သြော် အဲဒီကျမှ ကိုယ့်ကိုယ်ကို အပြစ်တင်မိတော့တယ်။ စတာ၊ နောက်တာကိုမှ မသိခဲ့လေခြင်း ပေါ့လေ။ တကယ်လည်း မသိခဲ့ပါ။ သူလိုအပ်တာကို ပေးမယ်ဆိုတဲ့ စိတ်ကူးကရှိပြီးသား…။ အဲဒါနဲ့ နှစ်တွေက ၁နှစ်ကနေ နောက် ၁နှစ်ကို ရွေ့သွားတယ်။ ထားပေါ့…. တောင်ယာကတော့ ဘယ်နှစ်ပဲ ရောက်ရောက် ခုတ်ဖြစ်ပါတယ်။ ယောက်ျားတယောက်ရဲ့ မာနနဲ့ အဲဒီဒေသမှာ တတ်အပ်တဲ့ အဌာရသ တွေအကုန်လုံး ကျင့်ခဲ့ရတဲ့ နှစ်ကာလများပေါ့။ အဲဒီတုန်းကတော့ ပျော်စရာ ကာလများပါ။ ကျနော် ငါးသွားဖမ်းရင် အဖွားလေး အမေက ကျနော့်အတွက် စုပ်ခေါင်တဗူး ထည့်ပေး။ ကျနော်ကလည်း ကိုယ်ရလာတဲ့ ငါးတွေကို ပြန်ဝေပေး။ နောက် သူ့အိမ်က ကျနော့်အတွက် တခါးမရှိဓားမရှိ ။ အဲလို့ ဆိုတော့ တမျိုးမထင်နဲ့ ။ သူမောင့်က ကျနော့်ရဲ့ တပည့်….။ ညဘက် ကျနော် သွားလည်ရင် မီးဖိုနံဘေးမှာ ခေါင်သောက်ရင်း စကားပြောဖြစ်တယ်။ ည မွန်းမတည့်ခင်မှာတော့ ကျနော် က ပြောတယ်။ `ဒီမှာ အိပ်မယ်´ ဆိုတာကို။ ကျနော့်နေရာက နာရီဝက်လောက်ဝေးတာကိုး။ အိပ်ပေါ့လို့ ပြောရင် ကျနော့်ကို သူ့မောင်လေး က လာခေါ်တယ်။ ဆိုလိုတာက သဘောတော့ တူတယ်။ စောင့်တော့ ကြည့်တာပေါ့။ မရိုးမသား…သူ့အမကို ဘာများကြံမလဲပေါ့။ အဲဒီတုန်းက ဆောင်းကာလတွေပါ။ ကျနော် အိပ်ရာနိုးတဲ့ အချိန်က မနက် ၅နာရီလောက်။ သူတို့က ဘုရားကျောင်း တက်မှာ ၆နာရီ မထိုးခင် …။ ကျနော်က စောပြန်ခဲ့တယ်။ ဖြတ်ခဲ့တဲ့ရွာထိပ်က ဘုရားကျောင်းကြီးက တိတ်တိတ်ဆိတ်ဆိတ် ကျနော့်ကို ငေးကြည့်နေတယ်။ ကျနော့် ခေတ္တ နေခဲ့ရတဲ့ အိမ်နားရောက်တော့ ဘုရားရှိခိုးသံဟာ အရုဏ်ဦးနဲ့ အတူ ပေါ်လာတယ်။ ဒါပေမယ့် သူစိမ်းဆန်နေတယ်။ ကျနော်က ဘာသာခြားမဟုတ်လား။ အမှတ်ရစရာတွေက အများသား။ ကျနော်ကသာ လိုက်လျောပေးခဲ့ရတာ။ ကျနော်တို့ ၂၀၀၀ ခုနှစ်အပြည့်ကို y2k လို့ သတ်မှတ်ကြတယ် မဟုတ်လား။ အဲဒီကာလမှာ ယာဒို ဆိုတဲ့ရွာ မှာ ရိုမန်ကက်သလစ်ဘာသာဝင် တွေရဲ့ ပွဲ က အကြီးအကျယ်ပဲ။ ကျနော်လည်း လိုက်သွားတယ်။ အဲဒီအချိန်မှာ သူရဲ့ မွေးစား ဖခင်ရောက်နေပြီ။ ကျနော်ကတော့ ဘာသာခြားမဟုတ်လား။ ဒီလိုပဲ … ပေါ့ပေါ့ပါးပါး ။ သို့သော် လူကတော့ များသလား မမေးနဲ့။ ကျနော်ဆိုင်တဆိုင်မှာ ထိုင်နေတုန်း အဖွားလေးက ဖြတ်လျှောက်သွားတာ တွေတယ်။ အဲဒါနဲ့ သူ ကိုရော သူနဲ့ ပါတဲ့ သူငယ်ချင်းကိုပါ.. အစားအသောက်တွေနဲ့ ဧည့်ခံရတော့သပ။ ပြီးတော့ ကျနော်တို့ stage show သွားကြည့်ကြတယ်။ အဆိုတော်ကတော့ မပါပါ။ ကိုယ့် localization အရ နာမည်ရနေသူတွေ တက်အော်ကြတယ်။ ဖြစ်ချင်တော့ အဲဒီအချိန်မှာ ကျနော် ၀ယ်လာမိတာက နေကြာစေ့ထုတ်တွေ။ ဆီးသီးထုတ်တွေ။ အဲဒါနဲ့ ဘေးချင်းကပ်ထိုင်နေတဲ့ သူ့ကို ပေးတော့ မစားချင်ဘူး တဲ့..