Ko Poe Zay

(orginal end)-->
 
ကဗျာ စာမျက်နှာ
သတင်း စာမျက်နှာ
စကားစမြည်

မြန်မာ စာအုပ်များ
ဝတ္ထုတို၊ ၀တ္ထုရှည်၊ ကဗျာ၊ မှတ်သား ဖွယ် အထွေထွေ စာအုပ်များ အပါအ၀င် မြန်မာ အီးဘုတ် (E-book) စာအုပ်ပေါင်း ၅၀၀ ကျော်အား အခမဲ့ ဖတ်ရှုနိုင်ပါတယ်ခင်ဗျား။
Other things
test
မွှေးမြ မကြွေ ..အိုအမေ
Wednesday, November 28, 2007

မွှေးမြ မကြွေ ..အိုအမေ

မြန်မာနိုင်ငံလွတ်လပ်ရေးမှာ

အမေ့ကျေးဇူးတရားတွေ ရှိခဲ့တယ်

မြန်မာ စာပေအရေးအသားမှာ

အမေ့ကျေးဇူးတရားတွေ ရှိခဲ့တယ်

မြန်မာနိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်ခိုင်တည်မြင့်မားရေးမှာ

အမေ့ကျေးဇူးတရားတွေ ရှိခဲ့တယ်

မြန်မာပြည်သူလူထု အကျိုးစီးပွား

လူတန်းစားတိုက်ပွဲ တရားမျှတမှု လူ့အခွင့်အရေး

ဒီမိုကရေစီရေး ငြိမ်းချမ်းရေး ယဉ်ကျေးမှုတွေမှာ

အမေ့ကျေးဇူးတရားတွေ ရှိခဲ့တယ်

လူထုဒေါ်အမာ

(သူဟာ)

သမိုင်းစဉ်လာ ကလောင်သွား

မြားသွားလို ချွန်မြစူးရှ

အဓမ္မအားလုံးရဲ့ ရန်သူ

ပြည်သူလူထုရဲ့ နှလုံးသား

အစားထိုးမရနိုင်တဲ့ အမေ။

အမေဟာ

ရေ မြေ လေ မီး

ဓာတ်ကြီးလေးပါး

ရုပ်တရားများမှ လွန်မြောက်

ကွယ်ပျောက်မသွားနိုင်ဘူးလေ။

(အမေလူထုဒေါ်အမာရဲ့ အသက် (၉၂) နှစ်မြောက် မွေးနေ့ကို ဒီကဗျာနဲ့ ဦးညွတ်ဂုဏ်ပြုပါတယ်)

စိုးနေလင်း

Labels:

posted by မြင့်ဇေ @ 10:31 PM   0 comments
အမေသို့


အမေရေ

အမေရဲ့ငြိမ်းချမ်းရေး ယုံကြည်ချက်ကို

သားတို့လက်ဆင့်ကမ်း သယ်ဆောင်ရင်း

အမေရဲ့ အိမ်မက်တွေကို

သားတို့လည်းဆက်မက်နေကြတယ်။

အမေတို့ ခေတ်ရဲ့ရင်ခုန်သံတွေဟာ

အခု သားတို့ခေတ်ရဲ့အသက်ရှုသံတွေပါတယ်။

အမေတို့တည်ဆောက်ခဲ့တဲ့ နိုင်ငံချစ်စိတ်တွေ

သမဂ္ဂအစဉ်အလာတွေ

အမှန်တရားထံသက်ဝင်ယုံကြည်မှုတွေကို

အမွေဆက်ခံပြီး

တော်လှန်ရေးခရီးကို

သားတို့ ဆက်လှမ်းနေကြတယ်။

အမေတို့ တွေ့ချင်မြင်တဲ့ကမ္ဘာဟာ

သားတို့တွေ့ချင်မြင်ချင်တဲ့ကမ္ဘာပါတယ်။

အမေတို့ မမောမပန်း

လျှောက်လှမ်းခဲ့တဲ့

တော်လှန်ရေး ဆိုတဲ့ခရီးလမ်းဟာ

သားတို့လည်း မမောမပန်းပဲ

ဆက်လက်လျှောက်လှမ်းချင်ပါတယ်။

ဆက်လက်လျှောက်လှမ်းသွားမယ်လို့လည်း ဂတိပြုပါတယ်။

သားတို့ အသက်နဲ့ အမျှ

ဂါရ၀ထားရတဲ့

အမေရေ

အမှန်တရားအောင်ပွဲခံတဲ့နေ့မှာ

အမေ့ကို ရှိနေစေချင်ပါတယ်။

ကျနော်တို့လည်း ရှိနေချင်ပါတယ်။

အရာအားလုံးလည်း ရှိနေစေချင်ပါတယ်။

အမေအပါအ၀င်

ပြည်သူလူထုပို့သတဲ့မေတ္တာနဲ့

ကျနော်တို့ လွတ်မြောက်ရှင်သန်နေဆဲပါ။

ကျနော်တို့နဲ့အတူ

တော်လှန်ရေးစိတ်ဓာတ်လည်း

လွတ်မြောက်ရှင်သန်နေဆဲပါ၊

ကျနော်တို့အတွက်

ကျနော်တို့နိုင်ငံအတွက်

လူသားအားလုံးအတွက်

အမေကျန်းကျန်းမာမာနဲ့

ဆက်လက် မေတ္တာပို့

စောင့်ရှောက်နိုင်ပါစေ။

ဗကသများအဖွဲ့ချုပ်



Labels:

posted by မြင့်ဇေ @ 10:28 PM   1 comments
၉၂ပြည့်မွေးမိခင်သို့ ပေးစာတစောင်
Monday, November 26, 2007
၉၂ပြည့်မွေးမိခင်သို့ ပေးစာတစောင်


အဲဒီညကလေ၊ အမေ။
မိုးလေးတွေက တဖွဲဖွဲကျလို့
မသဲလှပေမဲ့ အသဲကတော့ ကျင်နေတယ်
မခွဲချင်တာတော့ အမှန်ပါ
အရင်ဆုံးဖြတ်တာက တံခွန်တိုင်
နောက်-အရာတော်
တောင်မြင့်
မှောင်နဲ့မည်းမည်းထဲမှာ
တနေရာပြီးတနေရာကျန်ရစ်ခဲ့တယ်
စားချင်စိတ်လည်းမရှိ
အိပ်ချင်စိတ်လည်းမရှိ
စဉ်းစားချင်တာပဲရှိပေမဲ့
ဘာမှစဉ်းစားလို့လည်းမပေါ်
သြော်၊ မြစ်ငယ်တောင်ကျော်သွားပါပေါ့လား။

အဖေနဲ့အမေကို
ကန်တော့ခဲ့ပါတယ်
ညီနဲ့ အမ နှမ
ငါ့ကိုခွင့်လွှတ်ကြနော်
တကိုယ်ကောင်းဆန်တာမဟုတ်
သူရဲကောင်းဖြစ်ချင်တာလည်းမဟုတ်
အခြေအနေက တွန်းပို့တော့
ဒို့မှာ ရွေးစရာမရှိလို့သာ။
နားလည်ကြပါကွာ
အဖေနဲ့အမေကို
ဂရုစိုက်ကြပါကွာ လို့၊

အဲဒီနောက်တော့ အမေရယ်
တောင်တွေ၊ တောတွေ
ချောင်းတွေ၊ အင်းတွေ
လွှားကနဲ လွှားကနဲ၊ တသွားထဲသွား၊
နယ်စွန်နယ်ဖျားထိ
ကဗျာတပုဒ်တောင်ရေးမိသေးတယ်
အမေမှတ်မိမယ်ထင်ပါတယ်-
“အနောက်ကိုတချက်ငဲ့ကြည့်လို့
အရှေ့ကိုတဲ့ ထွက်ခဲ့တယ်”ဆိုတာလေ၊

ပြက္ခဒိန်စာမျက်နှာတွေ
သက်ရွက်ခြောက်တွေလို
တဝေေ၀လွင့်ကျ
နီသူတွေဖြူ၊ ဖြူသူတွေနီ
ဘ၀တွေ၊ ချစ်ခင်ရင်းနှီးသူတွေ
သွေကွဲရော၊ ရှင်ကွဲရော
ခွဲခွာကုန်ကြ
အသစ်တွေနဲ့လည်း
တင်းတင်းကြပ်ကြပ်ပဲ
လက်ဆွဲနှုတ်ဆက်ကြ
ဘာသာစကားတောင်
အတော်စုံအောင်တတ်ခဲ့
နှစ်ပေါင်းသုံးဆယ်ဆိုတာ
နည်းသမို့လား အမေရယ်၊

အပါးမှာအဖေလည်းမရှိ
ကျနော်တို့လည်းမရှိ
အမေချည့်တယောက်ထဲ
မဟုတ်ဘူး၊ လှေခွက်ချည်းမဟုတ်ဘူး
ပြည်သူတွေနဲ့လက်တွဲလို့
သားမြေးသစ်တွေနဲ့လက်တွဲလို့
အမယ်အို့ခြေလှမ်းမို့
သူတို့လောက်မသွက်လည်း
၁၉၃၆တုန်းကလိုပဲ
ချီဆဲတက်ဆဲ
အခုလည်းလက်တွန်းလှည်းနဲ့
ရဲရဲကြီးချီတက်နေတဲ့
အမေ့ရဲ့သားမှာ ၁၃၀၀ရတီ
အမေဆိုတဲ့စိန်နားကပ်ကြောင့်
ပါးအပြောင်ကြီး ပြောင်ခဲ့ရပါတယ်၊

အမေလဲလှမ်း
ကျနော်လည်းလှမ်း
ဒီလမ်းကြီးတလျှောက်မှာ
မောတယ်တခွန်းမပြောပါဘူး
၉၀ကျော်ကြီးနှုတ်က
တခွန်းပဲထွက်ရှာတယ်
ဘာအဓိပ္ပာယ်လဲ
ကဗျာဖတ်သူတွေးကြည့်ပါ
“ငါ့သားကျန်းမာအောင်နေ
အမေလည်းကျန်းမာအောင်နေတယ်”တဲ့၊
ဖိုးသံ (လူထု)

၁၃၀၀ရတီ - ၁၃၀၀ပြည့်မျိုးဆက်ကို ညွှန်းတာပါ၊
posted by မြင့်ဇေ @ 7:18 PM   1 comments
ကောင်းထက်အတွက် မင်းရဲ့ ဦးမြင့်ဇေ ရေးတဲ့ ကဗျာ
Tuesday, November 20, 2007

ကောင်းထက်အတွက် မင်းရဲ့ ဦးမြင့်ဇေ ရေးတဲ့ ကဗျာ

မြစ်ဟာစီးဖို့ဘဲ..

စီးတော့….။

မင်းသယ်မယ့်လမ်းဟာ

မင်းထမ်းထားသလို

မင်းပုခုံးပေါ်မှာ

သူ စောင့်ကြည့်နေတယ်

Antique ကြီးတွေလား ပေါ့..

ဒီမှာ…..။

အံမ၀င်တဲ့ လောကထဲ

အံဝင်အောင် များများ မလိုဘူး

အမှန်တရားကိုချစ်

သစ္စာတရားကို ချစ်

တချို့ အဖြစ်တွေကို

ဥပက္ခော ထား…

တချို့

လောကပါလတရားမှာ

မင်းလည်း ပါရမှာပဲ။

ကြယ်တစင်းကြွေရင်

ကောင်းကင်ငိုတယ်

မင်းပါမယ့် ကောင်းကင်အတွက်

ဂုဏ်ယူလိုမှုတွေနဲ့

မင်းအဖေ စောင့်မျှော်နေခဲ့။

မြင့်ဇေ

ကောင်းထက် ၁၆နှစ်မြောက်မွေးနေ့အတွက် ဆုံဆည်းရာ မှ ကမာပုလဲကဗျာအား ဖတ်ရေးသည်။

Labels:

posted by မြင့်ဇေ @ 8:51 AM   1 comments
ကျနော်နှင့် လွဲခဲ့သော ချစ်ခြင်း မေတ္တများ ၃
Friday, November 16, 2007

သြော် အဲဒီကျမှ ကိုယ့်ကိုယ်ကို အပြစ်တင်မိတော့တယ်။ စတာ၊ နောက်တာကိုမှ မသိခဲ့လေခြင်း ပေါ့လေ။ တကယ်လည်း မသိခဲ့ပါ။ သူလိုအပ်တာကို ပေးမယ်ဆိုတဲ့ စိတ်ကူးကရှိပြီးသား…။

အဲဒါနဲ့ နှစ်တွေက ၁နှစ်ကနေ နောက် ၁နှစ်ကို ရွေ့သွားတယ်။ ထားပေါ့…. တောင်ယာကတော့ ဘယ်နှစ်ပဲ ရောက်ရောက် ခုတ်ဖြစ်ပါတယ်။ ယောက်ျားတယောက်ရဲ့ မာနနဲ့ အဲဒီဒေသမှာ တတ်အပ်တဲ့ အဌာရသ တွေအကုန်လုံး ကျင့်ခဲ့ရတဲ့ နှစ်ကာလများပေါ့။

အဲဒီတုန်းကတော့ ပျော်စရာ ကာလများပါ။ ကျနော် ငါးသွားဖမ်းရင် အဖွားလေး အမေက ကျနော့်အတွက် စုပ်ခေါင်တဗူး ထည့်ပေး။ ကျနော်ကလည်း ကိုယ်ရလာတဲ့ ငါးတွေကို ပြန်ဝေပေး။ နောက် သူ့အိမ်က ကျနော့်အတွက် တခါးမရှိဓားမရှိ ။ အဲလို့ ဆိုတော့ တမျိုးမထင်နဲ့ ။ သူမောင့်က ကျနော့်ရဲ့ တပည့်….။ ညဘက် ကျနော် သွားလည်ရင် မီးဖိုနံဘေးမှာ ခေါင်သောက်ရင်း စကားပြောဖြစ်တယ်။ ည မွန်းမတည့်ခင်မှာတော့ ကျနော် က ပြောတယ်။ `ဒီမှာ အိပ်မယ်´ ဆိုတာကို။ ကျနော့်နေရာက နာရီဝက်လောက်ဝေးတာကိုး။ အိပ်ပေါ့လို့ ပြောရင် ကျနော့်ကို သူ့မောင်လေး က လာခေါ်တယ်။ ဆိုလိုတာက သဘောတော့ တူတယ်။ စောင့်တော့ ကြည့်တာပေါ့။ မရိုးမသား…သူ့အမကို ဘာများကြံမလဲပေါ့။

အဲဒီတုန်းက ဆောင်းကာလတွေပါ။ ကျနော် အိပ်ရာနိုးတဲ့ အချိန်က မနက် ၅နာရီလောက်။ သူတို့က ဘုရားကျောင်း တက်မှာ ၆နာရီ မထိုးခင် …။ ကျနော်က စောပြန်ခဲ့တယ်။ ဖြတ်ခဲ့တဲ့ရွာထိပ်က ဘုရားကျောင်းကြီးက တိတ်တိတ်ဆိတ်ဆိတ် ကျနော့်ကို ငေးကြည့်နေတယ်။ ကျနော့် ခေတ္တ နေခဲ့ရတဲ့ အိမ်နားရောက်တော့ ဘုရားရှိခိုးသံဟာ အရုဏ်ဦးနဲ့ အတူ ပေါ်လာတယ်။ ဒါပေမယ့် သူစိမ်းဆန်နေတယ်။ ကျနော်က ဘာသာခြားမဟုတ်လား။

အမှတ်ရစရာတွေက အများသား။ ကျနော်ကသာ လိုက်လျောပေးခဲ့ရတာ။ ကျနော်တို့ ၂၀၀၀ ခုနှစ်အပြည့်ကို y2k လို့ သတ်မှတ်ကြတယ် မဟုတ်လား။ အဲဒီကာလမှာ ယာဒို ဆိုတဲ့ရွာ မှာ ရိုမန်ကက်သလစ်ဘာသာဝင် တွေရဲ့ ပွဲ က အကြီးအကျယ်ပဲ။ ကျနော်လည်း လိုက်သွားတယ်။ အဲဒီအချိန်မှာ သူရဲ့ မွေးစား ဖခင်ရောက်နေပြီ။ ကျနော်ကတော့ ဘာသာခြားမဟုတ်လား။ ဒီလိုပဲ … ပေါ့ပေါ့ပါးပါး ။ သို့သော် လူကတော့ များသလား မမေးနဲ့။ ကျနော်ဆိုင်တဆိုင်မှာ ထိုင်နေတုန်း အဖွားလေးက ဖြတ်လျှောက်သွားတာ တွေတယ်။ အဲဒါနဲ့ သူ ကိုရော သူနဲ့ ပါတဲ့ သူငယ်ချင်းကိုပါ.. အစားအသောက်တွေနဲ့ ဧည့်ခံရတော့သပ။ ပြီးတော့ ကျနော်တို့ stage show သွားကြည့်ကြတယ်။ အဆိုတော်ကတော့ မပါပါ။ ကိုယ့် localization အရ နာမည်ရနေသူတွေ တက်အော်ကြတယ်။ ဖြစ်ချင်တော့ အဲဒီအချိန်မှာ ကျနော် ၀ယ်လာမိတာက နေကြာစေ့ထုတ်တွေ။ ဆီးသီးထုတ်တွေ။ အဲဒါနဲ့ ဘေးချင်းကပ်ထိုင်နေတဲ့ သူ့ကို ပေးတော့ မစားချင်ဘူး တဲ့..။

