`ဓါးကို ဓါးချင်း၊ လှံကို လှံချင်း၊ တုန့်နှင်းရမယ်´ ဒင်းပြောခဲ့တဲစကား၊နားဝမှာ ကြားဆဲ လွန်ခဲ့တဲ့နှစ်များဆီ ညီညာထကြွ ၊ ဆန္ဒပြကြတဲ့ကျောင်းသားတွေ အလောင်းမြေကျ၊ ဒေါင်းအခြေမလှခဲ့
7 July သွေးအိုင်ထွန်းခဲ့ရတဲ့နေ့ မမေ့နိုင်ပါဘူး။
အဲ့သည်တုန်းက... ဒင်းတို့လက်ချက်နဲ့ အသက်ထွက်ခဲ့ရတဲ့ ကျောင်းသားရာပေါင်းများစွာတွေ သေအံ့မူးခိုက် ကျိန်စာတိုက်ခဲ့ ငမိုက်ကောင် ဒင်းတို့ကို လက်စားချေရတဲ့ကိုယ် ငါတို့ဖြစ်လို၏။
ဒင်းတို့ဖြိုချ၊ ပြိုခဲ့ရတဲ့ သမဂ္ဂကျောင်းဆောင် ပြန်လည်တည်ထောင်ရတဲ့ဘ၀ ငါတို့ ရကြပါစေ.... ကမ္ဘာမကြေဘူး။
လွန်ခဲ့တဲ့အဖြစ် (၂၆)နှစ် ခေတ်တခေတ်ကြာတဲ့အခါ သူတို့တွေ လူပြန်ဖြစ်၊ မျိုးဆက်အသစ်နဲ့ ဒီခေတ်က ကျုပ်တို့ပဲဟေ့။ ။
ရင်သွေး (၁၉၈၈)
Labels: မေ့မရသည့် သမိုင်းများ |