Ko Poe Zay

(orginal end)-->
 
ကဗျာ စာမျက်နှာ
သတင်း စာမျက်နှာ
စကားစမြည်

မြန်မာ စာအုပ်များ
ဝတ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ မှတ်သား ဖွယ် အထွေထွေ စာအုပ်များ အပါအ၀င် မြန်မာ အီးဘုတ် (E-book) စာအုပ်ပေါင်း ၅၀၀ ကျော်အား အခမဲ့ ဖတ်ရှုနိုင်ပါတယ်ခင်ဗျား။
Other things
test
အာဇာနည်နေ့နှင့်ပတ်သက်သည့် သမိုင်းအပိုင်းအစများ (ဦးစော)
Wednesday, July 11, 2007


အမသဒ္ဓါက ဦးစောအကြောင်းကို ရသလောက်စုစည်းဖို့ တိုက်တွန်းထားတာလဲပါ နောက်ကျနော် ကိုယ်တိုင်ကလည်း ဘယ်ကစရေးရင်ကောင်းမလဲဆိုတာကို စဉ်းစားမရသေးတာ ကြောင့် ဦးစောရဲ့ သမိုင်းကို နည်းနည်း ဖော်ပြလိုက်ပါတယ်။

ဦးစော၏ ဘ၀တစိတ်တပိုင်း
-မွေးသည့် ခုနှစ် မသိ။
- ပညာအရည်အချင်းက ငါးတန်းထိသာနေခဲ့တယ်။

- ၁၉၂၇ခုနှစ် မှာ အောက်တန်းရှေ့ နေ စာမေးပွဲဝင်ဖြေ(အဲဒီ စာမေးပွဲက အဲဒီနှစ်မှာ နောက်ဆုံး ကျင်းပ တာ ဖြစ်ပါတယ်။) အောင်ခဲ့တယ်။
-အဲဒီနောက်မှာ ဂျီစီဘီအေ (General Council of Burmese Association) မှာ ၀င်ပြီး နိုင်ငံရေးလှုပ်ရှားမှုများ စတင်ဆောင်ရွက်လာတယ်။

- ဂျီစီဘီအေ နှစ်ခြမ်းကွဲပြီး ၁၉၂၂ ခုမှာ ဂျီစီဘီအေ တခြမ်းဖြစ်တဲ့ ၂၁ ဦးပါတီကို ၀င်ရောက်။
-၁၉၂၇ ခုနှစ် ဥပဒေ ပြု လွှတ်တော် ရွေးကောက်ပွဲ မှာ သာယာဝတီ တောင်ပိုင်းမှ ၀င်ရောက် အရွေးခံ၊ အနိုင်ရရှိခဲ့။
- ၁၉၃၆ ခုမှာ အထွေထွေ ရွေးကောက်ပွဲ မတိုင်မှီကာလမှာ ၂၁ ပါတီဟာ အခြားအဖွဲ့တွေနဲ့ ပေါင်းပြီး ငါးပွင့်ဆိုင်ပါတီကို ဖွဲ့စည်းခဲ့တယ်။ ဒါပေမဲ့ ဦးစောဟာ ၁၉၃၀မှာ မျိုးချစ်ပါတီကို သီးခြားတည်ထောင်ပြီး ပါတီခေါင်းဆောင်အဖြစ် လုပ်ဆောင်ခဲ့တယ်။

- အိန္ဒိယပြည်နဲ့ ခွဲရေးတွဲရေး အဆုံးအဖြတ်ပေးတဲ့ အထွေထွေ ရွေးကောက်ပွဲမှာ သာယာဝ တီ တောင်ပိုင်းမှာ ၀င်ရောက်အရွေးခံရာ ရှုံးနိမ့်သွားတယ်။
- အဲဒီ နှစ်အတွင်းမှာပဲ မျိုးချစ်ပါတီ လက်အောက်ခံဂဠုန်တပ်ဖွဲ့ များဖွဲ့စည်း၊ အဲဒီကစပြီး ဂဠုန် ဦးစောဟု အမည်တွင်ခဲ့။

- ထိုရွေးကောက်ပွဲအပြီး နောက် ၁၀လခန့်အကြာ ကြားရွေးကောက်ပွဲ ပြုလုပ်ရာ ဟသာင်္တ မြောက်ပိုင်းတွင် အနိုင်ရရှိခဲ့။
- ၁၉၄၀ စက်တင်ဘာလအတွင်း ဦးစောက မြန်မာပြည်အစိုးရ နန်းရင်ဝန် (၀န်ကြီးချုပ်) ဖြစ်လာ။
- ၁၉၄၁မှာ အင်္ဂလန်သို့ ချစ်ကြည်ရေးခရီးသွားရောက်စဉ် အရှေ့တောင်အာရှကို ဂျပန်က စစ်ကြေညာသဖြင့် ဦးစောကို ဗြိတိသျှ အစိုးရက လမ်းခုလတ်မှာ ဖမ်းဆီးပြီး ၁၉၄၆ ဇန်န၀ါရီလ မှသာ မြန်မာပြည်သို့ ပြန်ရောက်လာ။