အဲဒါနဲ့ မစားလို့တော့ ၀ယ်ထားတာ နှမြောစရာဆိုပြီး တွေးမိတယ်။ အဲဒါနဲ့ `ကျနော် နေကြာစေ့ခွံခွာပေးရမလား´ မေးတော့ `အင်း´ တဲ့။ အဲဒီမှာတင် မောင်ဖိုးဇေလည်း ခွာချက်ကနာသလား မမေးနဲ့။ ဒါပေမယ့် အလျင်မမှီပါဘူး။ မချော အဖွားလေးက သူ့လက်ထဲကို လက်တခုပ်ထည့် ပေးလိုက်ရင် အဲဒီအတိုင်း ၀ါး လိုက်တာကိုး။ အနောက်မှာက တောင်ငူကလာတဲ့ ကလေးမအုပ်စု။ သူတို့ကလည်း ကျနော်တို့ရဲ့ အဖြစ်အပျက်ကို စိတ်ဝင်တစားနားထောင်နေတယ်။ ရုတ်ချည်းပဲ … အဖွားလေး က ထပြီး `ကျမ သွားဦးမယ် ပြီးမှ ပြန်လာခဲ့မယ်´ ဆိုပြီး ထထွက်သွားတယ်။ ကျနော့်မှာတော့ မျှော်တလင့်လင့်ပေါ့..။ ဒါပေမယ့် ရွှေပြည်တော်က မျှော်တိုင်းဝေး ဖြစ်ခဲ့ပြီ။ လက်ထဲမှာ ခွာလက်စ နေကြာစေ့ခွံတွေကို ပစ်ချပြီး အယောင်ယောင်အမှားမှားနဲ သူ့အတွက် ခွာထားပေးတဲ့ နေကြာစေ့တွေကို ပါးစပ်ထဲ ၀ါးချလိုက်တယ်။

အဲဒီမှာတင် နောက်က မချော တောင်ငူအုပ်က မကြားတကြားပြောတော့တာဘဲ။ ဟယ်… သနားပါတယ် ။ သူတော့ အလိမ်ခံရပြီ။ စသဖြင့် ထားပါတော့…။ ဒါပေမယ့် ဒီအချိန်မှာ တဦးချင်းကိုယ်တိုင်ကိုက ရုပ်မပျက်ရဘူး မဟုတ်လား။ အဲဒီကျတော့ ကိုယ်ကလည်း ဘာမှ မဖြစ်တဲ့ ပုံစံမျိုးနဲ့ ဒီတိုင်း နေလိုက်ရတယ်။

အမှန်တော့ အောင့်သက်သက်ကြီး။

နောက်နေ့ တွေ့တော့ သူက ပြောပြန်ရော..။ စိတ်ဆိုးသွားလား… ညက မွေးစားဖခင်က လာခေါ်လို့ပြန်သွားတာပါ ..။ လို့ ဆိုတယ်။ ဟုတ်လည်း ဟုတ်ပါတယ်။ သူ့ ဖခင်ကြီးကမှ ကျနော့်ကို သဘောမတူတာ။ (သဘောမတူတဲ့အတွက် အဲဒီ father ကိုလည်း ကြက်တောင်ရိုက်တဲ့အချိန် နဖူးကို သုံးချက်လောက် စော်ခဲ့ကြောင်း)

အဲဒါနဲ့ Y2K ပွဲတော်အပြီးမှာ ပြန်တော့ တကားတည်း စီးရင်း သူက မေးတော့ ` စိတ်ဆိုးတာမဟုတ်ပါဘူး.။ စိတ်မကောင်းတာပါ´ လို့ဘဲ ပြန်ပြောခဲ့တယ်။ တောင်ယာ ကျွန်းခွေချိန်ကလည်း နီးပြီလေ။ အဲဒီကာလမှာ ကျနော် ကျွန်းခွေ ခွင့်က ပြီးဆုံးအောင်မလုပ်ခဲ့ရတော့ပါ။
posted by မြင့်ဇေ @ 11:16 AM   1 comments
ကျနော်နှင့် လွဲခဲ့သော ချစ်ခြင်းမေတ္တာများ (၂)
ကျနော်နှင့် လွဲခဲ့သော ချစ်ခြင်းမေတ္တာများ (၂)

အဲဒါနဲ့ ရွာသူကြီးများကလည်း ဒီကောင်တော့ လုပ်လို့ မနိုင်လောက်ဘူးထင်ပါရဲ့ ဘာပဲဖြစ်ဖြစ် နားအေးအောင် တောင်ယာတခင်း ပေးလိုက်မယ်ဆိုပြီး စဉ်းစားကြပုံထင်ပါတယ်။ ။ ကျနော်ကလည်း ခြံစည်းရိုးမကာ ရမယ့် နေရာကို ရွေးတောင်းတယ်။ ဘာကြောင့်လဲဆိုတော့ တောင်ယာ ခုတ်တယ်ဆိုတာက ပေါင်းပြီးခုတ်ရတာ။ ကိုယ့်ဘာသာကိုယ် ရွေးခုတ်လို့တော့ ရနိုင်တဲ့ သက်တမ်းရင့်တဲ့ တောတွေရှိပေမယ့် အများနဲ့ခုတ်ရင် ကိုယ့်တော င်ယာ ကိုယ်မသွားနိုင်ရင်တောင်မှ ကြည့်ရှုစောင့်ရှောက်နိုင်သူ က ရှိသားမဟုတ်လား။ ကျနော့်ကိုတော့ နေရာရွေူးပေးတာက လူတကာ တောင်ယာရဲ့ အလယ်မှာ ။ အဲဒိတော့ ဇိမ်နဲ့နှပ်ပေါ့ခင်ဗျာ။ သူများတွေ ခြံစည်းရိုးကာရင် ကိုယ်က အလိုလို လုံခြုံပြီး ဖြစ်နေတာ မို့လား။

တောင်ယာစခုတ်တော့ စတွေ့တဲ့ ပြဿနာက ဓားမ ။ ဓားမကလည်း ကောင်းမှ မဟုတ်လား။ ကံကောင်းချင်တော့ ကျနော် တောင်ယာခုတ်တဲ့ သက်တမ်းမှာ ကျနော်ဝယ်သမျှ ဓားမတွေက ဒေါင်ဒေါင်မြည်ချည်းဘဲ။ ရွာသားတွေကတောင် ချီးကျူးတယ်။ မလုပ်တတ်ဘူး မလုပ်တတ်ဘူးနဲ့ ၀ယ်တာကတော့ သူတို့ထက် သာတယ်ပေါ့။ အမှန်က ဘာမှ မဟုတ်ဘူး။ ရမ်းသမ်း မှန်းသမ်း ၀ယ်တာတွေချည်းဘဲ၊ ဓားမအသစ် စရတော့ ဓား ကျင့်ရတယ်။ ဓားကျင့်တယ်ဆိုတာက ရရချင်း သွေး.. ပြီးရင် ခုတ် စမ်း ကြည့် (စမ်းခုတ်ရတာကို ဆိုလိုတာပါ)။ ပြန်သွေး ။ ပြန်ခုတ်။ နောက်ဆုံး ညအိပ်ရင် ငှက်ပျောပင် တပင်မှာ ခုတ်ထား…. စသဖြင့်ပေါ့။

အဲဒါနဲ့ တောင်ယာခုတ်တဲ့ရာသီရောက်တော့ ကျနော်ရတဲ့ တောင်ယာခုတ်ကွက်က ၃ပုံးဝင် (မျိုးတတင်းခွဲ) တောင်ယာပါ။ ကိုယ်လည်း မာနနဲ့ ခုတ်တယ်ဆိုပေမယ့် စွန့်စားမှုကို အဲသလောက် မလုပ်ရဲဘူး။ တောင်ယာခုတ်တယ်ဆိုတာက စကတည်းကနေ ပြီးတဲ့ စပါးသိမ်းတဲ့အချိန်အထိ ပင်ပန်းတဲ့လုပ်ငန်းဆိုတော့..။ စခုတ်တယ် ဆိုပါတော့။ ကျနော်နဲ့ အတူနေ ရဲဘော်တွေ.. ကျနော့်ရဲ့ ကျောင်းသားများ.. လာပြီးဝိုင်းခုတ်တော့ ၂ ရက် လောက်နဲ့ ပြီးသွားတယ်။

ကျနော်တယောက်တည်း ခုတ်မယ်ဆိုရင်တော့ နှစ်ပေါက်အောင်တောင် ပြီးမှာ မဟုတ်ဘူး။ တောင်ယာခုတ်တယ်ဆိုတာ ဘ၀ပေးအသိ ရှိဘို့လိုတယ်။ သဘာဝရဲ့ လျှို့ဝှက်မှုကို ရှာရတာ။ တပင်ချင်းလည်း ခုတ်လို့မရဘူး။ သစ်ပင်တွေ၊ ၀ါးရုံတွေဆိုတာ ရောယှက်နေတာက အောက်ခြေမှာရော၊ အပင်ဖျားမှာရောပါ။ လိုအပ်ရင် သစ်ပင်တက်ပြီး သစ်ကိုင်းတွေကို ဖဲ့ရတယ်။ အဲဒီလို မဖဲ့တတ်လို့ ဂေဟဗေဒရဲ့ လက်စားချေမှုအောက်မှာ ပျောက်ဆုံးသွားခဲ့ရသူတွေ အများကြီး။ ဥပမာ… ၀ါးရုံတရုံတွေ့ရင် ဘယ်လိုခုတ်မလဲဆိုတာ စစဉ်းစားရတယ်။ သူ့ရဲ့ ပျော့ပြောင်းမှုက ဘယ်ဘက်ကိုလဲ။ ကိုယ်ခုတ်ရင် ကိုယ့်ကို ပြန်ထိုးမလား။ ဒါတွေကိုတွက်ရတယ်။ နောက်အရာပေးပြီးခုတ်မှာလား။ အဲဒီလို ခုတ်မယ်ဆိုရင် ဘယ်သစ်ပင်က အဲဒီသစ်ပင် ၀ါးရုံတွေ ကျိုးကျအောင် ဖိချနိုင်မလဲ။ ကိုယ်မှန်းတဲ့ဘက်လဲမလား..။ ဒါမှမဟုတ် ကိုယ့်အန္တရာယ် ရှိနိုင်တဲ့ ဘက်လဲမလား။ စတာတွေ အားလုံးကို မှန်းပြီးခုတ်ရတာပါ။ အနည်းဆုံး ၀ါးစိမ်း ကွဲပြီး ရင်ဘတ်ပြေးစိုက်တာဘဲဖြစ်ဖြစ်..။ မျက်နှာကို ရိုက်တာဘဲဖြစ်ဖြစ်..။ သေချာတာက ကိုယ်ဒဏ်ရာရပြီ။

ထားပါတော့ အဲဒါနဲ့ တောင်ယာခုတ်တာက ပြီးသွားတယ်။ သူကလည်း ဟုတ်မှဟုတ်ပါ့မလား။ မယုံတ၀က်.. ယုံတ၀က်မျက်နှာပေးနဲ့ တွေ့တိုင်း အမြဲကြည့်တယ်။ တဆင့်တော့ အောင်မှတ်ပေးပုံရပါတယ်။

ပြီးတော့ တောင်ယာမီးရှို့ ကျွန်းခွေ( မီးမလောင်ဘဲ ကျန်ခဲ့တဲ့ သစ်ပင် ၀ါးပင်တွေကို ပြန်ပုံမီးရှို့ရတာပါ)။ အဲဒီအချိန်မှာ ကိုမောင်မောင်ညွန့် သီချင်းကလည်း လာပြီပေါ့။ အနောက်တောင်ဆီက…ရွာမယ်ဟန်ပြင် ဆိုတဲ့အတိုင်း။ ကျွန်းခွေပြီးရင် စပါးစူးထိုးရတယ်။ စူးထိုးတယ်ဆိုတာက ကိုယ့်တောင်ယာမှာ တချို့ေ၇တိုသီးနှံတွေ(ပြောင်းဖူးတို့ဘာတို့) စိုက်ပြီးရင်စပါးစိုက်ရတာပါ။ အဲဒီအချိန်မှာ တောင်ယာထဲမှာ ကိုယ်တခါတလေသွားနေဖို့ တောင်ယာတဲကလည်း အဆင်သင့် ဖြစ်ပြီ။ နံဘေးမှာ မုန်ညင်းခါး၊ ငရုတ်၊ ရွှေဖရုံ၊ ခရမ်းချဉ်သီး သေးသေးလေးထွက်တဲ့အပင်၊ နောက် ပင်စိမ်း၊ ဂျူးမြစ် နည်းနည်းက ပျိုးပြီး သား။ ဆူးထိုးတယ်ဆိုတာက နှစ်ယောက် လိုတယ်။ တယောက်က ၀ါးခပ်ရင့်ရင့် ကို မြေကြီးထိုးစိုက်နိုင်တဲ့ ပုံစံသွင်းထားတဲ့ ၀ါးလုံးအရှည် ဒါမှမဟုတ် သံတူးရွင်း ပုံစံမျိုး သံနဲ့လုပ်ထားတဲ့ ကရိယာကို ၀ါးတံမှာ စွပ်ပြီး တောင်ကြောတလျှော်က အလျားလိုက် တဆတ်ဆတ်နဲ့ထိုးပေးသွားရတာ။ နောက်ကျန်တဲ့ တယောက်က နောက်လွယ်ပလိုင်း အသေးထဲမှာမျိုးစေ့ထည့်ထားပြီး အရှေ့ကလူ ထိုးသွားတဲ့ကျင်းလေးတွေထဲ အမှီလိုက်ထည့်ရတာ။ နှစ်ဦးစလုံးက လက်မှန်ဖို့လိုပါတယ်။ ထိုးတဲ့သူက အကွာအဝေး ညီအောင်ထိုးဖို့လိုအပ်ပြီး ထည့်တဲ့သူကလည်း တကျင်းကို လေးငါးရှစ်စေ့လောက်ဘဲ ၀င်အောင်ထည့်ရတယ်။

အဲဒီအချိန်မှာ အဖွားလေးက လိပ်သိုသွားနေတယ်။ သူ့အဖေနဲ့ သူ့အမေ လာပြီးဝိုင်းလုပ်ပေးတယ်။ နောက်ရွာသားတွေ..။ နှမ်းတွေလည်း ကြဲပေါ့…။ အဲဒီလိုနဲ့ စပါးပင်တွေ စအညှောင့်ထွက်လာတော့ သူပြန်ရောက်လာတယ်။ ကျနော်လည်း သွားတွေ့ဖြစ်တဲ့အချိန်က ခပ်နည်းနည်းပါ။ မနက်ဆို စာသင်။ ကျောင်းဆင်းရင် တောင်ယာကို ပေါင်းလိုက် (နာမည်ကတော့ အပျက်ခံလို့မရဘူးမဟုတ်လား။ )အဲဒါနဲ့ တောင်ယာတခင်း အတွက် လုပ်ဆောင်ရမယ့် ၀တ္တရားတွေ အားလုံးကုန်ပြီး စပါးတွေ ဘာတွေ သိမ်းပြီးသွားတော့ ကျနော့်တောင်ယာက ရွာသားတွေ မှန်းတာတာထက် ပိုရတယ်။

အဲဒီကျမှ အဖွားလေးဆီက စကားကြားရတယ်။ `မဆိုးပါဘူးလေ။ မြို့သားတယောက်က ဒီလောက် လုပ်နိုင်မယ်မှ မထင်တာ´ ဆိုတာမျိုး။

