရန်ငါစည်း ပြတ်သွားပြီ။

၂။ မိမိတို့တခုချင်းစီ ကိစ္စသည် မြန်မာတပြည်လုံးပြောင်းလဲရေးနှင့် ဆိုင်ကြောင်း အမုန်းအာဃာတ ကင်းစွာ ကြည့်မြင်စေလိုသည်။

ကျဆုံးသွားသော ရဟန်းသံဃာတော်များနှင့် ပြည်သူများအား ဦးညွှတ်လျက်

Labels:

posted by မြင့်ဇေ @ 10:02 AM   1 comments
ကျနော့်အကြောင်း

Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
ယခုလ မာတိကာ
ယခင်လ မာတိကာ အဟောင်းများ
အလည်သွားဖြစ်တဲ့ ဘလော့များ
Powered by

Free Blogger Templates

BLOGGER

© Template by Isnaini Dot Com