- ပြန်ရောက်ပြီး မျိုးချစ်ပါတီ ပြန်လည်ဖွဲ့စည်းရန် ကြိုးစား။ ၁၉၄၆ စက်တင်ဘာ ၂၁ ရက် နေ့မှာ ဦးစောကို မော်တော်ကားစီးလာစဉ် သေနတ်နှင့် ချောင်းပစ်။ မျက်လုံးတဖက် ဒဏ် ရာရ။
- ထိုလအတွင်း ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ၀န်ကြီးတယောက်ဖြစ်လာ။
-၁၉၄၇ ခုနှစ် ဇန်န၀ါရီလအတွင်း လွတ်လပ်ရေးအတွက် ဗြိတိသျှ အစိုးရနှင့် ဆွေးနွေးရန် လန်ဒန်မြို့သို့ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် အဖွဲ့နှင့်ပါ။

- အောင်ဆန်း-အက်တလီစာချုပ်ရာတွင် အခြားအဖွဲ့ဝင်တဦးဖြစ်သည့် သခင်ဗစိန်နှင့်အတူ စာချုပ်ပါ အချို့အချက်အလက်များကို သဘောမတူဟုဆိုကာ စာချုပ်တွင် လက်မှတ် မထိုးခဲ့။
- မြန်မာပြည်ပြန်ရောက်ပြီး အောင်ဆန်း-အက်တလီစာချုပ်အရ ဗိုလ်ချုပ်သည် ၀န်ကြီးများအဖွဲ့ ဒုသဘာပတိအဖြစ် အစိုးရအဖွဲ့ကို ဦးဆောင်သောအခါ ဦးစောသည် ဖဆပလ အဖွဲ့ချုပ်ကြီးအား ဆန့်ကျင်သော အတိုက်အခံတဦးတိတိလင်းလင်း ဖြစ်လာခဲ့။

-ဗိုလ်ချုပ်နှင့် ဖဆပလ၏ အရှိန်အ၀ါသည် ဖက်ဆစ်တော်လှန်ရေးကြောင့် ကြီးမားလှသည့်အတွက် ဂဠုန်ဦးစောနှင့် သူ့ မျိုးချစ်ပါတီသည် ဖဆပလ ဆန့်ကျင်ရေး လုပ်ငန်းများကို ထိထိရောက်ရောက်မလုပ်နိုင်ခဲ့ပေ။
- ထိုအခါ ဦးစောသည် အကြံကုန် ဂဠုန်လက်နက်စု လုပ်လေတော့သည်။ (မူရင်းစာသား အတိုင်း) လူလည်းစုလေသည်။လူကို စစုသည်။ သုံးဆယ်ခန့်အမာခံရသောအခါ လက်နက်ရရေး ကြံဆတော့သည်။ (ကိုးကား- ဆရာ လင်းယုန်မောင်မောင်၏ သွေးစွန်းသောနေ့ရက်များမှ)

မှန်ပါသည်။ ခေတ်သစ်အဇာတသတ်များကို ခေတ်သစ် ဒေ၀ဒတ်ကစုခြင်းမျိုးဖြစ်သည်။ ဦးစောသည် ပညာသိပ်မတတ်သော်လည်း အာဏာ၏ အရသာကို ထိတွေ့ဖူးခြင်း၊ ထိုခေတ်အခြေအနေသည် ၄င်းဖြတ်သန်းခဲ့ရသည့် နိုင်ငံရေးအခြေအနေနှင့် ကင်းကွာနေသည်ကို သတိမပြုမိခြင်း၊ ဖက်ဆစ်တော်လှန်ရေးကို မဖြတ်သန်းခဲ့ရခြင်း စသည်တို့ကြောင့် ၄င်းတွင် စွဲမြဲနေသော မိမိမှမိမိသာဟူသည့် ကွန်ဆားဗေးတစ်အမြင်ကို ဆုတ်ကိုင်ထားပြီး သူအာဏာရရေး အတွက် တမျိုးသားလုံးက ဆန့်ကျင်နေသည့် နယ်ချဲ့နှင့် ပေါင်းပြီးကြံစည်ခဲ့ခြင်းကြောင့် လက်ရှိဖြစ်ပွားနေဆဲ ပြည်တွင်းစစ်အတွက်လည်း တရားခံတဦးဖြစ်သည်၊ ၄င်း၏ လုပ်ကြံမှုသည် နောက်ကွယ်မှ အာဏာကို ချုပ်ကိုင်ထားဆဲဖြစ်သော နယ်ချဲ့အစိုးရမရှိလျှင် လုပ်ကြံသတ်ဖြတ်ရန် အတွက် ဤမျှ လွယ်ကူချောမွေ့စွာ ပြင်ဆင်နိုင်မည်မဟုတ်ပါ။ သို့သော် ၄င်းကို သိမှီလိုက်သူများက စကားပြောကောင်းသူဟု ညွှန်းကြသည်။ သို့အတွက်ကြောင့်လည်း လူစုနိုင်ခြင်းဖြစ်ပါလိမ့်မည်။ လက်နက်ကတော့ နယ်ချဲ့ ဗြိတိသျှအနေဖြင့် လုပ်ကြံမည့်သူသာ ရှိဖို့လိုသည်။ ရှိရင် ကြိုက်တဲ့အချိန် ယူနိုင်တဲ့ပုံစံမျိုးဖြစ်နိုင်ပါသည်။ (ဆက်လက်.. ဖော်ပြပါမည်)

Labels:

posted by မြင့်ဇေ @ 9:26 AM  
0 Comments:
Post a Comment
<< Home
 
ကျနော့်အကြောင်း

Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
ယခုလ မာတိကာ
ယခင်လ မာတိကာ အဟောင်းများ
အလည်သွားဖြစ်တဲ့ ဘလော့များ
Powered by

Free Blogger Templates

BLOGGER

© Template by Isnaini Dot Com