တခေါက်ကြုံသေးတယ်။ တောင်ယာခင်းမှာ ငြုတ် (ကုလားအော်)လို့ ခေါ်တဲ့ သေးသေးမျိုးလေးတွေ ကို စိုက်ကြတယ်။ တောင်ယာလုပ်ငန်းကိစ္စပြီးတဲ့အချိန်မှာ အဲဒီ ငြုတ် သေးသေးလေးတွေကို ခူးရတယ်။ ပြီးရင် နေခြောက်လှန်း … ။ ထိုင်းနိုင်ငံမှာ ၀ယ်တဲ့အမျိုး။ ဒါပေမယ့် အညှာမပါရဘူး။ တပိဿာကို ဗမာငွေ ၇၀၀ ကျပ်လောက် ပျမ်းမျှ ရတယ်။ အဲဒါကြောင့် စခူးကတည်းက အမှည့်တွေကို အညှာမပါအောင်ခူးပြီး နေလှန်းရတယ်။ အမှန်ကတော့ ထိုင်းဘက်မှာ ပေါက်ဈေး ကိုက တော်တော်ကြီးများနေပါပြီ။ ကျနော်ကတော့ ရောင်းဖို့မဟုတ်ဘူး ။ ငြုတ်သီးလည်း ကြိုက်တယ်။ နောက် တောင်ယာခင်းထဲမှာ အားလုံးစုံစေ့အောင် စိုက်ထားတာပါ။

အဖွားလေး ကတော့ သွားလိုက်ပြန်လိုက်ပဲ။ လိပ်သိုကို။ သူ့ဆရာတော်လည်း ပြန်ရောက်မယ့် အချိန်က နီးနေပြီ။ အဲဒါနဲ့ သူပြန်လာတာတော့ ပြောတယ်။ ` ငြုတ်သီး အခြောက် တပိဿာလောက် ပြန်သယ်သွားချင်တယ်´ သူဆိုတော့ ကျနော့်ကမ္ဘာက မီးလောင်နေပြီ။ အမှန်က သူ့အမေအိမ်မှာ တောင်းလည်း ရတာပဲလေ။ ဘာဖြစ်လို့ ကျနော့်ကိုမှ လာတောင်းတာလဲပေါ့။ အတွေးတွေက ပွက်လို့။ ဒါနဲ့ အဖွားလေး မင်းလိုချင်တဲ့ ငြုတ်တပိဿာ အညှာ မပါပဲ ရစေရမယ် ဆိုလို့ပြောပြီးတော့ ချက်ချင်း တောင်ယာတဲက လှမ်းထားတဲ့ ငြုတ်ခြောက်တွေပေးလိုက်တာ။ သူ့အမေဆိုတာ ဆူလိုက်တာ လွန်ပါလေရော။ အဲဒါက ဆေးမှူးကို စနေတာ ဆိုပြီး …၊

ဆက်ရန်

Labels:

posted by မြင့်ဇေ @ 7:44 AM   2 comments
လွတ်မြောက်ရေးကောင်းကင်မှာ လင်းလက်နေမယ့် ကြယ်စင်တစင်း
Thursday, November 15, 2007

လွတ်မြောက်ရေးကောင်းကင်မှာ လင်းလက်နေမယ့် ကြယ်စင်တစင်း

ရွာအ၀င်တွင်တော့ ကျနော့်ခြေလှမ်းများ နှေးသွားသည်။ နောက်ကပါလာသည့် မွန်ပြည်သစ်ပါတီ ရဲဘော်လေးက `ဆေးမှူး အရှေ့ကလူတွေနဲ့ ပြတ်သွားဦးမယ်..´ သတိပေးမှ ကျနော် ခပ်သုတ်သုတ် လှမ်းမိ သည်။ ရာဘာတောမှအထွက် သူမတို့ အိမ်ရှိရာလမ်းမှ ပွိုင့် မဖြတ်ဘို့ ဆုတောင်းသော်လည်း ပွိုင့်သွားသည့် ရဲဘော်က ချိုးဝင်သွားခဲ့ပြီ။ အင်းလေ… ဒီလမ်းက ရွာလယ်ရောက်ဘို့ အနီးဆုံးလမ်းမဟုတ်လား။

သူမတို့အိမ်နားရောက်တော့ ထွက်လာသည့် လူရိပ်တခုကို တွေ့လိုက်ရသည်။ သူမ…၊ ကျနော် အကြိမ်ကြိမ် ဆုတောင်းသော်လည်း မပြည့်ခဲ့ပါလား။ စစ်ကြောင်းအရှေ့ အနောက်ကို ရှာကြည့် နေပုံရသည်။ ပြီးတော့ ကျနော်ကိုတွေ့တော့ ၀မ်းသာအားရ အပြေးကလေး ကျနော့်နားသို့ ရောက်လာခဲ့သည်။ ပြီးတော့…`ဆေးမှူး၊ သူရောဟင်.. သူဘာမှ မဖြစ်ဘူးမဟုတ်လား။ ´ `ဘုရားရေ.. သူမသိသေး ပါလား။ ´ ကျနော့် စိတ်ထဲမှ တွေးမိသည်။ နောက်ဆုံးတော့ သူတို့နှစ်ယောက်ကို သမီးရည်းစားဖြစ်အောင် လုပ်ဆောင်ပေးခဲ့သည့် ကျနော်က သူ ကျဆုံးသွားသည့်အကြောင်းကို ပြောပြရသူဖြစ်ရဦးမည်။

ကျနော်လည်း စိတ်မသက်မသာနှင့် ကျဆုံးသွားသည့် အကြောင်းကို ခပ်တိုတိုရှင်းပြလိုက်သည်။ နားထောင်နေသော သူမကို တည့်တည့်မကြည့်ရဲ။ သူမယုံရော ယုံပါ့မလား။ ရည်းစားသက်တမ်းကို စစ်စစ်ပေါက်ပေါက် တွက်ကြည့်လျှင် ၃ ရက်သာကြာသေးသည်။ အဖြေရပြီးသည်နှင့် တခြားရွာသို့ စစ်ကြောင်း ထွက်ရသည်။ ပြန်လာတော့ သူမပါလာ။ ကျနော် ပြောနေရင်း ရှိုက်သံကြားလို့ငဲ့ကြည့်တော့ ကလေးမ ငိုနေရှာပြီ။ ငိုပါ … ညီမလေးရေ။ ငိုပါ။ ငါတို့လည်း ရင်ထဲမှာ ငိုနေကြရတာဘဲ။ အဖိုးထိုက်တဲ့ လူသားတွေ သေဆုံးမှုအတွက် ငါတို့ ရဲ့ မျက်ရည်တွေက ဂုဏ်ပြုမှုပါဘဲ။

၁။

သူဆိုသည်က မင်းလူ။ ရန်ကုန်သား ။ ဖခင်ဖြစ်သူက အစိုးရ ကြေးနန်းတပ်က။ ၈၈၈၈ ဖြစ်ပြီး အစောဆုံး တောခိုသည့် ကျောင်းသားပြည်သူများထဲတွင် မင်းလူလည်း ပါသည်။ ကျနော် ရောက်တော့ သူက လုံးလုံး ပြောက်ကျားစစ်သားကြီး ဖြစ်နေပြီ။ တပ်ရင်းရှိ အငယ်ဆုံးသူများထဲတွင် သူပါသည်။ အလုပ် လုပ်ရာတွင်လည်း တက်တက်ကြွကြွရှိသည်။ ကျနော်တခု မကြိုက်သည်က ရန်ဖြစ်တတ်ခြင်း။ မင်းလူနဲ့ စကားများ ရန်မဖြစ်ဘူးသူဆို၍ သိပ်မရှိလှ။ ဤသည်ကို ကျနော်က မကြိုက်။ တပ်ထိပ်ပိုင်းတာဝန် ရှိသူများက အစဉ်ခေါ်ယူဝေဘန်သည်။ ကျနော်တို့လို ခင်မင်ရင်းနှီးသူများက ဖျောင်းဖျဆုံးမသည်။ ထိုအချိန်တွင်တော့ သူက ပြုံးပြုံး ပြုံးပြုံးနှင့် ငြိမ်ပြီး နားထောင်နေတတ်သည်။ သို့သော် ရန်ကတော့ ဖြစ်မြဲ။

ထိုစဉ်က ဘုရားသုံးဆူ ဒေသ မကျသေး။ ကျနော်တို့ တပ်ရင်းနေရသည်က ဘုရားသုံးဆူ ရွာစွန်နား တွင် ရှိသော ဘုန်းကြီးကျောင်းကုန်းရှိ အခင်းအနည်းငယ်သာရှိသော ဇရပ်၌။ ထိုဇရပ်ကို ရောက်ပြီးနောက် ၀ါးခုတ်ပြီး အကာအခင်းအပြည့်လုပ်ရသည်။ စားဘို့အတွက် လူခွဲကာ တောင်ယာဖုန်းဆိုးဟောင်းများကို မွှေနှောက်ရသည်။ မည်မျှပင် မွှေနှောက်စေကာမူ ကျနော်တို့ ရခဲ့သည့် အသီးအနှံက ကျောက်ဖရုံသီး၊ ရွှေဖရုံသီးနှင့် သဘောင်္သီးပင်။ မနက် ကျောက်ဖရုံဆိုပါက ည သဘောင်္ သို့မဟုတ် ရွှေဖရုံ။ ကျနော်တို့ ဆေးတပ်စိတ်က မှီခိုနေထိုင်ရသည့် ဘုန်းကြီးကျောင်းအား နေ့စဉ် ရေထမ်းဖြည့်ရသည်။ ကြမ်းတိုက် ပေးရသည်။ သို့အတွက် ဘုန်းကြီးများက သူတို့ ဆွမ်းစားပြီးလျှင် ကျနော်တို့အား ဆွမ်းဟင်းအကျန်များကို စွန့်လေ့ရှိသည်။ ဆွမ်းဟင်းအကျန်ဆိုသည်က ငပိရည်သာ။ ငပိရည်ကလည်း နဲသည့်အတွက် ကိုယ်နှင့် ခင်မင်သူများကို ခေါ်ကာ ဒိုင်၍ စားရသည်။ ကျနော်နှင့် အတူစားဖြစ်သည်က မင်းလူ။ ငပိရည် နှစ်ဇွန်း သုံးဇွန်းကိုက ထိုအချိန်က နတ်သုဒ္ဓါ။

နောက် ကျနော်တို့ စခန်းဆောက်ရန် မြေနေရာရသည်။ စခန်းဆောက်ပြီး၍ ပြောင်းကာစမှာပင် ဘုရားသုံးဆူ ၀န်းကျင်တခို၌ စစ်ရိပ်စစ်ငွေ့များယှက်သန်းလာသည်။ ရန်သူစစ်တပ်က ထိုးစစ်ဆင်တော့မည်။ ထိုအချိန်က ကျနော်တို့မှ ရှိသည့် သေနတ်က လူဦးရေထက်စာလျှင် အပုံကြီးနည်းလွန်းနေသည်။ ကျန်သော ကျောင်းသားတပ်များ၊ မဟာမိတ်မွန်တပ်များဖြင့် ပေါင်း၍ စစ်ကြောင်းထွက်ရန် အကြောင်းကြားစာ ရောက် လာသည်။ ရှိသည့်သေနတ်များကို တွက်ကြည့်ပြီး စခန်းတွင် အချို့တ၀က် ထားပြီး ကျန်ရှိသည့်သေနတ်နှင့် ရှေ့တန်းထွက်သွားကြသည်။ ထိုအထဲတွင် မင်းလူပါသွားသည်။ ကျနော်တို့က ဘုရားသုံးဆူကျခါနီးတွင်မှ ဆုတ်လာရသည်။

ဒီလိုနှင့် ကျနော်တို့ စခန်းအသစ်ပြောင်းဆောက်ရသည်။ ထိုနေရာက ကရိန်ကန်တွင်ဖြစ်သည်။ မအောင်မြင်သည့် ရေးမြို့သိမ်းတိုက်ပွဲ ဆင်နွှဲကြသည်။ မင်းလူတို့ ပါသည်။ ကျနော်တို့ စခန်းဆောက်အပြီး ရှေ့တန်းသို့ ရိက္ခာပို့ရန် တာဝန်ကျသည်။ သေနတ် အပိုရှိရင်တော့ ရှေ့တန်းမှာနေခဲ့မယ် ဆိုသည့် စဉ်းစားမှုဖြင့် ကျနော်လိုက်သွားခဲ့သည်။ ၃ ရက်မျှ ပြင်းပြင်းထန်ထန်လျှောက်ပြီး ရေးတောင်ပိုင်းရှိ ခေါဇာ ကျေးရွာဂွင်ထဲ ရောက်သွားသည်။ ထိုအချိန်တွင်မင်းလူတို့က မြောက်ပိုင်းမှာ။ နောက်တန်းပြန်သည့်သူများ ပြန်သွားကြသဖြင့် သေနတ်တလက်ယူပြီး ရှေ့တန်းတွင် ကျနော်နေရစ်ခဲ့သည်။ ရေးတောင်ပိုင်းဂွင်အတွင်း ၇လ ခန့် လှည့်လည်နေထိုင်ပြီး ကျနော်တို့ စစ်ကြောင်း မြောက်ပိုင်းသို့သွားပေါင်း ရသည်။ ထိုသို့သွားပေါင်း မှသာ မင်းလူနှင့် ပြန်ဆုံရခြင်းဖြစ်သည်။

(၂)

တပ်ကို ပြန်လည်စုဖွဲမှုလုပ်သောအခါ မင်းလူက ကျနော်တို့တပ်စိတ်တွင် ပါလာသည်။ နဂို ကတည်းက တွဲခဲ့သူများဖြစ်နေခြင်းကြောင့်လည်း ဆိုးတိုင်ပင်ကောင်းတိုင်ပင် နေကြသည်။ အထူးသဖြင့် အချစ်ရေး။ အချစ်ရာကိစ္စတွင်ဖြစ်သည်၊ သူနှစ်ခြိုက်နေသည့် တိုင်းရင်းသူကလေးကို မည်သို့မည်ပုံချည်းကပ် သင့်သည်ကို ကျနော်က အကြံပေးရသည်။ ဤကိစ္စတွင် ကျနော်က ဖြစ်ဖြစ်ထွန်းထွန်း ရှိလှသူ မဟုတ်။ သို့သော် တခြားတပါးသော သူများအတွက်တော့ ရသည်။ အဓိက က ရည်းစားစာ ရေးပေးရခြင်းဖြစ်သည်။ ကျနော်ရေးသည့်စာကို သူက သူ့လက်ရေးနှင့် ပြန်ရေးပြီး ကျနော်က ကောင်မလေး ရေသွားခပ်ချိန်တွင် လိုက်ပေး ပေးရသည်။ ကျနော်ပေးတော့ (ကျနော်ပေးသည်ဟု ထင်ပုံရ၍) ကလေးမက မယူ။ အကျိုး အကြောင်းနှင့် ကျနော်ပေးခြင်း မဟုတ်ကြောင်း ရှင်းပြတော့လည်း မရ။ ဒါဆို ကြိုက်တဲ့သူကို လာပေးခိုင်းလိုက်ဟု စကားပြန်လိုက်သည်။ သို့သော် ဒီကောင်ကလည်း စစ်တိုက်ရင်တော့ အလွန်ရဲရင့်သူ ဖြစ်သော်လည်း ဒီကိစ္စမျိုးမှာတော့ မရဲတင်း။ သူသွားပေးတော့ ကျနော့်ကို အတင်းခေါ်သည်။ ကျနော်ကလည်း ဆေးရိုးသည် အဖြစ်မခံနိုင်။ နောက်ဆုံးတော့လည်း သူ့ဆန္ဒကို လိုက်လျောပြီး လိုက်သွားသည်။

သူသွားပေးတော့ ကောင်မလေးက ငြင်းဘို့တောင်မေ့နေပုံရသည်။ ချက်ချင်းကို စာလက်ခံလိုက် သည်။ နောက်သိပ်မကြာခင်ရက်များအတွင်းမှာဘဲ ကျနော်တို့စစ်ကြောင်း အဲဒီရွာကို ပြန်ဝင်တော့ နှစ်ရက်လောက်အနားရသည်။ ဘောလုံးကန်ကြ၊ အပျိုမလည်ကြနှင့်။ ပြောက်ကြားဒေသဖြစ်သော်လည်း လူထု အခြေခံကောင်းသောဒေသဖြစ်၍ တပ်နှင့်ပြည်သူက ရေနှင့်ငါးပမာ။ နောက်နေ့စစ်ကြောင်း ထွက်မည်ဆိုသောညတွင် မင်းလူတယောက်ပျော်လို့ မောလို့ တည်းရာအိမ်သို့ ပြန်လာသည်။ ကျနော့်စိတ်ထဲကတော့ သိနေခဲ့သည်။ ဒီကောင်လေးတော့ ရည်းစားအဖြေပြန်ပေးလိုက်ပြီ ဆိုသည်ကို။ သို့သော် မသိချင်ယောင်ဆောင်ပြီး အခြားစကားတွေလျှောက်ပြောသည်။ နောက်ဆုံးသူမနေနိုင်တော့။