။ အဲဒါနဲ့ မစားလို့တော့ ၀ယ်ထားတာ နှမြောစရာဆိုပြီး တွေးမိတယ်။ အဲဒါနဲ့ `ကျနော် နေကြာစေ့ခွံခွာပေးရမလား´ မေးတော့ `အင်း´ တဲ့။ အဲဒီမှာတင် မောင်ဖိုးဇေလည်း ခွာချက်ကနာသလား မမေးနဲ့။ ဒါပေမယ့် အလျင်မမှီပါဘူး။ မချော အဖွားလေးက သူ့လက်ထဲကို လက်တခုပ်ထည့် ပေးလိုက်ရင် အဲဒီအတိုင်း ၀ါး လိုက်တာကိုး။ အနောက်မှာက တောင်ငူကလာတဲ့ ကလေးမအုပ်စု။ သူတို့ကလည်း ကျနော်တို့ရဲ့ အဖြစ်အပျက်ကို စိတ်ဝင်တစားနားထောင်နေတယ်။ ရုတ်ချည်းပဲ … အဖွားလေး က ထပြီး `ကျမ သွားဦးမယ် ပြီးမှ ပြန်လာခဲ့မယ်´ ဆိုပြီး ထထွက်သွားတယ်။ ကျနော့်မှာတော့ မျှော်တလင့်လင့်ပေါ့..။ ဒါပေမယ့် ရွှေပြည်တော်က မျှော်တိုင်းဝေး ဖြစ်ခဲ့ပြီ။ လက်ထဲမှာ ခွာလက်စ နေကြာစေ့ခွံတွေကို ပစ်ချပြီး အယောင်ယောင်အမှားမှားနဲ သူ့အတွက် ခွာထားပေးတဲ့ နေကြာစေ့တွေကို ပါးစပ်ထဲ ၀ါးချလိုက်တယ်။ အဲဒီမှာတင် နောက်က မချော တောင်ငူအုပ်က မကြားတကြားပြောတော့တာဘဲ။ ဟယ်… သနားပါတယ် ။ သူတော့ အလိမ်ခံရပြီ။ စသဖြင့် ထားပါတော့…။ ဒါပေမယ့် ဒီအချိန်မှာ တဦးချင်းကိုယ်တိုင်ကိုက ရုပ်မပျက်ရဘူး မဟုတ်လား။ အဲဒီကျတော့ ကိုယ်ကလည်း ဘာမှ မဖြစ်တဲ့ ပုံစံမျိုးနဲ့ ဒီတိုင်း နေလိုက်ရတယ်။ အမှန်တော့ အောင့်သက်သက်ကြီး။ နောက်နေ့ တွေ့တော့ သူက ပြောပြန်ရော..။ စိတ်ဆိုးသွားလား… ညက မွေးစားဖခင်က လာခေါ်လို့ပြန်သွားတာပါ ..။ လို့ ဆိုတယ်။ ဟုတ်လည်း ဟုတ်ပါတယ်။ သူ့ ဖခင်ကြီးကမှ ကျနော့်ကို သဘောမတူတာ။ (သဘောမတူတဲ့အတွက် အဲဒီ father ကိုလည်း ကြက်တောင်ရိုက်တဲ့အချိန် နဖူးကို သုံးချက်လောက် စော်ခဲ့ကြောင်း) အဲဒါနဲ့ Y2K ပွဲတော်အပြီးမှာ ပြန်တော့ တကားတည်း စီးရင်း သူက မေးတော့ ` စိတ်ဆိုးတာမဟုတ်ပါဘူး.။ စိတ်မကောင်းတာပါ´ လို့ဘဲ ပြန်ပြောခဲ့တယ်။ တောင်ယာ ကျွန်းခွေချိန်ကလည်း နီးပြီလေ။ အဲဒီကာလမှာ ကျနော် ကျွန်းခွေ ခွင့်က ပြီးဆုံးအောင်မလုပ်ခဲ့ရတော့ပါ။ |
ကိုဖိုးဇေ
အမှတ်တရ ဘလော့စာမျက်နှာလေးတခု
ထပ်ဖွင့်နိုင်ရင်ကောင်းမယ်နော်။
တာရာမင်းဝေအမှတ်တရ
ဘလော့လိုပေါ့။