နှင်းစိမ်းများ တုန်လှုပ်ဖွယ် ငြိမ်ဆိတ်နေတဲ့ ငါမြို့လေး တံခါးကိုလှပ်ကြည့်တော့ ဘ၀ရှိပေမယ့် ဘ၀မဲ့နေတဲ့ အိုးအိမ်တွေ အထီးကျန် အမှောင်တိုက်ထဲ နစ်ခဲပျော်ဝင်လို့။ သွေးညှီနံ့ ရောယှက်လေက နေရာအနှံ့ ဟူးဟူးရားရား တောက်လောင်နေတယ် ယုံကြည်ကိုးကွယ်ရာများ အလေးအမြတ်ပြုရာများ ပြိုလဲ အဖြိုလှဲခံခဲ့ရပေါ့။ နှင်းက တသက်လုံး အစိမ်းလိုက် ကျနေတော့မှာလား နွေဦး ကို ဖူးဖို့ အလွမ်းတွေကို သိုသိုသိပ်သိပ် တူးဆွပျိုးခဲ့ရာ နှစ်ပရိစ္ဆေဒများ။ မှော်ရုံတောက တခဲနက် တိတ်ဆိတ် အရိပ်များရဲ့ အော်သံများ ဆာလောင်မှုများ ပျောက်ကွယ်နေဆဲ အာရုဏ်ဦးများ။ ခေတ်ကိုက ဆောင်းမီးဖိုနဲ့ မလုံခြုံတော့ဘူး ဟော့ဒီ ရာသီပြောင်းချိန်မှာ။ ။ |