`အကို သိလား.. ကျနော့်ကို အဖြေပြန်ပေးလိုက်ပြီဗျ´ သူဆိုတောာ့ ` သိပါတယ်ကွာ… မင်းပုံစံကြည့်တာနဲ့ ဒါပေမယ့် အိပ်ကြရအောင်။ မနက်ဖြန် စောစော စစ်ကြောင်းထွက်ရမယ်´ ကျနော်က ပြန်ပြောလိုက်သည်။ ထို့နောက် ကျနော်လည်း အိပ်ရာဝင်ဖြစ်ခဲ့သည်။

(၃)

နောက်နေ့မနက်စောစောပင် ကျနော်တို့ အရုတောင်ကျေးရွာဘက်သို့ ထွက်ခဲ့ကြသည်။ အရုတောင်က နာမည်ကြီး။ တလအတွင်း ကျနော်တို့ နှစ်ပွဲဆော်ထားကြသည်။ ထိုနှစ်ပွဲတွင် ရန်သူက တော်တော်အထိနာခဲ့သည်။ ဒါကို သူတို့က အခဲမကျေ။ ကျေးရွာသားများထံမှ သတင်းများအရ ကျနော်တို့ကို အပိုင်အုပ်ရန် စီစဉ်နေသည် ဟု သိရသည်။

အရုတောင်ရောက်ပြီး နောက်နေ့မနက် ရန်သူ့လှုပ်ရှားမှု သတင်းကြားရသည်။ ရွာအ၀င် နည်းနည်းလှမ်းသည့် ရာဘာတောထဲတွင် ကျနော်တို့ ခြုံခိုတိုက်ပွဲလုပ်ရန် ပြင်ရသည်။ တနေကုန်ထမင်းငတ် သွားသည်။ ညနေ လေးနာရီလောက်၌ ရွာသားများ ထမင်းလာပို့ပြီး ထွက်လာသည့် ရန်သူ ရေးမြို့ထဲသို့ ပြန်ဝင်သွားကြောင်း သတင်းပါလာသည်။ ထမင်းစားပြီး ရွာထဲသို့ပြန်ဝင်ကာ နေရာချသည်။ ထုံးစံအတိုင်း မင်းလူက ကျနော်နှင့်အတူအိပ်သည်။ ညဘက်ရောက်တော့ သူက ပြောသည်။ ` ကျနော်က သူ့ကို နှစ်ရက်လောက်ပဲ ကြာမယ် ပြောခဲ့တာဗျ။ ဒါဆို မနက်ဖြန်လောက်ဆို သူတို့ရွာကို ပြန်ရောက်လောက်ပြီပေါ့နော်။´ `အေးဖြစ်တော့ ဖြစ်နိုင်တာပေါ့။ ဒါပေမယ့် စစ်ရေးဆိုတာကလည်း မင်းသိတဲ့အတိုင်း အစိုးရတာမှ မဟုတ်တာ။ ခုတမျိုး.. တော်ကြာတမျိုး ပြောင်းတတ်တာဘဲ။ဘာဘဲဖြစ်ဖြစ် ပြန်ရောက်မှာပါ။ အိပ်မယ်။ ညဘက်ကျ ကင်းရှိသေးတယ်´ ဟု ကျနော်ဆိုတော့ `ဟုတ်ကဲ့´ ပြောကာ တဘက်လှည့်ပြီး အိပ်ပျော်သွားသည်။ သို့သော် သူကတိပေးခဲ့သည့် ပြန်ရောက်မည်ဆိုသောမနက်ဖြန်သည် ကျနော်တို့အား ကြေကွဲမှုများစွာပေးရန် စောင့်စားနေသည်ကို ကျနော်တို့အားလုံး မသိကြချေ။

ကျနော့်ကင်းချိန်က ညတနာရီက နှစ်နာရီ။ ကျနော်ပြီးတော့ မင်းလူ ကင်းချိန်။ မနက်လေးနာရီ ထိုးတော့ အရုဏ်ဦးတိုက်တတ်သည့်အတွက် အားလုံး နေရာယူပြီး နေရသည်။ ငါးနာရီခွဲလောက်အထိ ဘာမှ မထူးခြားသောကြောင်း ပြန်ရုတ်ပြီး ကိုယ်တည်းသည့် အိမ်ကို ပြန်ကြသည်။ စောင်ပါးလေး ခြုံပြီး ပြန်ကွေးနေတုန်း… ဆူဆူညံညံနှင့်ရွာပြင်ဘက်မှ အော်၍ ပြေးလာသော အမျိုးသမီးကြီးတယောက်၏ အသံကို ကြားရသည်။ အော်လာသည်က `ကွန်မနန်ဟမယ်(ဗမာစစ်သား)လား… ကွန်မနန်မွန် (မွန်စစ်သား) လား မသိဘူး။အများကြီးဘဲ´ ။ သေချာသည်ကတော့ ရွာပြင်မှာ ကိုယ့်လူမရှိ။ ရန်သူသာဖြစ်သည်။ ကျနော်တို့အားလုံး အီကွေးမင့်၊ သေနတ်၊ဘေးလွယ်အိတ် အားလုံး လက်တဘက်နှင့် ဆွဲပြီး ဖိနပ်ကို တဘက်မှ ကိုင်ကာ တကိုယ်စာအတွက် ပစ်ပိုင်နယ်ပေးထားသည့် နေရာသို့ အပြေးသွားချိန်တွင်ပင် ကျနော်တို့ဘက်မှ ပစ်လိုက်သော RPG အသံကို ကြားရသည်။ ထိုပစ်ခတ်မှုကပင် ကျနော်တို့ကို ကယ်လိုက်သည်။ ရန်သူက လမ်းမအတိုင်း အလုံးလိုက် အခဲလိုက် ပြေးဝင်လာစဉ် ထိုပစ်ခတ်မှုက သူတို့ ထိုးစစ်ကို နောက်ပြန်လန်သွားစေသည်။ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်တော့ ကျနော်က သတ်မှတ်ထားရာ နေရာနှင့် ၁၅ ပေမျှ ကွာနေသည်။ ကျနော့်ဘယ်ဘက်ယွန်းယွန်းတွင် မင်းလူ… ဘေးချင်းကပ်တွင် နိုင်သူ။ မင်းလူက ပစ်နေရင်း လှမ်းအော်သည်။ `အကိုတို့ အဲဒီနားမှာဘဲနေဦး ..အဲဒီနေရာက ကျည်လမ်းကြောင်း အရမ်းကျနေတယ်´ အော်ပြောရင်း တဖက်ကလည်း ပစ်နေသည်။

ဒီလိုနှင့် ကျနော်ရှေ့နားတွင်ရှိသော ဆန်နီ ခြေထောက်ထိသွားသည်။ တင်မောင်တက်ဆွဲတော့ ခြေထောက် ထပ်ထိသည်။ နောက် မောင်မောင်လတ်ထပ်တက်တော့ ဗိုက်ဘေးနားက လျှပ်ထိသွားသည်။ သူတို့သုံးယောက်ကို ဆုတ်ရန်ပြောတော့ ဆုတ်သွားကြသည်။ ကျန်သည်က ကျနော်၊ နိုင်သူ ၊မင်းလူ။ နောက် ကျနော်တို့ညာကျောတွင် ဖြန့်ယူထားသော ကျောင်းသားတပ်ရင်း ၁၀၂ မှ စစ်ကူ နှစ်ယောက် ဘရောင်နင် စက်လတ်တလက်နှင့်ရောက်လာသည်။ သူတို့လည်း ၁၅ မိနစ်ခန့်သာ တယောက်ထိသွားသည်။ တိုက်ပွဲက ကျည်ဆန် ဖြည့်ချိန်လောက်တွင်သာ တိတ်ဆိတ်သည်။ ကျန်သည့်အချိန်က မုန်တိုင်းလို။ နှစ်နာရီခန့်ကြာ သွားသည်။ မင်းလူကတော့ ရာဘာပင်လတ်လတ်တခုတွင် ငုတ်တုတ်ထိုင်ပစ်လိုက်၊ ထပစ်လိုက်။ ခဏကြာတော့ ကျနော်နှင့်နိုင်သူအကြား အမ်အေ ၉၄ တလုံးကျလာသည်။ နိုင်သူ ဗိုက်တွင် အနည်း ငယ်ထိသည်။ ကျနော်လက်မောင်းကို ပေါက်ကွဲမှုကြောင့်လွင့်လာသည့် ခဲစ အသေးလေးပွတ်သွားသည်။ မင်းလူအားလည်း အတင့်မရဲအောင် အော်ရသည်။ သူမကြားတော့။ သူ့ခန္ဓာကိုယ်တွင် လူထုအတွက် တိုက်နေရသည်ဆိုသည့် စိတ်က ပူးကပ်နေခဲ့ပြီ။ သူ့ရှေ့မှောက်မှာလည်း အခြားသော ရဲဘော်များဒဏ်ရာ ရခဲ့ကြသည် မဟုတ်လား။ သူတချက်ထပစ်သည်။ရုတ်တရက် ဖုတ်ခနဲ ထိုင်ရက်သား ပြန်ဖြစ်သွားသည်။ သူ့ဆီက သေနတ်သံ ငြိမ်သွားသည်။ နိုင်သူက သူတက်ကြည့်မယ် ကာပစ်ပေးရန် ပြောပြီး တက်သွားသည်။ တွားသွား၍ တက်သွားကာ လည်ပင်းကို သိုင်းဖက်ပြီး ကျနော့်ဘက်ကို ခေါင်းခါပြသည်။ ဆိုလိုသည်ကတော့ သူကျဆုံးသွားပြီ။ သူသေဆုံးသွားခဲ့ပြီဆိုသည့် အဓိပ္ပါယ်။ နိုင်သူက မင်းလူ၏ သေနတ်၊အီကွေးမင့်၊ ကျောပိုးအိတ်တို့ကို ဆွဲယူလာသည်။ အသက်မဲ့ခန္ဓာကိုတော့ မဆွဲနိုင်သေး။

တိုက်ပွဲက ရှည်ကြာလွန်းလှသည်။ ကျနော်တို့ ၀မ်းမနည်းအားသေး။ ကိုယ်ရှင်သန်ဘို့လည်း ပစ်ခတ်ရဦးမည်မဟုတ်လား။ နောက်ဆုံး ရန်သူထိုးစစ်က ကြီးသထက်ကြီးလာတော့ နေ့လည် ၁၁ နာရီခွဲခန့်တွင် ကျနော်တို့ ဆုတ်ပေးလိုက်ရသည်။ ပြန်ဆုတ်တော့ မင်းလူအပါအ၀င် ကျဆုံးသွားသည့် ရဲဘော် ၆ဦး၏ ခန္ဓာကိုယ်များကို ကျနော်တို့ မသယ်နိုင်ခဲ့။

တိုက်ပွဲဖြစ်နေစဉ်က မရွာခဲ့သော မိုးက အပြန်လမ်းတလျှောက်တွင် သဲမဲပြင်းထန်လှစွာရွာသည်။ ကျနော်မျက်နှာသည်လည်း မိုးရေနှင့် မျက်ရည်စ ရောနေသည်။ ကိုယ့်ကိုယ်ကိုလည်း အပြစ်တင်နေမိသည်။ ခန္ဓာကိုယ်ကို ရအောင် မသယ်နိုင်ခဲ့သည့်အတွက်…။ နိုင်သူကတော့ ဖြေသိမ့်ပါသည်။ သို့သော် သူလည်း ၀မ်းနည်းသံနှင့်။ အဲဒီနေ့မှာ ချစ်သူနှင့် တွေ့ဖို့ မျှော်လင့်နေခဲ့တဲ့ အညတရ ပြောက်ကျားတဦးရဲ့  ကျန်ရစ်ခဲ့ သည့် ရုပ်ကြွင်းကို သူ့ချစ်သူရှိရာ ရွာမှာ မြှုပ်နှံပေးချင်တာက ကျနော့်ဆန္ဒပါ။ သူ့ မွေးဇာတိကို ပြန်ပို့ဖို့ဆိုတာကလည်း မဖြစ်နိုင်သည့် ကိစ္စမဟုတ်လား။ ကျဆုံးသွားသည့်အကြောင်း သတင်းစကားသာ ပါးနိုင်မည်လေ။

မမြင်ရသည့် သူ့ဝိဥာဉ်ကရော သေဆုံးသည်နှင့် ဘယ်ကို စီးမျောသွားခဲ့ပါသလဲ။ အမေအိမ်ကိုလား.. ဝေးကွာခဲ့တဲ့ စာသင်ခန်းကိုလား… သူ့ချစ်သူဆီလား။ ဘယ်ကိုပဲစီးသွားတာ ဖြစ်ဖြစ် လွတ်မြောက်ရေးကောင်းကင်ထဲမှာ ခေတ်အဆက်ဆက် လင်းလက်ခဲ့တဲ့ ကြယ်စင်တွေထဲက တစင်းတော့ သူ ဖြစ်သွားခဲ့ပြီ လို့ စိတ်ထဲက ပြောရင်း ငိုနေတဲ့ သူ့ချစ်သူနံဘေးက ထွက်လာခဲ့သည်။ ဒီလိုအဖြစ်မျိုးတွေ ကလည်း စစ်အာဏာရှင်လက်အောက်က မလွတ်မြောက်မချင်းကြုံနေရမယ့် အဖြစ်တွေ မဟုတ်လား။

မှတ်ချက်။ ။ မင်းလူတို့ အကြောင်းကို ကဗျာဆရာ ယောဟန်အောင်က သေတမ်းစာ အမည်နဲ့ကဗျာတပုဒ်ဖွဲခဲ့သည်။ ထိုတိုက်ပွဲတွင် ကျောင်းသားတပ်မှ ၆ ဦးနှင့်မွန်ပြည်သစ်တပ်မတော်မှ ၂ ဦးကျသည်။ စုစုပေါင်း ၁၄ ဦးခန့် ဒဏ်ရာရသည်။

နအဖဘက်မှလည်း ၃၀ ၄၀ ခန့် ထိခိုက်ကျဆုံးဒဏ်ရာရသည်ဟု သိရသည်။



Labels:

posted by မြင့်ဇေ @ 10:41 PM   0 comments
အင်တာဗျူး (New Mon State Party)

နအဖဥက္ကဋ္ဌရဲ့ ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် တိုင်းရင်းသားအပစ်ရပ်အဖွဲ့များနှင့် တွေ့ဆုံနေမှုအပေါ် မွန်ပြည်သစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေး နှင့် Kaowao Newsgroup တွေ့ဆုံမေးမြန်းချက်

Kaowao - အောက်တိုဘာ(၂၄)ကစပြီးတော့ စရဖက ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က တိုင်းရင်းသားအပစ်ရပ် အဖွဲ့အတော်များများကို တွေ့ဆုံပြီးပြီ။ မွန်ပြည်သစ်ပါတီကိုရော လာရောက်တွေ့ဆုံဖို့ အကြောင်းကြားထားတာ ရှိလား?

နိုင်အောင်မငေး - ကျနော်တို့ကို တွေ့ဆုံဖို့ အကြောင်းကြားထားတာတော့ရှိတယ်၊ ဒါပေမဲ့ ဘယ်နေ့ဘယ်အချိန်မှာ တွေ့ဆုံဖြစ်မယ်လို့ တရားဝင်အကြောင်းကြားထားတာတော့ မရှိသေးဘူး။ ရက်အတိအကျတော့ မရှိသေးပါဘူး။

Kaowao - ကေအိုင်အေ ခွဲထွက်အဖွဲ့ဖြစ်တဲ့ မထူးနော်အဖွဲ့တို့ကိုပါ ဒီဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က အကုန်တွေ့ဆုံနေ တာကြားသိရတယ်၊ အခုလာတွေ့ဆုံတာလဲ နအဖဥက္ကဌကြီးကိုယ်တိုင်က တရားဝင်ကိုယ်စားလှယ်အဖြစ် နဲ့ဆိုတော့ မွန်ပြည်သစ်ပါတီဘက်ကရော ဘာများတင်ပြဖို့ ပြင်ဆင်ထားတာရှိလဲ?

