တော်လှန်ရေးကောင်စီ (စစ်အစိုးရ) အဖြေပေးရမယ့် အချက်လေးချက် ၁။ ဘာကြောင့်ကျောင်းသားတွေကို ပစ်သတ်ခဲ့သလဲ။ ၂။ပစ်ခတ်သတ်ဖြတ်ဖို့ ဘာအကြောင်းရှိလဲ။ ၃။ ကျောင်းသားတွေ ဘယ်လောက်တောင် သေဆုံး၊ ဒဏ်ရာရခဲ့သလဲ။ ၄။ ပစ်ခတ်ဖို့နဲ့ သမဂ္ဂ အဆောက်အဦးကို မိုင်းခွဲ ဖျက်ဆီးဖို့ ဘယ်သူ အမိန့်ပေးတာလဲ။
အရေးကြီးသည့် ရက်စွဲများ၊ အဖြစ်အပျက်များ
၁။ ၁၉၆၂ မေလ ထဲမှာ ကျောင်းဆောင်စည်းကမ်း ၂၂ ချက်ထုတ်ပြန်ခဲ့တယ်။ (ဗိုလ်နေ၀င်းဦးဆောင်တဲ့ စစ်အုပ်စုမှ)။ အဲဒါကို ကန့်ကွက်ဖို့ တကသဖွဲ့စည်းပုံနဲ့အညီ ၇ ဇူလိုင်မှာ ကျောင်းသားထု အစည်းအဝေးကို ခေါ်ထားတယ်။
၂။ ၁၉၆၂ ဇူလိုင် ၆ ရက်နေ့ညမှာ မန္တလေးဆောင် အပါအ၀င် အဆောင်သစ်တွေဖြစ်တဲ့ တောင်ငူ၊ရာမည၊ အမရ တို့ကို မီးဖြတ်တယ်။ မီးပြန်ဖွင့်ပေးဖို့ မန္တလေးဆောင်က ကျောင်းသားတွေက ကြွေးကြော်ဆန္ဒပြတယ်။ ဒု အဆောင်မှူးက အဆောင်တံခါးမကြီးကို ပိတ်လိုက်တယ်။အဆောင်တံခါး ပြန်ဖွင့်ပေးဖို့ သမဂ္ဂခေါင်းဆောင်တွေက ရောက်လာတဲ့အချိန်မှာ ပြောတယ်။ ပညာရေးဝန်ကြီး ဒေါက်တာခင်မောင်ဝင်း (ယခင် အဆောင်မှူး)ကိုလည်း တွေ့ခွင့်တောင်းတယ်။ တံခါးမဖွင့်တော့ ၇ ရက်နေ့တင်မယ့် ကြွေးကြော်သံ တွေ ကို လှည့်လည်ကြွေးကြော်ကြတယ်။ မနက် သုံးနာရီထိ။
၃။ ၁၉၆၂ ဇူလိုင် ၇ ရက်နေ့ နေ့လည် ၁၁ နာရီမှာ တကသအဆောက်အဦးမှာ သတ်မှတ်ထားတဲ့ ကျောင်သားထု အစည်းအဝေးစ။ သဘာပတိ တကသဥက္ကဌ ကို ဗဆွေလေးဆောင်ရွက်။ အခမ်းအနားမှူး ကိုသာဒိုး။ ၃ ချက် တောင်းဆိုတယ်။
က။ ဖိနှိပ်တဲ့ ကျောင်းဆောင်စည်းကမ်းတွေ ရုတ်သိမ်းပေးဖို့။ ခ။ ကျောင်းဆောင်ကော်မတီမျာ ကျောင်းသားကိုယ်စားလှယ် ပါဝင်ခွင့်။ ဂ။ ကျောင်းဆောင်လိုသူတိုင်း ကျောင်းဆောင်ရရေးအတွက် ကျောင်းဆောင်သစ်များဆောက်လုပ်။
၎။ ၆ ရက်နေ့ ည ၈နာရီမှာ တက္ကသိုလ်နယ်မြေကို ပုဒ်မ ၁၄၄ ကြေညာ၊ အဲဒါရုတ်သိမ်းဖို့ ၇ ရက် အစည်းအဝေးမှာ တောင်းဆို။
၅။ နေ့လည်နှစ်နာရီအစည်းအဝေးပြီး။ ကျောင်းတွင်းလှည့်လည်ဆန္ဒပြဖို့ ဆုံးဖြတ်။ ကြွေးကြော်သံတွေက-
မတရားစည်းကမ်းတွေ အလိုမရှိ
မတရားချုပ်ချယ်မှုတွေ အလိုမရှိ
ကျောင်းဆောင်တွေကို အကျဉ်းထောင်မလုပ်နဲ့
ချုပ်ချယ်မှုတွေ အလိုမရှိ
မတရားစည်းကမ်းတွေ ဖျက်သိမ်း
ကျောင်းသားထု ညီညွတ်ကြ။