နိုင်အောင်မငေး - ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်အနေနဲ့ ကျနော်တို့ကို တစ်ခါမှတွေ့ဆုံခဲ့တာမရှိပါဘူး၊ လာရောက်တွေ့ ဆုံတယ် ဆိုတာက ထူးခြားမှုတော့ ရှိပါတယ်၊ ခါတိုင်းဆို ကျနော်တို့ကနေတဆင့် ရန်ကုန်ကိုသွားပြီး တွေ့ဆုံရတာဘဲ ရှိဖူးတယ်၊ ဒီလို ဒုတိယဗိုလ်ချုပ်ကြီးအနေနဲ့ ကျနော်တို့ဒေသမှာ ဒီလိုလာရောက်တွေ့တာလဲ သူတို့ဘက်က မေးခွန်း ထုတ်ဖို့ဘဲ ရှိပါတယ်။ ကျနော်တို့ဘက်က ပြင်ဆင်ထားတာကတော့ ဒီနိုင်ငံရေးဦးတည်ချက်လမ်းကြောင်းပေါ်မှာဘဲ ရှိပါတယ်။ ဒီတွေ့ဆုံဆွေးနွေးရေး အဖြေရှာဖို့ဘဲ၊ ဒီတွေ့ဆုံဆွေးနွေး လမ်းကြောင်း ဖြစ်မြောက်အောင် တကယ့်စေတနာ အမှန်နဲ့ တကယ်တိတိကျကျလုပ်ဆောင်ဖို့ဘဲ ကျနော်တို့ အကြံပြုမှာပေါ့နော်။


Kaowao - ဒီကာလအတွင်းမှာ နအဖတို့က သူတို့နဲ့ ပြဿနာ တစ်စုံတစ်ရာ မတက်ရလေအောင် လာရောက် ဆွေးနွေးနေတာလို့ ပြည်ပအကဲခတ်တွေက ပြောနေကြပါတယ်။ ဘာကြောင့် အခုအခြေအနေမျိုးမှာမှ တိုင်းရင်းသား အပစ်ရပ်အဖွဲ့တွေနဲ့ လာတွေ့ဆုံရတာလဲလို့ မွန်ပြည်သစ်ပါတီအနေနဲ့ ထင်ပါသလဲ။

နိုင်အောင်မငေး - အခုတွေ့ဆုံတဲ့ပုံစံက တကယ့်ထူးထူးခြားခြားလို့ ဆိုရမှာဘဲ၊ ကာလအခြေအနေနဲ့လည်း ထူးထူးခြား ခြား ရှိပါတယ်။ ဒီစက်တာဘာလ ဆန္ဒပြမှုအပြီးရယ်၊ အမျိုးသားညီလာခံရဲ့ဆွေးနွေးမှုအပြီးရယ်ပေါ့၊ ကျနော်တို့ဘက်က ပြင်ဆင်မှုအနေနဲ့က တိုင်းရင်းသားပြည်သူတွေရဲ့အခွင့်အရေးတွေ၊ ပြည်သူတွေကောင်းစားဖို့အတွက် မျှော်လင့်ပြီးတော့ ကျနော်တို့က (၉၅)ခုနှစ်ကတည်းက အပစ်အခတ်ရပ်စခဲ့တာပါ၊ ကျနော်တို့အနေနဲ့က နိုင်ငံရေးကို နိုင်ငံရေးနည်းအရဘဲ တွန်းအားပေးသွားမှာပါ။ ဒီceasefire ကို အကြောင်းမဲ့ ကျနော်တို့ဘက်က ဖောက်ဖျက်ဖို့ မရည်ရွယ်ပါဘူး။


Kaowao - နအဖ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်လက်ပြီး တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်သွားမယ်လို့ ပြောပါ တယ်။ မွန်ပြည်သစ်ပါတီက ဒီဆွေးနွေးပွဲကို ဘာကြောင့်ကြိုဆိုတာလဲ။ အကောင်းဘက်ကို ဆောင်လာနိုင်တဲ့ဆွေးနွေးပွဲ လို့ ထင်ပါသလား?

နိုင်အောင်မငေး - တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့ဆန္ဒကိုကတည်းက ကျနော်တို့မွန်ပြည်သစ်ပါတီက ကြိုဆိုပါတယ်၊ တွေ့ ဆုံဆွေးနွေးရေးအမြင်ပေါနော်၊ ဒါပေမဲ့ ဒီတွေ့ဆုံဆွေးနွေးရေးလုပ်ဖို့အတွက်ကို ဒီအကန့်အသတ်တွေ ထားထားတာ မသင့်လျော်ဘူး၊ မဖြစ်သင့်ဘူး၊ ဒီအကန့်အသတ်တွေ ထားထားခြင်းအားဖြင့် ဒီတွေ့ဆုံဆွေးနွေးရေးကို အဟန့်အတား အများကြီးဖြစ်စေတယ်၊ ဒီတွေ့ဆုံဆွေးနွေးပွဲ မဖြစ်အောင်ကို နအဖဘက်က တမင်တကာ လုပ်ထားသလို ဖြစ်နေတယ်၊ တကယ်လို့များ တကယ့်စေတနာမှန်မှန်နဲ့ တွေ့ဆုံဆွေးနွေးပွဲလုပ်မယ်၊ ဒီအကန့်အသတ်တွေကြောင့် တွေ့ဆုံဆွေးနွေးပွဲ အထမမြောက်နိုင်ဘူး ဆိုပြီးတော့လည်း စိုးရိမ်စိတ်တွေ မထားသင့်ပါဘူး၊ ဒါ့ကြောင့် ဒီတွေ့ဆုံဆွေးနွေးပွဲကို ဘယ် လောက်လက်တွေ့ကျကျလုပ်မလဲ ဆိုတဲ့အပေါ်မှာဘဲ အရေးကြီးပါတယ်။

Kaowao - နအဖ နဲ့ ဒေါ်စုတို့ တွေ့ဆုံဆွေးနွေးတဲ့အပေါ်မှာ တိုင်းရင်းသား အပစ်ရပ်အဖွဲ့တစ်ဖွဲ့အနေနဲ့ ဘာများ မျော်လင့်နိုင်ပါသလဲ?

နိုင်အောင်မငေး - တွေ့ဆုံဆွေးနွေးပွဲကတော့ တကယ့်လုပ်သင့်လုပ်ထိုက်တဲ့အခြေအနေ၊ အချိန်အခါက ပေးလာ ပြီးလေ၊ ဒါကြောင့် တွေ့ဆုံဆွေးနွေးပွဲကို အမြန်ဆုံးလုပ်သင့်နေပါပြီ၊ ပြည်သူလူထုတို့ရဲ့ဆန္ဒ၊ နိုင်ငံတကာကတောင်းဆိုလာ မှုကိုလည်း လေးစားခြင်းအားဖြင့် လုပ်သင့်ပါပြီ၊ အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး ကောင်းမွန်တဲ့အဖြေတစ်ခုကို ရှာသင့် ပါတယ်၊

Kaowao - နအဖက သူတို့ရဲ့လမ်းပြမြေပုံ(၇)ချက်အတိုင်း သွားမယ်လို့ လာအို နဲ့ ဗီယက်နမ်နိုင်ငံက ပြန်လာတဲ့ နအဖဝန်ကြီးချုပ် သိန်းစိန်ကလဲ သတင်းစာမှာ ပြောနေတယ်။ တဖက်ကလဲ ဆက်ဆံရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစု ကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်နေတယ်ဆိုတော့ အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေ အနေနဲ့ရော မိမိတို့ရဲ့ပြတ် သားတဲ့ခံယူချက်၊ ယုံကြည်ချက်တစ်ခုခုနဲ့ ဒီအချိန်မှာ မရပ်တည်သင့်ဘူးလား?

နိုင်အောင်မငေး - ကျနော်တို့မွန်ပြည်သစ်ပါတီအနေနဲ့ ဒီတွေ့ဆုံဆွေးနွေးပွဲ လုပ်ဖို့ ကျနော်တို့အမြဲတမ်း ပြောနေ၊ တောင်းဆိုနေတဲ့အရာတစ်ခုပါ၊ ဒါက ကျနော်တို့ရဲ့ နိုင်ငံရေးဦးတည်ချက်မှာလည်း ထည့်ထားတယ်၊ အဖြေရှာဖို့ ဒီတွေ့ဆုံ ဆွေးနွေးရေးထက် ကောင်းတဲ့နည်းလမ်းလည်း မရှိပါဘူး၊ တကယ်လို့များ နအဖဘက်က ဒီလမ်းပြမြေပုံအတိုင်း သွားမယ် ဆိုရင် ကောင်းမွန်တဲ့အဖြေရလာဒ်တစ်ခု ပေါ်လာမှာမဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလမ်းပြမြေပုံအတိုင်း သွားမယ် ဆိုရင် ပြည်သူ့ကိုယ်စားလှယ်များရဲ့ပါဝင်မှုအခန်းကဏ္ဍကိုလည်း လျစ်လျူရှုထားသလို ဖြစ်နေတယ်၊ တိုင်းရင်းသားတို့ရဲ့ အခန်းကဏ္ဍကိုလည်း လျစ်လျူရှုထားရာရောက်နေတယ်၊ (၅/၉၆)ကို ကြည့်ခြင်းအားဖြင့်လည်း လူထုရဲ့ ပါဝင်မှုအခန်း ကဏ္ဍကိုလည်း အကန့်အသတ်ထားထားတယ်၊ နောက်ပြီး ဆွေးနွေးပွဲရလာဒ်ကို ကျနော်တို့ကြည့်ခြင်းအားဖြင့် ဓမ္မဓိဌာန် မကျပါဘူး၊ ဒီလမ်းပြမြေပုံအတိုင်း သွားနေမယ်ဆိုရင် တိုင်းပြည်ကောင်းစားဖို့အတွက်၊ ဖွံ့ဖြိုးသာယာတဲ့နိုင်ငံတစ်ခု တည် ထောင်ဖို့အတွက် ဒါဟာကောင်းတဲ့ရလာဒ်တစ်ခု မဟုတ်ပါဘူး၊ ဒါကြောင့် ကျနော်တို့အနေနဲ့ကလည်း ပြတ်ပြတ်သားသား ပါဘဲ၊ တွေ့ဆုံဆွေးနွေးပွဲကို လုပ်ပါ၊ ဒီတွေ့ဆုံဆွေးနွေးရေးကနေဘဲ သုံးပွင့်ဆိုင်ဆွေးနွေးရေးဖြစ်လာအောင် လုပ်ကြပါ၊ ကျနော်တို့က အမျိုးသားညီလာခံမှာကတည်းက အပြုသဘောဆောင်မဲ့ကောင်းတဲ့ရလာဒ် ထွက်လာမှာမဟုတ်လို့ ညီလာ ခံကိုယ်စားလှယ် စေလွှတ်နေတဲ့အဆင့်ကနေ လေ့လာသူအဆင့်ဘဲ တက်ရောက်တာလည်း ကျနော်တို့က ပြတ်ပြတ် သားသား လုပ်ခဲ့ပြီးပြီပေါ့၊


Kaowao - ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍ ပါဝင်မှုကို လျှော့ကျပြီး ကိုယ်ပြည်တွင်းရေးကို ဖြေရှင်းဖို့ နအဖက အားထုတ်လာတဲ့အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

နိုင်အောင်မငေး - နအဖအနေနဲ့ အခုအချိန်မှာမှ ကုလသမဂ္ဂရဲ့ပါဝင်မှုကို လျှော့ချပြီတော့ အဖြေရှာဖို့ကြိုးစားလာတာ လည်း မသင့်လျော်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နိုင်ငံအနေနဲ့ ဒီဂလိုဘယ်လိုက်စေးရှင်းခေတ်ထဲမှာ ဒီလိုအထီး ကျန်ပုံစံမျိုး နေလို့မသင့်တော့ပါဘူး၊ အခြားနိုင်ငံတို့နဲ့ဆက်စပ်ပြီးတော့ နေရမယ်၊ ဒါကြောင့် ကျနော်တို့နိုင်ငံမှာ တစ်နေ့ ထက်တစ်နေ့ အခက်အခဲတွေ ကျန်းမားရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးမှအစ ကပ်ဘေးဒုက္ခအများကြီးနဲ့ ကြုံတွေ့ လာတဲ့အခါကျရင် ကျနော်တို့ကို မပြစ်ပယ်ဘဲ ဖေးမကူညီကြဖို့၊ ဆွဲခေါ်ဖို့၊ ဝိုင်းဝန်းဖြေရှင်းပေးဖို့ အလွန်အရေးကြီးပါတယ်၊ ဒါကြောင့် ကျနော်တို့က အထီးကျန်စွာ မနေဘဲ နိုင်ငံတကာအလယ်ရဲ့အားပေးကူညီမှုတွေ၊ စာနာမှုကိုလည်း အလေး အနက်ထားသင့်ပါတယ်၊ ကုလသမဂ္ဂရဲ့အဆုံးအဖြတ်အတိုင်း၊ ဒီယူအန်အက်စ်စီရဲ့အကြံပြုချက်အတိုင်း သုံးပွင့်ဆိုင်ဆွေး နွေးရေးဟာ အကောင်းဆုံးဖြစ်ပါတယ်၊ နိုင်ငံတကာရဲ့လမ်းညွှန်မှုအတိုင်း ကျနော်တို့ တိတိကျကျ သွားသင့်ပါတယ်၊

Kaowao - ဒေါ်အောင်ဆန်းစုကြည်ရဲ့ကြေငြာချက်မှာ တိုင်းရင်းသားတို့ရဲ့အခန်းကဏ္ဍကိုလဲ အလေးအနက်ထား ကြောင်း ဖော်ပြထားတယ်။ ဒီနအဖရဲ့ကန့်သတ်ချက်ကြားများ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်ရောက်ဖို့ ဒေါ်စု အနေနဲ့ စွမ်းဆောင်နိုင်ပါ့မလား?

နိုင်အောင်မငေး - ဒါကတော့ နအဖရဲ့သဘောထားအမြင်အပေါ်မှာဘဲ မူတည်ပါတယ်၊ သူတို့က Dialogue ဖြစ်ဖို့အခြေ အနေ၊ ဖြစ်စေချင်တဲ့ဆန္ဒ၊ ဖြစ်စေချင်တဲ့ဆန္ဒအပေါ်မှာဘဲ မူတည်ပါတယ်၊ Dialogue ဖြစ်စေချင်တဲ့ဆန္ဒစေတနာက မမှန် ကန်ဘူးဆိုရင်၊ Dialogue ဆိုတဲ့စကားလုံးနဲ့အမည်ခံပြီးတော့ တခြားလုပ်ငန်းတွေဘဲဆက်လုပ်သွားနေမယ်ဆိုရင် ဒါက သမိုင်းစာမျက်နှာအထက်မှာရော ရာဇဝင်ဆိုးတစ်ခု တွင်သွားပါလိမ့်မယ်၊ ဒါကြောင့် ဒီDialogue ကို အခြေပြုပြီးတော့ လှည့်စားမှု မပြုကြပါနဲ့၊ စေတနာမှန်မှန်ကန်ကန်နဲ့ ပြည်သူတို့ရဲ့အကျိုး၊ တိုင်းပြည်ရဲ့အကျိုး မနစ်နာစေဖို့ အထူးရှေ့ရှုပြီး တော့ ဒီတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းအတိုင်း သွားသင့်ပါတယ်။


Kaowao - အခြားဘဝတူတိုင်းရင်းသားအဖွဲ့အစည်းတွေကိုရော ဘာများတိုက်တွန်းချင်တာရှိပါသလဲ?

နိုင်အောင်မငေး - ကိုယ့်ပြည်သူတွေရဲ့စစ်မှန်တဲ့အကျိုးကိုဘဲ ကြည့်ကြပါ၊ မှန်မှန်ကန်ကန် ရပ်တည်ကြပါ၊ တိုင်းပြည်အကျိုးအတွက်ဆိုရင် အားပေးကူညီကြပါ၊



မှတ်ချက်။ ။Kaowao သတင်းဌာနမှ တာဝန်ခံအယ်ဒီတာ Asohn Vi တွေ့ဆုံမေးမြန်းသည်။

Labels:

posted by မြင့်ဇေ @ 9:00 PM   0 comments
နှင်းစိမ်းများ
Tuesday, November 13, 2007

နှင်းစိမ်းများ

တုန်လှုပ်ဖွယ်

ငြိမ်ဆိတ်နေတဲ့ ငါမြို့လေး

တံခါးကိုလှပ်ကြည့်တော့

ဘ၀ရှိပေမယ့်

ဘ၀မဲ့နေတဲ့ အိုးအိမ်တွေ

အထီးကျန် အမှောင်တိုက်ထဲ

နစ်ခဲပျော်ဝင်လို့။

သွေးညှီနံ့ ရောယှက်လေက

နေရာအနှံ့

ဟူးဟူးရားရား တောက်လောင်နေတယ်

ယုံကြည်ကိုးကွယ်ရာများ

အလေးအမြတ်ပြုရာများ

ပြိုလဲ

အဖြိုလှဲခံခဲ့ရပေါ့။

နှင်းက တသက်လုံး

အစိမ်းလိုက် ကျနေတော့မှာလား

နွေဦး ကို ဖူးဖို့

အလွမ်းတွေကို

သိုသိုသိပ်သိပ် တူးဆွပျိုးခဲ့ရာ

နှစ်ပရိစ္ဆေဒများ။

မှော်ရုံတောက

တခဲနက် တိတ်ဆိတ်

အရိပ်များရဲ့ အော်သံများ

ဆာလောင်မှုများ

ပျောက်ကွယ်နေဆဲ အာရုဏ်ဦးများ။

ခေတ်ကိုက

ဆောင်းမီးဖိုနဲ့

မလုံခြုံတော့ဘူး

ဟော့ဒီ ရာသီပြောင်းချိန်မှာ။

posted by မြင့်ဇေ @ 1:15 AM   0 comments
ကျနော်နှင့် လွဲခဲ့သော ချစ်ခြင်းမေတ္တာများ (၁)
Monday, November 12, 2007

ပေါ့ပေါ့ပါးပါးအကြောင်းအရာတွေဘဲ ရေးဖြစ်တယ် ဆိုပေမယ့် တဘ၀လုံး လောင်မြိုက်နေမယ့် ဗျာပါဒ တွေပါ၊

ကျနော်နှင့် လွဲခဲ့သော ချစ်ခြင်းမေတ္တာများ (၁)

အဖွားလေး… ဟုတ်တယ်။ ကျနော် ချစ်ခဲ့ရသော ကယန်းမလေးကို ဒီတိုင်းဘဲ ခေါ်ခဲ့တယ်။ အဲဒီတုန်းက ကျနော်က အသက် ၂၂ နှစ်။ စတွေ့ခဲ့အချိန်မှာ သူက ရှိလှ ၁၅နှစ်ရယ်…သူနေတဲ့ ရွာက အောက်ကယန်းလို့ ခေါ်တဲ့ လိပ်သိုနဲ့ နီးတဲ့ ကြေးကတော့ရွာမ။ စတွေ့ပုံက သိပ်မထူးဆန်းလှပါဘူး။ ကျနော်က ဆေးမှူး… ရွာရောက်ရင် အဖျားအနာရှိတဲ့လူတွေက လာလာခေါ်တယ်။ အဲဒီထဲမှာ သူလည်း ပါတယ်။ သူမောင်လေး ဖျားနေလို့ လိုက်ကြည့်ပေးပါ လာပြောတာ။ အဲဒီ စတွေ့တဲ့အချိန်က အမှတ်မဲ့ရယ်။ နောက်ပိုင်းပြန်တွေ့တော့ အဲဒီ ကျနော်ကုခဲ့တဲ့ သူ့မောင်လေးက ဆုံးသွားတယ် ပြောတယ်။

အဖွားလေးလို့ စခေါ်ဖြစ်ခဲ့တာ အဲဒီရွာမှာ နေတာကြာသွားပြီး နာမည်ပြောင်တွေ ပေးဖြစ်ခဲ့တာက စတာ။ နောက် ချစ်သူတွေဖြစ်သွားတော့လည်း သူ့ကို အဲဒီလိုဘဲ ခေါ်ခဲ့မိတယ်။ ရွာက လူတွေတောင် အဲဒီနာမည်ကိုဘဲ သူ့ကို ခေါ်တယ်။ အဲဒါနဲ့ နောက်လေးနှစ်လောက်ဝေးသွားရော။ ပြန်တွေ့တဲ့အချိန်မှာ သူက အတောင်အခက် စုံနေပြီ။ ကျနော်က ၂၆ နှစ်။ ချစ်တဲ့အကြောင်းပြောဖြစ်တယ်။

မပြောခင်ကတည်းက သူက ရိပ်မိနေသလိုပဲ။ ကျနော်က အဲဒီအချိန် တွဲဘက်အလကမှာ ကျောင်းဆရာ ၀င်လုပ်တယ်။ လိုအပ်ရင်တော့ ဆေးကုပေါ့။ တရက် သူ့ညီမလေး တယောက် တောင်ယာတဲမှာ အပျင်းဖျားတယ်ဆိုပြီး သူလာပြောတယ်။ လိုက်ကု ပေးဖို့ပေါ့။ကျနော်ကလည်း ဖိုးတက်ကြွဖြစ်ပြီးလိုက် သွားတယ်။ အဲဒီအချိန်က စပါးရိတ်ချိန်ကြီးရယ်။ ဆေးကုပြီး ကျနော် တညအိပ်တယ်။ နောက်နေ့မနက် ကပ်ပြီးခွေနေချင်သေးတာနဲ့ စပါးဝိုင်းရိတ်မယ် ပြောမိတယ်။ သူ့အဖေရော အမေရော သူကပါ တားကြတယ်။ မရပါဘူး။ ချစ်ခြင်းတရားက လက်တွေ့ဘ၀ကို မေ့စေတယ် မဟုတ်လား။

နောက်ပိုးပလိုင်းတလုံးလွယ်ပြီး တံစဉ် တချောင်းယူတက်ခဲ့တော့ မနက် ၆ နာရီ… ။ ဆောင်းကာလဆိုတော့ မှုန်မှုန်မှိုင်းမှိုင်း…။ အဲဒီမှာ စပါးရိတ်တဲ့နည်းက ကျနော်တို့ မြေပြန့်နည်းနဲ့မတူဘူး။ ကောက်လှိုင်းတွေရိတ်တာ မဟုတ်ဘဲ ကောက်နှံတွေဘဲရိတ်တာ။ တံစဉ်ကို ညာလက်က ကိုင် ပြီးရင် ဘယ်လက်နဲ့ ကောက်နှံစကို ထိန်း ပြီးရိတ်။ လက်မှာညှပ်. ညှပ်ထားတဲ့ ကောက်နှံတွေပြည့်ပြီဆိုရင် နောက်ပိုးပလိုင်းထဲထည့်။ လက်မြဲမှ ရတယ်။ မမြဲရင် ကောက်နှံတွေက ပြုတ်ကျတယ်။ ကျနော်ရိတ်တဲ့နောက် တလျှောက်မှာ ကောက်နှံတွေ ကျတာက နည်းတာမဟုတ်ဘူး။ တခုကောင်းတာက အဲ့ဒီရိတ်နည်းက အားလုံးပြီးသွားရင် ကိုယ့်စပါး ဘယ်လောက် ထွက်မလဲ ဆိုတာ မှန်းလို့ရတာပါဘဲ။ သူတို့ရဲ့ ရိတ်ချက်ကတော့ ကမ်းကုန် လမ်းကုန်ဘဲ။ မနက် ၆ နာရီက စရိတ်တဲ့ အရိတ်က မွန်းလွဲ ၁ နာရီခွဲလောက်မှ နားတယ်။ ထမင်းစားတော့ ကျနော်က ဟိုက်နေပြီ။ ဒါကိုလည်း အရိပ်အခြေသိပြီး ကျနော့်ကို မရိတ်ပါနဲ့လို့ သူက ပြောတယ်။ ဟန်တောင် ဆောင်မနေတော့ပါဘူး။ နားလိုက်ပါတယ်။ သူတို့ကတော့ ထမင်းစားသောက်ပြီး ဆက်ရိတ်တယ်။

ထားပါတော့ … တိုတိုဆိုရရင် ချစ်သူတွေဖြစ်သွားကြတယ်။ သူ့အဖေအမေကလည်း သိတယ်။ တရွာလုံး လည်း သိတယ်။ ကျနော်တို့ ဇာတ်လမ်းကို။ မသိသေးတဲ့ ဇာတ်ကောင်တယောက်ရှိသေးတယ်။ သူက ရိုမန်ကက်သလစ်ဘုန်းတော်ကြီး။ ကျနော့် ချစ်လှစွာသော အဖွားလေးရဲ့ မွေးစားဖခင်။ ကျနော်တို့ ဇာတ်လမ်းစတင်ချိန်မှာ သူက နိုင်ငံခြားတိုင်းပြည်တခုကို ရောက်နေခဲ့တယ်။ သူမလာခင်ယူဘို့လည်း ရွာသားများက တိုက်တွန်းကြတယ်။ စိုးရိမ်တဲ့သဘောနဲ့ပေါ့။ နောက် အဲဒီ ဒေသတွေက ဆေးမှူးတွေ ကျောင်းဆရာတွေ အရှားသားမဟုတ်လား။

ချစ်သူတွေဖြစ်ပြီးတဲ့ အချိန်မှာ ကျနော့်ကို သူက ဆိုလာတယ်။ ကျနော်က မြို့သားဆိုတော့ တောင်ယာ လယ်လုပ် လုပ်ငန်းတွေကို လုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ အမြင်နဲ့ပါ။ ဘာလဲဆိုတော့ `ကျမတို့က လေကိုစားပြီး အသက်ရှင်လို့ ရတာမဟုတ်ဘူး´ ကျနော်တော်တော်အံ့သြသွားတယ်။ အမှန်တော့ သူက သေစာရှင်စာတောင်နည်းနည်းဘဲ တတ်သူပါ။ ဒီစကားဟာ ယောက်ျားတယောက်ရဲ့ မာနကို တွန်းဖြိုလိုက်သလိုဖြစ်သွားတာကို သူ သတိမထားမိဘူး ထင်ပါရဲ့။ အဲဒီဒေသကလည်း တောင်ယာဆိုတာ အဓိက ၀မ်းစာရှာဖွေရေးအလုပ်ဆိုတော့ တဘက်ကလည်း သူပြောတာကို နားလည်ပါတယ်။

အဲဒါနဲ့ ရွာလူကြီးတွေကို ဆွေးနွေးပြီး ဒီနှစ် တောင်ယာခုတ်ရာသီကျရင် ကျနော့်အတွက် အခင်းသေးတခု စီစဉ်ပေးပါလို့ ပြောရတယ်။ ကိုယ်လည်း တောင်ယာခုတ်တာတော့ လုပ်နိုင်ပါတယ် ဆိုတဲ့ မာနနဲ့။

ဆက်ရန်…..

posted by မြင့်ဇေ @ 10:40 PM   1 comments
အောင်ဝေး စစ်တမ်း
Tuesday, November 6, 2007

အောင်ဝေး စစ်တမ်း


(တနှစ်အတွင်း အနိုင်တိုက်ရေး၊ အာဏာသိမ်းပိုက်ရေး လမ်းစဉ်)
အောင်ဝေး (ခေတ္တ ပုန်းခိုကျင်း တနေရာ)

နိဒါန်း


ဤစစ်တမ်းသည် မြန်မာ့ဒီမိုကရေစီ တော်လှန်ရေးအတွက် တိုက်ပွဲဝင် ကဗျာဆရာတဦး၏ အကြံပြုစစ်တမ်း ဖြစ်သည်။ ဤစာတမ်းတွင် ကာယကံရှင်က သူ၏ ပုဂ္ဂလိက အမြင်ကို ဓမ္မဓိဌာန်ကျကျ ကြိုးစား တင်ပြထားပါသည်။ ထို့ကြောင့် တဦးချင်း သဘော သက်ဝင်နေသဖြင့် ဤအကြံပြု စာတမ်းကို ကာယကံရှင်၏ အမည်နှင့် တွဲလျက် “အောင်ဝေး စစ်တမ်း” ဟု အမည်ပေးပါသည်။ ခေါင်းစဉ်ငယ်အဖြစ် “တနှစ်အတွင်း အနိုင်တိုက်ရေး၊ အာဏာသိမ်းပိုက်ရေးလမ်းစဉ်” ဟု ဖော်ပြထားပါသည်။ ယင်း ခေါင်းစဉ်ငယ်မှာ ဤစစ်တမ်း၏ ရည်ရွယ်ချက် အဓိပ္ပါယ်အချုပ်ဖြစ်သည်။

၁။ ဘာကြောင့် တနှစ်အတွင်း အနိုင်တိုက်ရေး၊ အာဏာသိမ်းပိုက်ရေးလဲ။

ယနေ့ မြန်မာ့နိုင်ငံရေး သမိုင်းလက်တွေ့ အခြေအနေများအရ မြန်မာပြည်သူ လူထုကြီးသည် မဆလ စစ်အစိုးရ (၂၆)နှစ်တာ အုပ်စိုးမှုကို ဖြုတ်ချသည့် ပထမ ဒီမိုကရေစီ တော်လှန်ရေးကို ၁၉၈၈ ခုနှစ်တွင် ဆင်နွှဲခဲ့သည်။ ထိုစဉ်က Students-led ကျောင်းသားများ ဦးဆောင် အသေခံ တိုက်ယူ၍ ရခဲ့သော အောင်ပွဲ အပေါ်တွင် အမြတ်ထုတ် အာဏာ သိမ်းသွားခဲ့သည့် စစ်တပ်အစိုးရ န၀တ/နအဖ၏ (၁၉)နှစ်တာ ဖိနှိပ်အုပ်ချုပ်မှုကို အန်တုပြီး မြန်မာပြည်သူ လူထုကြီးသည် ဒုတိယ ဒီမိုကရေစီ တော်လှန်ရေးကို ၂၀၀၇ခုနှစ် မကြာသေးခင် ရက်များက ဆင်နွှဲခဲ့သည်။ ယခု ထို Sanghas-led သံဃာတော်များ ဦးဆောင် အသေခံ တိုက်ယူ၍ ရခဲ့သော အောင်ပွဲ အပေါ်တွင် နအဖ စစ်အစိုးရက ထပ်မံ အမြတ်ထုတ် နေပြန်ပြီ ဖြစ်သည်။

ဘယ်လို အမြတ်ထုတ် နေသလဲ။
ရှင်းပါသည်။ ယခု ဒုတိယ လူထုတိုက်ပွဲကို မလွန်ဆန် မခုခံနိုင် တော့သော နအဖ စစ်ခေါင်းဆောင်များသည် ဒီမိုကရေစီ ခေါင်းဆောင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေးကို သွေးရူးသွေးတန်း အပူတပြင်း လုပ်ဆောင်လာပါသည်။ ယင်းသို့ တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာဖို့ သံဃာတော်များ၊ ကျောင်းသားများ၊ ပြည်သူများက လူထုတပ်ပေါင်းစုကြီးဖွဲ့ပြီး တခဲနက် တောင်းဆို ဆန္ဒပြခဲ့ခြင်းပဲ မဟုတ်ပါသလော။ ဤကဲ့သို့ နအဖ စစ်အုပ်စုကို တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းပေါ်သို့ မတက်မဖြစ် တက်ရတော့သည့် အခြေအနေသို့ ရောက်အောင် တိုက်ရိုက်ဖိအား ပေးနိုင်ခဲ့ခြင်းမှာ ယခု ၂၀၀၇ ဒုတိယ လူထုတိုက်ပွဲ၏ အကြီးအကျယ်ဆုံး အောင်မြင်မှု ဖြစ်သည်။ သို့ရာတွင် နအဖ စစ်အစိုးရသည် ကောက်ကျစ်ယုတ်မာ လှည့်ဖြားတတ်သည့် ဖက်ဆစ်ညာဉ်အတိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရေးကို ဗန်းပြပြီး အာဏာကို ရေရှည် ထိန်းချုပ်သွားနိုင်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။ ဤအချက်မှာ မြန်မာ့ဒီမိုကရေစီ တော်လှန်ရေး အောင်ပွဲခံရေးနှင့် စစ်အာဏာရှင်စနစ် အမြတ်ပြတ် ချေမှုန်းနိုင်ရေးအတွက် အလွန် အရေးကြီး လက်ငင်းကျသော အချက်ဖြစ်သည်။