ဒါတွေနဲ့အတူ အလွန်ကြီးမားတဲ့ ခွပ်ဒေါင်းအလံကြီး ဖြန့်ပြီး မန္တလေး၊ တောင်ငူ ဒဂုံ၊ ရွှေဘို၊ အဓိပတိလမ်းက ဘွဲ့နှင်းသဘင်အထိ စီတန်းလှည့်လည်။ တကသ အဆောက်အဦးရှေ့မှာ ဗကသဥက္ကဌ ကိုသက်က စကားပြော။ အဲဒီအချိန်မှာ ရဲနဲ့ထောက်လှမ်းရေး ၂၀၀ ကျော်ကသမဂ္ဂ ခေါင်းဆောင်တွေကို ဖမ်းဆီး။ ကျောင်းသားတွေက ပြန်လုတော့ သမဂ္ဂ မြက်ခင်းပြင်မှာ ကျောင်းသားနဲ့ စစ်အစိုးရ လက်ပါးစေတွေ ရုန်းရင်းဆန်ခတ်ဖြစ်။ ဗကသဥက္ကဌ ကိုသက်၊ တကသ ဥက္ကဌ ကို ဗဆွေလေး၊ ရကသ အတွင်းရေးမှူး ကိုဉာဏ်ဝင်း၊ ကိုစိုးတင့်၊ ကိုရဲမြင့်၊ ကိုထိန်ဝင်း၊ ကိုကြည်ညွန့်၊ ကိုဝင်းကြည်၊ ကိုချို၊ ကိုတင်ငွေတို့ကို ရဲက တကသ အဆောက်အဦးပေါ်မှာ ဖမ်းဆီးရမိ။မန္တလေးနဲ့ အမပရဆောင်က တကသအရှေ့မှာ၊ အဲဒါနဲ့ ခဲတွေကို သုံးပြီး ကျောင်းသားတွေက အဆောင်ပေါ်က ပစ်တယ်။ ခဲပေါက်တာများတော့ ပုလိပ်တွေ ဆုတ်သွားတယ်။ ကျောင်းသားတွေက အဓိပတိလမ်းပေါ်က ခြင်္သေ့တခါးကို ပိတ်လိုက်ပြီ။
၆။ ညနေလေးနာရီ၊ သီးသန့်ရဲအဖွဲ့ ၁၀၀ ဦး ကားနှစ်စီး၊ သေနတ်ကိုင်စစ်ကား ငါးစီးရောက်လာ။ ဗိုလ်စိန်လွင်။ ဗိုလ်ကျော်စိုး၊ ဗိုလ်မောင်မောင်ခ၊ လက်ထောက်ရဲမင်းကြီး ဦးလှငွေတို့က ကမာရွတ်ဂတ်တဲမှာ။ရဲတွေက မျက်ရည်ယိုဗုံး ၇လုံး ပစ်တယ်။ ဗိုလ်စိန်လွင်က ရဲတွေကို ထိန်းဖို့ လက်ထောက်ရဲမင်းကြီးကို ပြောတယ်။
၇။ ညနေ ၄ နာရီ ၂၀မိနစ် အထူးသတင်းထောက်လှမ်းရေးက ရဲမင်းကြီး ဦးမောင်မောင်၊ တတိယရာဇ၀တ်ဝန် တရားသူကြီး ဦးမောင်မောင်ကြည်ရောက်လာအကဲခတ်။ ဗိုလ်သန်းစိုး၊ ဗိုလ်တင်စိုး၊ ရန်ကုန်ရဲမင်းကြီး ဦးခင်မောင်မောင်၊ ဒုရဲမင်းကြီး ဦးသန်း၊ ဗိုလ်စိန်လွင်တို့ ရောက်လာပြန်။
၈။ ညနေ ၄နာရီ ၄၅မှာ မျက်ရည်ယိုဗုံး ၆ လုံး ။ ပြီးတော့ လေးလုံး။
၉။ ဗိုလ်စိန်လွင်က ကျောင်းသားကိုယ်စားလှယ် ကိုကျင်၊ ကိုစိန်ဝင်း၊ ကိုဝင်းညွန့်၊ တကသအရံတပ်ရင်းက ကို လှထွန်းတို့နဲ့တွေ့။ ငြိမ်ရင် ရဲတွေ ရုတ်ပေးမယ်ပြော။ ကိုလှထွန်းကစစ်ဝတ်စုံဝတ်ထားတော့ ကျောင်းသားတွေက ဆောင်းထားတဲ့ စစ်ဦးထုပ်ကို ဘောလုံးလိုလုပ်ကစား။ ဆက်လက်အရေးအခင်းဖြစ်။ နောက်ထပ် မျက်ရည် ယိုဗုံးခြောက်လုံး။
၁၀။ ငါးနာ၇ီ ဆယ့်ငါးလောက်မှာ ရဲရုပ်ပြီး စစ်တပ်ချ။ ကျောင်းသားများပေ၂၀ ခန့်ဆုတ်ပြီး ပေါမောက္ခဦးကာရဲ့ စကိုဒါ ကား စ ၆၅၉ ကို မီးရှို့။