ထို့ကြောင့် မြန်မာပြည်သူလူထုကြီး အနေဖြင့် စစ်အုပ်စု အလိုကျ “အတုအယောင် တွေ့ဆုံဆွေးနွေးရေး” ကို ငေးမောမျှော်လင့် ယုံစားမနေကြဘဲ မိမိတို့၏ တိုက်ပွဲ အရှိန်အဟုန်ကို အပြင်းအထန် မြှင့်တင်ကာ အချိန်အတို တောင်းဆုံးအတွင်း အမြန်ဆုံး အနိုင်တိုက်ပြီး အမြန်ဆုံး ပြည်သူ့အာဏာကို သိမ်းပိုက် ကြရတော့မည် ဖြစ်သည်။

၂။ ဘယ်လို အနိုင်တိုက်မလဲ၊ ဘယ်လို အာဏာသိမ်းပိုက်မလဲ။

မြန်မာပြည်သူ လူထုကြီးအဖို့ ယခုအခါ ပွဲသိမ်း ဆင်နွှဲကြရမည့် တနည်း “တတိယနှင့် နောက်ဆုံး” ဒီမိုကရေစီ တော်လှန်ရေးဖြစ်သည့် ဤတိုက်ပွဲတွင် အဓိကအားဖြင့် ရှောင်ရန်နှင့် ဆောင်ရန်များကို ဦးစွာသိထားရန် လိုပေ သည်။
ရှောင်ရန်အချက်(၂)ရပ်ရှိသည်။ ပထမအချက်မှာ အကြမ်းမဖက်ရေး (Non-violence) မူကို အသေဆုပ်ကိုင်ထားခြင်းနှင့် ဒုတိယ အချက် မှာ စေ့စပ်ကြေအေးရေး (Compromise)မူတို့ ဖြစ်သည်။

ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သည့် သံဃာတော်များ၏ ဆုတောင်း မေတ္တာပို့သည့် အကြမ်းမဖက်နည်းမှာ နအဖ စစ်အုပ်စု၏ အကြမ်းဖက် ချေမှုန်းမှုကို ခံခဲ့ရသည်မှာ လူတိုင်း အသိပင် ဖြစ်သည်။ ရှေ့ဆက် တိုက်ရမည့် တိုက်ပွဲ စဉ်များတွင် မြန်မာပြည်သူ လူထုသည် အကြမ်းမဖက်ရေးမူကိုပဲ ဆက်လက် စွဲကိုင်နေဦးမည်၊
တနည်း မေတ္တာလက်နက်ဖြင့်သာ ရင်ဆိုင်နေဦးမည်ဆိုလျှင် လူသတ်သမား ရှေ့မှောက်မှာ လည်စင်းခံပေးသလို ဖြစ်နေပေတော့မည်။ ဤသို့ကား ဘယ်နည်းနှင့်မှ အဖြစ်မခံ နိုင်တော့ပါ။ (ထိုသို့ မဟုတ်ဘဲ အကြမ်းမဖက်ရေး လမ်းစဉ်ကိုသာ အသေဆုပ်ကိုင် တိုက်ပွဲဝင်ရမည်ဆိုလျှင် ထိုသို့ ယုံကြည်သူများ ရှေ့ဆုံးမှ ဦးဆောင်ချီတက်ပြီး ပိုးစက်ပက်စက် အသေခံကြမှ ဖြစ်ပါလိမ့် မည်။)

ဒီမိုကရေစီ တောင်းဆိုနေသော ဆန္ဒပြသမားတိုင်းတွင် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် ရှိသည်ဟု ယူဆပါ သည်။ အမှန်က ဥပဒေဘောင် အတွင်းတွင် ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုနေသော ပုဂ္ဂိုလ် တဦးတယောက်၏ အသက်အန္တရာယ်နှင့် လုံခြုံမှုအတွက် ဥပဒေက အကာအကွယ် ပေးရမည်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ မရှိသဖြင့် ထိုဥပဒေ မရှိပါ။

ထို့ကြောင့် ဆန္ဒပြသမားများသည် မိမိကိုယ်ကို မိမိသာ ခုခံကာကွယ် ရတော့မည် ဖြစ်သည်။ “သေ-နာ တ၀၊ မုဒိန်း စသည်၊ ရာဂ ပြေအောင်၊ လူသွေးဆောင်၊ သေအောင် ခုခံခွင့်” ဟူ၍ ရာဇ၀တ် ဥပဒေမှာ အခိုင်အမာ ဖော်ပြထားပါသည်။ ထိုအခါ ဆန္ဒပြသမားတိုင်းသည် စစ်တပ်က အကြမ်းဖက်နှိမ်နင်း ဖြိုခွဲလာမှုအပေါ် ခုခံကာကွယ်ရန် လိုအပ်လာပါက တိုက်ပွဲ၏ ဦးတည်ချက်ကို မထိခိုက်စေသောနည်းဖြင့် ပြန်လည် အကြမ်းဖက် ရင်ဆိုင် တုံ့ပြန်နိုင်ရမည် ဖြစ်သည်။

ဒုတိယအချက်ဖြစ်သည့် စေ့စပ်ကြေအေးရေးမူမှာ ရန်သူကို ဒူးထောက် အရှုံးပေးသော မူဖြစ်သဖြင့် ဤသစ္စာ ဖောက်ရေးမူကို အထူးပင် ရှောင်ကြဉ်ရန် လိုအပ်ပေသည်။ ရန်သူက အတုအယောင် အခွင့်အရေး၊ အနည်းငယ် မဖြစ်စလောက်ကလေး ပေးလိုက်ရုံနှင့် အချို့နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများသည် ရန်သူနှင့် ပူးပေါင်းသွားပြီး ပြည်သူလူထုအပေါ် သစ္စာဖောက်ခဲ့သည့် အစဉ်အလာဆိုးများ မြန်မာ့သမိုင်းတွင် ရှိခဲ့ဖူးပါသည်။ ဥပဒေတွင်း မြေပေါ်တိုက်ပွဲတွင် ကျောရိုးပျော့သူများ ဖြစ်လေ့ဖြစ်ထရှိသည့် ရောဂါဖြစ်သည်။

သို့ဖြစ်ရာ ဤရှောင်ရန်ရှိသည့် အချက်နှစ်ချက်ကို ဒီမိုကရေစီ တောင်းဆိုနေသော ဆန္ဒပြသမား မည်သူမဆို ခေါင်းဆောင်ဖြစ်စေ၊ နောက်လိုက်ဖြစ်စေ အားလုံးက သတိကြီးကြီးထားပြီး ရှောင်ကြဉ်သွားရန် လိုပါသည်။

ယခု မြန်မာပြည်သူလူထုကြီး ဆင်နွှဲနေသော အရေးတော်ပုံမှာ သာမန် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲ အဆင့်မျိုး မဟုတ်တော့ပါ။ ယခု မိမိတို့ ဆင်နွှဲနေသည်မှာ (၄၅)နှစ်တာ ဖိနှိပ်အုပ်ချုပ်လာသည့် စစ်အာဏာရှင်စနစ်ကို အပြီးအပိုင် ဖြုတ်ချဖို့ ကြိုးပမ်းသည့် တော်လှန်ရေး (Revolution-Resistance) တရပ်ဖြစ်ကြောင်း သဘော ပေါက်ထားကြလျှင် တော်လှန်ရေးကို တော်လှန်ရေးနှင့် တူအောင် တိုက်ပွဲဝင် သွားကြရမည် မဟုတ်ပါလော။

၃။ တော်လှန်ရေးကို တော်လှန်ရေးနှင့် တူအောင်လုပ်

ယခုတိုက်ပွဲတွင် ဆောင်ရန်ရှိသည့် အချက်များမှာ …
(၁) သားသုံးသား’ ပေါင်းစည်းရေးကို မဖြစ်မနေ ကြိုးပမ်းရန်နှင့်
(၂) လူထုတိုက်ပွဲ အရှိန်အဟုန်မြှင့်သည့် အနေဖြင့် ဥပဒေတွင်း တိုက်ပွဲနှင့် ဥပဒေပ တိုက်ပွဲများ ဆက်စပ်ပေးရန်တို့ ဖြစ် သည်။

၁၉၈၈ ပထမ ဒီမိုကရေစီ တောင်းဆိုမှု တိုက်ပွဲကို ကျောင်းသားများ ဦးဆောင်ခဲ့ကြသည်။ (Students-led)
၂၀၀၇ ဒုတိယ ဒီမိုကရေစီ တောင်းဆိုမှု တိုက်ပွဲကို သံဃာတော်များ ဦးဆောင်ခဲ့ကြသည်။ (Sanghas-led)
ယခု ၂၀၀၈ တတိယနှင့် နောက်ဆုံးတိုက်ပွဲတွင် စစ်သား (တပ်မတော်သား) များ လူထုတိုက်ပွဲထဲ ပူးပေါင်းပါဝင် လာပြီး သူတို့ကိုယ်တိုင်က စစ်အာဏာရှင် ခေါင်းဆောင်များကို အန်တုစိန်ခေါ်သည့် အခြေအနေမျိုး မလွဲမသွေ ဆိုက် ရောက်လာရန် ပြည်သူလူထုကြီးက ဆွဲဆောင်စည်းရုံး သိမ်းသွင်း သွားရမည်ဖြစ်သည်။ ထိုအခါ စစ်သား+ဘုရားသား(သံဃာ)+ကျောင်းသား+“သားသုံးသား” ပေါင်းစည်း ညီညွတ်ပြီး စစ်သားများကပင် လိုအပ်ချက်နှင့် အညီ တိုက်ပွဲကို ဦးဆောင်သွားမည့် Soldiers-led အနေအထားကို မုချဆိုက်ရောက် လာရပေမည်။ ဤအချက်မှာ ဆန္ဒပြသမားများက စိတ်ရှည်ရှည်နှင့် လိမ္မာပါးနပ်စွာ စည်းရုံးလုပ်ဆောင် သွားရမည့် ကိစ္စဖြစ်သည်။

ဒုတိယ ဆောင်ရန် အချက်ဖြစ်သည့် လူထုတိုက်ပွဲ အရှိန်အဟုန်မြှင့်တင်ရေးတွင် အောက်ပါကိစ္စများ
လုပ်ဆောင်ရန် လိုပေသည်။
ပထမဦးစွာ ဥပဒေတွင်းတိုက်ပွဲတွင် မြေပေါ်/မြေအောက် အဖွဲ့အစည်းများ တော်လှန်ရေး ရေချိန်နှင့်အပြိုင် တပြေးညီ ဆက်စပ်ညီညွတ် ပေါင်းစည်းနေဖို့ဖြစ်သည်။
မြေပေါ်တွင် NLD ရှိသည်။ သံဃာတပ်ပေါင်းစုရှိသည်။ ၈၈ မျိုးဆက်၊ ဗကသ၊ တကသ ကျောင်းသားအဖွဲ့များ ရှိသည်။ သုံးရောင်ခြယ်၊ အကြမ်းမဖက်၊ CNG လူငယ်အဖွဲ့များရှိသည်။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ရှိသည်။ တတ်သိပညာရှင်များ ရှိသည်။ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ရှိသည်။ အလုပ်သမား လယ်သမား သမဂ္ဂများရှိသည်။ ဤမြေပေါ် အင်အားစုများ အားလုံး “လူထုဒီမိုကရေစီ မဟာမိတ်များအဖွဲ့” (Mass's Alliances for Democracy) အဖြစ် စုစည်းရပ်တည်ကြရမည်။

မြေပေါ်တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၇)ဖွဲ့လည်း ရှိနေသည်။ ဥပဒေတွင်း တိုက်ပွဲ မြေအောက်တွင် ထွက်ပြေး တိမ်းရှောင်နေရသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အချို့၊ ကျောင်းသား ခေါင်းဆောင်အချို့နှင့် သံဃာ့ ခေါင်းဆောင်အချို့ ရှိသည်။
ယင်းမြေပေါ် မြေအောက် ဥပဒေတွင်းတိုက်ပွဲကို ဥပဒေပတိုက်ပွဲနှင့် ဆက်စပ် ချိတ်တွယ်ပေးရမည်။
ဥပဒေပတိုက်ပွဲတွင် လက်နက်ကိုင် အဖွဲ့အစည်းနှင့် လက်နက်မကိုင်သော အဖွဲ့အစည်းဟူ၍ ရှိသည်။
လက်နက်ကိုင်အဖွဲ့အစည်းတွင် အဓိကအားဖြင့် KNU နှင့် သူ၏တပ် KNLA ရှိသည်။ ABSDF (ကျောင်း သားတပ်မတော်) အပါအ၀င် KNPP က ဦးဆောင်ဖွဲ့စည်းထားသည့် တိုင်းရင်းသား စစ်ရေးမဟာမိတ်အဖွဲ့ ရှိသည်။ (ဤအဖွဲ့တွင် ကရင်နီ၊ ရခိုင်၊ ရှမ်း၊ ချင်း စသည့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစု ၆စု ပါဝင်သည်။)
လက်နက်မကိုင်သော ဥပဒေပ အဖွဲ့အစည်းများအဖြစ် NLD(LA)၊ လူ့ဘောင်သစ်ပါတီ၊ NCUB၊ NCGUB၊ DAB၊ FDB စသည့် ကမ္ဘာအနှံ့ နိုင်ငံရေး အဖွဲ့အစည်းများရှိသည်။

ဥပဒေတွင်း လူထုတိုက်ပွဲ အရှိန်အဟုန် မြင့်လာသည်နှင့်အမျှ နယ်စပ်က၊ ပြည်ပက ဥပဒေပ နိုင်ငံရေး လှုပ် ရှားမှုများကလည်း နိုင်ငံတကာက မြန်မာ့အရေးကို အာရုံစိုက်လာပြီး စစ်အစိုးရကို ဖိအားပေးလာအောင် ကြိုးပမ်း ကြရပါမည်။ ထို့အတူ လက်နက်ကိုင် တိုက်ပွဲကလည်း စစ်ရေး အရှိန်အဟုန်မြ‡င့်ပြီး၊ အကျပ်ရိုက် အရူးမီးဝိုင်း ဖြစ်နေသော ရန်သူကို ဖိအားပေး ချေမှုန်းနိုင်ဖို့ လိုပါသည်။

ဥပဒေတွင်းနှင့် ဥပဒေပ တိုက်ပွဲများ ဆက်စပ်ရေးတွင် အထူးသတိထား ကိုင်တွယ်ရမည့် ကိစ္စမှာ အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီး ဥပဒေတွင်း ရပ်တည်နေသော တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ (၁၇)ဖွဲ့၏ ပြဿနာဖြစ်သည်။ ယင်းအဖွဲ့အစည်းများသည် စစ်အစိုးရနှင့် Gentleman's agreement ရှိထားသဖြင့် သူတို့ အဖွဲ့အစည်းများ အနေနှင့် လမ်းမပေါ်ထွက်ပြီး လူထုနှင့်အတူ လိုက်ပါ ဆန္ဒပြ၍လည်း မဖြစ်၊ တောထဲပြန်ဝင်ပြီး စစ်အစိုးရကို လက်နက်ကိုင် ပြန်တိုက်ခိုက်ဖို့လည်း မဖြစ်သည့် ဘေးကျပ်နံကျပ် အခြေအနေတွင် ရောက်ရှိနေပေသည်။ ဤပြဿနာကို ဒီမိုကရေစီ အင်အားစုများက ညင်သာသိမ်မွေ့စွာ ကိုင်တွယ်ဖြေရှင်း နိုင်ဖို့လိုသည်။ အရေးကြီးသည်မှာ အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက လူထုတိုက်ပွဲအပေါ် သဘောထား တည့်မတ်မှန်ကန် နေဖို့ပင် ဖြစ်ပါသည်။
သို့ဖြစ်၍ တိုက်ပွဲတပွဲ တိုက်မည်ဆိုလျှင် တိုက်ပွဲ၏ သေနင်္ဂဗျူဟာ လိုသည်။ တိုက်ပွဲ၏ နည်းပရိယာယ် လိုသည်။ တနည်း တိုက်ပွဲ၏ ဦးတည်ချက်နှင့် တိုက်ပွဲ၏ ပုံသဏ္ဍာန် ဖြစ်သည်။

၎။ တိုက်ပွဲ ဦးတည်ချက်နှင့် ပုံသဏ္ဍာန်

ပထမဦးစွာ မိမိနှင့် ရန်သူတို့၏ တိုက်ပွဲ အနေအထားကို မှန်ကန်စွာ သုံးသပ်နိုင်ဖို့ လိုသည်။ တိုက်ပွဲတိုင်းတွင် ရန်သူနှင့် မိမိအကြား၌ အနေအထား (၃)ရပ်ရှိသည်။
ပထမ - မိမိဘက်က သေနင်္ဂဗျူဟာ ခံစစ်အနေအထား
ဒုတိယ - မိမိနှင့် ရန်သူ သေနင်္ဂဗျူဟာ တန်းတူရည်တူ အနေအထား
တတိယ - မိမိဘက်က သေနင်္ဂဗျူဟာ ထိုးစစ်အနေအထား

ယခု မြန်မာပြည်သူ လူထုကြီး ရောက်ရှိနေသည့် အနေအထားမှာ မိမိဘက်က သေနင်္ဂဗျူဟာ ထိုးစစ်အနေ အထားဖြစ်သည်။ စစ်အုပ်စု ခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် အပူတပြင်း တွေ့ဆုံဆွေးနွေးဖို့ သွေးရူးသွေးတမ်း လုပ်နေရသည်မှာ နအဖဘက်က သေနင်္ဂဗျူဟာခံစစ်သို့ ကျရောက်သွားခြင်း မဟုတ်ပါလော။

ယခု မိမိတို့ သေနင်္ဂဗျူဟာ ထိုးစစ်အနေအထားမှာ ရောက်နေပြီ။ ဘယ်လို ပွဲသိမ်း သေနင်္ဂဗျူဟာကို ကျင့်သုံးမလဲ။ တနည်း ပွဲသိမ်းတိုက်ပွဲ၏ ဦးတည်ချက်က ဘာလဲ။
အောက်ပါ ကြွေးကြော်သံ (၃)ရပ်သည် တိုက်ပွဲ၏ ဦးတည်ချက် ဖြစ်ရမည်။
(၁) ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး လွှတ်ပေးရေး
(၂) ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီအပါအ၀င် အတိုက်အခံ နိုင်ငံရေးပါတီ အင်အားစုများက တဖက်၊ အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက တဖက်၊ စစ်အစိုးရ ကိုယ်စားလှယ်များက တဖက် ပါဝင်သော သုံးပွင့်ဆိုင် ဆွေးနွေးပွဲ အမြန်ဆုံး ကျင်းပရေး
(၃) ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် ပါဝင်သော ကြားဖြတ်အစိုးရ အမြန်ဆုံး ဖွဲ့စည်းရေး (အတိုကောက် အားဖြင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေး၊ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ကျင်းပရေး၊ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး) ဤကြွေးကြော်သံ (ဦးတည်ချက်) သုံးရပ်သည် တနှစ်အတွင်း အနိုင်တိုက်ရေး၊ အာ ဏာသိမ်းပိုက်ရေး လမ်းစ၏ သေနင်္ဂဗျူဟာ ဖြစ်ရမည်။

သေနင်္ဂဗျူဟာကို နည်းပရိယာယ်များဖြင့် အကောင်အထည် ဖော်ရသည်။ ဘယ်လို နည်းပရိယာယ်လဲ။ တနည်း တိုက်ပွဲ၏ ပုံသဏ္ဍာန်က ဘယ်လိုလဲ။
လူထုတိုက်ပွဲ၏ ပုံသဏ္ဍာန်မှာ ရှင်းပေသည်။
“လူထုဒီမိုကရေစီ မဟာမိတ်များအဖွဲ့” (Mass's Alliances for Democracy)က ဦးဆောင်၍ ဥပမာ - ရွှေတိဂုံဘုရားတွင် သပိတ်စခန်း ဖွင့်မည်။ လမ်းပေါ်ထွက်၍ ငြိမ်းချမ်းစွာ သပိတ်မှောက် စီတန်းလှည့်လည်မည်။ နေပြည်တော် သိမ်းပိုက်ရေး ကြွေးကြော်မည်။
စည်းကမ်းရှိခြင်းသည် တိုက်ပွဲ၏ ပုံသဏ္ဍာန်တခုဖြစ်သည်။ အမှန်တရားနှင့် ကိုက်ညီခြင်းသည် တိုက်ပွဲ၏ ပုံ သဏ္ဍာန်တခုဖြစ်သည်။
ပြည်တွင်း ပြည်ပ ကွန်ပျူတာ အင်တာနက် ဘလော့ဂါများ၊ ပြည်ပ ရေဒီယို ရုပ်မြင်သံကြား မီဒီယာများသည် တိုက်ပွဲ၏ ပုံသဏ္ဍာန်တခု ဖြစ်သည်။
သံဃာ့ဦးသျှောင်အဖွဲ့ အပါအ၀င် ပြည်ပရောက် မြန်မာပြည်ဖွား တိုင်းရင်းသား လူမျိုးပေါင်းစုံသည် တိုက်ပွဲ၏ ပုံသဏ္ဍာန်တခု ဖြစ်သည်။

အခြားပုံသဏ္ဍာန်များ - လူထုက လူထုရန်သူ နအဖအစိုးရ၏ လက်ကိုင်တုတ်များဖြစ်သည့် ကြံ့ဖွတ်၊ စွမ်း အားရှင်နှင့် သတင်းပေးများကို ဥပမာ - ရပ်ကွက်လူထုက မြို့ပြ ပြောက်ကျားပုံစံ လက်သည်မပေါ်အောင် ဟန့်တား ဖြိုခွင်းသည့် နည်းမျိုးကိုလည်း ကျင့်သုံးနိုင်သည်။ ထိုလက်တဆုပ်စာ လက်ကိုင်တုတ်များ ရပ်ကွက်ထဲတွင် မနေရဲတော့ဘဲ စိတ်ချောက်ချား တုန်လှုပ်ပြီး ထွက်ပြေးသွားအောင် ရပ်ကွက်လူထုက ခြိမ်းခြောက်နေရမည်။
အရေးတော်ပုံတွင် တက်ကြွစွာ ပါဝင်နေသော ဆန္ဒပြသမား တဦးချင်းသည် တိုက်ပွဲ၏ ဦးတည်ချက်နှင့် မလွဲ ချော်လျှင် မိမိစိတ်ကူးရှိသလို မိမိနည်း မိမိဟန်ဖြင့် ထိုကြံ့ဖွံ့၊ စွမ်းအားရှင်၊ သတင်းပေးများကို အမျိုးမျိုး နှောက်ယှက် ဒုက္ခပေးနိုင်သည်။
တိုက်ပွဲ၏ အရေးကြီးဆုံး ပုံသဏ္ဍာန်မှာ ဦးဆောင်မှုနှင့် နောက်လိုက်မှု မှန်ကန်ညီညွတ်နေဖို့ပင် ဖြစ်သည်။

နိဂုံး

တော်လှန်သော အတွေးအခေါ်တရပ် မရှိဘဲနှင့် တော်လှန်သော အရေးတော်ပုံတရပ် မရှိနိုင်ပါ။ ထို့အတူ တော်လှန်သော တပ်ဦး (ခေါင်းဆောင်မှု) တရပ် မရှိဘဲနှင့်လည်း တော်လှန်ရေး အောင်ပွဲမခံနိုင်ပါ။
အထက်တွင် ဖော်ပြခဲ့သော ကြွေးကြော်သံ (ဦးတည်ချက်) သုံးရပ်သည် တိုက်ပွဲ၏ အတွေးအခေါ်ဖြစ်ရမည်။ လူထုဒီမိုကရေစီ မဟာမိတ်များအဖွဲ့ (Mass's Alliances for Democracy) သည် ဦးဆောင်တပ်ဦး ဖြစ်ရမည်။
အထူးထပ်မံ၍ ပြောလိုသည်မှာ …
အကြမ်းမဖက်ရေးမူကို အသေဆုပ်ကိုင် မထားစတမ်း … ။
ရန်သူနှင့် မစေ့စပ် မကြေအေး စတမ်း။
စည်းကမ်းရှိ ညီညွတ်ပြီး အမှန်တရားနှင့် ကိုက်ညီသော အင်အားမျိုးကို ထူထောင်စတမ်း။
ဒေါ်အောင်ဆန်းစုကြည်နှင့် တော်လှန်ရေးအပေါ် သစ္စာမဖောက်စတမ်း။
တနှစ်အတွင်း အနိုင်တိုက်စတမ်း။ အာဏာသိမ်းပိုက် စတမ်း။

အောင်ဝေး (မြန်မာနိုင်ငံ ကဗျာဆရာ)
(ခေတ္တ - ပုန်းခိုကျင်း တနေရာ)
၁၂-၁၀- ၂၀၀၇

နောက်ဆက်တွဲ

စာတမ်းတွင် ဖော်ပြခဲ့သော æ
(၁) နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရေး
(၂) သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပရေး
(၃) ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး

ဤကြွေးကြော်သံ သုံးရပ်မှာ လူထုတိုက်ပွဲ အရှိန်အဟုန်အတိုင်း မမှိတ်မသုန် တဆင့်ချင်း တထစ်ချင်း အ ကောင်အထည် ပေါ်လာရမည်မှာ မုချဖြစ်သည်။

ပထမအဆင့် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမည်။ ဒုတိယအဆင့် ဒေါ်အောင်ဆန်းစုကြည် သုံးပွင့် ဆိုင် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးလာမည်။ တတိယအဆင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပါဝင်သော ကြားဖြတ် အစိုးရ ဖြစ်ပေါ်လာမည်။ ဤအချိန်တွင် မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းအတွက် အရေးအကြီးဆုံး အခြေအနေ သို့ ရောက်လာပြီ ဖြစ်သည်။

ကြားဖြတ်အစိုးရ ပေါ်ပေါက်လာလျင် နအဖအစိုးရနှင့် အတူတကွ နအဖအစိုးရ၏ လမ်းပြမြေပုံ (၇)ချက်၊ အ မျိုးသားညီလာခံနှင့် သူတို့ရေးဆွဲသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ စသည့် အားလုံးလိုလို ပယ်ဖျက်ပြီးသား ဖြစ်သွား လိမ့်မည်။

ထို့ကြောင့် ကြားဖြတ်အစိုးရ ပေါ်ပေါက်လာဖို့ အထူးအရေးကြီး လိုအပ်သည်။ ကြားဖြတ်အစိုးရ ပေါ်ပေါက် လာမှသာ ထိုကြားဖြတ်အစိုးရက အောက်ပါ အရေးကြီး ကိစ္စများကို အလျင်အမြန် ဆောင်ရွက်နိုင်မည်။
ပထမ - ကြားဖြတ်အစိုးရက ၁၉၉၀ပြည့် ရွေးကောက်ပွဲ ရလဒ်များကို အတည်ပြု ကြေညာပေးရမည်။
ဒုတိယ - ကြားဖြတ်အစိုးရက ပြည်သူ့လွှတ်တော် ခေါ်ယူပေးရမည်။ ထိုလွှတ်တော်ကမှ ဖွဲ့စည်းပုံ အခြေခံဥ ပဒေ ရေးဆွဲ အတည်ပြု ပြဌာန်းပြီး ဥပဒေနှင့်အညီ ကြားဖြတ်အစိုးရထံမှ အာဏာလွှဲပြောင်း ရယူရမည် ဖြစ်သည်။ ဤသည်မှာ ဒီမိုကရေစီ အကျဆုံးနှင့် သိက္ခာအရှိဆုံး အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ် ဖြစ်သည်။ (တရားမ၀င် စစ်အစိုးရအတွက် အကောင်းဆုံး ထွက်ပေါက်လည်း ဖြစ်သည်။)

ဒီမိုကရေစီအစိုးရ မပေါ်ပေါက်သေးခင်၊ တနည်း အာဏာလွှဲပြောင်း မယူရသေးခင် ကြားဖြတ်အစိုးရ တာဝန် ယူထားသော ကြားကာလတွင် အောက်ပါ အချက်များကို နားလည်လိုက်နာဖို့ လိုသည်။
ပထမအချက် - ကေအန်ယူ အပါအ၀င် တောတွင်း လက်နက်ကိုင် အဖွဲ့များ၏ ထိုးစစ်များကို ရပ်နားထား ရမည်။
ဒုတိယအချက် - တပ်မတော်အပေါ် နားလည်မှု ပေးရမည်။
တတိယအချက် - ပြည်ထောင်စုကြီး တစည်းတလုံးတည်းရှိရေး၊ အမျိုးသားပြန်လည် ပေါင်းစည်းရေး တို့ကို ဦးထိပ်ထားရမည်။

ကြားဖြတ်အစိုးရက လွှတ်တော်ခေါ်ပေးပြီး လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနေစဉ်ကာလတွင် တောတွင်းလက်နက်ကိုင် အဖွဲ့များသည် ကြားဖြတ်အစိုးရနှင့် အကြိုငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနိုင်မည်။ ဤ အဆင့်တွင် လက်နက်ကိုင် အင်အားစုများအနေနှင့် ‘စစ်ရေးချို - နိုင်ငံရေးပို’ မူကို ကျင့်သုံးရမည်။

တပ်မတော်နှင့် ပတ်သက်၍ မြန်မာလူထုကြီးက အောက်ပါအတိုင်း နားလည်လက်ခံ ပေးရမည်။
(၁) တပ်မတော်သည် ဒီမိုကရေစီ အစိုးရတည်ဆောက်ရေးတွင် ပြည်သူလူထုနှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်သည်။
(၂) တပ်မတော်သည် တိုင်းပြည်အပေါ် သစ္စာခံသည်။ အစိုးရသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော ပြည်သူလူထုကိုယ်စားပြု အဖွဲ့အစည်း ဖြစ်သည်။ တပ်မတော်သည် အစိုးရလက်အောက်မှာ ရှိရမည်။
(၃) နိုင်ငံတော် အာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်စေရမည်။ တပ်မတော်သည် ပြည်သူလူထုကို ကာကွယ် စောင့်ရှောက်ပေးရန် တာဝန်ရှိသည်။

ကြားဖြတ်အစိုးရ တာဝန်ယူထားသည့် ကြားကာလ သို့တည်းမဟုတ် ဒီမိုကရေစီအစိုးရ ပေါ်ထွန်းစကာလတွင် အမျိုးသား ပြန်လည်ပေါင်းစည်းရေးအတွက် ပြည်တွင်း အခြေစိုက် နိုင်ငံရေးအင်အားစုများနှင့် “ပြည်တော်ဝင် လာမည့်” ပြည်ပအခြေစိုက် နိုင်ငံရေး အင်အားစုများအကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်မလာဖို့ အထူး အ ရေးကြီးသည်။ စစ်မှန်သော ပြည်ထောင်စုစနစ် ပေါ်ပေါက်နိုင်ရန် တိုင်းရင်းသားလူမျိုးပေါင်းစုံ ကြားတွင် ချစ်ကြည်ရင်းနှီးမှု အထူးအရေးကြီးသည်။ ပြည်ထောင်စုကြီး တစည်းတလုံးတည်း ရှိရေးအတွက် တပ်မတော်နှင့် တိုင်းရင်းသား ပြည်သူလူထုကြီး တရပ်လုံးတွင် ပြင်းပြသော တာဝန်ယူလိုစိတ်ရှိရန် အထူးအရေးကြီးသည်။
ဤကဲ့သို့ တနှစ်အတွင်း အနိုင်တိုက်ပြီးပြီ။ အာဏာသိမ်းပိုက်ပြီးပြီဆိုလျှင် မြန်မာပြည်သူ လူထုကြီး၏ သမိုင်းစာ မျက်နှာသစ်၊ ဘ၀သစ်ကို စတင်နိုင်ပြီ ဖြစ်ပါသည်။
နောက်ဆုံး ပြောလိုသည်မှာ တိုင်းရင်းသား ပြည်သူလူထုကြီး တရပ်လုံးသည် စစ်အာဏာရှင်စနစ်ကို ဖြုတ် ချနေစဉ်မှာရော၊ ဒီမိုကရေစီ အစိုးရကို ထူထောင်နေစဉ်မှာပါ တိုက်ပွဲစဉ်တလျှောက်လုံး “ဒေါ်အောင်ဆန်းစုကြည်” နှင့် တသားတည်း ရှိနေဖို့ပင် ဖြစ်ပါကြောင်း။
ဤတွင် အောင်ဝေးစစ်တမ်း ပြီးပါပြီ။ ။

Labels:

posted by မြင့်ဇေ @ 10:04 PM   0 comments
ကျနော့်အကြောင်း

Name: မြင့်ဇေ
Home:
About Me: လူပျိုမသိုးတသိုး မဟုတ်တော့ဘူး။ မကြာခင် ဒန်တန်တန်တော့မည်။ ငွေရောင်ပိတ်ကားတွင် ဆက်လက်စောင့်မျှော်ပါ။
See my complete profile
ယခုလ မာတိကာ
ယခင်လ မာတိကာ အဟောင်းများ
အလည်သွားဖြစ်တဲ့ ဘလော့များ
Powered by

Free Blogger Templates

BLOGGER

© Template by Isnaini Dot Com