၁၁။ ၅း၄၅မှာ ဗိုလ်စိန်လွင် ရဲ့ ချင်း ၄ တပ်က တက္ကသိုလ်ကိုဝိုင်း။ ကိုင်တဲ့ သေနတ်က အမျိုးအစားသစ်ဖြစ်တဲ့ G3/ G4။ အချို့သော ကျောင်းသားခေါင်းဆောင်များကို တာဝန်များခွဲပြီး တက္ကသိုလ်နယ်မြေမှ ရှောင်ခိုင်း။ ကျန်ခဲ့တဲ့ ခေါင်းဆောင်များ- ကိုလှရွှေ၊ ကိုလှကြည်၊ ကိုထွန်းကြည်။
၁၂။ ညနေ ၆း၃၀ လောက်မှာ စတင် ပစ်ခတ်တယ်လို့ အမှတ်တရပြန်ပြောသူများက ပြော။ ပစ်မိန့်က - သုံးမိနစ်ပစ်- နှစ်မိနစ်နား-သုံးမိနစ်ပစ်။ g3/g4ကို ထုတ်လုပ်တာက ဂျာမဏီက ဖိဆွာနာကုမ္ပဏီနဲ့ စစ်အစိုးရ ဖက်စပ်က။
၁၃။ စစ်အစိုးရ သတင်းထုတ်ပြန်ချက်က ၁၆ ယောက်သေဆုံးတယ်ပြော။ ရန်ကုန်ဆေးရုံကြီး (Rangoon General Hospital) က သေဆုံးဒဏ်ရာရ ကျောင်းသား ၈၀ ရောက်တယ်လို့ ဆေးရုံအုပ်ကြီးကပြော။ တရားမ၀င်တဲ့ သတင်းအရ တပ်မတော်စစ်ဆေးရုံ(Burma Military Hospital) ကိုလည်း သေဆုံးဒဏ်ရာရ ၈၀ လောက်ရောက်တယ်လို့မျက်မြင် စစ်သူနာပြု (Nursing Cadet) တဦးက ပြော။
၁၄။ ၁၉၇၈ ခုနှစ်မှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူဟာ ဗိုလ်အောင်ကြီး ဆိုပြီး ပုံချတဲ့ လှုံ့ဆော်မှုတခု မဆလအတွင်းဖြစ်ခဲ့တယ်။ ဒါပေမယ့် ဗိုလ်အောင်ကြီးက စာနှစ်စောင်ထုတ်ပြီးငြင်းခဲ့တယ်။
၁၅။ ၈၊၇၊ ၁၉၆၂ မနက်မှာတော့ သမိုင်းဝင်တကသအဆောက်အဦးဟာ ဖြိုချခံခဲ့ရပါပြီ။
တာဝန်ရှိသူများ
၁။ အမိန့်ပေးဌာနဟာ မြန်မာ့အသံမှာပါ။ က။ ကာနယ်ကျော်စိုး ခ။ ဦးသန်းစိန် ဂ။ ဒေါက်တာလှဟန် ဃ။ ဗိုလ်ဘနီ င။ ရဲချုပ်ဘအေး စ။ ပါမောက္ခချုပ် ဦးကာ တို့ပါဝင်ပါတယ်။
၂။ တကသအဆောက်အဦးကို မိုင်းခွဲဘို့ တာဝန်ယူသူ ဗိုလ်(ကာနယ်)လှမြင့် (BE,GE) ပါ။ ပစ်ခတ်မှုတာဝန်ခံက ဗိုလ်စိန်လွင်ပါ။
ဤအချက်အလက်များကို ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ စိန်ရတုသဘင်(ပြည်သူ့ဘက်တော်သား များ) မှ ရယူပါသည်။ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ တွင် ထုတ်ဝေပါသည်။
၇ ဇူလိုင် တွင် ကျဆုံးသွားသော ကျနော်တို့၏ နောင်တော် ကိုကျော်ဝင်း (မြောင်းမြ)က သေအံ့ဆဲဆဲတွင် နံရံ ၌ သူ၏ ခန္ဓာမှ ထွက်သောသွေးဖြင့် ရေးခဲ့သည်။
`၇ - ၇ - ၆၂ ကို မမေ့ကြနဲ့။´
ကြီးမြတ်လှပါသည်။ အလေးပြုလိုက်ပါသည်။
Labels: မေ့မရသည့် သမိုင်းများ |
TheGreat History and astonding facts..blood never vanish ..we bow down